iMyanmarHouse.com - Best Property Website for Myanmar
×






Credit : myanmarload

အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ရုံသာမက ပရိသတ်တွေရဲ့ အားပေးမှုကိုပါ အပြည့်အဝ ရရှိထားသူကတော့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမကို ချစ်စနိုးနဲ့ ရွှေကစ် လို့ ခေါ်ကြပြီး မြန်မာနိုင်ငံရဲ့ အနုပညာကြေးအများဆုံးရ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ Instagram Follower လေးသိန်းကျော်ထိရှိနေသူဖြစ်ပြီး သူမရဲ့ ခံစားချက်တွေနဲ့ ဓာတ်ပုံလေးတွေကိုလည်း သူမရဲ့ အကောင့်ကနေ မျှဝေလေ့ရှိပါတယ်။

အခုတစ်ခါမှာလည်း ကစ်ကစ်တစ်ယောက် သူမရဲ့ ယူဆချက်တစ်ချို့ကို instagram က story မှာ တင်ထားတာ တွေ့ရပါတယ်။ သူမဟာ အမျိုးသား အမျိုးသမီးတစ်ဦးချင်းစီရဲ့ စစ်မှန်တဲ့ အလှတရားနဲ့ပတ်သတ်လို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တာဖြစ်ပြီး သူမရေးသားထားတဲ့ စာသားလေးကတော့…..

“ယောက်ျားတစ်ယောက်ရဲ့ အလှက ရုပ်ရည်မဟုတ်ဘူး အရည်အချင်းပဲ

မိန်းမတစ်ယောက်ရဲ့ အလှက ချောမောမှုမဟုတ်ဘူး စိတ်ဓာတ်ပဲ” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

လက်ရှိမှာတော့ ဝတ်မှုန်ရွှေရည်တစ်ယောက် ရုပ်ရှင်ရိုက်ကူးမှုတွေ အနည်းငယ်လျော့ချထားတယ်လို့ သိရပါတယ်။ သူမအနေနဲ့ သူမကိုယ်တိုင် စိတ်လှုပ်ရှားစေမယ့် ဇာတ်ကောင်မျိုးကို သရုပ်ဆောင်ချင်တာကြောင့်ဖြစ်တယ်လို့လည်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာပါတယ်။ လက်တလောမှာတော့ သူမဟာ Oppo နဲ့အတူ အလုပ်တွေလုပ်နေတာတွေ့ရပြီး Oppo ရဲ့ အသစ်စက်စက် Brand Ambassador တစ်ယောက်လည်းဖြစ်ပါတယ်။

Credit : myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top