iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ အသက္ ၂၀ ႏွစ္ျပည့္ ေမြးေန႔ အလႉ လုပ္တဲ့ သ႐ုပ္ေဆာင္ ေ႐ႊမႈံရတီ

သ႐ုပ္ေဆာင္ ေ႐ႊမႈံရတီက အခုခ်ိန္မွာ Single တေယာက္ျဖစ္သြားတဲ့အတြက္ အရမ္းေပ်ာ္ေနၿပီး လြတ္လပ္တဲ့ အရသာကို ဘဝမွာ ပထမဆုံး ခံစားဖူးတာလို႔ ေျပာပါတယ္။

“Single ျဖစ္သြားပါၿပီ။ အရမ္းေပ်ာ္ပါတယ္။ လြတ္လပ္တဲ့အရသာကို ဘဝ မွာ ပထမဆုံး ခံစားဖူးတာဆိုေတာ့ အရမ္းေပ်ာ္ပါတယ္။ ေနာက္ထပ္ကေတာ့ ညီမအသက္က အခုမွငယ္ငယ္ေလး ရွိေသးတာဆိုေတာ့ မေျပာေသးပါဘူး။ အခ်ိန္ေတြ အမ်ားႀကီး ရွိပါေသးတယ္။ ေမြးေန႔မွာ အရမ္းလြတ္လပ္ေနတယ္။ ေပ်ာ္႐ႊင္ေနတယ္” လို႔ ေ႐ႊမႈံရတီက ဒီေန႔ျပဳလုပ္ခဲ့တဲ့ ေမြးေန႔အလႉမွာ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

သူမဟာ မၾကာေသးမီက ခ်စ္သူ နဲ႔ လမ္းခြဲခဲ့တာ ျဖစ္တဲ့အတြက္ ေမလ ၁၆ ရက္ေန႔မွာ က်ေရာက္တဲ့ သူမရဲ႕ ေမြးေန႔ မွာေတာ့ တကိုယ္ေတာ္ ျဖစ္လို႔ေနပါတယ္။ ေမြးေန႔ပြဲ ကိုေတာ့ ေမွာ္ဘီၿမိဳ႕မွာရွိတဲ့ ေအာင္ဇမၺဴေတာရ ဓမၼရိပ္သာ ေက်ာင္းမွာ သံဃာေတာ္ ၁၀၈ပါးႏွင့္ လူအေယာက္ တေထာင္ကို ေထာပတ္ထမင္းနဲ႔ ၾကက္သားဟင္း ေကြၽးေမြးၿပီး အလႉဒါနျပဳခဲ့ပါတယ္။

အသက္က ထိပ္စီးလည္း ေျပာင္းသြားၿပီး အခ်စ္ေရးမွာ တကိုယ္ေတာ္ျဖစ္သြားေပမယ့္ ယုံၾကည္မႈရွိစြာ သြားလာေနၿပီး အႏုပညာလႈပ္ရွားမႈမ်ားကို အၿမဲမျပတ္လုပ္ေဆာင္ေနတဲ့ ေ႐ႊမႈံရတီ ကေတာ့ အ႐ြယ္နဲ႔မလိုက္ေအာင္ တည္ၿငိမ္ေနတာ ေတြ႕ရပါတယ္။

တည္ၿငိမ္သူ တေယာက္အျဖစ္ ေတြ႕ျမင္ရတဲ့ ေ႐ႊမႈံရတီ က “ညီမအိုက္တင္ပိုင္းမွာလည္း အေကာင္းဆုံး သ႐ုပ္ေဆာင္ ပါတယ္။ အႏုပညာနဲ႔ ပတ္သက္ၿပီးေတာ့ပဲျဖစ္ျဖစ္ ေနာက္ၿပီးေတာ့ ညီမတို႔က အႏုပညာသမားေတြ ျဖစ္တဲ့ အတြက္ အျပင္မွာ သြားတာလာတာ ေနတာထိုင္တာကအစ အစစအရာရာ ဂ႐ုစိုက္ရပါတယ္။ အက်ီၤ အဝတ္အစား ပဲျဖစ္ျဖစ္ စားပုံေသာက္ပုံ ေျခဆုံးေခါင္းဆုံး ဂ႐ုစိုက္ရပါတယ္။ နံရံတိုင္းမွာ နားေတြရွိသလို မ်က္စိေတြရွိတယ္။ လက္လြတ္ စပယ္ေနလို႔ မရတဲ့သူေတြ ျဖစ္တဲ့အတြက္ ညီမက ညီမအသက္အ႐ြယ္နဲ႔မလိုက္ေအာင္ သတိထားၿပီး ရင့္က်က္ေအာင္ ေနေနရပါတယ္” လို႔ ဆိုပါတယ္။

အသက္ ၁၃ ႏွစ္အ႐ြယ္မွစတင္ကာ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ခဲ့ၿပီး မၾကာခင္မွာလည္း ကိုယ္ပိုင္ ထုတ္လုပ္ေရး တည္ေထာင္ကာ ႐ုပ္ရွင္ဇာတ္ကားမ်ားကို ထုတ္လုပ္႐ိုက္ကူးေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

“ညီမ ၁၃ႏွစ္အ႐ြယ္ကတည္းက အႏုပညာအလုပ္စလုပ္ပါတယ္။ အခု အသက္ ၂၀မွာ ညီမ ထုတ္လုပ္သူတေယာက္ လုပ္ဖို႔ အတြက္ကို အေမ့ကို တတ္ႏိုင္သေလာက္ ဝိုင္းလုပ္ေပးပါတယ္။ ေခါင္းစားေပးပါတယ္။ ညီမအတြက္ ဘယ္အရာမဆို ႀကိဳဆိုပါတယ္။ ခက္ခဲမႈေတြေရာ အႏၲရာယ္ေတြလည္း ႀကိဳဆိုတယ္။ အားလုံးကို ရင္ဆိုင္ႏိုင္တယ္။ အားလုံးကို ရင္ဆိုင္ႏိုင္ေအာင္ ညီမအေမက ျပင္ဆင္ေပးၿပီးသားဆိုေတာ့ ညီမက ဘာလာလာ ေဒါင္းပါတယ္” လို႔ ေ႐ႊမႈံရတီက ေျပာပါတယ္။

ေ႐ႊမႈံရတီကေတာ့ အသက္ငယ္ငယ္နဲ႔ အႏုပညာေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ျမန္မာျပည္ရဲ႕ မင္းသမီး တလက္ ျဖစ္ပါတယ္။

Credit : Burma irrawaddy
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ယနေ့ အသက် ၂၀ နှစ်ပြည့် မွေးနေ့ အလှူ လုပ်တဲ့ သရုပ်ဆောင် ရွှေမှုံရတီ

သရုပ်ဆောင် ရွှေမှုံရတီက အခုချိန်မှာ Single တယောက်ဖြစ်သွားတဲ့အတွက် အရမ်းပျော်နေပြီး လွတ်လပ်တဲ့ အရသာကို ဘဝမှာ ပထမဆုံး ခံစားဖူးတာလို့ ပြောပါတယ်။

“Single ဖြစ်သွားပါပြီ။ အရမ်းပျော်ပါတယ်။ လွတ်လပ်တဲ့အရသာကို ဘဝ မှာ ပထမဆုံး ခံစားဖူးတာဆိုတော့ အရမ်းပျော်ပါတယ်။ နောက်ထပ်ကတော့ ညီမအသက်က အခုမှငယ်ငယ်လေး ရှိသေးတာဆိုတော့ မပြောသေးပါဘူး။ အချိန်တွေ အများကြီး ရှိပါသေးတယ်။ မွေးနေ့မှာ အရမ်းလွတ်လပ်နေတယ်။ ပျော်ရွှင်နေတယ်” လို့ ရွှေမှုံရတီက ဒီနေ့ပြုလုပ်ခဲ့တဲ့ မွေးနေ့အလှူမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သူမဟာ မကြာသေးမီက ချစ်သူ နဲ့ လမ်းခွဲခဲ့တာ ဖြစ်တဲ့အတွက် မေလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ မှာတော့ တကိုယ်တော် ဖြစ်လို့နေပါတယ်။ မွေးနေ့ပွဲ ကိုတော့ မှော်ဘီမြို့မှာရှိတဲ့ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းမှာ သံဃာတော် ၁၀၈ပါးနှင့် လူအယောက် တထောင်ကို ထောပတ်ထမင်းနဲ့ ကြက်သားဟင်း ကျွေးမွေးပြီး အလှူဒါနပြုခဲ့ပါတယ်။

အသက်က ထိပ်စီးလည်း ပြောင်းသွားပြီး အချစ်ရေးမှာ တကိုယ်တော်ဖြစ်သွားပေမယ့် ယုံကြည်မှုရှိစွာ သွားလာနေပြီး အနုပညာလှုပ်ရှားမှုများကို အမြဲမပြတ်လုပ်ဆောင်နေတဲ့ ရွှေမှုံရတီ ကတော့ အရွယ်နဲ့မလိုက်အောင် တည်ငြိမ်နေတာ တွေ့ရပါတယ်။

တည်ငြိမ်သူ တယောက်အဖြစ် တွေ့မြင်ရတဲ့ ရွှေမှုံရတီ က “ညီမအိုက်တင်ပိုင်းမှာလည်း အကောင်းဆုံး သရုပ်ဆောင် ပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် နောက်ပြီးတော့ ညီမတို့က အနုပညာသမားတွေ ဖြစ်တဲ့ အတွက် အပြင်မှာ သွားတာလာတာ နေတာထိုင်တာကအစ အစစအရာရာ ဂရုစိုက်ရပါတယ်။ အကျီၤ အဝတ်အစား ပဲဖြစ်ဖြစ် စားပုံသောက်ပုံ ခြေဆုံးခေါင်းဆုံး ဂရုစိုက်ရပါတယ်။ နံရံတိုင်းမှာ နားတွေရှိသလို မျက်စိတွေရှိတယ်။ လက်လွတ် စပယ်နေလို့ မရတဲ့သူတွေ ဖြစ်တဲ့အတွက် ညီမက ညီမအသက်အရွယ်နဲ့မလိုက်အောင် သတိထားပြီး ရင့်ကျက်အောင် နေနေရပါတယ်” လို့ ဆိုပါတယ်။

အသက် ၁၃ နှစ်အရွယ်မှစတင်ကာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး မကြာခင်မှာလည်း ကိုယ်ပိုင် ထုတ်လုပ်ရေး တည်ထောင်ကာ ရုပ်ရှင်ဇာတ်ကားများကို ထုတ်လုပ်ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ညီမ ၁၃နှစ်အရွယ်ကတည်းက အနုပညာအလုပ်စလုပ်ပါတယ်။ အခု အသက် ၂၀မှာ ညီမ ထုတ်လုပ်သူတယောက် လုပ်ဖို့ အတွက်ကို အမေ့ကို တတ်နိုင်သလောက် ဝိုင်းလုပ်ပေးပါတယ်။ ခေါင်းစားပေးပါတယ်။ ညီမအတွက် ဘယ်အရာမဆို ကြိုဆိုပါတယ်။ ခက်ခဲမှုတွေရော အန္တရာယ်တွေလည်း ကြိုဆိုတယ်။ အားလုံးကို ရင်ဆိုင်နိုင်တယ်။ အားလုံးကို ရင်ဆိုင်နိုင်အောင် ညီမအမေက ပြင်ဆင်ပေးပြီးသားဆိုတော့ ညီမက ဘာလာလာ ဒေါင်းပါတယ်” လို့ ရွှေမှုံရတီက ပြောပါတယ်။

ရွှေမှုံရတီကတော့ အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မြန်မာပြည်ရဲ့ မင်းသမီး တလက် ဖြစ်ပါတယ်။

Credit : Burma irrawaddy
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top