iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းနီးပါး တစ္သက္မွာ အနည္းဆံုး တစ္ခါေတာ့ နားနဲ႔ ပတ္သက္တဲ့ ျပႆနာ တစ္မ်ဳိးတစ္မည္ကို ၾကံဳကို ၾကံဳဖူးႏုိင္ပါတယ္။ အျဖစ္အမ်ားဆံုး ျပႆနာကေတာ့ နားကိုက္တဲ့ေရာဂါျဖစ္ၿပီး မ်ားေသာအားျဖင့္ နားကိုက္ရတဲ့ အေၾကာင္းအရင္းကို ကာယကံရွင္ကိုယ္တိုင္က မသိတာမ်ဳိး ျဖစ္ေလ့ရွိပါတယ္။ နားဟာ ဖြဲ႕စည္းတည္ေဆာက္ပံု႐ႈပ္ေထြးၿပီး အလြန္အသံုးဝင္တဲ့ အာ႐ံုခံ အဂၤါအစိတ္အပိုင္းတစ္မ်ဳိးျဖစ္တာေၾကာင့္ နားမွာ ျပႆနာတစ္စံုတစ္ရာ ေပၚလာတဲ့အခါ ေပါ့ေပါ့ဆဆ မေနသင့္ပါဘူး ။ ဘာေၾကာင့္ နားကိုက္လာရသလဲဆိုတဲ့ ေမးခြန္းရဲ႕အေျဖကို သိဖို႔အတြက္ သက္ဆိုင္ရာ ဆရာဝန္နဲ႔ ျပသတိုင္ပင္ၿပီး သင့္ေတာ္မွန္ကန္တဲ့ ကုသမႈကို စနစ္တက် ခံယူဖို႔လိုအပ္ပါတယ္။ ဒါေပမဲ့ ဆရာဝန္နဲ႔ မျပသမီ ၾကားကာလမွာ ခံစားေနရတဲ့ ေဝဒနာကို ယာယီ သက္သာေစဖို႔ ျပဳလုပ္ႏိုင္ပါတယ္လို႔ ပညာရွင္ေတြ အၾကံေပးထားတဲ့ အိမ္တြင္းကုထံုး တစ္ခ်ဳိ႕ရွိေနပါတယ္။ နားကိုက္တဲ့အခါ ေဝဒနာသက္သာေစဖို႔ အသံုးျပဳႏုိင္တဲ့အိမ္ တြင္းကုထံုးတစ္ခ်ဳိ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

ၾကက္သြန္ျဖဴ
နားကိုက္ေဝဒနာအတြက္ နာမည္ႀကီးတဲ့ ေဆးၿမီးတိုထဲမွာ ၾကက္သြန္ျဖဴပါဝင္ပါတယ္။ ၾကက္သြန္ျဖဴမွာ ေတြ႕ရတဲ့ Allicin အမည္ရ ဓာတ္ေပါင္းက Antioxidant ဂုဏ္သတၱိရွိၿပီး အျခားေသာ ေဆးဖက္ဝင္ အာနိသင္မ်ားစြာကို လည္း ပိုင္ဆိုင္ထားပါတယ္။ အဆိုပါ Allicin က ပိုင္ဆိုင္ထားတဲ့ ေဆးဖက္ဝင္အာနိသင္ေတြထဲမွာ နားကိုက္ေဝဒနာကို သက္သာေစႏိုင္တဲ့ အစြမ္းလည္း ပါဝင္ပါတယ္။ ၾကက္သြန္ျဖဴကို သန္႔စင္တဲ့ သံလြင္ဆီ၊ အုန္းဆီ စတဲ့ ဆီတစ္မ်ဳိးမ်ဳိးထဲမွာ ရက္အနည္းငယ္စိမ္ၿပီး အဆိုပါဆီကို နားထဲခတ္ ေပးတာမ်ဳိးျပဳလုပ္ႏိုင္ပါတယ္။ အိမ္မွာျပဳလုပ္တဲ့ ၾကက္သြန္ျဖဴဆီက ေသခ်ာသန္႔စင္ၿပီး ပိုးသတ္ထားတာမ်ဳိးမဟုတ္လို႔ ရာႏႈန္းျပည့္ စိတ္ခ်လို႔ေတာ့ မရႏိုင္ပါဘူး။ ေဆးဆုိင္ေတြမွာ အသင့္အသံုးျပဳႏုိင္ေအာင္ ထုတ္လုပ္ထားတဲ့ အဆီကေတာ့ သံုးစြဲရလြယ္ကူၿပီး အိမ္လုပ္ ၾကက္သြန္ျဖဴဆီေလာက္လည္း အနံံ႔မျပင္းတာေၾကာင့္ နားကိုက္ေဝဒနာအတြက္ ပိုမိုသင့္ေတာ္မႈရွိပါတယ္။

Apple Cider Vinegar
Apple Cider Vinegar တစ္နည္းအားျဖင့္ ပန္းသီးရွာလကာရည္ကလည္း လတ္တေလာမွာ လူသံုးမ်ားတဲ့ အိမ္တြင္းေဆးဝါးတစ္မ်ဳိး ျဖစ္လာပါၿပီ။ ဆံပင္၊ အသားအေရနဲ႔ ကိုယ္ခံစြမ္းအား ေကာင္းမြန္ဖို႔ ပန္းသီးရွာလကာရည္ကို အမ်ဳိးမ်ဳိး တိုက္႐ိုက္လိမ္းက်ံတာ၊ ေရ ဒါမွမဟုတ္ ေဖ်ာ္ရည္ တစ္မ်ဳိးမ်ဳိးနဲ႔ ေရာစပ္ၿပီး ေသာက္သံုးတာစသျဖင့္ ပံုစံအမ်ဳိးမ်ဳိး အသံုးျပဳေလ့ရွိၾကပါတယ္။ လူသိနည္းေသးတဲ့ ပန္းသီးရွာလကာရည္ရဲ႕ အသံုးဝင္တဲ့ ေနာက္အာနိသင္တစ္မ်ဳိးကေတာ့ နားကိုက္ေဝဒနာကို သက္သာေစႏိုင္တဲ့ အစြမ္းပဲျဖစ္ပါတယ္။ အကယ္၍ နားမွာ နားဖာေခ်းေတြ ပိတ္ဆို႔ေနတာေၾကာင့္ နားကုိက္ေဝဒနာ ခံစားေနရတာဆိုရင္ ပန္းသီးရွာလကာရည္ တစ္စက္ ႏွစ္စက္ခန္႔ နားထဲထည့္ေပးျခင္းျဖင့္ အဆိုပါ နားဖာေခ်းေတြကို ေပ်ာ္
သြားေစႏုိင္တယ္လို႔ သိရပါတယ္။ ဒါေပမဲ့ အဝတ္သန္႔သန္႔ နဲ႔ ရွာလကာရည္ေတြ ကုန္သြားတဲ့အထိ ျပန္လည္သန္႔စင္ေပးဖို႔ေတာ့ လိုအပ္ပါမယ္။ နား သန္႔ရွင္းေရးလုပ္ရာမွာ အသံုးျပဳေလ့ရွိတဲ့ ဂြမ္းတံေတြ နားအတြင္းပိုင္းထဲထည့္တာကို ဆရာဝန္ေတြ  အားမေပးတာေၾကာင့္ ေပ်ာ့ေျပာင္းတဲ့ အဝတ္သန္႔သန္႔ကို အသံုးျပဳဖုိ႔ တိုက္တြန္းရျခင္း ျဖစ္ပါတယ္။

အဆီ
ပညာရွင္အခ်ဳိ႕ကေတာ့ နားကိုက္တဲ့ ေဝဒနာကိုျဖစ္ေပၚေစတဲ့ အေၾကာင္းအရင္း အမ်ဳိးမ်ဳိးရွိတာေၾကာင့္ အိမ္တြင္းကုထံုးေတြက နားကိုက္ေဝဒနာကို လံုးဝေပ်ာက္ကင္းသြားေစႏိုင္တဲ့ အစြမ္းမရွိဘူးလို႔ ဆိုပါတယ္။ ဒါေပမဲ့ တစ္ခ်ဳိ႕ အိမ္သံုးေဆးဝါးေတြမွာေတာ့ ေဝဒနာျဖစ္ရတဲ့ ျပႆနာကို တိုက္႐ိုက္ေျဖရွင္းေပးႏိုင္တဲ့ အာနိသင္ေတြရွိေနပါတယ္။ နားအတြင္းပိုင္းထဲ အဆီခမ္းေျခာက္ျခင္းေၾကာင့္ျဖစ္တဲ့ နားကိုက္ေဝဒနာကို သံလြင္ဆီ၊ အုန္းဆီ စတဲ့ အဆီတစ္မ်ဳိမ်ဳိး ထည့္ေပးျခင္းျဖင့္သက္သာေစႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ နားကိုက္ ေဝဒနာဘာေၾကာင့္ ျဖစ္ရသလဲဆိုတာကို အရင္ စမ္းစစ္ၾကည့္ၿပီးမွ ဘယ္လို အိမ္တြင္းေဆးဝါးေတြက သင့္ေရာဂါအတြက္ အဆင္ေျပေစႏိုင္သလဲ ဆိုတာကို ဆံုးျဖတ္ဖို႔ကလည္း အေရးႀကီးပါတယ္။ ျပင္းထန္တဲ့ နားကိုက္ေရာဂါေတြက အဖ်ား တက္ျခင္း၊ ႏွာေခါင္းနဲ႔ ပတ္သက္တဲ့ ေရာဂါလကၡဏာမ်ား၊ ေခ်ာင္းဆိုးႏွာေခ်ျခင္းစတဲ့ လကၡဏာေတြနဲ႔လည္းတြဲၿပီး ျဖစ္တတ္တာေၾကာင့္ သင့္ ခႏၶာကိုယ္က ျပသေနတဲ့ လကၡဏာေတြကိုလည္း အျမဲ သတိထားေနဖို႔ လိုအပ္ပါတယ္။

Xylitol
ပီေက နဲ႔ လည္ေခ်ာင္းနာေပ်ာက္ေအာင္ ငံုတဲ့ ငံုေဆးျပားေတြမွာပါဝင္တဲ့ Xylitol လို႔ေခၚတဲ့ သၾကားတုတစ္မ်ဳိးကလည္း နားကိုက္ေဝဒနာ သက္သာေစႏိုင္တဲ့ အာနိသင္ရွိေကာင္းရွိေနႏိုင္ တယ္လုိ႔ သိရပါတယ္။ တစ္ခ်ဳိ႕နားကိုက္တဲ့ ေဝဒနာကို ပီေကဝါးျခင္းျဖင့္ သက္သာေစႏိုင္တာကို ပညာရွင္ေတြ သတိျပဳမိခဲ့ပါတယ္။ ၂ဝ၁၆ ခုႏွစ္၊ National Center for Biotechnology Information က နားကိုက္ေဝဒနာကို သက္သာေစႏိုင္တဲ့ ပီေကအမ်ဳိးအစားေတြကို ေလ့လာခဲ့တဲ့အခါမွာ Xylitol ပါဝင္တဲ့ ပီေကဝါးျခင္းက နားအလယ္ပိုင္းပိုးဝင္ျခင္းေၾကာင့္ ျဖစ္တဲ့နားကိုက္ ေဝဒနာကို သက္သာေစႏိုင္တဲ့ အာနိသင္ရွိတာကို ေတြ႔ရွိခဲ့ၾကပါတယ္။ ဒါေၾကာင့္ Xylitol ပါဝင္တဲ့ ပီေကဝါးေပးျခင္းျဖင့္ သင့္ရဲ႕ နားကိုက္ေဝဒနာကို ယာယီသက္သာေစႏိုင္ပါတယ္။

ၾကပ္ထုပ္ထိုးျခင္း
နားကုိက္ေဝဒနာအတြက္ အမ်ားဆံုး အသံုးျပဳၾကတဲ့ နည္းလမ္းက အပူသံုးၿပီး ၾကပ္ထုပ္ထိုးတဲ့  နည္းလမ္းျဖစ္ၿပီး ဒီနည္းလမ္းက တကယ္ကို အလုပ္ျဖစ္တဲ့ အိမ္တြင္းကုထံုးတစ္ခုလည္း ျဖစ္ တယ္လို႔ပညာရွင္ေတြဆို ထားပါတယ္။ အပူက ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစႏုိင္တာေၾကာင့္ နာက်င္မႈေဝဒနာကို သက္သာေစႏိုင္ပါတယ္။ ဒါေပမဲ့ နားကိုက္တဲ့အခါ ၾကပ္ထုပ္ထိုးမယ့္ အဝတ္ဟာ အရမ္းပူေနတာမ်ဳိး မျဖစ္သင့္သလို နာက်င္ေနတဲ့ ေနရာတစ္ဝိႈက္ကို အားနဲ႔ ဖိတာမ်ဳိးကိုလည္း ေရွာင္ၾကဥ္သင့္တယ္လို႔ သတိေပးထားပါတယ္။ နားကိုက္တဲ့ ေဝဒနာရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ ကိုယ္အပူခ်ိန္ ၁ဝ၂ ဒီဂရီ ထက္ေက်ာ္လာမယ္၊ သာမန္ အကုိက္အခဲေပ်ာက္ေဆးေတြ ေသာက္သံုး႐ံုနဲ႔လည္း နာက်င္တာက မသက္သာေသးဘူးဆိုရင္ေတာ့ သက္ဆိုင္ရာ ဆရာဝန္နဲ႔ တိုင္ပင္ကုသပါလို႔ ကၽြမ္းက်င္ပညာရွင္ေတြ အၾကံေပးထားပါတယ္။

ဆံပင္အေျခာက္ခံစက္
အကယ္၍ သင့္ရဲ႕နားကိုက္ေဝဒနာက နားထဲေရဝင္ျခင္းရဲ႕ ေနာက္ဆက္တြဲ ျပႆနာတစ္ခုလို႔သင္ယူဆပါသလား ။ဒါဆို ဆံပင္ေျခာက္ ေအာင္ ေလမႈတ္ေပးတဲ့ ကိရိယာက သင့္ျပႆနာအတြက္ အေျဖျဖစ္လာႏိုင္ပါတယ္။ မၾကာခဏ ေရကူးေလ့ရွိတဲ့သူေတြဟာ နားထဲေရဝင္ၿပီးေနာက္ ေရာဂါပိုးကူးစက္ခံရတာေၾကာင့္ နားကိုက္တဲ့ ေဝဒနာကို မၾကာခဏ ခံစားရေလ့ရွိတတ္ပါတယ္။ ဒီလိုနားကိုက္ေဝဒနာ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ဖို႔က နားအတြင္းပိုင္းတစ္ေလ်ွာက္ကို ေျခာက္ေသြ႔ေအာင္ ထားႏိုင္ဖို႔ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေရကူးၿပီးတဲ့အခါ၊ ဒါမွမဟုတ္ ေရခ်ဳိးၿပီးေနာက္ ေလမႈတ္ကိရိယာကို နားနဲ႔ ၆ လက္မ မွ ၈ လက္မ အကြာအေဝးအတြင္းထားၿပီး အပူခ်ိန္ အလယ္အလတ္ခန္႔နဲ႔ မႈတ္ေပးႏိုင္ပါတယ္။ ဒီလိုနည္းနဲ႔ နားထဲက ေရေတြကို ေျခာက္ေသြ႕သြားေစႏိုင္ၿပီး ပိုးဝင္ျခင္းကို ကာကြယ္ႏိုင္ပါတယ္။ ဒါေပမဲ့ အထက္မွာ ေျပာခဲ့ၿပီးသလို နားဟာ သင့္အၾကားအာ႐ံုအတြက္ အလြန္အေရးႀကီးတဲ့ အဂၤါအစိတ္အပိုင္းတစ္ခုျဖစ္လို႔ နားမွာ ေရာဂါျဖစ္လာတဲ့အခါမွာ ေဝဒနာႀကီးသည္ျဖစ္ေစ၊ ငယ္သည္ျဖစ္ေစ မေပါ့ဆသင့္ပါဘူး။  သက္ဆိုင္ ရာ ဆရာဝန္နဲ႔ ျပသတိုင္ပင္ၿပီး သင့္ေတာ္မွန္ကန္တဲ့ ကုသမႈကို စနစ္တက် ခံယူဖို႔လိုအပ္ပါတယ္။

Credit : People Magazine
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်းနီးပါး တစ်သက်မှာ အနည်းဆုံး တစ်ခါတော့ နားနဲ့ ပတ်သက်တဲ့ ပြဿနာ တစ်မျိုးတစ်မည်ကို ကြုံကို ကြုံဖူးနိုင်ပါတယ်။ အဖြစ်အများဆုံး ပြဿနာကတော့ နားကိုက်တဲ့ရောဂါဖြစ်ပြီး များသောအားဖြင့် နားကိုက်ရတဲ့ အကြောင်းအရင်းကို ကာယကံရှင်ကိုယ်တိုင်က မသိတာမျိုး ဖြစ်လေ့ရှိပါတယ်။ နားဟာ ဖွဲ့စည်းတည်ဆောက်ပုံရှုပ်ထွေးပြီး အလွန်အသုံးဝင်တဲ့ အာရုံခံ အင်္ဂါအစိတ်အပိုင်းတစ်မျိုးဖြစ်တာကြောင့် နားမှာ ပြဿနာတစ်စုံတစ်ရာ ပေါ်လာတဲ့အခါ ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး ။ ဘာကြောင့် နားကိုက်လာရသလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို သိဖို့အတွက် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး သင့်တော်မှန်ကန်တဲ့ ကုသမှုကို စနစ်တကျ ခံယူဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့ မပြသမီ ကြားကာလမှာ ခံစားနေရတဲ့ ဝေဒနာကို ယာယီ သက်သာစေဖို့ ပြုလုပ်နိုင်ပါတယ်လို့ ပညာရှင်တွေ အကြံပေးထားတဲ့ အိမ်တွင်းကုထုံး တစ်ချို့ရှိနေပါတယ်။ နားကိုက်တဲ့အခါ ဝေဒနာသက်သာစေဖို့ အသုံးပြုနိုင်တဲ့အိမ် တွင်းကုထုံးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်ဖြူ
နားကိုက်ဝေဒနာအတွက် နာမည်ကြီးတဲ့ ဆေးမြီးတိုထဲမှာ ကြက်သွန်ဖြူပါဝင်ပါတယ်။ ကြက်သွန်ဖြူမှာ တွေ့ရတဲ့ Allicin အမည်ရ ဓာတ်ပေါင်းက Antioxidant ဂုဏ်သတ္တိရှိပြီး အခြားသော ဆေးဖက်ဝင် အာနိသင်များစွာကို လည်း ပိုင်ဆိုင်ထားပါတယ်။ အဆိုပါ Allicin က ပိုင်ဆိုင်ထားတဲ့ ဆေးဖက်ဝင်အာနိသင်တွေထဲမှာ နားကိုက်ဝေဒနာကို သက်သာစေနိုင်တဲ့ အစွမ်းလည်း ပါဝင်ပါတယ်။ ကြက်သွန်ဖြူကို သန့်စင်တဲ့ သံလွင်ဆီ၊ အုန်းဆီ စတဲ့ ဆီတစ်မျိုးမျိုးထဲမှာ ရက်အနည်းငယ်စိမ်ပြီး အဆိုပါဆီကို နားထဲခတ် ပေးတာမျိုးပြုလုပ်နိုင်ပါတယ်။ အိမ်မှာပြုလုပ်တဲ့ ကြက်သွန်ဖြူဆီက သေချာသန့်စင်ပြီး ပိုးသတ်ထားတာမျိုးမဟုတ်လို့ ရာနှုန်းပြည့် စိတ်ချလို့တော့ မရနိုင်ပါဘူး။ ဆေးဆိုင်တွေမှာ အသင့်အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတဲ့ အဆီကတော့ သုံးစွဲရလွယ်ကူပြီး အိမ်လုပ် ကြက်သွန်ဖြူဆီလောက်လည်း အနံံ့မပြင်းတာကြောင့် နားကိုက်ဝေဒနာအတွက် ပိုမိုသင့်တော်မှုရှိပါတယ်။

Apple Cider Vinegar
Apple Cider Vinegar တစ်နည်းအားဖြင့် ပန်းသီးရှာလကာရည်ကလည်း လတ်တလောမှာ လူသုံးများတဲ့ အိမ်တွင်းဆေးဝါးတစ်မျိုး ဖြစ်လာပါပြီ။ ဆံပင်၊ အသားအရေနဲ့ ကိုယ်ခံစွမ်းအား ကောင်းမွန်ဖို့ ပန်းသီးရှာလကာရည်ကို အမျိုးမျိုး တိုက်ရိုက်လိမ်းကျံတာ၊ ရေ ဒါမှမဟုတ် ဖျော်ရည် တစ်မျိုးမျိုးနဲ့ ရောစပ်ပြီး သောက်သုံးတာစသဖြင့် ပုံစံအမျိုးမျိုး အသုံးပြုလေ့ရှိကြပါတယ်။ လူသိနည်းသေးတဲ့ ပန်းသီးရှာလကာရည်ရဲ့ အသုံးဝင်တဲ့ နောက်အာနိသင်တစ်မျိုးကတော့ နားကိုက်ဝေဒနာကို သက်သာစေနိုင်တဲ့ အစွမ်းပဲဖြစ်ပါတယ်။ အကယ်၍ နားမှာ နားဖာချေးတွေ ပိတ်ဆို့နေတာကြောင့် နားကိုက်ဝေဒနာ ခံစားနေရတာဆိုရင် ပန်းသီးရှာလကာရည် တစ်စက် နှစ်စက်ခန့် နားထဲထည့်ပေးခြင်းဖြင့် အဆိုပါ နားဖာချေးတွေကို ပျော်
သွားစေနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဝတ်သန့်သန့် နဲ့ ရှာလကာရည်တွေ ကုန်သွားတဲ့အထိ ပြန်လည်သန့်စင်ပေးဖို့တော့ လိုအပ်ပါမယ်။ နား သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုလေ့ရှိတဲ့ ဂွမ်းတံတွေ နားအတွင်းပိုင်းထဲထည့်တာကို ဆရာဝန်တွေ  အားမပေးတာကြောင့် ပျော့ပြောင်းတဲ့ အဝတ်သန့်သန့်ကို အသုံးပြုဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

အဆီ
ပညာရှင်အချို့ကတော့ နားကိုက်တဲ့ ဝေဒနာကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိတာကြောင့် အိမ်တွင်းကုထုံးတွေက နားကိုက်ဝေဒနာကို လုံးဝပျောက်ကင်းသွားစေနိုင်တဲ့ အစွမ်းမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်ချို့ အိမ်သုံးဆေးဝါးတွေမှာတော့ ဝေဒနာဖြစ်ရတဲ့ ပြဿနာကို တိုက်ရိုက်ဖြေရှင်းပေးနိုင်တဲ့ အာနိသင်တွေရှိနေပါတယ်။ နားအတွင်းပိုင်းထဲ အဆီခမ်းခြောက်ခြင်းကြောင့်ဖြစ်တဲ့ နားကိုက်ဝေဒနာကို သံလွင်ဆီ၊ အုန်းဆီ စတဲ့ အဆီတစ်မျိုမျိုး ထည့်ပေးခြင်းဖြင့်သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ နားကိုက် ဝေဒနာဘာကြောင့် ဖြစ်ရသလဲဆိုတာကို အရင် စမ်းစစ်ကြည့်ပြီးမှ ဘယ်လို အိမ်တွင်းဆေးဝါးတွေက သင့်ရောဂါအတွက် အဆင်ပြေစေနိုင်သလဲ ဆိုတာကို ဆုံးဖြတ်ဖို့ကလည်း အရေးကြီးပါတယ်။ ပြင်းထန်တဲ့ နားကိုက်ရောဂါတွေက အဖျား တက်ခြင်း၊ နှာခေါင်းနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာများ၊ ချောင်းဆိုးနှာချေခြင်းစတဲ့ လက္ခဏာတွေနဲ့လည်းတွဲပြီး ဖြစ်တတ်တာကြောင့် သင့် ခန္ဓာကိုယ်က ပြသနေတဲ့ လက္ခဏာတွေကိုလည်း အမြဲ သတိထားနေဖို့ လိုအပ်ပါတယ်။

Xylitol
ပီကေ နဲ့ လည်ချောင်းနာပျောက်အောင် ငုံတဲ့ ငုံဆေးပြားတွေမှာပါဝင်တဲ့ Xylitol လို့ခေါ်တဲ့ သကြားတုတစ်မျိုးကလည်း နားကိုက်ဝေဒနာ သက်သာစေနိုင်တဲ့ အာနိသင်ရှိကောင်းရှိနေနိုင် တယ်လို့ သိရပါတယ်။ တစ်ချို့နားကိုက်တဲ့ ဝေဒနာကို ပီကေဝါးခြင်းဖြင့် သက်သာစေနိုင်တာကို ပညာရှင်တွေ သတိပြုမိခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်၊ National Center for Biotechnology Information က နားကိုက်ဝေဒနာကို သက်သာစေနိုင်တဲ့ ပီကေအမျိုးအစားတွေကို လေ့လာခဲ့တဲ့အခါမှာ Xylitol ပါဝင်တဲ့ ပီကေဝါးခြင်းက နားအလယ်ပိုင်းပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့နားကိုက် ဝေဒနာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် Xylitol ပါဝင်တဲ့ ပီကေဝါးပေးခြင်းဖြင့် သင့်ရဲ့ နားကိုက်ဝေဒနာကို ယာယီသက်သာစေနိုင်ပါတယ်။

ကြပ်ထုပ်ထိုးခြင်း
နားကိုက်ဝေဒနာအတွက် အများဆုံး အသုံးပြုကြတဲ့ နည်းလမ်းက အပူသုံးပြီး ကြပ်ထုပ်ထိုးတဲ့  နည်းလမ်းဖြစ်ပြီး ဒီနည်းလမ်းက တကယ်ကို အလုပ်ဖြစ်တဲ့ အိမ်တွင်းကုထုံးတစ်ခုလည်း ဖြစ် တယ်လို့ပညာရှင်တွေဆို ထားပါတယ်။ အပူက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေနိုင်တာကြောင့် နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ နားကိုက်တဲ့အခါ ကြပ်ထုပ်ထိုးမယ့် အဝတ်ဟာ အရမ်းပူနေတာမျိုး မဖြစ်သင့်သလို နာကျင်နေတဲ့ နေရာတစ်ဝှိုက်ကို အားနဲ့ ဖိတာမျိုးကိုလည်း ရှောင်ကြဉ်သင့်တယ်လို့ သတိပေးထားပါတယ်။ နားကိုက်တဲ့ ဝေဒနာရဲ့ နောက်ဆက်တွဲအနေနဲ့ ကိုယ်အပူချိန် ၁ဝ၂ ဒီဂရီ ထက်ကျော်လာမယ်၊ သာမန် အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးရုံနဲ့လည်း နာကျင်တာက မသက်သာသေးဘူးဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ကုသပါလို့ ကျွမ်းကျင်ပညာရှင်တွေ အကြံပေးထားပါတယ်။

ဆံပင်အခြောက်ခံစက်
အကယ်၍ သင့်ရဲ့နားကိုက်ဝေဒနာက နားထဲရေဝင်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခုလို့သင်ယူဆပါသလား ။ဒါဆို ဆံပင်ခြောက် အောင် လေမှုတ်ပေးတဲ့ ကိရိယာက သင့်ပြဿနာအတွက် အဖြေဖြစ်လာနိုင်ပါတယ်။ မကြာခဏ ရေကူးလေ့ရှိတဲ့သူတွေဟာ နားထဲရေဝင်ပြီးနောက် ရောဂါပိုးကူးစက်ခံရတာကြောင့် နားကိုက်တဲ့ ဝေဒနာကို မကြာခဏ ခံစားရလေ့ရှိတတ်ပါတယ်။ ဒီလိုနားကိုက်ဝေဒနာ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့က နားအတွင်းပိုင်းတစ်လျှောက်ကို ခြောက်သွေ့အောင် ထားနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ရေကူးပြီးတဲ့အခါ၊ ဒါမှမဟုတ် ရေချိုးပြီးနောက် လေမှုတ်ကိရိယာကို နားနဲ့ ၆ လက်မ မှ ၈ လက်မ အကွာအဝေးအတွင်းထားပြီး အပူချိန် အလယ်အလတ်ခန့်နဲ့ မှုတ်ပေးနိုင်ပါတယ်။ ဒီလိုနည်းနဲ့ နားထဲက ရေတွေကို ခြောက်သွေ့သွားစေနိုင်ပြီး ပိုးဝင်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ အထက်မှာ ပြောခဲ့ပြီးသလို နားဟာ သင့်အကြားအာရုံအတွက် အလွန်အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်လို့ နားမှာ ရောဂါဖြစ်လာတဲ့အခါမှာ ဝေဒနာကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မပေါ့ဆသင့်ပါဘူး။  သက်ဆိုင် ရာ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး သင့်တော်မှန်ကန်တဲ့ ကုသမှုကို စနစ်တကျ ခံယူဖို့လိုအပ်ပါတယ်။

Credit : People Magazine

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top