iMyanmarHouse.com - Best Property Website for Myanmar
×

အကုန္အက်သက္သာၿပီး ထိေရာက္မႈရွိတဲ့ အေရျပားထိန္းသိမ္းမႈမ်ိဳး;လုပ္ခ်င္ရင္ေတာ့ နႏြင္းကို သံုးတာ အေကာင္းဆံုးပါပဲ။ နႏြင္းဟာ အစားအစာ ခ်က္ျပဳတ္ရာမွာသာမက အလွအပအတြက္လည္း အေကာင္းဆံုး ေထာက္ကူေပးႏုိင္ၿပီး အေရျပားက်န္းမာေရးအတြက္ ဆုိရင္လည္း အေဖာ္မြန္ေကာင္းပါပဲ။ ဒါေၾကာင့္မို႔ ေဘးထြက္ဆိုးက်ိဳးကင္းၿပီး အိမ္မွာ ကိုယ္တုိင္ ဖန္တီးႏိုင္ဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ဘယ္ေလာက္လြယ္ကူသလဲဆိုရင္ နႏြင္းလက္ဖက္ရည္ဇြန္း တစ္ဇြန္းကို အုန္းဆီစစ္စစ္ လက္ဖက္ရည္ဇြန္းဝက္နဲ႔ ေရာၿပီးၿပီဆုိတာနဲ႔ မ်က္ႏွာေပါင္းတင္မႈ စတင္ ႏုိင္ပါၿပီ။

မ်က္လံုးတစ္ဝိုက္ကို ေရွာင္ၿပီး မ်က္ႏွာတစ္ျပင္လံုးကို ခုန ေရာထားတ့ဲ နႏြင္းအႏွစ္ေတြ သုတ္လိမ္းေပးၿပီး ၁၀ မိနစ္ေလာက္ ေပါင္းတင္ထားရမွာပါ။ ၿပီးရင္ေတာ့ ေရခပ္ေႏြးေႏြး (ဒါမွ မဟုတ္) အပူေပးထားတဲ့ မ်က္ႏွာသုတ္ပဝါေလးနဲ႔ သုတ္ေပးႏုိင္ပါတယ္။ မ်က္ႏွာမွာ နႏြင္းေတြ ကပ္က်န္မေနေအာင္ မ်က္ႏွာသစ္ေဆးနဲ႔ ေနာက္တစ္ႀကိမ္ မ်က္ႏွာသစ္ေပးရပါမယ္။

ဒီလိုနႏြင္းနဲ႔ ေပါင္းတင္တာကို မနက္ေစာေစာနဲ႔ ညအိပ္ရာဝင္ခါနီး ေန႔တုိင္း လုပ္ေပးမယ္ဆုိရင္ အသားအေရ ထူးျခားေကာင္းမြန္လာတာ ေတြ႔ရမွာပါ။ နႏြင္းက အသားအေရအတြက္ ေကာင္းက်ိဳးျပဳတယ္ဆုိေပမယ့္ နႏြင္းတုိ႔၊ အုန္းဆီတုိ႔နဲ႔ ဓာတ္မတည့္သူေတြကေတာ့ လက္တည့္မစမ္းဖို႔ လိုအပ္ပါတယ္။

Credit : 7DayDaily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အကုန်အကျသက်သာပြီး ထိရောက်မှုရှိတဲ့ အရေပြားထိန်းသိမ်းမှုမျိုး;လုပ်ချင်ရင်တော့ နနွင်းကို သုံးတာ အကောင်းဆုံးပါပဲ။ နနွင်းဟာ အစားအစာ ချက်ပြုတ်ရာမှာသာမက အလှအပအတွက်လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပြီး အရေပြားကျန်းမာရေးအတွက် ဆိုရင်လည်း အဖော်မွန်ကောင်းပါပဲ။ ဒါကြောင့်မို့ ဘေးထွက်ဆိုးကျိုးကင်းပြီး အိမ်မှာ ကိုယ်တိုင် ဖန်တီးနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဘယ်လောက်လွယ်ကူသလဲဆိုရင် နနွင်းလက်ဖက်ရည်ဇွန်း တစ်ဇွန်းကို အုန်းဆီစစ်စစ် လက်ဖက်ရည်ဇွန်းဝက်နဲ့ ရောပြီးပြီဆိုတာနဲ့ မျက်နှာပေါင်းတင်မှု စတင် နိုင်ပါပြီ။

မျက်လုံးတစ်ဝိုက်ကို ရှောင်ပြီး မျက်နှာတစ်ပြင်လုံးကို ခုန ရောထားတဲ့ နနွင်းအနှစ်တွေ သုတ်လိမ်းပေးပြီး ၁၀ မိနစ်လောက် ပေါင်းတင်ထားရမှာပါ။ ပြီးရင်တော့ ရေခပ်နွေးနွေး (ဒါမှ မဟုတ်) အပူပေးထားတဲ့ မျက်နှာသုတ်ပဝါလေးနဲ့ သုတ်ပေးနိုင်ပါတယ်။ မျက်နှာမှာ နနွင်းတွေ ကပ်ကျန်မနေအောင် မျက်နှာသစ်ဆေးနဲ့ နောက်တစ်ကြိမ် မျက်နှာသစ်ပေးရပါမယ်။

ဒီလိုနနွင်းနဲ့ ပေါင်းတင်တာကို မနက်စောစောနဲ့ ညအိပ်ရာဝင်ခါနီး နေ့တိုင်း လုပ်ပေးမယ်ဆိုရင် အသားအရေ ထူးခြားကောင်းမွန်လာတာ တွေ့ရမှာပါ။ နနွင်းက အသားအရေအတွက် ကောင်းကျိုးပြုတယ်ဆိုပေမယ့် နနွင်းတို့၊ အုန်းဆီတို့နဲ့ ဓာတ်မတည့်သူတွေကတော့ လက်တည့်မစမ်းဖို့ လိုအပ်ပါတယ်။

Credit : 7DayDaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top