iMyanmarHouse.com - Best Property Website for Myanmar
×

ပူတာအိုခ႐ိုင္ ဒီခ်ဳပ္ပါတီဒုတိယဥကၠ႒သည္ ဖုန္းအားသြင္းေနစဥ္အင္တာနက္အသုံးျပဳရာမွေပါက္ကြဲ၍ လက္ေခ်ာင္းမ်ားျဖတ္ရၿပီး ၎ကဲ့သို႔ အျဖစ္မ်ိဳးမႀကဳံေတြ႕ရန္ သတိျပဳေစလိုေၾကာင္း တိုက္တြန္းသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ပူတာအိုခ႐ိုင္ဒုတိယဥကၠ႒ဦးရဲ႕တီရဲ႕သည္ ၎၏ Hello အမ်ိဳးအစားဖုန္းဟန္းဆက္ကို အားသြင္းထားစဥ္ ဖုန္းအသုံးျပဳရာမွ လက္ထဲတြင္ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္။ ယင္ျဖစ္ရပ္ေၾကာင့္ ဖုန္းကိုင္ထားေသာ ဘယ္ဘက္လက္ေခ်ာင္းပ်က္စီးၿပီး မ်က္ႏွာအနည္းငယ္ ထိခိုက္ခဲ့သည္။ ‘‘ျပည္နယ္လႊတ္ေတာ္ ဒု ဥကၠ႒က ပင္နီအက်ႌတစ္ထည္စီ လက္ေဆာင္ေပးလိုက္တာကိုသူ႔ ပီေအက သူေရာက္တဲ့အခ်ိန္လာ ယူဖို႔ေျပာလို႔ေရာက္လာၿပီးလား လို႔ေမးမလို႔လုပ္တာ။ ဖုန္းနံပါတ္ မရွိ လို႔ ဖုန္းကေနဗီဒီယိုေကာလ္ ေခၚလိုက္တာ။ ဟိုဘက္ကိုေတာ့ ဗီဒီယိုေကာလ္ဝင္လာတယ္တဲ့။ အဲဒီ အခ်ိန္မွာေပါက္ကြဲတာ’’ ဟု ေမ လ ၁၈ရက္မြန္းတည့္ ၁၂နာရီခန႔္က ေပါက္ကြဲမႈအေျခအေနကို ရွင္းျပသည္။
ဖုန္းေပါက္ကြဲမႈေၾကာင့္ဒဏ္ ရာရသည့္ ျဖစ္ရပ္သည့္ရွားပါးၿပီး ဦးရဲ႕တီရဲ႕အသုံးျပဳသည့္ ဖုန္းအ မ်ိဳးအစားသည္ နာမည္ရဖုန္း အမ်ိဳးအစားမဟုတ္ေပ။ ေပါက္ ကြဲသည့္ဖုန္းသည္ Hello အမ်ိဳးအစားျဖစ္ၿပီး က်ပ္ေျခာက္ ေသာင္းျဖင့္ ျမစ္ႀကီးနားၿမိဳ႕ရွိ ဖုန္းဆိုင္တစ္ဆိုင္မွ လြန္ခဲ့ေသာ ေျခာက္လခန႔္က ဝယ္ခဲ့သည္ဟု ၎ကေျပာသည္။

ဦးရဲ႕တီရဲ႕က ‘‘အဲဒီဟန္း ဆက္က ဝယ္ထားတာ ခဏခဏ ျပင္ရတယ္။ ဖုန္းက ပူေနၿပီးအား သြင္းထားရင္းသုံးမိတာ။ မ်က္ႏွာ နည္းနည္းရွသြားတယ္။ ေလာ ေလာဆယ္ေတာ့ မ်က္လုံးနည္း နည္းဝါးေနတယ္။ ဖုန္းတအား ပူေနခ်ိန္အားသြင္းရင္းနဲ႔ မသုံးေစ ခ်င္ဘူး’’ ဟု အႀကံျပဳသည္။

ဦးရဲ႕တီရဲ႕သည္ ပူတာအို ၿမိဳ႕ေဆး႐ုံတြင္ ကုသေနကာ စိုးရိမ္စရာ အေျခအေနမရွိေတာ့ ေၾကာင္း ၎ထံသို႔ သြားေရာက္ ေတြ႕ဆုံသည့္ ပူတာအိုၿမိဳ႕နယ္အ မ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးခိဆာေသာ္က ေျပာ သည္။

ဖုန္းအားသြင္းေနစဥ္သုံးစြဲ ျခင္းႏွင့္ဂိမ္းေဆာ့ျခင္းတို႔ မျပဳလုပ္ သင့္ေၾကာင္း၊အထူးသျဖင့္အရည္ အေသြးနိမ့္ဖုန္းမ်ားကို အသုံးျပဳမိ ပါက အႏၲရာယ္မ်ားေၾကာင္း မႏၲေလးၿမိဳ႕ရွိ Smart Mobile ဖုန္း ဆိုုင္ပိုင္ရွင္ ကိုေအာင္ပိုင္ဟိန္းက အႀကံျပဳေျပာၾကားသည္။

Credit:7daydaily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ပူတာအိုခရိုင် ဒီချုပ်ပါတီဒုတိယဥက္ကဋ္ဌသည် ဖုန်းအားသွင်းနေစဉ်အင်တာနက်အသုံးပြုရာမှပေါက်ကွဲ၍ လက်ချောင်းများဖြတ်ရပြီး ၎င်းကဲ့သို့ အဖြစ်မျိုးမကြုံတွေ့ရန် သတိပြုစေလိုကြောင်း တိုက်တွန်းသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပူတာအိုခရိုင်ဒုတိယဥက္ကဋ္ဌဦးရဲ့တီရဲ့သည် ၎င်း၏ Hello အမျိုးအစားဖုန်းဟန်းဆက်ကို အားသွင်းထားစဉ် ဖုန်းအသုံးပြုရာမှ လက်ထဲတွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ယင်ဖြစ်ရပ်ကြောင့် ဖုန်းကိုင်ထားသော ဘယ်ဘက်လက်ချောင်းပျက်စီးပြီး မျက်နှာအနည်းငယ် ထိခိုက်ခဲ့သည်။ ‘‘ပြည်နယ်လွှတ်တော် ဒု ဥက္ကဋ္ဌက ပင်နီအကျႌတစ်ထည်စီ လက်ဆောင်ပေးလိုက်တာကိုသူ့ ပီအေက သူရောက်တဲ့အချိန်လာ ယူဖို့ပြောလို့ရောက်လာပြီးလား လို့မေးမလို့လုပ်တာ။ ဖုန်းနံပါတ် မရှိ လို့ ဖုန်းကနေဗီဒီယိုကောလ် ခေါ်လိုက်တာ။ ဟိုဘက်ကိုတော့ ဗီဒီယိုကောလ်ဝင်လာတယ်တဲ့။ အဲဒီ အချိန်မှာပေါက်ကွဲတာ’’ ဟု မေ လ ၁၈ရက်မွန်းတည့် ၁၂နာရီခန့်က ပေါက်ကွဲမှုအခြေအနေကို ရှင်းပြသည်။
ဖုန်းပေါက်ကွဲမှုကြောင့်ဒဏ် ရာရသည့် ဖြစ်ရပ်သည့်ရှားပါးပြီး ဦးရဲ့တီရဲ့အသုံးပြုသည့် ဖုန်းအ မျိုးအစားသည် နာမည်ရဖုန်း အမျိုးအစားမဟုတ်ပေ။ ပေါက် ကွဲသည့်ဖုန်းသည် Hello အမျိုးအစားဖြစ်ပြီး ကျပ်ခြောက် သောင်းဖြင့် မြစ်ကြီးနားမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်မှ လွန်ခဲ့သော ခြောက်လခန့်က ဝယ်ခဲ့သည်ဟု ၎င်းကပြောသည်။

ဦးရဲ့တီရဲ့က ‘‘အဲဒီဟန်း ဆက်က ဝယ်ထားတာ ခဏခဏ ပြင်ရတယ်။ ဖုန်းက ပူနေပြီးအား သွင်းထားရင်းသုံးမိတာ။ မျက်နှာ နည်းနည်းရှသွားတယ်။ လော လောဆယ်တော့ မျက်လုံးနည်း နည်းဝါးနေတယ်။ ဖုန်းတအား ပူနေချိန်အားသွင်းရင်းနဲ့ မသုံးစေ ချင်ဘူး’’ ဟု အကြံပြုသည်။

ဦးရဲ့တီရဲ့သည် ပူတာအို မြို့ဆေးရုံတွင် ကုသနေကာ စိုးရိမ်စရာ အခြေအနေမရှိတော့ ကြောင်း ၎င်းထံသို့ သွားရောက် တွေ့ဆုံသည့် ပူတာအိုမြို့နယ်အ မျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခိဆာသော်က ပြော သည်။

ဖုန်းအားသွင်းနေစဉ်သုံးစွဲ ခြင်းနှင့်ဂိမ်းဆော့ခြင်းတို့ မပြုလုပ် သင့်ကြောင်း၊အထူးသဖြင့်အရည် အသွေးနိမ့်ဖုန်းများကို အသုံးပြုမိ ပါက အန္တရာယ်များကြောင်း မန္တလေးမြို့ရှိ Smart Mobile ဖုန်း ဆိုုင်ပိုင်ရှင် ကိုအောင်ပိုင်ဟိန်းက အကြံပြုပြောကြားသည်။

Credit:7daydaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top