iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြ ရဲ႕ အခ်စ္ေတြကို အမ်ားႀကီး ရေနတဲ့ ေ႐ႊမႈန္ရတီ က ႐ုပ္ရွင္ေလာကမွာ နံပါတ္ ၁ ေနရာက ရပ္တည္ေနႏိုင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။

ေအာင္ျမင္မႈရဖို႔ဆိုတာ ေ႐ႊမႈံရတီရဲ႕ ႀကိဳးစားမႈေၾကာင့္လည္း ပါဝင္သလို သူ႔ကို ေဘးကေနကူညီပံ့ပိုးသူေတြရဲ႕ ေက်းဇူးေတြေၾကာင့္လည္း ပါ ပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ လုပ္တယ္ ဆိုတာ အတိုက္အခိုက္ေတြ မ်ားတဲ့အတြက္ ကိုယ္ကို အၿမဲဝန္းရံေပးေနမယ့္၊ ကိုယ့္ကို အားေတြျဖစ္ေနေအာင္ တြန္းအားေပးေနတဲ့သူေတြ လိုပါတယ္။

ေ႐ႊမႈံရတီအခုလို ေအာင္ျမင္မႈေတြ ရလာဖို႔ အၿမဲဝန္းရံေပးခဲ့တဲ့သူက မိခင္ ေဒၚေမာ္ေမာ္ခိုင္ ျဖစ္ပါတယ္။

အႏုပညာေလာကရဲ႕ ထိပ္တန္းမွာ ရပ္တည္ၿပီး ေအာင္ျမင္မႈေတြ ရလာေစဖို႔ စိတ္ဓာတ္ခြန္အားေတြ၊ ဂ႐ုတစိုက္ရွိမႈေတြ နဲ႔ အနားမွာ အစဥ္အၿမဲေနေပးခဲ့ရတဲ့ ေဒၚေမာ္ေမာ္ခိုင္ က ေ႐ႊမႈံရတီ နဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ခံစားခ်က္ေတြကို အခုလို ေျပာပါတယ္။

” အန္တီေၾကာင့္ပဲ ဒီလို ျဖစ္လာခဲ့ရတာဆိုတာလည္း သူသိတယ္။ အဲ့ေတာ့ အန္တီကလည္း သူ႔ေနာက္မွာအၿမဲတမ္းရွိေနတဲ့ အေမတစ္ေယာက္ျဖစ္ေနတဲ့ အတြက္မိုလို႔ သမီးကို မမွားသင့္တာေတြ မမွားရေအာင္ အန္တီကိုယ္တိုင္ပဲ သြန္သင္ခဲ့တာပါ။ ”

” တခါတရံမွာ လစ္ဟာသြားတာေတြ ရွိခဲ့တာကေတာ့ လူငယ္သဘာဝ မိုလို႔ အန္တီ မသိခ်င္ေယာင္ေဆာင္ေပးတယ္။ အဆဲလည္းခံေပးလိုက္ပါတယ္။

ဘာလို႔လည္းဆိုေတာ့ သူတို႔လည္း လူထဲကလူေတြ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို သမီးအခုလိုျဖစ္လာတဲ့အတြက္ အန္တီလည္းဝမ္းသာပါတယ္။

သူ ဒီလို ထက္ထက္ျမက္ျမက္နဲ႔ ေအာင္ေအာင္ျမင္ျမင္နဲ႔ ေက်ာ္ျဖတ္လာႏိုင္တာ က သူ႔ရဲ႕ သတၱိေၾကာင့္လည္းပါတာေပါ့ေနာ္။

အန္တီတြန္းပို႔တာကေတာ့ အန္တီေကာင္းတဲ့လမ္းေလးေတြကို ၫႊန္ျပေပးေနတာ တစ္ခုတည္းနဲ႔ပါ။ က်န္တာက သူ႔ အသိဉာဏ္နဲ႔သူ ေလွ်ာက္ေနၾကတာပါပဲ။ ”

” ေမွ်ာ္လင့္ခ်က္ကေတာ့ ဘယ္ေတာ့မွ ပ်က္သြားတာ မဟုတ္ပါဘူး။ ”

” ေအာင္ျမင္ေနရင္လည္း ေအာင္ျမင္မႈကို ထပ္ လိုခ်င္ေနတာပဲ။ သားသမီး ကို ထိပ္ဆုံးထိေရာက္ေစခ်င္ေနတာ ျဖစ္တဲ့အတြက္ အန္တီက ေမွ်ာ္လင့္ခ်က္ေတြထားေနဦးမွာပဲ။ ”

” ဘယ္သူျဖစ္ျဖစ္ သားသမီးကို ေကာင္းတဲ့သူနဲ႔ပဲ ညားေစခ်င္တာေပါ့။”

“သူ ကလည္း မိသားစုအေပၚ တာဝန္ေက်တဲ့ ကေလးတစ္ေယာက္ျဖစ္ေနတဲ့ အခါ က်ေတာ့ အန္တီကေတာ့ လင္ေကာင္း၊သားေကာင္းရေစခ်င္တာေပါ့။ သူ႔ရဲ႕ ကံတရားလည္း ရွိပါေသးတယ္။

” မိဘေတြေပးစားလို႔ ယူၾကရတဲ့ေခတ္ေတြကကုန္ၿပီ။”

” အခုေခတ္က လူေတြက သူတို႔ႀကိဳက္လို႔ သူတို႔ယူၾကတာ။ ကိုယ္ေတြ က ေပးစားလည္း ယူခ်င္မွယူၾကမွာေလ။

သူတို႔ႀကိဳက္လို႔ ယူမယ့္သူသည္လည္း လက္လြတ္စပယ္ေတာ့ ပစ္ထားမွာ မဟုတ္ဘူး။ အန္တီကိုယ္တိုင္က အကဲခတ္ၿပီးေတာ့ ေပးစားမွာပါ။ ” လို႔ ေဒၚေမာ္ေမာ္ခိုင္ က ေျဖၾကားခဲ့ပါတယ္။
Credit:Lwinpyin

#Unicode Version#
မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေ ရဲ့ အချစ်တွေကို အများကြီး ရနေတဲ့ ရွှေမှုန်ရတီ က ရုပ်ရှင်လောကမှာ နံပါတ် ၁ နေရာက ရပ်တည်နေနိုင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။

အောင်မြင်မှုရဖို့ဆိုတာ ရွှေမှုံရတီရဲ့ ကြိုးစားမှုကြောင့်လည်း ပါဝင်သလို သူ့ကို ဘေးကနေကူညီပံ့ပိုးသူတွေရဲ့ ကျေးဇူးတွေကြောင့်လည်း ပါ ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် လုပ်တယ် ဆိုတာ အတိုက်အခိုက်တွေ များတဲ့အတွက် ကိုယ်ကို အမြဲဝန်းရံပေးနေမယ့်၊ ကိုယ့်ကို အားတွေဖြစ်နေအောင် တွန်းအားပေးနေတဲ့သူတွေ လိုပါတယ်။

ရွှေမှုံရတီအခုလို အောင်မြင်မှုတွေ ရလာဖို့ အမြဲဝန်းရံပေးခဲ့တဲ့သူက မိခင် ဒေါ်မော်မော်ခိုင် ဖြစ်ပါတယ်။

အနုပညာလောကရဲ့ ထိပ်တန်းမှာ ရပ်တည်ပြီး အောင်မြင်မှုတွေ ရလာစေဖို့ စိတ်ဓာတ်ခွန်အားတွေ၊ ဂရုတစိုက်ရှိမှုတွေ နဲ့ အနားမှာ အစဉ်အမြဲနေပေးခဲ့ရတဲ့ ဒေါ်မော်မော်ခိုင် က ရွှေမှုံရတီ နဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်တွေကို အခုလို ပြောပါတယ်။

” အန်တီကြောင့်ပဲ ဒီလို ဖြစ်လာခဲ့ရတာဆိုတာလည်း သူသိတယ်။ အဲ့တော့ အန်တီကလည်း သူ့နောက်မှာအမြဲတမ်းရှိနေတဲ့ အမေတစ်ယောက်ဖြစ်နေတဲ့ အတွက်မိုလို့ သမီးကို မမှားသင့်တာတွေ မမှားရအောင် အန်တီကိုယ်တိုင်ပဲ သွန်သင်ခဲ့တာပါ။ ”

” တခါတရံမှာ လစ်ဟာသွားတာတွေ ရှိခဲ့တာကတော့ လူငယ်သဘာဝ မိုလို့ အန်တီ မသိချင်ယောင်ဆောင်ပေးတယ်။ အဆဲလည်းခံပေးလိုက်ပါတယ်။

ဘာလို့လည်းဆိုတော့ သူတို့လည်း လူထဲကလူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို သမီးအခုလိုဖြစ်လာတဲ့အတွက် အန်တီလည်းဝမ်းသာပါတယ်။

သူ ဒီလို ထက်ထက်မြက်မြက်နဲ့ အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်လာနိုင်တာ က သူ့ရဲ့ သတ္တိကြောင့်လည်းပါတာပေါ့နော်။

အန်တီတွန်းပို့တာကတော့ အန်တီကောင်းတဲ့လမ်းလေးတွေကို ညွှန်ပြပေးနေတာ တစ်ခုတည်းနဲ့ပါ။ ကျန်တာက သူ့ အသိဉာဏ်နဲ့သူ လျှောက်နေကြတာပါပဲ။ ”

” မျှော်လင့်ချက်ကတော့ ဘယ်တော့မှ ပျက်သွားတာ မဟုတ်ပါဘူး။ ”

” အောင်မြင်နေရင်လည်း အောင်မြင်မှုကို ထပ် လိုချင်နေတာပဲ။ သားသမီး ကို ထိပ်ဆုံးထိရောက်စေချင်နေတာ ဖြစ်တဲ့အတွက် အန်တီက မျှော်လင့်ချက်တွေထားနေဦးမှာပဲ။ ”

” ဘယ်သူဖြစ်ဖြစ် သားသမီးကို ကောင်းတဲ့သူနဲ့ပဲ ညားစေချင်တာပေါ့။”

“သူ ကလည်း မိသားစုအပေါ် တာဝန်ကျေတဲ့ ကလေးတစ်ယောက်ဖြစ်နေတဲ့ အခါ ကျတော့ အန်တီကတော့ လင်ကောင်း၊သားကောင်းရစေချင်တာပေါ့။ သူ့ရဲ့ ကံတရားလည်း ရှိပါသေးတယ်။

” မိဘတွေပေးစားလို့ ယူကြရတဲ့ခေတ်တွေကကုန်ပြီ။”

” အခုခေတ်က လူတွေက သူတို့ကြိုက်လို့ သူတို့ယူကြတာ။ ကိုယ်တွေ က ပေးစားလည်း ယူချင်မှယူကြမှာလေ။

သူတို့ကြိုက်လို့ ယူမယ့်သူသည်လည်း လက်လွတ်စပယ်တော့ ပစ်ထားမှာ မဟုတ်ဘူး။ အန်တီကိုယ်တိုင်က အကဲခတ်ပြီးတော့ ပေးစားမှာပါ။ ” လို့ ဒေါ်မော်မော်ခိုင် က ဖြေကြားခဲ့ပါတယ်။

Credit:Lwinpyin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top