iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ ဦးမင္းေဇာ္ဟာ အႏုပညာေလာကမွာ ဆယ္စုႏွစ္တစ္ခုၾကာ ရပ္တည္လာခဲ့သူတစ္ဦးျဖစ္ပါတယ္။ ဦးမင္းေဇာ္ ပါဝင္သရုပ္ေဆာင္ထားတဲ့ ဇာတ္ကားေပါင္းေျမာက္ျမားစြာရွိျပီးေတာ့ ပရိသတ္ေတြကလည္း အျမဲမွတ္မိေနရေလာက္ေအာင္ သရုပ္ေဆာင္ေကာင္းတဲ့ ဇာတ္ရံ တစ္ဦးလည္းျဖစ္ပါတယ္။ အျပင္ေလာကမွာေတာ့ ဦးမင္းေဇာ္ဟာ အိမ္ေထာင္ဦးစီးတစ္ဦးအျဖစ္ ဦးေဆာင္ေနရသူတစ္ဦးျဖစ္ျပီး ေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးကို ပုိင္ဆိုင္ထားတဲ့အျပင္ အသံခ်ိဳခ်ိဳနဲ႔ ဆြဲေဆာင္မွုရွိလွတဲ့ သမီးေလးတစ္ဦးကိုလည္း ပိုင္ဆိုင္ထားရသူေလးပါ

သူကေတာ့ သြန္းပိုးအိမ္ပဲျဖစ္ပါတယ္။ သြန္းပိုးအိမ္ဟာ ရုပ္ရွင္သရုပ္ေဆာင္ ဦးမင္းေဇာ္ရဲ႕ သမီးၾကီးတစ္ေယာက္ျဖစ္ျပီး ခ်ိဳသာလြန္းလွတဲ့အသံအျပင္ ခ်စ္စရာေကာင္းတဲ့ သြင္ျပင္ေလးကိုပါ ပိုင္ဆိုင္ထားသူေလးပါ။ သြန္းပိုးအိမ္ဟာ ယခုလက္ရွိမွာေတာ့ Myanmar Idol Season 3 မွာဝင္ေရာက္ယွဥ္ျပိဳင္လ်က္ရွိေနျပီး ေအာင္ျမင္မွုကိုလည္း ယခုအဆင့္အေျခအေနအထိ ရရွိထားသူေလးပါ။

ဦးမင္းေဇာ္ကေတာ့ သူ႔ရဲ႕သမီးေလးျဖစ္သူအတြက္ သီခ်င္းေခြေတြ အေခြေပါင္းမ်ားစြာ ထုတ္ေပးႏုိင္ဖို႔ အင္အားမရွိေပမယ့္ အႏုပညာသမားတစ္ေယာက္ျဖစ္တဲ့အတြက္ အျမဲတမ္းဘုရားတရားျပဳလုပ္ဖို႔ ဆံုးမသြန္သင္ေပးေနခဲ့သူလည္းျဖစ္ပါတယ္။

သူမဟာ ယခုလက္ရွိမွာေတာ့ Philosophy အေဝးသင္ ပထမႏွစ္ တက္ေရာက္ေနသူေလးျဖစ္ပါတယ္။ ငယ္ငယ္ေလးတည္းက အဆိုေတာ္တစ္ဦးျဖစ္ခ်င္တဲ့သူမကေတာ့ သူမအေဖရဲ႕ ခြင့္ျပဳခ်က္ေၾကာင့္ တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္ျမင္ျပီးမွ အႏုပညာအလုပ္ေတြကို စတင္လုပ္ကိုင္ခြင့္ရရွိခဲ့တာလည္းျဖစ္ပါတယ္။ သူမဖခင္ျဖစ္သူ ဦးမင္းေဇာ္ကေတာ့ သမီးေလးျဖစ္သူကို အျမဲၾကိဳးစားအားထုတ္သူတစ္ဦးျဖစ္ေစခ်င္သူျဖစ္ပါတယ္။

ယခုလက္ရွိ Myanmar Idol မွာဝင္ေရာက္ယွဥ္ျပိဳင္ေနတဲ့ ဦးမင္းေဇာ္ရဲ႕ သမီးျဖစ္သူ သြန္းပိုးအိမ္ကိုလည္း အားေပးလို႔ရေအာင္ We Love Cele ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ဒီလိုမ်ိဳး ေအာင္ျမင္ေအာင္ ၾကိဳးစားေနတဲ့ ညီမေလးသြန္းပိုးအိမ္ Myanmar Idol မွာလည္းဆက္လက္ေအာင္ျမင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Myanmar Celebrity
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
သရုပ်ဆောင် ဦးမင်းဇော်ဟာ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဦးမင်းဇော် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပေါင်းမြောက်မြားစွာရှိပြီးတော့ ပရိသတ်တွေကလည်း အမြဲမှတ်မိနေရလောက်အောင် သရုပ်ဆောင်ကောင်းတဲ့ ဇာတ်ရံ တစ်ဦးလည်းဖြစ်ပါတယ်။ အပြင်လောကမှာတော့ ဦးမင်းဇော်ဟာ အိမ်ထောင်ဦးစီးတစ်ဦးအဖြစ် ဦးဆောင်နေရသူတစ်ဦးဖြစ်ပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့အပြင် အသံချိုချိုနဲ့ ဆွဲဆောင်မှုရှိလှတဲ့ သမီးလေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားရသူလေးပါ

သူကတော့ သွန်းပိုးအိမ်ပဲဖြစ်ပါတယ်။ သွန်းပိုးအိမ်ဟာ ရုပ်ရှင်သရုပ်ဆောင် ဦးမင်းဇော်ရဲ့ သမီးကြီးတစ်ယောက်ဖြစ်ပြီး ချိုသာလွန်းလှတဲ့အသံအပြင် ချစ်စရာကောင်းတဲ့ သွင်ပြင်လေးကိုပါ ပိုင်ဆိုင်ထားသူလေးပါ။ သွန်းပိုးအိမ်ဟာ ယခုလက်ရှိမှာတော့ Myanmar Idol Season 3 မှာဝင်ရောက်ယှဉ်ပြိုင်လျက်ရှိနေပြီး အောင်မြင်မှုကိုလည်း ယခုအဆင့်အခြေအနေအထိ ရရှိထားသူလေးပါ။

ဦးမင်းဇော်ကတော့ သူ့ရဲ့သမီးလေးဖြစ်သူအတွက် သီချင်းခွေတွေ အခွေပေါင်းများစွာ ထုတ်ပေးနိုင်ဖို့ အင်အားမရှိပေမယ့် အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် အမြဲတမ်းဘုရားတရားပြုလုပ်ဖို့ ဆုံးမသွန်သင်ပေးနေခဲ့သူလည်းဖြစ်ပါတယ်။

သူမဟာ ယခုလက်ရှိမှာတော့ Philosophy အဝေးသင် ပထမနှစ် တက်ရောက်နေသူလေးဖြစ်ပါတယ်။ ငယ်ငယ်လေးတည်းက အဆိုတော်တစ်ဦးဖြစ်ချင်တဲ့သူမကတော့ သူမအဖေရဲ့ ခွင့်ပြုချက်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးမှ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ သူမဖခင်ဖြစ်သူ ဦးမင်းဇော်ကတော့ သမီးလေးဖြစ်သူကို အမြဲကြိုးစားအားထုတ်သူတစ်ဦးဖြစ်စေချင်သူဖြစ်ပါတယ်။

ယခုလက်ရှိ Myanmar Idol မှာဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဦးမင်းဇော်ရဲ့ သမီးဖြစ်သူ သွန်းပိုးအိမ်ကိုလည်း အားပေးလို့ရအောင် We Love Cele ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီလိုမျိုး အောင်မြင်အောင် ကြိုးစားနေတဲ့ ညီမလေးသွန်းပိုးအိမ် Myanmar Idol မှာလည်းဆက်လက်အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Myanmar Celebrity

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top