iMyanmarHouse.com - Best Property Website for Myanmar
×

ေဂၚဖီထုတ္ဟာ ေဈးသက္သာၿပီး အလြယ္တကူ ၀ယ္ယူခ်က္ျပဳတ္ႏိုင္တဲ့ဟင္းသီးဟင္းရြက္တစ္မ်ဴိး ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႕ရဲ႕ အဟာရဓာတ္ႂကြယ္၀မႈေတြကို ေလွ်ာ့တြက္လို႔ မရပါဘူး။ေဂၚဖီထုတ္ဟာ ခႏၵာကိုယ္ကို ေခါင္းစကေန ေျခအဆံုးအထိ ဘယ္လိုေကာင္းက်ဴိးေတြ ေပးလဲဆိုတာသိဖို႔ ဖတ္ၾကည့္ၾကပါေနာ္။

-အသားအေရကို စိုျပည္လွပေစပါတယ္

Indole-3-carbonile ပါ၀င္တဲ့အတြက္ အသည္းကေန အဆိပ္အေတာက္ေတြကို ပိုမိုစြန္႔ထုတ္ေစၿပီး အသားအေရကို ပိုမို ၾကည္လင္ေစပါတယ္။ဒါ့အျပင္ ဗီတာမင္စီ ပါ၀င္လို႔ အေရးအေၾကာင္းေတြကို ကာကြယ္ေပးၿပီး ဗီတာမင္ ေအနဲ႔ဒီေၾကာင့္ UV raysေတြေၾကာင့္ အေရျပားပ်က္စီးျခင္းကေန ကာကြယ္ပါတယ္။

-ကင္ဆာေရာဂါကို တိုက္ထုတ္ေပးတယ္။

Lupeol နဲ႔ Sinigrin ဆိုတဲ့ ကင္ဆာတိုက္ဖ်က္ေရးဓာတ္ေတြပါ၀င္တဲ့အတြက္ ကင္ဆာအက်ိတ္ေတြကို ရပ္တန္႔ေစပါတယ္

-အ႐ိုးအဆစ္နာက်င္ျခင္းကို သက္သာေစပါတယ္

ေဂၚဖီထုတ္မွာ Betalainပါ၀င္ၿပီး နာတာရွည္ေယာင္ယမ္းေ၀ဒနာေတြကိုသက္သာေစပါတယ္။ဒူးနာ ခါးနာသမားမ်ား မ်ားမ်ားစားေပးသင့္ပါတယ္။

-မ်က္စိၾကည္ေစပါတယ္

Beta carotene ပါ၀င္လို႔ မ်က္စိေ၀ျခင္း ႏွင့္ တိမ္ျဖစ္ျခင္းမွ ကာကြယ္ေပးပါတယ္။

-ဦးေႏွာက္အတြက္ေဆးတစ္လက္ျဖစ္ပါတယ္

ေဂၚဖီထုတ္ကို ဦးေႏွာက္အတြက္ေဆးတစ္ခြက္လို႔ တင္စားၾကပါတယ္။ vitamin Kနဲ႔ anthocyaninဓာတ္ေတြက ဦးေႏွာက္မွတ္ဥာဏ္ျပန္လည္ေကာင္းမြန္ဖို႔လုပ္ေဆာင္ေပးပါတယ္။ အာ႐ံုစူးစိုက္မႈအားေကာင္းေစတဲ့အျပင္ အယ္လ္ဇိုင္းမားေရာဂါကိုသက္သာေစပါတယ္။ အိုင္အိုဒင္းဓာတ္ပါ၀င္လို့ အာ႐ံုေၾကာစနစ္ကိုေကာင္းမြန္ေစပါတယ္။

-ေသြးေပါင္က်ေစပါတယ္

ပိုတက္စီယမ္ပါ၀င္လို႔ ေသြးေၾကာေတြကိုပြင့္ေစၿပီး ေသြးလည္ပတ္မႈေကာင္းေစတဲ့အတြက္ ေသြးေပါင္က်ေစပါတယ္။ေနာက္ဆက္တြဲ ႏွလံုးေရာဂါနဲ႔ ေလျဖတ္ျခင္းကို ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။

-အ႐ိုးပါးျခင္းကိုကာကြယ္ေပးတယ္

ကယ္လ္စီယမ္,ပိုတက္ဆီယမ္ဓာတ္ေတြ လံုေလာက္စြာပါ၀င္တဲ့အတြက္ အရိူးကိုအားျဖည့္ေပးပါတယ္။

-ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးပါတယ္။

ကယ္လိုရီနည္းပါးၿပီး အမွ်င္ဓာတ္မ်ားေသာေၾကာင့္ အဆာခံေစပါတယ္။ ၀ိတ္ခ်သူေတြ မျဖစ္မေနစားသင့္ပါတယ္ေနာ္။

-ဆံပင္ကိုသန္စြမ္းေစတယ္

ေဂၚဖီထုတ္ကို အရည္ညႇစ္ၿပီး ဦးရည္နဲ႔ ဆံသားအရင္းကိုလိမ္းေပးျခင္းျဖင့္ ဆံပင္ကြၽတ္တာကိုသက္သာတာေတြ႕ပါတယ္။ဗီတာမင္ ေအ ပါလို႔ ဆံပင္ျပန္ေပါက္ေစပါတယ္။

-ကိုယ္၀န္ေဆာင္ေတြအတြက္အားျဖည့္ေပးတယ္

မိခင္ႏွင့္ သေႏၵသားအတြက္ လိုအပ္တဲ့အာဟာရေတြကိုေပးစြမ္းပါတယ္။ႏို႔တိုက္မိခင္ေတြလဲ ႏို့လိႈင္လိႈင္ ထြက္ေစပါတယ္။
အစာလဲေဆး ေဆးလဲအစာတစ္မ်ဳိးျဖစ္တဲ့ ေဂၚဖီထုတ္ကိုပံုမွန္စားေပးျခင္းျဖင့္ ေရာဂါမ်ားကို ကာကြယ္ႏိုင္ၾကပါၿပီ။

Credit : Dr Jue (Daily Hot News)
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဂေါ်ဖီထုတ်ဟာ ဈေးသက်သာပြီး အလွယ်တကူ ဝယ်ယူချက်ပြုတ်နိုင်တဲ့ဟင်းသီးဟင်းရွက်တစ်မျိူး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဟာရဓာတ်ကြွယ်ဝမှုတွေကို လျှော့တွက်လို့ မရပါဘူး။ဂေါ်ဖီထုတ်ဟာ ခန္ဒာကိုယ်ကို ခေါင်းစကနေ ခြေအဆုံးအထိ ဘယ်လိုကောင်းကျိူးတွေ ပေးလဲဆိုတာသိဖို့ ဖတ်ကြည့်ကြပါနော်။

-အသားအရေကို စိုပြည်လှပစေပါတယ်

Indole-3-carbonile ပါဝင်တဲ့အတွက် အသည်းကနေ အဆိပ်အတောက်တွေကို ပိုမိုစွန့်ထုတ်စေပြီး အသားအရေကို ပိုမို ကြည်လင်စေပါတယ်။ဒါ့အပြင် ဗီတာမင်စီ ပါဝင်လို့ အရေးအကြောင်းတွေကို ကာကွယ်ပေးပြီး ဗီတာမင် အေနဲ့ဒီကြောင့် UV raysတွေကြောင့် အရေပြားပျက်စီးခြင်းကနေ ကာကွယ်ပါတယ်။

-ကင်ဆာရောဂါကို တိုက်ထုတ်ပေးတယ်။

Lupeol နဲ့ Sinigrin ဆိုတဲ့ ကင်ဆာတိုက်ဖျက်ရေးဓာတ်တွေပါဝင်တဲ့အတွက် ကင်ဆာအကျိတ်တွေကို ရပ်တန့်စေပါတယ်

-အရိုးအဆစ်နာကျင်ခြင်းကို သက်သာစေပါတယ်

ဂေါ်ဖီထုတ်မှာ Betalainပါဝင်ပြီး နာတာရှည်ယောင်ယမ်းဝေဒနာတွေကိုသက်သာစေပါတယ်။ဒူးနာ ခါးနာသမားများ များများစားပေးသင့်ပါတယ်။

-မျက်စိကြည်စေပါတယ်

Beta carotene ပါဝင်လို့ မျက်စိဝေခြင်း နှင့် တိမ်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

-ဦးနှောက်အတွက်ဆေးတစ်လက်ဖြစ်ပါတယ်

ဂေါ်ဖီထုတ်ကို ဦးနှောက်အတွက်ဆေးတစ်ခွက်လို့ တင်စားကြပါတယ်။ vitamin Kနဲ့ anthocyaninဓာတ်တွေက ဦးနှောက်မှတ်ဉာဏ်ပြန်လည်ကောင်းမွန်ဖို့လုပ်ဆောင်ပေးပါတယ်။ အာရုံစူးစိုက်မှုအားကောင်းစေတဲ့အပြင် အယ်လ်ဇိုင်းမားရောဂါကိုသက်သာစေပါတယ်။ အိုင်အိုဒင်းဓာတ်ပါဝင်လို့ အာရုံကြောစနစ်ကိုကောင်းမွန်စေပါတယ်။

-သွေးပေါင်ကျစေပါတယ်

ပိုတက်စီယမ်ပါဝင်လို့ သွေးကြောတွေကိုပွင့်စေပြီး သွေးလည်ပတ်မှုကောင်းစေတဲ့အတွက် သွေးပေါင်ကျစေပါတယ်။နောက်ဆက်တွဲ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

-အရိုးပါးခြင်းကိုကာကွယ်ပေးတယ်

ကယ်လ်စီယမ်,ပိုတက်ဆီယမ်ဓာတ်တွေ လုံလောက်စွာပါဝင်တဲ့အတွက် အရိူးကိုအားဖြည့်ပေးပါတယ်။

-ကိုယ်အလေးချိန်လျှော့ချပေးပါတယ်။

ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်များသောကြောင့် အဆာခံစေပါတယ်။ ဝိတ်ချသူတွေ မဖြစ်မနေစားသင့်ပါတယ်နော်။

-ဆံပင်ကိုသန်စွမ်းစေတယ်

ဂေါ်ဖီထုတ်ကို အရည်ညှစ်ပြီး ဦးရည်နဲ့ ဆံသားအရင်းကိုလိမ်းပေးခြင်းဖြင့် ဆံပင်ကျွတ်တာကိုသက်သာတာတွေ့ပါတယ်။ဗီတာမင် အေ ပါလို့ ဆံပင်ပြန်ပေါက်စေပါတယ်။

-ကိုယ်ဝန်ဆောင်တွေအတွက်အားဖြည့်ပေးတယ်

မိခင်နှင့် သန္ဒေသားအတွက် လိုအပ်တဲ့အာဟာရတွေကိုပေးစွမ်းပါတယ်။နို့တိုက်မိခင်တွေလဲ နို့လှိုင်လှိုင် ထွက်စေပါတယ်။
အစာလဲဆေး ဆေးလဲအစာတစ်မျိုးဖြစ်တဲ့ ဂေါ်ဖီထုတ်ကိုပုံမှန်စားပေးခြင်းဖြင့် ရောဂါများကို ကာကွယ်နိုင်ကြပါပြီ။

Credit : Dr Jue (Daily Hot News)

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top