iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်္ားေလး တိုင္းဟာ ၿပီးျပည့္စုံတယ္လို႔ေတာ့ မရွိပါဘူး။ ဒါေပမယ့္ မိန္းကေလးတစ္ေယာက္ရဲ႕ အျပဳအမူအခ်ိဳ႕က ေယာက်္ားေလးေတြကို ေဒါသထြက္ျခင္း ၾကည့္မရျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။ တခ်ိဳ႕အေလ့အထေတြကေတာ့ အမ်ိဳးသားေရာ အမ်ိဳးသမီး ပါ လုပ္တတ္ၾကပါတယ္။ ဥပမာ ပန္ကန္ေဆးတာေတြ၊ အိမ္သန႔္ရွင္းေရးလုပ္တာေတြကို ကြၽန္ေတာ္တို႔ေတြ သိပ္မႏွစ္သက္ၾကပါဘူး။ ဒါေပမယ့္ တခ်ိဳ႕အေလ့အထေတြကေတာ့ အမ်ိဳးသမီးေတြ အေတာ္မ်ားမ်ား က်င့္သုံးေနၾကတဲ့အတြက္ အမ်ိဳးသားေတြမႏွစ္သက္တဲ့ အျပဳအမူေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေယာက်္ားေလး ပန္းကန္ ထဲက ႏႈိက္စားတတ္တာ
ေယာက်္ားေလးအေတာ္မ်ားမ်ားဟာ သူတို႔ေသာက္တဲ့အေအးခြက္ စားစရာေတြကို မွ်ေဝၿပီးသုံးစြဲတာကို မႏွစ္သက္တတ္ၾကပါဘူး။ ဒီလိုအျပဳအမူေလးကို ျပႆနာမဟုတ္ဖူးလို႔ သင္ယုံၾကည္ႏိုင္ပါတယ္။ ဒါေပမယ့္ မႏွစ္သက္တတ္တဲ့ ေယာက်္ားေလးေတြအတြက္ကေတာ့ တကယ့္ကိုျပႆနာႀကီးပါ။ အမ်ိဳးသားေတြ သင္စိတ္ႀကိဳက္မွာစားတာေတြကို သေဘာထားႀကီးစြာ ရွင္းဖို႔ဝန္မေလးေသာ္လည္း သူ႔ပန္းကန္ထဲက ႏႈိက္စားတာကိုေတာ့ ကြၽဲၿမီးတိုတတ္ၾကပါတယ္။

၂။ အတင္းေျပာတတ္ျခင္း
အတင္းေျပာတတ္ျခင္းဟာ အမ်ိဳးသမီးေတြအတြက္ကေတာ့ တကယ့္ကိုဆြဲေဆာင္မႈက်ဆင္းေစတဲ့ အက်င့္စ႐ိုက္ျဖစ္ပါတယ္။ တျခားသူေတြရဲ႕ရွင္သန္မႈကို အတင္းေျပာတာေတြ ပုတ္ခတ္တာေတြဟာ တကယ္ကိုဆိုးတဲ့ အရာတစ္ခုပါ။ ဒါေၾကာင့္ပဲ အမ်ိဳးသားေတြဟာ အတင္းေျပာတာဝါသနာပါတဲ့ မိန္းကေလးေတြကို မ်က္မုန္းက်ိဳးၾကတာျဖစ္ပါတယ္။

၃။ အငိုသန္တာ
မ်က္ရည္ တိုင္းဟာ အမ်ိဳးသားတိုင္းအတြက္ေတာ့ စိတ္ေပ်ာ့ေစၿပီး ဂ႐ုဏာသက္ေစတာ မဟုတ္ပါဘူး။ တစ္ခါတစ္ေလမွာ သင္ကမူယာမာယာမ်ားၿပီး ပုလဲေတြချပရင္ေတာင္ သူတို႔ကနားလည္မႈလြဲၿပီး ေဒါသထြက္ၾကပါလိမ့္မယ္။ အမ်ိဳးသားအမ်ားစုဟာ သူ႔ေရွ႕မွာမ်က္ရည္က်ၿပီးငိုေနတဲ့ မိန္းကေလးေတြကို ဘယ္လိုေခ်ာ့ရမယ္ဆိုတာ တကယ့္ကို႐ိုး႐ိုးသားသား မသိၾကပါဘူး။ သင္မေပ်ာ္႐ြင္တာေတြ၊ စိတ္ေကာက္တာေတြ၊ ေဒါသထြက္တာေတြအတြက္ ငိုခဲ့ရင္လည္း သူတို႔ကျဖစ္ေၾကာင္းကုန္စင္ကို ရွင္းျပဖို႔ပဲ တတ္ႏိုင္ပါတယ္။ ဒါကိုမွအေျဖမရွာပဲ သင္ကဆက္ငိုေနရင္ေတာ့ ေယာက်္ားေလးေတြ မ်က္ႏွာကညႇိဳးႏြမ္းေနေပမယ့္ စိတ္ထဲမွာေတာ့ ကလိကလိေနေအာင္ ေဒါသထြက္ေနတတ္ပါတယ္။

၄။ အခ်ိန္ ဆြဲျခင္း
အမ်ိဳးသားေတြဟာ အျပင္ထြက္ခါနီးၿပီးဆို အမ်ိဳးသမီးေတြကို စိတ္တိုလာတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ကမိတ္ကပ္လိမ္း၊ ႏႈတ္ခမ္းနီဆိုး၊ အဝတ္ေ႐ြး စတဲ့အမ်ိဳးသမီးေတြရဲ႕ ရႈပ္ေထြးတဲ့အလုပ္ေတြကို စိတ္မရွည္တတ္ၾကပါဘူး။ ေယာက်္ားပီသတဲ့ အမ်ိဳးသားတိုင္း အျပင္ထြက္ၿပီဆို ဘာဝတ္သြားမယ္ဆိုတာ ခ်က္ခ်င္းဆုံးျဖတ္ၿပီး ေကာက္စြပ္သြားတတ္ၾကပါတယ္။ အမ်ိဳးသမီးအေတာ္မ်ားမ်ားကေတာ့ အဝတ္ေတြေ႐ြးရတာနဲ႔ အဝတ္ပုံေပၚထိုင္ၿပီး ဝတ္စရာမရွိဘူး ၿငီးရတာနဲ႔ အလုပ္မ်ားတတ္ၾကပါတယ္။ ဒီလိုအက်င့္စ႐ိုက္ေတြကို ၾကာလာတာနဲ႔အမွ် အမ်ိဳးသားေတြ သည္းခံႏိုင္စြမ္း နည္းလာတတ္ပါတယ္။

၅။ သြယ္ဝိုက္ၿပီး အရိပ္အႁမြက္ေတြ ေျပာတတ္တာ
အမ်ိဳးသားအေတာ္မ်ားမ်ားက အထာေပးတာေတြ၊ အရိပ္အႁမြက္ေျပာတာေတြကို သိပ္နားမလည္ၾကပဲ ယုတၱိေဗဒနည္းလမ္းအတိုင္းသာ ေတြးေတာတတ္ၾကပါတယ္။ အမ်ိဳးသမီးတိုင္းလိုလိုပဲ စကားတိုင္းရဲ႕အဓိပၸာယ္ကို နက္နက္နဲနဲေတြေတာတတ္ၿပီး ငါ့ကိုေစာင္းေျပာေနတာလား၊ မနာလိုလို႔လား စသျဖင့္ အဓိပၸာယ္ေကာက္တာ ေတာ္ၾကပါတယ္။ အမ်ိဳးသားေတြစိတ္ကေတာ့ အဲ့ေလာက္ထိ မရႈပ္ေထြးတတ္ပါဘူး။ ဒါေၾကာင့္ပဲ crush ရဲ႕တုံ႔ျပန္မႈေတြ ေရလာေျမာင္းေပးေတြကို နားမလည္တာေၾကာင့္ သူမ်ားေနာက္ပါသြားတတ္လို႔ အသဲကြဲရတဲ့ အမ်ိဳးသားေတြအမ်ားႀကီးပါ။ ဒါေၾကာင့္အေရးပါတဲ့အရာေတြကို ယခုလိုအဓိပၸာယ္ေတြနဲ႔ သူတို႔ကိုမေျပာသင့္ပဲ ႐ိုးရွင္းပြင့္လင္းစြာ ေျပာဖို႔လိုအပ္ပါတယ္။

၆။ မေလ်ာ္မကန္ေတြဝတ္တာ
အဓိကအားျဖင့္ ရာသီဥတု၊ အေျခအေန အေပၚလိုက္ၿပီး သူ႔ေနရာနဲ႔သူ ဝတ္စားတာကို အမ်ိဳးသားေတြ ႏွစ္သက္ၾကပါတယ္။ ဒီလိုမဟုတ္ပဲ ေပ်ာ္ပြဲစားထြက္တာေတြ ခရီးထြက္တာေတြဘာေတြမွာ သင္ကေဒါက္ျမင့္ဖိနပ္နဲ႔ ကပိုက႐ိုလုပ္ေနရင္
သူတို႔စိတ္ထဲ ရယ္စရာေကာင္းေနပါလိမ့္မယ္။ ဒါ့အျပင္ အျပင္မွာေလေတြ မိုးေတြ႐ြာေနရင္လည္း ေဘာင္းဘီတိုနဲ႔ စတိုင္ထုတ္ၿပီး ဝတ္မသြားပါနဲ႔။ အဝတ္အစားတိုင္းကို သူ႔ေနရာနဲ႔သူဝတ္ဆင္ပါ။ အမ်ိဳးသားတိုင္းဟာ သူတို႔ရဲ႕ခ်စ္သူကို အမ်ားအျမင္မွာ အလွဆုံးျဖစ္ေနေစခ်င္ပါတယ္။ သင္ကေနပူႀကီးထဲ ကိုးယို႔ကားယား လိေမၼာ္ေရာင္၊ အနီေရာင္ ဝတ္စုံေတြဝတ္သြားခဲ့ရင္ သူတို႔ကသင့္ကို အရမ္းလွတယ္လို႔ႏႈတ္ကခ်ီးက်ဴးေပမယ့္ စိတ္ထဲမွာေတာ့ သင့္ဖက္ရွင္ကို စိတ္ပ်က္ေနတတ္ၾကပါတယ္။

၇။ အဝတ္ဗီ႐ို ကို အပိုင္စီးထားတာ
တစ္ကိုယ္ေကာင္းမဆန္ပါနဲ႔။ အမ်ိဳးသားတိုင္းဟာ သူတို႔ရဲ႕ဂ်င္းေတြ၊ အဝတ္အစားေတြနဲ႔ အျခားပစၥည္းေတြကို ဗီ႐ိုထဲမွာ သူတို႔အတြက္ သီးသန႔္ေနရာထားၿပီး ထည့္ထားခ်င္ၾကပါတယ္။ ဒါကို သင့္ရဲ႕အဝတ္ေတြအျပည့္ထည့္ထားရင္ သူကစိတ္တိုပါလိမ့္မယ္။ ႏွစ္ေယာက္သားသုံးမယ္ဆို ဗီ႐ိုတဝက္ကို သူ႔အတြက္ ေနရာေပးပါ။ ဒါမွမဟုတ္ ဗီ႐ိုႏွစ္လုံးဝယ္ၿပီး တစ္ေယာက္တစ္လုံးသုံးပါ။

Credit : Life Style Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ယောကျ်ားလေး တိုင်းဟာ ပြီးပြည့်စုံတယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ အပြုအမူအချို့က ယောကျ်ားလေးတွေကို ဒေါသထွက်ခြင်း ကြည့်မရခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ တချို့အလေ့အထတွေကတော့ အမျိုးသားရော အမျိုးသမီး ပါ လုပ်တတ်ကြပါတယ်။ ဥပမာ ပန်ကန်ဆေးတာတွေ၊ အိမ်သန့်ရှင်းရေးလုပ်တာတွေကို ကျွန်တော်တို့တွေ သိပ်မနှစ်သက်ကြပါဘူး။ ဒါပေမယ့် တချို့အလေ့အထတွေကတော့ အမျိုးသမီးတွေ အတော်များများ ကျင့်သုံးနေကြတဲ့အတွက် အမျိုးသားတွေမနှစ်သက်တဲ့ အပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ယောကျ်ားလေး ပန်းကန် ထဲက နှိုက်စားတတ်တာ
ယောကျ်ားလေးအတော်များများဟာ သူတို့သောက်တဲ့အအေးခွက် စားစရာတွေကို မျှဝေပြီးသုံးစွဲတာကို မနှစ်သက်တတ်ကြပါဘူး။ ဒီလိုအပြုအမူလေးကို ပြဿနာမဟုတ်ဖူးလို့ သင်ယုံကြည်နိုင်ပါတယ်။ ဒါပေမယ့် မနှစ်သက်တတ်တဲ့ ယောကျ်ားလေးတွေအတွက်ကတော့ တကယ့်ကိုပြဿနာကြီးပါ။ အမျိုးသားတွေ သင်စိတ်ကြိုက်မှာစားတာတွေကို သဘောထားကြီးစွာ ရှင်းဖို့ဝန်မလေးသော်လည်း သူ့ပန်းကန်ထဲက နှိုက်စားတာကိုတော့ ကျွဲမြီးတိုတတ်ကြပါတယ်။

၂။ အတင်းပြောတတ်ခြင်း
အတင်းပြောတတ်ခြင်းဟာ အမျိုးသမီးတွေအတွက်ကတော့ တကယ့်ကိုဆွဲဆောင်မှုကျဆင်းစေတဲ့ အကျင့်စရိုက်ဖြစ်ပါတယ်။ တခြားသူတွေရဲ့ရှင်သန်မှုကို အတင်းပြောတာတွေ ပုတ်ခတ်တာတွေဟာ တကယ်ကိုဆိုးတဲ့ အရာတစ်ခုပါ။ ဒါကြောင့်ပဲ အမျိုးသားတွေဟာ အတင်းပြောတာဝါသနာပါတဲ့ မိန်းကလေးတွေကို မျက်မုန်းကျိုးကြတာဖြစ်ပါတယ်။

၃။ အငိုသန်တာ
မျက်ရည် တိုင်းဟာ အမျိုးသားတိုင်းအတွက်တော့ စိတ်ပျော့စေပြီး ဂရုဏာသက်စေတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ သင်ကမူယာမာယာများပြီး ပုလဲတွေခပြရင်တောင် သူတို့ကနားလည်မှုလွဲပြီး ဒေါသထွက်ကြပါလိမ့်မယ်။ အမျိုးသားအများစုဟာ သူ့ရှေ့မှာမျက်ရည်ကျပြီးငိုနေတဲ့ မိန်းကလေးတွေကို ဘယ်လိုချော့ရမယ်ဆိုတာ တကယ့်ကိုရိုးရိုးသားသား မသိကြပါဘူး။ သင်မပျော်ရွင်တာတွေ၊ စိတ်ကောက်တာတွေ၊ ဒေါသထွက်တာတွေအတွက် ငိုခဲ့ရင်လည်း သူတို့ကဖြစ်ကြောင်းကုန်စင်ကို ရှင်းပြဖို့ပဲ တတ်နိုင်ပါတယ်။ ဒါကိုမှအဖြေမရှာပဲ သင်ကဆက်ငိုနေရင်တော့ ယောကျ်ားလေးတွေ မျက်နှာကညှိုးနွမ်းနေပေမယ့် စိတ်ထဲမှာတော့ ကလိကလိနေအောင် ဒေါသထွက်နေတတ်ပါတယ်။

၄။ အချိန် ဆွဲခြင်း
အမျိုးသားတွေဟာ အပြင်ထွက်ခါနီးပြီးဆို အမျိုးသမီးတွေကို စိတ်တိုလာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကမိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီဆိုး၊ အဝတ်ရွေး စတဲ့အမျိုးသမီးတွေရဲ့ ရှုပ်ထွေးတဲ့အလုပ်တွေကို စိတ်မရှည်တတ်ကြပါဘူး။ ယောကျ်ားပီသတဲ့ အမျိုးသားတိုင်း အပြင်ထွက်ပြီဆို ဘာဝတ်သွားမယ်ဆိုတာ ချက်ချင်းဆုံးဖြတ်ပြီး ကောက်စွပ်သွားတတ်ကြပါတယ်။ အမျိုးသမီးအတော်များများကတော့ အဝတ်တွေရွေးရတာနဲ့ အဝတ်ပုံပေါ်ထိုင်ပြီး ဝတ်စရာမရှိဘူး ငြီးရတာနဲ့ အလုပ်များတတ်ကြပါတယ်။ ဒီလိုအကျင့်စရိုက်တွေကို ကြာလာတာနဲ့အမျှ အမျိုးသားတွေ သည်းခံနိုင်စွမ်း နည်းလာတတ်ပါတယ်။

၅။ သွယ်ဝိုက်ပြီး အရိပ်အမြွက်တွေ ပြောတတ်တာ
အမျိုးသားအတော်များများက အထာပေးတာတွေ၊ အရိပ်အမြွက်ပြောတာတွေကို သိပ်နားမလည်ကြပဲ ယုတ္တိဗေဒနည်းလမ်းအတိုင်းသာ တွေးတောတတ်ကြပါတယ်။ အမျိုးသမီးတိုင်းလိုလိုပဲ စကားတိုင်းရဲ့အဓိပ္ပာယ်ကို နက်နက်နဲနဲတွေတောတတ်ပြီး ငါ့ကိုစောင်းပြောနေတာလား၊ မနာလိုလို့လား စသဖြင့် အဓိပ္ပာယ်ကောက်တာ တော်ကြပါတယ်။ အမျိုးသားတွေစိတ်ကတော့ အဲ့လောက်ထိ မရှုပ်ထွေးတတ်ပါဘူး။ ဒါကြောင့်ပဲ crush ရဲ့တုံ့ပြန်မှုတွေ ရေလာမြောင်းပေးတွေကို နားမလည်တာကြောင့် သူများနောက်ပါသွားတတ်လို့ အသဲကွဲရတဲ့ အမျိုးသားတွေအများကြီးပါ။ ဒါကြောင့်အရေးပါတဲ့အရာတွေကို ယခုလိုအဓိပ္ပာယ်တွေနဲ့ သူတို့ကိုမပြောသင့်ပဲ ရိုးရှင်းပွင့်လင်းစွာ ပြောဖို့လိုအပ်ပါတယ်။

၆။ မလျော်မကန်တွေဝတ်တာ
အဓိကအားဖြင့် ရာသီဥတု၊ အခြေအနေ အပေါ်လိုက်ပြီး သူ့နေရာနဲ့သူ ဝတ်စားတာကို အမျိုးသားတွေ နှစ်သက်ကြပါတယ်။ ဒီလိုမဟုတ်ပဲ ပျော်ပွဲစားထွက်တာတွေ ခရီးထွက်တာတွေဘာတွေမှာ သင်ကဒေါက်မြင့်ဖိနပ်နဲ့ ကပိုကရိုလုပ်နေရင်
သူတို့စိတ်ထဲ ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါ့အပြင် အပြင်မှာလေတွေ မိုးတွေရွာနေရင်လည်း ဘောင်းဘီတိုနဲ့ စတိုင်ထုတ်ပြီး ဝတ်မသွားပါနဲ့။ အဝတ်အစားတိုင်းကို သူ့နေရာနဲ့သူဝတ်ဆင်ပါ။ အမျိုးသားတိုင်းဟာ သူတို့ရဲ့ချစ်သူကို အများအမြင်မှာ အလှဆုံးဖြစ်နေစေချင်ပါတယ်။ သင်ကနေပူကြီးထဲ ကိုးယို့ကားယား လိမ္မော်ရောင်၊ အနီရောင် ဝတ်စုံတွေဝတ်သွားခဲ့ရင် သူတို့ကသင့်ကို အရမ်းလှတယ်လို့နှုတ်ကချီးကျူးပေမယ့် စိတ်ထဲမှာတော့ သင့်ဖက်ရှင်ကို စိတ်ပျက်နေတတ်ကြပါတယ်။

၇။ အဝတ်ဗီရို ကို အပိုင်စီးထားတာ
တစ်ကိုယ်ကောင်းမဆန်ပါနဲ့။ အမျိုးသားတိုင်းဟာ သူတို့ရဲ့ဂျင်းတွေ၊ အဝတ်အစားတွေနဲ့ အခြားပစ္စည်းတွေကို ဗီရိုထဲမှာ သူတို့အတွက် သီးသန့်နေရာထားပြီး ထည့်ထားချင်ကြပါတယ်။ ဒါကို သင့်ရဲ့အဝတ်တွေအပြည့်ထည့်ထားရင် သူကစိတ်တိုပါလိမ့်မယ်။ နှစ်ယောက်သားသုံးမယ်ဆို ဗီရိုတဝက်ကို သူ့အတွက် နေရာပေးပါ။ ဒါမှမဟုတ် ဗီရိုနှစ်လုံးဝယ်ပြီး တစ်ယောက်တစ်လုံးသုံးပါ။

Credit : Life Style Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top