iMyanmarHouse.com - Best Property Website for Myanmar
×
၁။ သံပယိုသီး
၂။ ထောပတ်သီး
၃။ ချယ်ရီသီး
၎။ မက်မွန်သီး
Credit : Myfood
အားလုံးပဲမင်္ဂလာပါနော်။ အသီးလေးတွေကို ကိုယ်တိုင်စိုက်ပျိုးပြီး စားရရင် သိပ်ကိုအရသာရှိမှာပဲနော်။ အပင်စိုက်တာဝါသနာပါသူတွေအတွက် အစေ့ကနေ စိုက်လို့ရတဲ့ အပင်တွေကို မျှဝေပေးချင်ပါတယ်။
စာဖတ်သူတို့လည်းအကြိုက်တွေ့ကြမယ်ထင်ပါတယ်နော်။
၁။ သံပယိုသီး
မြေကြီးထဲမှာ တိုက်ရိုက်ထည့်ပြီး စိုက်လို့ရပါတယ်။အစေ့ ၅ စေ့၊ ၁၀ စေ့ကို တခါတည်းထည့်လိုက်ပါ။ တချိုပအပင်တွေက အစေ့မပေါက်မှာစိုးလို့ပါနော်။ လတ်ဆတ်တဲ့ အစေ့ဆို ပိုကောင်းပါတယ်။ သံပယိုသီးက ရေကြိုက်ပါတယ်။ ဒါ့ကြောင့် ရေကို သေချာလောင်းပေးပါ။တစ်နေ့ကို နေ ၁၀ နာရီကနေ ၁၄ နာရီအထိလည်းလိုအပ်ပါတယ်။ အပင်ကြီးလာရင်တော့ နေရောင်ကို ၈ နာရီလိုပါတယ်။
အမြစ်နုတ်လို့ရတဲ့အထိ ကြီးလာရင်တော့ အိုးပြောင်းစိုက်ပါ။
၂။ ထောပတ်သီး
ထောပတ်သီးကို မြေကြီးထဲထည့်မစိုက်ခင်မှာ သွားကြားထိုးတံလေးနဲ့ အခုလို ထိုးပေးထားပြီး ရေခွက်ပေါ်တင်ထားပေးပါ။ နွေးတဲ့နေရာမှာထားပါ။ နေရောင်နဲ့ တိုက်ရိုက်ထိတဲ့နေရာရှောင်ပါ။ အမြစ်ထွက်လာမယ်ဆိုရင် အိုးထဲပြောင်းစိုက်ပါ။ အစေ့တစ်ဝက်ကိုပဲ မြုပ်ရပါမယ်။ မတ်နဲ့ ဇွန်လအတွင်းစိုက်ရင် ပိုကောင်းပါတယ်။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်ရေလောင်းပါ။
၃။ ချယ်ရီသီး
ချယ်ရီသီးကိုခြောက်သွေ့ပြီး လေလုံတဲ့ ပလတ်စတစ်ဘူးထဲကို ထည့်ပြီး ရေခဲသေတ္တာထဲ ၁၀ ပတ်လောက်ထားထားပါ။ အညှောင့်လေးထွက်လာရင် မြေကြီးထဲထည့်စိုက်ပါ။
နေရောင်နဲ့ လေကြိုက်ပါတယ်။ မြေသြဇာကောင်းပြီး သဲမြေကို နှစ်သက်ပါတယ်။ မြေက နည်းနည်းလေး စိုစွတ်နေရမယ်။ ခြောက်လာပြီဆိုရင် ရေလောင်းပါ။
၄။ မက်မွန်သီး
အစေ့လေးတွေကနေ စိုက်ပျိုလို့ရတဲ့ အပင်လေးတွေ
မက်မွန်သီးကိုတော့ စက္ကူထဲထုတ်ထားပြီး ရေခဲသေတ္တာထဲ ၈ ပတ်ထည့်ထားပါ။ အညှောင့်လေးထွက်လာရင် မြေကြီးထဲထည့်စိုက်ပါမယ်။ အညှာင့်လေးတွေထွက်လာရင်တော့ ပလတ်စတစ်အိတ်တစ်ခုနဲ့အုပ်လိုက်ပါ။ တစ်ချိန်တည်းမှာ အများကြီးစိုက်တာ ပိုကောင်းပါတယ်။ အပင်က ပထမနှစ်မှာ မဖြစ်ထွန်းတတ်လို့ပါ။
မြေကြီးက စိုစွတ်နေရင်မကြိုက်ပါဘူး။ နေလည်းမကြိုက်ပါဘူး။
ဒီအသီးလေးတွေကတော့ အစေ့လေးတွေကနေ စိုက်လို့ ရတဲ့အပင်လေးတွေနဲ့ စိုက်နည်း အကျဉ်းချုပ်ကို မျှဝေပေးခဲ့တာပါနော်။ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။
Credit : Myfood
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top