iMyanmarHouse.com - Best Property Website for Myanmar
×

လွပၿပီးသြယ္လ်တဲ့ခႏၶာကိုယ္မ်ိဳးကို လူတိုင္းကပိုင္ဆိုင္ခ်င္ၾကတာပါပဲ။ ဒါေပမယ့္ လိုက္နာသင့္တဲ့အရာေတြနဲ႔ လုပ္သင့္တဲ့အရာေတြကိုေတာ့ ေသေသခ်ာခ်ာမသိေနၾကတာက မ်ားပါတယ္။ အလွအပဆိုရင္ စိတ္ဝင္စားတဲ့ပ်ိဳေမတို႔အတြက္ အံ့ၾသစရာေကာင္းေလာက္ေအာင္ ဖန္တီးေပးႏိုင္တဲ့ဒီအခ်က္ေတြကို လိုက္နာမယ္ဆိုရင္ေတာ့ လွပတဲ့ခႏၶာကိုယ္ကို မပိုင္ဆိုင္စရာအေၾကာင္းမရွိပါဘူး။

ၾကက္ဥမ်ားမ်ားစားေပးပါ

ပ႐ိုတင္းဓာတ္ေတြမ်ားစြာပါဝင္ၿပီး ကယ္လိုရီဓာတ္နည္းတဲ့ ၾကက္ဥအကာကိုစားသံုးေပးမယ္ဆိုရင္ေတာ့ အဆီမရွိပဲသြယ္လ်တဲ့ခႏၶာကိုယ္ကို ပိုင္ဆိုင္လာရမွာပဲျဖစ္ပါတယ္။ သင္ရဲ႕မနက္စာမွာ ၾကက္ဥအကာသံုးလံုးကိုစားေပးမယ္ဆိုရင္ေတာ့ တစ္ေန႔တာလံုးအတြက္ တစ္ျခားစားစရာေတြကို ေတာင့္တမႈကိုေလ်ာ့နည္းသြားေစမွာပဲျဖစ္ပါတယ္။

ေရေႏြးၾကမ္းမ်ားမ်ားေသာက္ေပးပါ

ေရေႏြးၾကမ္းမွာလည္း ကဖင္းဓာတ္ကအနည္းငယ္ပါဝင္ေနတာေၾကာင့္ သင့္ခႏၶာကိုယ္မွာ အဆီေတြျဖစ္တည္မႈကို ေခ်ဖ်က္ေပးႏိုင္မွာပဲျဖစ္ပါတယ္။ ေလ့က်င့္ခန္းမလုပ္ခင္အခ်ိန္မွာလည္း ေရေႏြးၾကမ္းကိုေသာက္ေပးမယ္ဆိုရင္ ေလ့က်င့္ခန္းလုပ္ႏိုင္စြမ္းကို တုိးျမင့္လာေစပါတယ္။

အသက္ျပင္းျပင္းရွဳသြင္းပါ

အသက္ဝဝရွဳတတ္တဲ့အက်င့္ကိုလည္း သင့္ဆီမွာရွိေနေအာင္ေလ့က်င့္ပါ။ ခႏၶာကိုယ္မွာ ေအာက္ဆီဂ်င္ကျပည့္ဝစြာရွိေနမွ ကယ္လိုရီေတြကိုေျခဖ်က္တဲ့အခါမွာ အေထာက္အကူျဖစ္ေစမွာလည္းျဖစ္ပါတယ္။ အစားမစားခင္အခ်ိန္မွာ ၅ မိနစ္ေလာက္ အသက္ဝဝရွဳလိုက္မယ္ဆိုရင္ေတာ့ စိတ္ေက်နပ္စရာေကာင္းၿပီး အဆီဓာတ္ေတြကိုေခ်ဖ်က္မႈစနစ္လည္း တိုးလာေစမွာပါ။

လမ္းေလွ်ာက္ေပးပါ

သင့္ရဲ႕တစ္ေန႔တာမွာ လမ္းေလွ်ာက္တဲ့အေလ့အက်င့္ေလးကိုလည္း မျဖစ္မေနထားေပးသင့္ပါတယ္။ တစ္ေန႔ကို မိနစ္ ၃၀ ေလာက္ပံုမွန္ေလွ်ာက္ေပးၿပီး၊ ေနာက္ပိုင္းေလွ်ာက္လာႏိုင္ၿပီဆိုရင္ ပိုတိုးၿပီးေလွ်ာက္ေပးမယ္ဆိုရင္လည္း သင့္ခႏၶာကိုယ္မွာရွိတဲ့အဆီေတြကို ေလာင္ကၽြမ္းၿပီးသားျဖစ္သြားမွာပါ။

ဒီအခ်က္ေတြကို သင္ပံုမွန္လိုက္လုပ္မယ္ဆိုရင္ေတာ့ သင့္ခႏၶာကိုယ္မွာရွိေနတဲ့ မလိုအပ္တဲ့အဆီေတြကို ေခ်ဖ်က္ၿပီးသားျဖစ္ၿပီး သြယ္လ်တဲ့ခႏၶာကိုယ္ကို ပိုင္ဆိုင္လာရမွာပဲျဖစ္ပါတယ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လှပပြီးသွယ်လျတဲ့ခန္ဓာကိုယ်မျိုးကို လူတိုင်းကပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါပေမယ့် လိုက်နာသင့်တဲ့အရာတွေနဲ့ လုပ်သင့်တဲ့အရာတွေကိုတော့ သေသေချာချာမသိနေကြတာက များပါတယ်။ အလှအပဆိုရင် စိတ်ဝင်စားတဲ့ပျိုမေတို့အတွက် အံ့သြစရာကောင်းလောက်အောင် ဖန်တီးပေးနိုင်တဲ့ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ လှပတဲ့ခန္ဓာကိုယ်ကို မပိုင်ဆိုင်စရာအကြောင်းမရှိပါဘူး။

ကြက်ဥများများစားပေးပါ

ပရိုတင်းဓာတ်တွေများစွာပါဝင်ပြီး ကယ်လိုရီဓာတ်နည်းတဲ့ ကြက်ဥအကာကိုစားသုံးပေးမယ်ဆိုရင်တော့ အဆီမရှိပဲသွယ်လျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။ သင်ရဲ့မနက်စာမှာ ကြက်ဥအကာသုံးလုံးကိုစားပေးမယ်ဆိုရင်တော့ တစ်နေ့တာလုံးအတွက် တစ်ခြားစားစရာတွေကို တောင့်တမှုကိုလျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။

ရေနွေးကြမ်းများများသောက်ပေးပါ

ရေနွေးကြမ်းမှာလည်း ကဖင်းဓာတ်ကအနည်းငယ်ပါဝင်နေတာကြောင့် သင့်ခန္ဓာကိုယ်မှာ အဆီတွေဖြစ်တည်မှုကို ချေဖျက်ပေးနိုင်မှာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်အချိန်မှာလည်း ရေနွေးကြမ်းကိုသောက်ပေးမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်နိုင်စွမ်းကို တိုးမြင့်လာစေပါတယ်။

အသက်ပြင်းပြင်းရှုသွင်းပါ

အသက်ဝဝရှုတတ်တဲ့အကျင့်ကိုလည်း သင့်ဆီမှာရှိနေအောင်လေ့ကျင့်ပါ။ ခန္ဓာကိုယ်မှာ အောက်ဆီဂျင်ကပြည့်ဝစွာရှိနေမှ ကယ်လိုရီတွေကိုခြေဖျက်တဲ့အခါမှာ အထောက်အကူဖြစ်စေမှာလည်းဖြစ်ပါတယ်။ အစားမစားခင်အချိန်မှာ ၅ မိနစ်လောက် အသက်ဝဝရှုလိုက်မယ်ဆိုရင်တော့ စိတ်ကျေနပ်စရာကောင်းပြီး အဆီဓာတ်တွေကိုချေဖျက်မှုစနစ်လည်း တိုးလာစေမှာပါ။

လမ်းလျှောက်ပေးပါ

သင့်ရဲ့တစ်နေ့တာမှာ လမ်းလျှောက်တဲ့အလေ့အကျင့်လေးကိုလည်း မဖြစ်မနေထားပေးသင့်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက်ပုံမှန်လျှောက်ပေးပြီး၊ နောက်ပိုင်းလျှောက်လာနိုင်ပြီဆိုရင် ပိုတိုးပြီးလျှောက်ပေးမယ်ဆိုရင်လည်း သင့်ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေကို လောင်ကျွမ်းပြီးသားဖြစ်သွားမှာပါ။

ဒီအချက်တွေကို သင်ပုံမှန်လိုက်လုပ်မယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာရှိနေတဲ့ မလိုအပ်တဲ့အဆီတွေကို ချေဖျက်ပြီးသားဖြစ်ပြီး သွယ်လျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top