iMyanmarHouse.com - Best Property Website for Myanmar
×

အဝလြန္ေနတာမ်ိဳးနဲ႔ အစားအေသာက္မမွန္တာမ်ိဳးေတြကသာ ဆီးခ်ိဳေရာဂါကို ျဖစ္ပြားေစတာ မဟုတ္ပါဘူး။ ေန႔စဥ္ သင္ကိုယ္တုိင္ သတိမထားမလိုက္ပဲ လုပ္ေနတက္တဲ့ အမူအက်င့္ တစ္ခ်ိဳ႕ကလည္း ဆီးခ်ိဳေရာဂါကို ျဖစ္ေစတက္ပါတယ္။ ထူးျခားတာကေတာ့ ေကာ္ဖီေသာက္တာက ဆီးခ်ိဳျဖစ္တာကို ကာကြယ္ေပးတယ္ဆိုတဲ့ အခ်က္ပါပဲ။

၁။ ညဥ့္နက္မွ အိပ္ယာဝင္ျခင္း

ညနက္တဲ့အထိ တီဗီၾကည့္၊ ဂိမ္းေဆာ့ လုပ္တက္ရင္ေတာ့ အက်င့္ကို အခုပဲ ျပင္ဖို႔သင့္ပါတယ္။ ညဥ့္နက္မွ အိပ္ယာဝင္ၿပီး အိပ္ေရးဝဝ အိပ္ရင္ေတာင္မွ အခ်ိန္မေတာ္မွာ စမတ္ဖုန္းဖန္သားျပင္နဲ႔ တီဗီဖန္သားျပင္ကို ၾကည့္ထားတဲ့ အက်င့္က ခႏၶာကိုယ္အတြင္း ေသြးလည္ပတ္မႈကို ဆိုး႐ြားၿပီး ဆီးခ်ိဳျဖစ္ေစတက္ပါတယ္။

၂။ အစာမေက်ျခင္း
p
ခႏၶာကိုယ္အတြင္းမွာ ေကာင္းတဲ့ဘက္တီးရီးယားနဲ႔ ဆိုးတဲ့ဘက္တီးရီးယားဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ ေကာင္းတဲ့ ဘက္တီးရီးယားက အစာေတြကို ေခ်ဖ်က္ေပးႏုိင္ပါတယ္။ ဒါေပမယ့္ ကိုယ္တြင္းထဲမွာ ဆိုးတဲ့ဘက္တီးရီးယားက ပိုမ်ားေနၿပီဆိုရင္ေတာ့ သတိထားရမွာပါ။ ဒိန္ခ်ဥ္နဲ႔ ခ်ိစ္ေတြက ဒါမ်ိဳး ျဖစ္ေစတက္ပါတယ္။

၃။ ေနေရာင္ျခည္ ေကာင္းစြာ မရျခင္း

လူေတြရဲ႕ အသားအရည္က ေနေရာင္ျခည္သင့္ေတာ္သေလာက္ ခံေပးဖို႔ လိုပါတယ္။ ဗီတာမင္ဒီဓာတ္ကို လံုေလာက္စြာမရခဲ့ရင္လည္း ဆီးခ်ိဳေရာဂါ အမွတ္ ၂ ျဖစ္ႏုိင္ေခ်မ်ားပါတယ္။

၄။ ပိတ္ရက္မွာ တေနကုန္တီဗီၾကည့္ျခင္း

တေနကုန္ထိုင္ရာမထ တီဗီခ်ည္းလွိမ့္ၾကည့္ေနတဲ့အခါ အရင္ဆံုး သင့္ရဲ႕ခါးတစ္ဝိုက္မွာ အဆီေတြ ပံုလာတက္ပါတယ္။ ခါးတစ္ဝိုက္မွာ ဗိုက္ထြက္လာၿပီ ဆိုရင္ေတာ့ ဆီးခ်ိဳျဖစ္ဖို႔ လကၡဏာျပေနၿပီလို႔ ယူဆၿပီး အေနအထိုင္ ဆင္ျခင္ၾကည့္ပါ။

၅။ မနက္စာ မစားျခင္း

အလုပ္ေၾကာင့္၊ သင္တန္းေၾကာင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခ်ိန္မမီလို႔ မနက္စာ မစားပဲ ေနလိုက္ရတဲ့ေန႔ေတြ မ်ားေနၿပီလား ကိုယ့္ကိုကုိယ္ ေမးၾကည့္ပါ။ မ်ားေနၿပီဆိုရင္ေတာ့ မနက္စာကို ပံုမွန္စားဖို႔ သတိေပးခ်င္ပါတယ္။ မနက္စာ မစားတဲ့အခါ သၾကားဓာတ္ မရေတာ့ပါဘူး။ ကိုယ္အတြင္း သၾကားဓာတ္လံုေလာက္စြာ မရတဲ့အခါ ဆီးခ်ိဳျဖစ္ေစတက္ပါတယ္။

Source : Rd

Photo : buffalo.com

Credit  : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဝလွန်နေတာမျိုးနဲ့ အစားအသောက်မမှန်တာမျိုးတွေကသာ ဆီးချိုရောဂါကို ဖြစ်ပွားစေတာ မဟုတ်ပါဘူး။ နေ့စဉ် သင်ကိုယ်တိုင် သတိမထားမလိုက်ပဲ လုပ်နေတက်တဲ့ အမူအကျင့် တစ်ချို့ကလည်း ဆီးချိုရောဂါကို ဖြစ်စေတက်ပါတယ်။ ထူးခြားတာကတော့ ကော်ဖီသောက်တာက ဆီးချိုဖြစ်တာကို ကာကွယ်ပေးတယ်ဆိုတဲ့ အချက်ပါပဲ။

၁။ ညဉ့်နက်မှ အိပ်ယာဝင်ခြင်း

ညနက်တဲ့အထိ တီဗီကြည့်၊ ဂိမ်းဆော့ လုပ်တက်ရင်တော့ အကျင့်ကို အခုပဲ ပြင်ဖို့သင့်ပါတယ်။ ညဉ့်နက်မှ အိပ်ယာဝင်ပြီး အိပ်ရေးဝဝ အိပ်ရင်တောင်မှ အချိန်မတော်မှာ စမတ်ဖုန်းဖန်သားပြင်နဲ့ တီဗီဖန်သားပြင်ကို ကြည့်ထားတဲ့ အကျင့်က ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို ဆိုးရွားပြီး ဆီးချိုဖြစ်စေတက်ပါတယ်။

၂။ အစာမကျေခြင်း
p
ခန္ဓာကိုယ်အတွင်းမှာ ကောင်းတဲ့ဘက်တီးရီးယားနဲ့ ဆိုးတဲ့ဘက်တီးရီးယားဆိုပြီး နှစ်မျိုးရှိပါတယ်။ ကောင်းတဲ့ ဘက်တီးရီးယားက အစာတွေကို ချေဖျက်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တွင်းထဲမှာ ဆိုးတဲ့ဘက်တီးရီးယားက ပိုများနေပြီဆိုရင်တော့ သတိထားရမှာပါ။ ဒိန်ချဉ်နဲ့ ချိစ်တွေက ဒါမျိုး ဖြစ်စေတက်ပါတယ်။

၃။ နေရောင်ခြည် ကောင်းစွာ မရခြင်း

လူတွေရဲ့ အသားအရည်က နေရောင်ခြည်သင့်တော်သလောက် ခံပေးဖို့ လိုပါတယ်။ ဗီတာမင်ဒီဓာတ်ကို လုံလောက်စွာမရခဲ့ရင်လည်း ဆီးချိုရောဂါ အမှတ် ၂ ဖြစ်နိုင်ချေများပါတယ်။

၄။ ပိတ်ရက်မှာ တနေကုန်တီဗီကြည့်ခြင်း

တနေကုန်ထိုင်ရာမထ တီဗီချည်းလှိမ့်ကြည့်နေတဲ့အခါ အရင်ဆုံး သင့်ရဲ့ခါးတစ်ဝိုက်မှာ အဆီတွေ ပုံလာတက်ပါတယ်။ ခါးတစ်ဝိုက်မှာ ဗိုက်ထွက်လာပြီ ဆိုရင်တော့ ဆီးချိုဖြစ်ဖို့ လက္ခဏာပြနေပြီလို့ ယူဆပြီး အနေအထိုင် ဆင်ခြင်ကြည့်ပါ။

၅။ မနက်စာ မစားခြင်း

အလုပ်ကြောင့်၊ သင်တန်းကြောင့် အကြောင်းအမျိုးမျိုးကြောင့် အချိန်မမီလို့ မနက်စာ မစားပဲ နေလိုက်ရတဲ့နေ့တွေ များနေပြီလား ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ များနေပြီဆိုရင်တော့ မနက်စာကို ပုံမှန်စားဖို့ သတိပေးချင်ပါတယ်။ မနက်စာ မစားတဲ့အခါ သကြားဓာတ် မရတော့ပါဘူး။ ကိုယ်အတွင်း သကြားဓာတ်လုံလောက်စွာ မရတဲ့အခါ ဆီးချိုဖြစ်စေတက်ပါတယ်။

Source : Rd

Photo : buffalo.com

Credit  : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top