iMyanmarHouse.com - Best Property Website for Myanmar
×

မွဲ႕ေျခာက္ ေပ်ာက္ကင္းေအာင္

မိန္းကေလးတေယာက္ရဲ႕ မ်က္ႏွာအလွကို ဖ်က္ဆီးတဲ့ထဲမွာ မွဲ႕ေျခာက္ကိုလည္း ထည့္သင့္တယ္။

မွဲ႕ေျခာက္ဆိုတာ မ်က္ႏွာအေရျပားေပၚမွာ အညိဳေရာင္အေျပာက္ေသးေသးေလးေတြ ျဖစ္တာကို ေခၚပါတယ္။

အရြယ္အစားက မီးျခစ္ဆံေခါင္းေလာက္ရွိတယ္။ အေရျပားမွာ မယ္လနင္ပိုထြက္လို႔ျဖစ္ရတယ္။ အထူးသျဖင့္ အသားအေရျဖဴတဲ့သူေတြမွာျဖစ္ရင္ ပိုသိသာတယ္။

မွဲ႕ေျခာက္ဆိုတာ ေနရာတိုင္းမွာ ထြက္ႏိုင္ပါတယ္။ အထူးသျဖင့္ ေနေရာင္နဲ႔ တိုက္႐ိုက္ ထိတဲ့ေနရာေတြမွာ ပိုထြက္ေလ့ရွိတယ္။

ေရႊဝါေ႐ာင္ ဆံပင္ရွိတဲ့အမ်ိဳးသမီးေတြ၊ အသားျဖဴတဲ့သူေတြဟာ မွဲ႕ေျခာက္ထြက္ႏိုင္ေျခပိုမ်ားတယ္။

မွဲ႕ေျခာက္က မ်ဳိး႐ိုး၊ေဟာ္မုန္းနဲ႔ အေရျပားေၾကာင့္ ျဖစ္တယ္။ မ်ဳိး႐ိုးရွိရင္ သတိထားပါ။ အေမမွာရွိရင္ သမီးမွာလည္း ရွိႏိုင္တယ္။

ဒါ့ေၾကာင့္ အိမ္သူသက္ထားေရြးေတာ့မယ္ဆိုရင္ အေမကိုၾကည့္လို႔ ေျပာၾကတယ္မလား။

ေနပူထဲထြက္ရင္ လူတိုင္းအသားမဲၾကတယ္။ မယ္လနင္ထြက္လို႔ျဖစ္ပါတယ္။ ေနေရာင္ထဲပါတဲ့ UV rays ( ခရမ္းလြန္ေရာင္ျခည္)က အေရျပားအျပင္လႊာ epidermis ကို ထိခိုက္ေစတာမို႔ melanocytes ဆဲလ္ေတြကို ပိုအလုပ္လုပ္ၿပီး မွဲ႕ေျခာက္ေတြ ပိုဆိုးလာတယ္။

ဒါ့ေၾကာင့္ မွဲ႕ေျခာက္ထြက္သူေတြ ဘာေရွာင္မလဲေမးရင္ ေနပူထဲသြားတာမ်ဳိး ေရွာင္သင့္တယ္။ မျဖစ္မေနသြားရရင္လည္း ေနေလာင္ကာလိမ္းေဆး spf 50 အထက္ပါတာ သံုးရမယ္။

မွဲ႕ေျခာက္ဟာ မ်ဳ္း႐ိုးေၾကာင့္ျဖစ္တာနဲ႔ ေနေလာင္လို႔ျဖစ္တာဆိုၿပီး ႏွစ္မ်ဳိးရွိတယ္။မ်ိဳး႐ိုးေၾကာင့္ ျဖစ္တဲ့မွဲ႕ေျခာက္ေတြက size ေသးတယ္။

အနားသတ္က ညီညာတယ္။ ဝိုင္းစက္ေနတယ္။ ေႏြရာသီမွာ ပိုသိသာၿပီး ေဆာငိးရာသီမွာ အေရာင္ေဖ်ာ့သြားတယ္။

ေနေလာင္လို႔ျဖစ္တာက်ေတာ့ အနားသတ္မညီညာဘူး။ အေရာင္ပိုမဲတယ္။

မွဲ႕ေျခာက္ကုနည္း အမ်ိဳးမ်ဳိးရွိတယ္။ သိပ္မဆိုးရင္ Microdermabrasion ၊အေရျပားလႊာေအာက္ နည္းနည္းေရာက္ရင္ dermabrasion ဆိုတဲ့နည္းေတြလည္း သံုးပါတယ္။

cosmatic camouflage ဆိုတာမ်က္မနွာအမဲစက္ေတြကို မသိသာေအာင္ ဖံုးေပးတဲ့လိမ္းေဆးျဖစ္တယ္။

ခရုသင္းမွာလည္း သံုးေသးတယ္။ တကယ္က အသားအေရာင္ညီညာေအာင္ ေဆးဆိုးတာပဲ။ေလဆာျပစ္တာလည္း ေကာင္းပါတယ္။

တခ်ဳိ့ ျပန္ျဖစ္ၿပီး တခ်ဳိ့မွာမွဲ႕ေျခာက္ထြက္တာ ပိုဆိုးလာတတ္တယ္။ ေျပာရေတာ့ခက္တယ္။

ေစ်းကြက္မွာ မွဲ႕ေျခာက္ေပ်ာက္လိမ္းေဆးေတြ ရွိတယ္။ ဆရာဝန္ေတြကေတာ့ အေရာင္ခၽြတ္ေဆးေတြျဖစ္တဲ့ hydroquinone နဲ႔ oxybenzoneကို သံုးၾကတယ္။

ဝက္ျခံမွာသံုးတဲ့ retinol cream, adapalene, tazarotene စတာေတြလည္း သံုးၾကတယ္။ အေရျပားေျခာက္တာ၊ယားတာ၊ မတဲ့တာ ရွိႏိုင္တယ္။ တခ်ဳိ့က branded ေတြသံုးတယ္။

ဒီထဲမွာ Illuminatural 6i ကေတာ့ အေကာင္းဆံုးပဲ။ ဒါေပမယ့္ ျမန္မာျပည္မွာ ဝယ္ရခက္တယ္။

အေရျပားဆရာဝန္ေတြကေတာ့ chemical peeling နည္းနဲ႔ အေပၚယံအေရျပား ကြာေစတဲ့နည္းကို သံုးတယ္။ superficial peelsဆိုတာ အေပၚယံအေရျပားကြာေစတဲ့နည္း။

သိပ္မျပင္းဘူး။ alpha hydroxy acids သို႔ beta hydroxy acids သံုးတယ္။ ေရွာက္သီး၊ သံပုရာသီးရည္မွာ ပါတယ္။

medium peels ကေတာ့ ေအာက္ဖက္အေရျပားထိ ေရာက္တယ္။ trichloroacetic acid ကိုသံုးတယ္။ deep peels ဆိုတာ ျပင္းအားပိုမ်ားတဲ့ trichloroacetic acid သို႔ phenol ကို သံုးၿပီး အေရျပားကြာေစတာ။

chemical peeling လုပ္ၿပီးရင္ နဂိုအေနအထားျပန္ေရာက္ဖို႔ ၃-၄ရက္ေစာင့္ရတယ္။ ဒါ့ေၾကာင့္ ဒီနည္းကို ခဏခဏလုပ္လို႔မရဘူး။ အေရျပားပါးလာတတ္တယ္။ တပတ္ တႀကိမ္ အလြန္ဆံုး ႏွစ္ႀကိမ္သာ လုပ္သင့္တယ္။

တခ်ဳိ့က အိမ္သံုးနည္းေတြသံုးၾကတယ္။ အသီးႏွစ္မ်ိဳးကို ေရာၿပီး မ်က္ႏွာကို လိမ္းေပးတာမ်ဳိးျဖစ္တယ္။

စေတာ္ဘယ္ရီအနည္းငယ္နဲ႔ ကီဝီသီး အခ်ိဳ႕ကိုေရာၿပီး ညက္ေနေအာင္ ေခ်ၿပီး မွဲ႕ေျခာက္ထြက္တဲ့ ေနရာေတြမွာ ကပ္ေပးပါ။ ေျခာက္ေအာင္ထားပါ။

မိနစ္ႏွစ္ဆယ္ နာရီဝက္ၾကာႏိုင္တယ္။ ၿပီးရင္ မ်က္ႏွာသစ္ျပစ္ပါ။ ကီဝီသီးေနရာမွာ သခြားသီး၊ တ႐ုတ္ဇီးသီး ေျပာင္းသံုးႏိုင္တယ္။ လုပ္နည္းကေတာ့ အတူတူပါပဲ။

ၾကားထဲမွာ ရံဖန္ရံခါ ရွားေစာင္းလက္ပပ္လည္း လိမ္းေပးသင့္တယ္။ ေနေလာင္ျခင္းအတြက္သာမက မ်က္ႏွာ အစိုဓာတ္ကို ထိန္းေပးေနမယ္။

အလြယ္ဆံုး မွဲ႕ေျခာက္ေပ်ာက္နည္းတခု
မွဲ႕ေျခာက္အတြက္ အလြယ္ဆံုးနည္းကေတာ့ ႏြားႏို႔သံုးတာျဖစိပါတယ္။ ႏြားႏို႔ထဲမွာ lactic acid ဆိုတာ ပါတယ္။

အာနိသင္က အေပၚယံအေရျပားကို ကြာေစတယ္။ အေရာင္ခၽြတ္ျပစ္တယ္။ မွဲ႕ေျခာက္ေတြ တျဖည္းျဖည္းနဲ႔ ေမွးမွိန္သြားတယ္။ ႏြားႏို႔မရွိရင္ ဒိန္ခ်ဥ္ သံုးလို႔လည္းရတယ္။

သံုးနည္းက လြယ္ပါတယ္။ သံပုရာသီးတလံုးကို ထက္ျခမ္းျခမ္းပါ။ သံပုရာသီးျခမ္းေပၚကို ဒိန္ခ်ဥ္တဇြန္း ေလာင္းပါ။ၿပီးရင္ သၾကား ဇြန္းတဝက္စာ ျဖဴးထည့္ပါ။

မ်က္ႏွာမွဲ႕ေျခာက္ထြက္တဲ့ေနရာမွာ လိမ္းၿပီး ဆယ္မိနစ္ထားပါ။ ၿပီးရင္ ေရေအးနဲ႔ ျပန္သစ္ပါ။ ညတိုင္းျပဳလုပ္ေပးရံုနဲ႔ မွဲ႕ေျခာက္ေတြတျဖည္းျဖည္း ေမွးမွိန္ၿပီး ေပ်ာက္ကြယ္သြားတာေတြ႕ရပါလိမ့္မယ္။

Credit : Original
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မှဲ့ခြောက် ပျောက်ကင်းအောင်

မိန်းကလေးတယောက်ရဲ့ မျက်နှာအလှကို ဖျက်ဆီးတဲ့ထဲမှာ မှဲ့ခြောက်ကိုလည်း ထည့်သင့်တယ်။

မှဲ့ခြောက်ဆိုတာ မျက်နှာအရေပြားပေါ်မှာ အညိုရောင်အပြောက်သေးသေးလေးတွေ ဖြစ်တာကို ခေါ်ပါတယ်။

အရွယ်အစားက မီးခြစ်ဆံခေါင်းလောက်ရှိတယ်။ အရေပြားမှာ မယ်လနင်ပိုထွက်လို့ဖြစ်ရတယ်။ အထူးသဖြင့် အသားအရေဖြူတဲ့သူတွေမှာဖြစ်ရင် ပိုသိသာတယ်။

မှဲ့ခြောက်ဆိုတာ နေရာတိုင်းမှာ ထွက်နိုင်ပါတယ်။ အထူးသဖြင့် နေရောင်နဲ့ တိုက်ရိုက် ထိတဲ့နေရာတွေမှာ ပိုထွက်လေ့ရှိတယ်။

ရွှေဝါရောင် ဆံပင်ရှိတဲ့အမျိုးသမီးတွေ၊ အသားဖြူတဲ့သူတွေဟာ မှဲ့ခြောက်ထွက်နိုင်ခြေပိုများတယ်။

မှဲ့ခြောက်က မျိုးရိုး၊ဟော်မုန်းနဲ့ အရေပြားကြောင့် ဖြစ်တယ်။ မျိုးရိုးရှိရင် သတိထားပါ။ အမေမှာရှိရင် သမီးမှာလည်း ရှိနိုင်တယ်။

ဒါ့ကြောင့် အိမ်သူသက်ထားရွေးတော့မယ်ဆိုရင် အမေကိုကြည့်လို့ ပြောကြတယ်မလား။

နေပူထဲထွက်ရင် လူတိုင်းအသားမဲကြတယ်။ မယ်လနင်ထွက်လို့ဖြစ်ပါတယ်။ နေရောင်ထဲပါတဲ့ UV rays ( ခရမ်းလွန်ရောင်ခြည်)က အရေပြားအပြင်လွှာ epidermis ကို ထိခိုက်စေတာမို့ melanocytes ဆဲလ်တွေကို ပိုအလုပ်လုပ်ပြီး မှဲ့ခြောက်တွေ ပိုဆိုးလာတယ်။

ဒါ့ကြောင့် မှဲ့ခြောက်ထွက်သူတွေ ဘာရှောင်မလဲမေးရင် နေပူထဲသွားတာမျိုး ရှောင်သင့်တယ်။ မဖြစ်မနေသွားရရင်လည်း နေလောင်ကာလိမ်းဆေး spf 50 အထက်ပါတာ သုံးရမယ်။

မှဲ့ခြောက်ဟာ မျု်းရိုးကြောင့်ဖြစ်တာနဲ့ နေလောင်လို့ဖြစ်တာဆိုပြီး နှစ်မျိုးရှိတယ်။မျိုးရိုးကြောင့် ဖြစ်တဲ့မှဲ့ခြောက်တွေက size သေးတယ်။

အနားသတ်က ညီညာတယ်။ ဝိုင်းစက်နေတယ်။ နွေရာသီမှာ ပိုသိသာပြီး ဆောငိးရာသီမှာ အရောင်ဖျော့သွားတယ်။

နေလောင်လို့ဖြစ်တာကျတော့ အနားသတ်မညီညာဘူး။ အရောင်ပိုမဲတယ်။

မှဲ့ခြောက်ကုနည်း အမျိုးမျိုးရှိတယ်။ သိပ်မဆိုးရင် Microdermabrasion ၊အရေပြားလွှာအောက် နည်းနည်းရောက်ရင် dermabrasion ဆိုတဲ့နည်းတွေလည်း သုံးပါတယ်။

cosmatic camouflage ဆိုတာမျက်မနှာအမဲစက်တွေကို မသိသာအောင် ဖုံးပေးတဲ့လိမ်းဆေးဖြစ်တယ်။

ခရုသင်းမှာလည်း သုံးသေးတယ်။ တကယ်က အသားအရောင်ညီညာအောင် ဆေးဆိုးတာပဲ။လေဆာပြစ်တာလည်း ကောင်းပါတယ်။

တချို့ ပြန်ဖြစ်ပြီး တချို့မှာမှဲ့ခြောက်ထွက်တာ ပိုဆိုးလာတတ်တယ်။ ပြောရတော့ခက်တယ်။

ဈေးကွက်မှာ မှဲ့ခြောက်ပျောက်လိမ်းဆေးတွေ ရှိတယ်။ ဆရာဝန်တွေကတော့ အရောင်ချွတ်ဆေးတွေဖြစ်တဲ့ hydroquinone နဲ့ oxybenzoneကို သုံးကြတယ်။

ဝက်ခြံမှာသုံးတဲ့ retinol cream, adapalene, tazarotene စတာတွေလည်း သုံးကြတယ်။ အရေပြားခြောက်တာ၊ယားတာ၊ မတဲ့တာ ရှိနိုင်တယ်။ တချို့က branded တွေသုံးတယ်။

ဒီထဲမှာ Illuminatural 6i ကတော့ အကောင်းဆုံးပဲ။ ဒါပေမယ့် မြန်မာပြည်မှာ ဝယ်ရခက်တယ်။

အရေပြားဆရာဝန်တွေကတော့ chemical peeling နည်းနဲ့ အပေါ်ယံအရေပြား ကွာစေတဲ့နည်းကို သုံးတယ်။ superficial peelsဆိုတာ အပေါ်ယံအရေပြားကွာစေတဲ့နည်း။

သိပ်မပြင်းဘူး။ alpha hydroxy acids သို့ beta hydroxy acids သုံးတယ်။ ရှောက်သီး၊ သံပုရာသီးရည်မှာ ပါတယ်။

medium peels ကတော့ အောက်ဖက်အရေပြားထိ ရောက်တယ်။ trichloroacetic acid ကိုသုံးတယ်။ deep peels ဆိုတာ ပြင်းအားပိုများတဲ့ trichloroacetic acid သို့ phenol ကို သုံးပြီး အရေပြားကွာစေတာ။

chemical peeling လုပ်ပြီးရင် နဂိုအနေအထားပြန်ရောက်ဖို့ ၃-၄ရက်စောင့်ရတယ်။ ဒါ့ကြောင့် ဒီနည်းကို ခဏခဏလုပ်လို့မရဘူး။ အရေပြားပါးလာတတ်တယ်။ တပတ် တကြိမ် အလွန်ဆုံး နှစ်ကြိမ်သာ လုပ်သင့်တယ်။

တချို့က အိမ်သုံးနည်းတွေသုံးကြတယ်။ အသီးနှစ်မျိုးကို ရောပြီး မျက်နှာကို လိမ်းပေးတာမျိုးဖြစ်တယ်။

စတော်ဘယ်ရီအနည်းငယ်နဲ့ ကီဝီသီး အချို့ကိုရောပြီး ညက်နေအောင် ချေပြီး မှဲ့ခြောက်ထွက်တဲ့ နေရာတွေမှာ ကပ်ပေးပါ။ ခြောက်အောင်ထားပါ။

မိနစ်နှစ်ဆယ် နာရီဝက်ကြာနိုင်တယ်။ ပြီးရင် မျက်နှာသစ်ပြစ်ပါ။ ကီဝီသီးနေရာမှာ သခွားသီး၊ တရုတ်ဇီးသီး ပြောင်းသုံးနိုင်တယ်။ လုပ်နည်းကတော့ အတူတူပါပဲ။

ကြားထဲမှာ ရံဖန်ရံခါ ရှားစောင်းလက်ပပ်လည်း လိမ်းပေးသင့်တယ်။ နေလောင်ခြင်းအတွက်သာမက မျက်နှာ အစိုဓာတ်ကို ထိန်းပေးနေမယ်။

အလွယ်ဆုံး မှဲ့ခြောက်ပျောက်နည်းတခု
မှဲ့ခြောက်အတွက် အလွယ်ဆုံးနည်းကတော့ နွားနို့သုံးတာဖြစိပါတယ်။ နွားနို့ထဲမှာ lactic acid ဆိုတာ ပါတယ်။

အာနိသင်က အပေါ်ယံအရေပြားကို ကွာစေတယ်။ အရောင်ချွတ်ပြစ်တယ်။ မှဲ့ခြောက်တွေ တဖြည်းဖြည်းနဲ့ မှေးမှိန်သွားတယ်။ နွားနို့မရှိရင် ဒိန်ချဉ် သုံးလို့လည်းရတယ်။

သုံးနည်းက လွယ်ပါတယ်။ သံပုရာသီးတလုံးကို ထက်ခြမ်းခြမ်းပါ။ သံပုရာသီးခြမ်းပေါ်ကို ဒိန်ချဉ်တဇွန်း လောင်းပါ။ပြီးရင် သကြား ဇွန်းတဝက်စာ ဖြူးထည့်ပါ။

မျက်နှာမှဲ့ခြောက်ထွက်တဲ့နေရာမှာ လိမ်းပြီး ဆယ်မိနစ်ထားပါ။ ပြီးရင် ရေအေးနဲ့ ပြန်သစ်ပါ။ ညတိုင်းပြုလုပ်ပေးရုံနဲ့ မှဲ့ခြောက်တွေတဖြည်းဖြည်း မှေးမှိန်ပြီး ပျောက်ကွယ်သွားတာတွေ့ရပါလိမ့်မယ်။

Credit : Original

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top