iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာဒူးရင္းသီး အရမ္းႀကိဳက္တဲ့သူလား ဒါမွမဟုတ္ အနံ႔ေတာင္ မခံႏိုင္တဲ့သူလား။ အကယ္လုိ႔ ဒူးရင္းသီး အရမ္းႀကိဳက္တဲ့သူဆိုရင္ေတာ့ ဒူးရင္းသီးက ေပးစြမ္းႏုိင္တဲ့ က်န္းမာေရးကုိ သိထားသင့္ပါတယ္။ ဒူးရင္းသီးစားရင္ ေခါင္းမူးတယ္၊ ေသြးတိုးတယ္ဆိုတာေတြ ရွိေပမယ့္ တျခားက်န္းမာေရး ေကာင္းတာေတြလည္း ရွိပါေသးတယ္။

ဒူးရင္းသီးမွာ မဂၢနီဆီယမ္၊ ပိုတက္စီယမ္နဲ႔ ေကာ့ပါးတို႔ ပါဝင္တာေၾကာင့္ အရိုးအဆစ္ေတြ သန္မာေစဖို႔ အေထာက္အကူျပဳပါတယ္။ ဒါ့အျပင္ အသက္အရြယ္ႀကီးလာတဲ့အခါမွာ အရိုးပါးေရာဂါေတြ မျဖစ္ေစဖို႔ ကာကြယ္တားဆီးေပးတာမ်ိဳးလည္း လုပ္ေဆာင္ေပးပါတယ္။

ဒူးရင္းသီးမွာ သတၱဳဓါတ္ေတြ မ်ားမ်ားပါဝင္တာအျပင္ ေဖာလစ္အက္ဆစ္ ပမာဏလည္း ျမင့္မားစြာ ပါဝင္တာမို႔ ေသြးနီဥဆဲလ္ေတြ ထုတ္လုပ္ဖို႔အတြက္ လုိအပ္ပါတယ္။ ဒူးရင္းသီးမွာ ေကာ့ပါးနဲ႔ သံဓါတ္ေတြလည္း ပါဝင္တာမို႔ ေသြးအားနည္းျခင္းရဲ႕ လကၡဏာေတြ ေပ်ာက္ကင္းေစပါတယ္။

ဒူးရင္းသီးမွာ အမ်ားစု ပါဝင္တဲ့ ဗီတာမင္ေတြနဲ႔ ဓါတ္တုိးဆန္႔က်င္မႈေတြဟာ ကင္ဆာေရာဂါေတြကို တိုက္ထုတ္ေပးႏိုင္ပါတယ္။ ဓါတ္တိုးဆန္႔က်င္မႈေတြ မ်ားမ်ားပါဝင္တာက ခႏၶာကုိယ္အစိတ္အပိုင္းနဲ႔ ကိုယ္ခံအားစနစ္မေကာင္းျခင္းကို ေလွ်ာ့က်ေစပါတယ္။ ေနာက္ၿပီး ဒူးရင္းသီးမွာ ဗီတာမင္ စီ၊ ဘီ၊ အီးေတြပါဝင္တာေၾကာင့္ ကင္ဆာျဖစ္ေစတဲ့ ဆဲလ္ေတြ မဝင္ေရာက္ႏိုင္ေအာင္ ကာကြယ္ေပးပါတယ္။

ဒူးရင္းသီးမွာ ဗီတာမင္ေတြ ပါဝင္တာဟာ ခႏၶာကိုယ္ထဲက free radicals ေတြကို ေလွ်ာ့ခ်ေပးႏိုင္တာမို႔ အသက္အရြယ္မတိုင္ခင္ ႀကီးရင့္ျခင္းေတြ ျဖစ္တာကေန ကာကြယ္ေပးပါတယ္။ အေရးအေၾကာင္းျဖစ္ျခင္း၊ ၾကြက္သားမ်ား ေျပေလ်ာ့ျခင္း၊ ဆံပင္ကၽြတ္ျခင္း၊ သြားက်ိဳးျခင္း၊ ႏွလံုးေရာဂါ ျဖစ္ျခင္းေတြကို ကာကြယ္ေပးပါတယ္။

ဒူးရင္းသီးမွာ အမွ်င္ဓါတ္ေတြ မ်ားမ်ား ပါဝင္တာကလည္း အစာေျခစနစ္ရဲ႕ လႈပ္ရွားမႈနဲ႔ အစာေျခရည္ထြက္လာဖုိ႔ လံႈ႕ေဆာ္ေပးႏုိင္ပါတယ္။ ဒီလိုမ်ိဳး လႈံ႕ေဆာ္ႏိုင္တာေၾကာင့္ ဝမ္းခ်ဳပ္ျခင္း၊ အူလမ္းေၾကာင္းပိတ္ဆို႔ျခင္း၊ ဗိုက္တင္းၿပီးရစ္နာျခင္းေတြကို ေလွ်ာ့က်ေစတဲ့အျပင္ အူမႀကီးကင္ဆာ မျဖစ္ေစပါဘူး။ ဒူးရင္းသီးရဲ႕ အမွ်င္ဓါတ္က မေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓါတ္ျဖစ္တာေၾကာင့္ ဝမ္းေလွ်ာျခင္းကိုလည္း ကာကြယ္ေပးပါတယ္။

ဒူးရင္းသီးဟာ အရြယ္မတိုင္မီ အသက္ႀကီးရင့္ပံုေပါက္ျခင္းကို ႀကိဳတင္ကာကြယ္ေပးႏိုင္ပါတယ္။ ဒူးရင္းသီးမွာ ဗီတာမင္ေတြ ပါဝင္ၿပီး ဓါတ္တိုးဆန္႔က်င္မႈေတြလည္း ရွိတာေၾကာင့္ Free radicals ေတြကို ေလွ်ာ့က်ေစပါတယ္။ ဒူးရင္းသီးဟာ အေရးအေၾကာင္း၊ အစက္အေျပာက္၊ ၾကြက္သားမ်ား ေလွ်ာ့ရဲျခင္း၊ ဆံပင္ကၽြတ္ျခင္းနဲ႔ သြားက်ိဳးျခင္းေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ ဒူးရင္းသီးေလး စားေပးဖို႔ မေမ့နဲ႕ေနာ္။

ဒူးရင္းသီးမွာ  ေသြးနီဥဆဲလ္ ထုတ္လုပ္မႈအတြက္ အရမ္းကိုအေရးပါတဲ့ သတၱဳဓါတ္ေတြ ပါဝင္ပါတယ္။ ဒါ့အျပင္ ေသြးနီဥဆဲလ္ေတြ ေကာင္းမြန္စြာ ျဖစ္ေပၚလာဖို႔အတြက္ အဓိက လိုအပ္တဲ့ သံဓါတ္နဲ႔ ေကာ့ပါးတို႔လည္း ပါဝင္ပါတယ္။ ဒီလိုမ်ိဳး ေသြးနီဥဆဲလ္ေတြ ေကာင္းမြန္ေနမယ္ဆိုရင္ေတာ့ ေသြးအားနည္းေရာဂါေတြ မျဖစ္ေတာ့ပါဘူး။

ဒူးရင္းသီးအမ်ားႀကီးစားတဲ့အခါ ရင္ပူရင္ဆာ ျဖစ္တာေတြလည္း ရွိႏိုင္ပါေသးတယ္။ ဒါေၾကာင့္ အရမ္းပူတဲ့ ရာသီမွာ ဒူးရင္းသီးစားတဲ့အခါ ခ်င့္ခ်ိန္ၿပီး စားဖို႔ တိုက္တြန္းလို္က္ပါတယ္ေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်ဟာဒူးရင်းသီး အရမ်းကြိုက်တဲ့သူလား ဒါမှမဟုတ် အနံ့တောင် မခံနိုင်တဲ့သူလား။ အကယ်လို့ ဒူးရင်းသီး အရမ်းကြိုက်တဲ့သူဆိုရင်တော့ ဒူးရင်းသီးက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးကို သိထားသင့်ပါတယ်။ ဒူးရင်းသီးစားရင် ခေါင်းမူးတယ်၊ သွေးတိုးတယ်ဆိုတာတွေ ရှိပေမယ့် တခြားကျန်းမာရေး ကောင်းတာတွေလည်း ရှိပါသေးတယ်။

ဒူးရင်းသီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ကော့ပါးတို့ ပါဝင်တာကြောင့် အရိုးအဆစ်တွေ သန်မာစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးလာတဲ့အခါမှာ အရိုးပါးရောဂါတွေ မဖြစ်စေဖို့ ကာကွယ်တားဆီးပေးတာမျိုးလည်း လုပ်ဆောင်ပေးပါတယ်။

ဒူးရင်းသီးမှာ သတ္တုဓါတ်တွေ များများပါဝင်တာအပြင် ဖောလစ်အက်ဆစ် ပမာဏလည်း မြင့်မားစွာ ပါဝင်တာမို့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ ဒူးရင်းသီးမှာ ကော့ပါးနဲ့ သံဓါတ်တွေလည်း ပါဝင်တာမို့ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေ ပျောက်ကင်းစေပါတယ်။

ဒူးရင်းသီးမှာ အများစု ပါဝင်တဲ့ ဗီတာမင်တွေနဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေဟာ ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်မှုတွေ များများပါဝင်တာက ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ကိုယ်ခံအားစနစ်မကောင်းခြင်းကို လျှော့ကျစေပါတယ်။ နောက်ပြီး ဒူးရင်းသီးမှာ ဗီတာမင် စီ၊ ဘီ၊ အီးတွေပါဝင်တာကြောင့် ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။

ဒူးရင်းသီးမှာ ဗီတာမင်တွေ ပါဝင်တာဟာ ခန္ဓာကိုယ်ထဲက free radicals တွေကို လျှော့ချပေးနိုင်တာမို့ အသက်အရွယ်မတိုင်ခင် ကြီးရင့်ခြင်းတွေ ဖြစ်တာကနေ ကာကွယ်ပေးပါတယ်။ အရေးအကြောင်းဖြစ်ခြင်း၊ ကြွက်သားများ ပြေလျော့ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွားကျိုးခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းတွေကို ကာကွယ်ပေးပါတယ်။

ဒူးရင်းသီးမှာ အမျှင်ဓါတ်တွေ များများ ပါဝင်တာကလည်း အစာခြေစနစ်ရဲ့ လှုပ်ရှားမှုနဲ့ အစာခြေရည်ထွက်လာဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒီလိုမျိုး လှုံ့ဆော်နိုင်တာကြောင့် ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဗိုက်တင်းပြီးရစ်နာခြင်းတွေကို လျှော့ကျစေတဲ့အပြင် အူမကြီးကင်ဆာ မဖြစ်စေပါဘူး။ ဒူးရင်းသီးရဲ့ အမျှင်ဓါတ်က မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ဖြစ်တာကြောင့် ဝမ်းလျှောခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ဒူးရင်းသီးဟာ အရွယ်မတိုင်မီ အသက်ကြီးရင့်ပုံပေါက်ခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ဒူးရင်းသီးမှာ ဗီတာမင်တွေ ပါဝင်ပြီး ဓါတ်တိုးဆန့်ကျင်မှုတွေလည်း ရှိတာကြောင့် Free radicals တွေကို လျှော့ကျစေပါတယ်။ ဒူးရင်းသီးဟာ အရေးအကြောင်း၊ အစက်အပြောက်၊ ကြွက်သားများ လျှော့ရဲခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ သွားကျိုးခြင်းတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဒူးရင်းသီးလေး စားပေးဖို့ မမေ့နဲ့နော်။

ဒူးရင်းသီးမှာ  သွေးနီဥဆဲလ် ထုတ်လုပ်မှုအတွက် အရမ်းကိုအရေးပါတဲ့ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စွာ ဖြစ်ပေါ်လာဖို့အတွက် အဓိက လိုအပ်တဲ့ သံဓါတ်နဲ့ ကော့ပါးတို့လည်း ပါဝင်ပါတယ်။ ဒီလိုမျိုး သွေးနီဥဆဲလ်တွေ ကောင်းမွန်နေမယ်ဆိုရင်တော့ သွေးအားနည်းရောဂါတွေ မဖြစ်တော့ပါဘူး။

ဒူးရင်းသီးအများကြီးစားတဲ့အခါ ရင်ပူရင်ဆာ ဖြစ်တာတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါကြောင့် အရမ်းပူတဲ့ ရာသီမှာ ဒူးရင်းသီးစားတဲ့အခါ ချင့်ချိန်ပြီး စားဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top