iMyanmarHouse.com - Best Property Website for Myanmar
×

မတူညီတာေတြကို ခ်စ္တဲ့စိတ္နဲ႔ေျပာင္းလဲႏုိင္မလား၊ ေျပာင္းလဲလို႔မရတာေတြလား?

တကယ္ခ်စ္ရင္ဆုိၿပီး အစခ်ီထားတဲ့ စာေတြ၊ အၾကံဉာဏ္ေတြကို အမ်ားႀကီး ဖတ္ဖူးၾကမယ္ထင္ပါတယ္။ ကိုယ့္ကိုတကယ္ခ်စ္ရင္ ဘာလုပ္ေပးမလဲဆုိတာကိုေရာ ကိုယ္က တကယ္ခ်စ္ရင္ ဘယ္လိုလုပ္မိသလဲဆုိတာကိုေရာ ေကာင္းေကာင္းသိၿပီးၿပီ။

ကိုယ္ေရာသူပါ အျပန္အလွန္ခ်စ္တယ္ဆိုတာ ေသခ်ာၿပီဆုိမွ ေ႐ွ႕ဆက္ႏုိင္မွာေပါ့။ အခုေျပာျပမယ့္ အဆင့္ႏွစ္ဆင့္ကို ေအာင္ေအာင္ျမင္ျမင္ ျဖတ္ေက်ာ္ၿပီးၿပီဆုိရင္ေတာ့ ႏွစ္ဦးသား အခ်ိန္အၾကာႀကီး ခ်စ္ႏိုင္ဦးမွာ ေသခ်ာပါတယ္။

ပထမအဆင့္ – ေျပာင္းလဲႏုိင္တာနဲ႔ မေျပာင္းႏိုင္တာကို နားလည္ျခင္း တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီတဲ့အခ်က္ေတြ႐ွိတယ္။ ဒါ သဘာဝပဲ။

ဘယ္သူကမွ ကိုယ္နဲ႔ထပ္တူက်တယ္ဆုိတာမ႐ွိဘူး။ မတူညီတာေတြကို ခ်စ္တဲ့စိတ္နဲ႔ေျပာင္းလဲႏုိင္မလား၊ ေျပာင္းလဲလို႔မရတာေတြလားဆုိတာ နားလည္ႏိုင္ရမယ္။

မတူတာေတြကို ညႇိတဲ့အခါ ေျပာထားတဲ့ ကတိကဝတ္ကို ေစာင့္ထိန္းမႈမ႐ွိဘူးဆုိရင္ လက္သင့္ခံႏိုင္စရာအေၾကာင္းမ႐ွိဘူး။

ေစာ္ကားႏွိပ္စက္တာ၊ သစၥာေဖာက္တာ၊ ခ်စ္သူအေပၚၾကင္နာေပးဖုိ႔အတြက္ လစ္လ်ဴ႐ႈတာေတြကို နဂိုတည္းက ႀကိဳညႇိထားၿပီးသား။ ဒီအက်င့္ေတြကို ေျပာင္းလဲေပးႏိုင္ရမယ္။ မေျပာင္းလဲဘူးဆိုရင္ေရွ႕ဆက္လို႔မရဘူး။

စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အျပဳအမူေတြကိုေရာ ဘယ္လိုလုပ္ၾကမလဲ။ ဒါေတြကပဲ ျပႆနာေတြျဖစ္လာမွာဆုိေတာ့ ကိုင္တြယ္ေျဖ႐ွင္းၾကရမယ္။

ေဖ်ာက္လို႔ရတာေဖ်ာက္၊ ေဖ်ာက္လို႔မရတဲ့အက်င့္ဆုိရင္ေတာ့ သေဘာတူညီမႈယူၿပီး ေျဖရွင္းရမယ္။ ဥပမာေျပာရရင္ ရာသီလာခ်ိန္တိုင္း စိတ္တိုေဒါသထြက္၊ ငိုလိုက္ရယ္လိုက္ ျဖစ္ေနတာက ျပင္မရတဲ့ကိစၥ။ ဒါကိုေတာ့ တစ္ဖက္က နားလည္ေပးရမယ္။

ဒါမွမဟုတ္ အဲ့ဒီရက္ေတြမွာ အဆက္အသြယ္သိပ္မလုပ္တာမ်ိဳး အေရးႀကီးကိစၥေတြကို မေျပာၾကတာမ်ိဳး စတဲ့ ေျဖရွင္းနည္းေတြ သံုးၾကည့္ပါ။ တခ်ိဳ႕အက်င့္ေတြက လံုးဝျပင္မရတာမို႔ လက္ခံေပးဖုိ႔ၾကိဳးစားသင့္တယ္။

ဒုတိယအဆင့္ – ေျပာင္းလဲဖုိ႔ဟာ ကိုယ့္တာဝန္

ကိုယ္သူ႔ကိုခ်စ္လို႔ ေျပာင္းလဲမယ္လို႔ ဆံုးျဖတ္လိုက္တယ္။ ဒါ ကိုယ့္တာဝန္ပဲ။ သူမ်ားကိုလႊဲခ်စရာ မွီခိုစရာမလုိဘူး။ ကိုယ့္ခ်စ္သူဆီက အဆက္မျပတ္ ေတာင္းဆုိမႈေတြ စြက္ဖက္မႈေတြ ရွိလာရင္ ဘယ္အတြဲမွ ၾကာၾကာမခံပါဘူး။

ဒီေတာ့ ကိုယ့္အေနနဲ႔လည္း ကိုယ့္အတြက္ လက္ခံေပးဖုိ႔ခက္တဲ့အက်င့္ေတြကို သူ႕ကို ထုတ္ေျပာရမယ္။ သူကလည္း ေျပာလာတဲ့အခါ ကိုယ့္ဘက္က ျပဳျပင္ေျပာင္းလဲရမယ္။ ဒါေပမဲ့ ႏွစ္ဖက္လံုးက ဒါကို နားလည္လက္ခံၿပီး ေျပာင္းလဲတာပဲ ျဖစ္ဖုိ႔လိုပါတယ္။

ဒီလိုမွမဟုတ္ဘဲ မလုပ္ခင္လုပ္ခ်င္နဲ႔ စိတ္ညစ္ခံၿပီး လုပ္ရတဲ့အရာေတြက ၾကာလာရင္ စိတ္ဖိစီးမႈေတြျဖစ္လာၿပီး ေပါက္ကြဲသြားႏိုင္တယ္။

ပထမအဆင့္က ေျပာင္းလဲစရာ ညႇိႏိႈိင္းစရာေတြကို နားလည္ၿပီးေနာက္မွာ စိတ္လိုလက္ရနဲ႔ စိတ္ဖိစီးမႈမရွိဘဲ ျပဳလုပ္ႏိုင္တယ္ဆုိရင္ေတာ့ တစ္ေယာက္ကိုတစ္ေယာက္ တကယ္ခ်စ္တာ ေသခ်ာပါတယ္။

Credit : mingalarbarmorning
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မတူညီတာတွေကို ချစ်တဲ့စိတ်နဲ့ပြောင်းလဲနိုင်မလား၊ ပြောင်းလဲလို့မရတာတွေလား?

တကယ်ချစ်ရင်ဆိုပြီး အစချီထားတဲ့ စာတွေ၊ အကြံဉာဏ်တွေကို အများကြီး ဖတ်ဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ကိုတကယ်ချစ်ရင် ဘာလုပ်ပေးမလဲဆိုတာကိုရော ကိုယ်က တကယ်ချစ်ရင် ဘယ်လိုလုပ်မိသလဲဆိုတာကိုရော ကောင်းကောင်းသိပြီးပြီ။

ကိုယ်ရောသူပါ အပြန်အလှန်ချစ်တယ်ဆိုတာ သေချာပြီဆိုမှ ရှေ့ဆက်နိုင်မှာပေါ့။ အခုပြောပြမယ့် အဆင့်နှစ်ဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးပြီဆိုရင်တော့ နှစ်ဦးသား အချိန်အကြာကြီး ချစ်နိုင်ဦးမှာ သေချာပါတယ်။

ပထမအဆင့် – ပြောင်းလဲနိုင်တာနဲ့ မပြောင်းနိုင်တာကို နားလည်ခြင်း တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အချက်တွေရှိတယ်။ ဒါ သဘာဝပဲ။

ဘယ်သူကမှ ကိုယ်နဲ့ထပ်တူကျတယ်ဆိုတာမရှိဘူး။ မတူညီတာတွေကို ချစ်တဲ့စိတ်နဲ့ပြောင်းလဲနိုင်မလား၊ ပြောင်းလဲလို့မရတာတွေလားဆိုတာ နားလည်နိုင်ရမယ်။

မတူတာတွေကို ညှိတဲ့အခါ ပြောထားတဲ့ ကတိကဝတ်ကို စောင့်ထိန်းမှုမရှိဘူးဆိုရင် လက်သင့်ခံနိုင်စရာအကြောင်းမရှိဘူး။

စော်ကားနှိပ်စက်တာ၊ သစ္စာဖောက်တာ၊ ချစ်သူအပေါ်ကြင်နာပေးဖို့အတွက် လစ်လျူရှုတာတွေကို နဂိုတည်းက ကြိုညှိထားပြီးသား။ ဒီအကျင့်တွေကို ပြောင်းလဲပေးနိုင်ရမယ်။ မပြောင်းလဲဘူးဆိုရင်ရှေ့ဆက်လို့မရဘူး။

စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေကိုရော ဘယ်လိုလုပ်ကြမလဲ။ ဒါတွေကပဲ ပြဿနာတွေဖြစ်လာမှာဆိုတော့ ကိုင်တွယ်ဖြေရှင်းကြရမယ်။

ဖျောက်လို့ရတာဖျောက်၊ ဖျောက်လို့မရတဲ့အကျင့်ဆိုရင်တော့ သဘောတူညီမှုယူပြီး ဖြေရှင်းရမယ်။ ဥပမာပြောရရင် ရာသီလာချိန်တိုင်း စိတ်တိုဒေါသထွက်၊ ငိုလိုက်ရယ်လိုက် ဖြစ်နေတာက ပြင်မရတဲ့ကိစ္စ။ ဒါကိုတော့ တစ်ဖက်က နားလည်ပေးရမယ်။

ဒါမှမဟုတ် အဲ့ဒီရက်တွေမှာ အဆက်အသွယ်သိပ်မလုပ်တာမျိုး အရေးကြီးကိစ္စတွေကို မပြောကြတာမျိုး စတဲ့ ဖြေရှင်းနည်းတွေ သုံးကြည့်ပါ။ တချို့အကျင့်တွေက လုံးဝပြင်မရတာမို့ လက်ခံပေးဖို့ကြိုးစားသင့်တယ်။

ဒုတိယအဆင့် – ပြောင်းလဲဖို့ဟာ ကိုယ့်တာဝန်

ကိုယ်သူ့ကိုချစ်လို့ ပြောင်းလဲမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါ ကိုယ့်တာဝန်ပဲ။ သူများကိုလွှဲချစရာ မှီခိုစရာမလိုဘူး။ ကိုယ့်ချစ်သူဆီက အဆက်မပြတ် တောင်းဆိုမှုတွေ စွက်ဖက်မှုတွေ ရှိလာရင် ဘယ်အတွဲမှ ကြာကြာမခံပါဘူး။

ဒီတော့ ကိုယ့်အနေနဲ့လည်း ကိုယ့်အတွက် လက်ခံပေးဖို့ခက်တဲ့အကျင့်တွေကို သူ့ကို ထုတ်ပြောရမယ်။ သူကလည်း ပြောလာတဲ့အခါ ကိုယ့်ဘက်က ပြုပြင်ပြောင်းလဲရမယ်။ ဒါပေမဲ့ နှစ်ဖက်လုံးက ဒါကို နားလည်လက်ခံပြီး ပြောင်းလဲတာပဲ ဖြစ်ဖို့လိုပါတယ်။

ဒီလိုမှမဟုတ်ဘဲ မလုပ်ခင်လုပ်ချင်နဲ့ စိတ်ညစ်ခံပြီး လုပ်ရတဲ့အရာတွေက ကြာလာရင် စိတ်ဖိစီးမှုတွေဖြစ်လာပြီး ပေါက်ကွဲသွားနိုင်တယ်။

ပထမအဆင့်က ပြောင်းလဲစရာ ညှိနှိုင်းစရာတွေကို နားလည်ပြီးနောက်မှာ စိတ်လိုလက်ရနဲ့ စိတ်ဖိစီးမှုမရှိဘဲ ပြုလုပ်နိုင်တယ်ဆိုရင်တော့ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တာ သေချာပါတယ်။

Credit : mingalarbarmorning

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top