iMyanmarHouse.com - Best Property Website for Myanmar
×

ဝက္ၿခံ ၊ ဆားဝက္ၿခံ နွင့္ ေခြ်းေပါက္က်ယ္တာေတြအတြက္ အစြမး္ထက္ ခရမ္းခ်ဥ္သီးနည္းလမ္း

ခရမ္းခ်ဥ္သီးမွာ ျမင့္မားစြာပါဝင္တဲ့ lycopene ဓါတ္ဟာ အေရျပားအတြက္ အထူးပင္ေကာင္းမြန္မႈ ရွိပါတယ္ ။ ဒါေ့ၾကာင့္ အသားအေရလွခ်င္ရင္ ခရမ္းခ်ဥ္သီး မ်ားမ်ားစားပါလို႔ ေျပာၾကတာ ျဖစ္ပါတယ္ ။ ခရမ္းခ်ဥ္သီးဟာ အေရျပား အတြင္းေရာ အျပင္ကိုပါ ျပဳျပင္ေျပာင္းလဲေပးနိုင္စြမ္း ရွိပါတယ္ ။ မ်က္နွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ဝက္ၿခံ ၊ ဆားဝက္ၿခံေတြကို အထူးေပ်ာက္ကင္းေစနိုင္ျပီး ေခြ်းေပါက္က်ယ္ေတြကိုလည္း က်ဥ္းေစနိုင္စြမ္း ရွိပါတယ္ ။ မ်က္နွာ အသားအေရကိုလည္း ပိုျပီး ျဖဴလာေစပါတယ္ ။

ခရမ္းခ်ဥ္သီးနဲ႕ အေရျပားဆိုင္ရာ ျပႆနာေတြကို ဘယ္လိုေျဖရွင္းမလဲ ၾကည့္ရေအာင္ ..

၁။မ်က္နွာအသားအေရ ၾကည္လင္ျဖဴေဖြးဖို႔အတြက္ ခရမ္းခ်ဥ္သီး နွင့္ သၾကား

ပထမဦးစြာ သၾကားလက္ဖက္ရည္ ၂ဇြန္းကို ခြက္တစ္ခုထဲ ထည့္ထားပါ ။ ထို႔ေနာက္ ခရမ္းခ်ဥ္သီးတစ္လံုးကို နွစ္ျခမ္းျခမ္းျပီး အသံုးျပဳမယ့္ တစ္ျခမ္းကို သၾကားခြက္ထဲ ၂မိနစ္ခန္႔ နွစ္ထည့္ထားပါ ။ ျပီးသြားလွ်င္ေတာ့ မ်က္နွာအနွံ႕ ပြတ္ေပးပါ ။ ဒီလိုလုပ္ေပးျခင္းအားျဖင့္ မ်က္နွာေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးျပီး မ်က္နွာကို ပိုမိုျဖဴေဖြးေစကာ ဆားဝက္ၿခံ ၊ ဝက္ၿခံေတြကို သိသာစြာ ေပ်ာက္ကင္းေစပါတယ္။

၂။ေနေလာင္ဒဏ္အတြက္ ခရမ္းခ်ဥ္သီးနွင့္ဒိန္ခ်ဥ္

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေရျပားမွာ ေနေလာင္ရာေတြနဲ႔ အသားအေရ ညိဳမဲညစ္ေနသူမ်ား သံုးသင့္တဲ့ နည္းလမ္းပဲ ျဖစ္ပါတယ္။ ဒိန္ခ်ဥ္ ခြက္တစ္ဝက္ခန္႔နွင့္ ခရမ္းခ်ဥ္သီးတစ္လံုးကို ၾကိတ္စက္ (သို႔ ) Blender ျဖင့္ ခပ္ပ်စ္ပ်စ္ေလးရေအာင္ ၾကိတ္ေပးပါ ။ ထို႔ေနာက္ ေနေလာင္မႈေတြျဖစ္ေနေသာ အေရျပားေနရာသို႔ သုတ္လိမ္းေပးျပီး အနည္းဆံုး ၁၅မိနစ္ခန္႔ၾကာေအာင္ ထားလုိက္ပါ ။ ျပီးသြားလွ်င္ေတာ့ ေရေအးေလးျဖင့္ ေဆးေၾကာေပးလိုက္ပါ ။ တစ္ပါတ္ ၃ၾကိမ္ခန္႔ ပံုမွန္ျပဳလုပ္ေပးပါ။

၃။အဆီျပန္ျခင္းအတြက္ ခရမ္းခ်ဥ္သီးနွင့္သခြားသီး

သင္ဟာ အဆီျပန္တတ္တဲ့ အသားအေရပိုင္ရွင္ဆိုရင္ေတ့ာ ဒီနည္းလမ္းက လံုးဝ အေထာက္အကူျပဳမွာပါ ။ သခြားသီးနွင့္ ခရမ္းခ်ဥ္သီးကို အရည္သီးသန္႔ညွစ္ျပီး လက္ဖက္ရည္ဇြန္း ၂ဇြန္းခန္႔ဆီ ဆတူေရာစပ္ျပီး မ်က္နွာေပၚသို႔ ညွင္သာစြာ သုတ္လိမ္းေပးပါ ။ ၁၀မိနစ္ခန္႔ၾကာလွ်င္ ေရေအးျဖင့္ ေဆးေၾကာလိုက္ပါ ။ တစ္ပါတ္လွ်င္ အနည္းဆံုး ၂ၾကိမ္ခန္႔ ပံုမွန္ျပဳလုပ္ေပးျခင္းျဖင့္ မ်က္နွာအဆီျပန္ျခင္းကို သိသိသာသာ ေလ်ာ့က်သြားမွာ ျဖစ္ပါတယ္ ။

၄။ေခြ်းေပါက္က်ယ္ျခင္းအတြက္ ခရမ္းခ်ဥ္သီးနွင့္သံပုယိုသီး

ေခြ်းေပါက္က်ယ္တဲ့ ျပႆနာေၾကာင့္ ဖုန္မႈန္႔ေတြ အေရျပားထဲဝင္ျပီး ဆားဝက္ၿခံ နွင့္ ဝက္ၿခံေတြကို ပိုျပီး ျဖစ္ပြားေစပါတယ္။ ခရမ္းခ်ဥ္သီး နွင့္ သံပုယိုသီး နည္းလမ္းကို အသံုးျပဳေပးပါ။ ခရမ္းခ်ဥ္သီး နွင့္ သံပုယိုသီးကို အရည္ညွစ္ျပီး လက္ဖက္ရည္ဇြန္း ၂ဇြန္းစီ ေရာစပ္လိုက္ပါ။ ထို႔ေနာက္ ဂြမ္းျဖင့္တို႔ကာ ေခ်းေပါက္က်ယ္တဲ့ ေနရာေတြကို အဓိကထား လိမ္းေပးပါ ။ ၁၅မိနစ္ၾကာေအာင္ထားျပီး ေျခာက္ေသြ႕သြားလွ်င္ ေရေအးျဖင့္ ေဆးေၾကာေပးပါ ။ ေက်နပ္တဲ့ ရလဒ္ရတဲ့အထိ တစ္ပါတ္ ၃ၾကိမ္ခန္႔ ပံုမွန္ ျပဳလုပ္ေပးပါ ။

၅။ဝက္ၿခံေတြအတြက္ခရမ္းခ်ဥ္သီး

မ်က္နွာေပၚမွာ ျဖစ္ေလ့ရွိတဲ့ ဘယ္လိုဝက္ၿခံမဆို ကုသဖို႔အတြက္ ခရမ္းခ်ဥ္သီးက အေကာင္းဆံုးပါပဲ ။ သန္႔ရွင္းလတ္ဆတ္တဲ့ ခရမ္းခ်ဥ္သီး တစ္လံုးကို ယူျပီး နွစ္ျခမ္းျခမ္းလိုက္ပါ ။ တစ္ျခမ္းကုိယူျပီး မ်က္နွာအနွံ႔ ပြတ္လိုက္ပါ ။ ဝက္ၿခံရွိတဲ့ေနရာကို အဓိကထား ပြတ္လိမ္းေပးပါ ။ ၁၀မိနစ္ခန္႔ၾကာ ေျခာက္ေသြ႕ေအာင္ ထားျပီးလွ်င္ ေရျဖင့္ ေဆးေၾကာလိုက္ပါ ။တစ္ပါတ္ ၃ၾကိမ္ ျပဳလုပ္ေပးရမွာပါ။ ခရမ္းခ်ဥ္သီးမွာ ပါဝင္တဲ့ ဗီတာမင္ေအ နွင့္ စီ ဟာ ဝက္ၿခံေတြကို ထိေရာက္စြာ ကုသေပးနိုင္ပါတယ္ ။ ဝက္ၿခံမရွိသူမ်ားလည္း ဒီနည္းလမ္းေလးကို လုပ္ေပးမယ္ဆိုရင္ ဝက္ၿခံ ၊ ဆားဝက္ၿခံ ျဖစ္ျခင္းမွ ၾကိဳတင္ကာကြယ္ရာေရာက္သလို မ်က္နွာအသားအေရကိုလည္း ၾကည္လင္ဝင္းပေစနိုင္ပါတယ္။

မွတ္ခ်က္ ။ ။ အထက္ေဖာ္ျပပါနည္းလမ္းေတြကို အသံုးမျပဳခင္မွာ မ်က္နွာသစ္ထားဖုိ႔ေတာ့ လိုပါမယ္။

Credit:Original
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

ဝက်ခြံ ၊ ဆားဝက်ခြံ နှင့် ချွေးပေါက်ကျယ်တာတွေအတွက် အစွမ်းထက် ခရမ်းချဉ်သီးနည်းလမ်း

ခရမ်းချဉ်သီးမှာ မြင့်မားစွာပါဝင်တဲ့ lycopene ဓါတ်ဟာ အရေပြားအတွက် အထူးပင်ကောင်းမွန်မှု ရှိပါတယ် ။ ဒါေ့ကြာင့် အသားအရေလှချင်ရင် ခရမ်းချဉ်သီး များများစားပါလို့ ပြောကြတာ ဖြစ်ပါတယ် ။ ခရမ်းချဉ်သီးဟာ အရေပြား အတွင်းရော အပြင်ကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံ ၊ ဆားဝက်ခြံတွေကို အထူးပျောက်ကင်းစေနိုင်ပြီး ချွေးပေါက်ကျယ်တွေကိုလည်း ကျဉ်းစေနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ အသားအရေကိုလည်း ပိုပြီး ဖြူလာစေပါတယ် ။

ခရမ်းချဉ်သီးနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင် ..

၁။မျက်နှာအသားအရေ ကြည်လင်ဖြူဖွေးဖို့အတွက် ခရမ်းချဉ်သီး နှင့် သကြား

ပထမဦးစွာ သကြားလက်ဖက်ရည် ၂ဇွန်းကို ခွက်တစ်ခုထဲ ထည့်ထားပါ ။ ထို့နောက် ခရမ်းချဉ်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး အသုံးပြုမယ့် တစ်ခြမ်းကို သကြားခွက်ထဲ ၂မိနစ်ခန့် နှစ်ထည့်ထားပါ ။ ပြီးသွားလျှင်တော့ မျက်နှာအနှံ့ ပွတ်ပေးပါ ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာကို ပိုမိုဖြူဖွေးစေကာ ဆားဝက်ခြံ ၊ ဝက်ခြံတွေကို သိသာစွာ ပျောက်ကင်းစေပါတယ်။

၂။နေလောင်ဒဏ်အတွက် ခရမ်းချဉ်သီးနှင့်ဒိန်ချဉ်

အကြောင်းအမျိုးမျိုးကြောင့် အရေပြားမှာ နေလောင်ရာတွေနဲ့ အသားအရေ ညိုမဲညစ်နေသူများ သုံးသင့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒိန်ချဉ် ခွက်တစ်ဝက်ခန့်နှင့် ခရမ်းချဉ်သီးတစ်လုံးကို ကြိတ်စက် (သို့ ) Blender ဖြင့် ခပ်ပျစ်ပျစ်လေးရအောင် ကြိတ်ပေးပါ ။ ထို့နောက် နေလောင်မှုတွေဖြစ်နေသော အရေပြားနေရာသို့ သုတ်လိမ်းပေးပြီး အနည်းဆုံး ၁၅မိနစ်ခန့်ကြာအောင် ထားလိုက်ပါ ။ ပြီးသွားလျှင်တော့ ရေအေးလေးဖြင့် ဆေးကြောပေးလိုက်ပါ ။ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါ။

၃။အဆီပြန်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သခွားသီး

သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တေ့ာ ဒီနည်းလမ်းက လုံးဝ အထောက်အကူပြုမှာပါ ။ သခွားသီးနှင့် ခရမ်းချဉ်သီးကို အရည်သီးသန့်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ဆီ ဆတူရောစပ်ပြီး မျက်နှာပေါ်သို့ ညှင်သာစွာ သုတ်လိမ်းပေးပါ ။ ၁၀မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်ပါတ်လျှင် အနည်းဆုံး ၂ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာအဆီပြန်ခြင်းကို သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ် ။

၄။ချွေးပေါက်ကျယ်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သံပုယိုသီး

ချွေးပေါက်ကျယ်တဲ့ ပြဿနာကြောင့် ဖုန်မှုန့်တွေ အရေပြားထဲဝင်ပြီး ဆားဝက်ခြံ နှင့် ဝက်ခြံတွေကို ပိုပြီး ဖြစ်ပွားစေပါတယ်။ ခရမ်းချဉ်သီး နှင့် သံပုယိုသီး နည်းလမ်းကို အသုံးပြုပေးပါ။ ခရမ်းချဉ်သီး နှင့် သံပုယိုသီးကို အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းစီ ရောစပ်လိုက်ပါ။ ထို့နောက် ဂွမ်းဖြင့်တို့ကာ ချေးပေါက်ကျယ်တဲ့ နေရာတွေကို အဓိကထား လိမ်းပေးပါ ။ ၁၅မိနစ်ကြာအောင်ထားပြီး ခြောက်သွေ့သွားလျှင် ရေအေးဖြင့် ဆေးကြောပေးပါ ။ ကျေနပ်တဲ့ ရလဒ်ရတဲ့အထိ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန် ပြုလုပ်ပေးပါ ။

၅။ဝက်ခြံတွေအတွက်ခရမ်းချဉ်သီး

မျက်နှာပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဘယ်လိုဝက်ခြံမဆို ကုသဖို့အတွက် ခရမ်းချဉ်သီးက အကောင်းဆုံးပါပဲ ။ သန့်ရှင်းလတ်ဆတ်တဲ့ ခရမ်းချဉ်သီး တစ်လုံးကို ယူပြီး နှစ်ခြမ်းခြမ်းလိုက်ပါ ။ တစ်ခြမ်းကိုယူပြီး မျက်နှာအနှံ့ ပွတ်လိုက်ပါ ။ ဝက်ခြံရှိတဲ့နေရာကို အဓိကထား ပွတ်လိမ်းပေးပါ ။ ၁၀မိနစ်ခန့်ကြာ ခြောက်သွေ့အောင် ထားပြီးလျှင် ရေဖြင့် ဆေးကြောလိုက်ပါ ။တစ်ပါတ် ၃ကြိမ် ပြုလုပ်ပေးရမှာပါ။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေ နှင့် စီ ဟာ ဝက်ခြံတွေကို ထိရောက်စွာ ကုသပေးနိုင်ပါတယ် ။ ဝက်ခြံမရှိသူများလည်း ဒီနည်းလမ်းလေးကို လုပ်ပေးမယ်ဆိုရင် ဝက်ခြံ ၊ ဆားဝက်ခြံ ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်သလို မျက်နှာအသားအရေကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါတယ်။

မှတ်ချက် ။ ။ အထက်ဖော်ပြပါနည်းလမ်းတွေကို အသုံးမပြုခင်မှာ မျက်နှာသစ်ထားဖို့တော့ လိုပါမယ်။


Credit:Original

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top