iMyanmarHouse.com - Best Property Website for Myanmar
×

ေအာင္ျမင္တဲ့ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေမသက္ခိုင္ကေတာ့ ငယ္ငယ္ၿပိဳကဲြခဲ့ရတဲ့ သူမရဲ့မိသားစုအေၾကာင္းကို ရင္ဖြင့္ျပလိုက္ပါတယ္။ ေမသက္ခိုင္ အႏုပညာလမ္းေၾကာင္းမွာ နာမည္တစ္လံုးရေအာင္ ႀကိဳးစားခဲ့တာဟာ အေမျဖစ္သူရဲ့တစ္ခုတည္းေသာ အားအင္ေၾကာင့္ ျဖစ္လာတာလို႔ သိရပါတယ္။

သူက ခုေတာ့ အေမရိကန္မွာ ရွိေနတဲ့ ဖခင္နဲ႔ ေမာင္ေလးကို သြားေတြ႔ေနတာလို႔ သိရပါတယ္။ မေန႔ညကေတာ့ ရင္ဖြင့္တဲ့ပို႔စ္ေလးတစ္ခု သူမရဲ့ေဖ့ဘုတ္မွာ တင္ထားပါတယ္။

အေမခ်စ္သမီးပဲျဖစ္ခ်င္တယ္ အသက္ ၁ ႏွစ္ခြဲထဲက ႏိုင္ငံျခားထြက္သြားတဲ့အေဖ ၅ တန္းႏွစ္မွာ ေနာက္အိမ္ေထာင္ထပ္ျပဳတဲ့အေဖ အေဖကိုမျမင္ဖူးလို႔ သူတို႔မဂၤလာေဆာင္မွာ ၄၅ မိနစ္ေလာက္ သြားၾကည့္ခဲ့ရတယ္ ေဘးကျဖတ္သြားရင္ေတာင္မမွတ္မိႏိုင္ဘူး အဲ့ဒီမဂၤလာေဆာင္မွာပဲ အေဖကသူနဲ႔လိုက္ေနဖို႔ေခၚတယ္ တစ္ခါမွမျမင္ဖူးတဲ့လူႀကီးနဲ႔လိုက္သြားဖို႔မစဥ္းစားသလို သိတတ္တဲ႔အရြယ္မေရာက္ေသးတဲ့သမီးကို မိေထြးနဲ႔မထားႏိုင္ဘူးဆိုတဲ့စကားနဲ႔ အေမကမေပးခဲ့ဘူး

ဘဝတစ္ေလွ်ာက္လံုး အေမကပဲျပဳစုပ်ိဳးေထာင္ေပးခဲ့တာ အခုအခ်ိန္အထိအသက္ရွင္ေနထိုင္ၿပီးအလုပ္ေတြလုပ္ေနႏိုင္တာ ေက်ာင္းေတြတက္ ခရီးေတြထြက္ႏိုင္တာ အေမ႔ေက်းဇူးေတြပဲ တစ္သက္လံုးမွာ အဆက္အသြယ္မလုပ္ခဲ့တဲ့အေဖက အသက္ ၂၈ ႏွစ္ေရာက္မွ လာဆက္သြယ္လို႔ အခုအေဖနဲ႔ခဏလာေတြ႕တယ္ အေဖေခၚလို႔လာတယ္ အေဖကလည္းခ်စ္ပါတယ္ ငယ္ငယ္ကအေဖ႔ကိုမုန္းတဲ့ကိုယ္က ဘုရားရွိခိုးအမွ်ေဝရင္ေတာင္ အေဖေနရာကိုခ်န္ၿပီးရြတ္ခဲ့တယ္

အဲ့ဒီအမူအက်င့္ကို အေမကသိသြားေတာ့ျပန္ေျပာင္းေပးခဲ့တယ္ အေဖဟာအေဖပဲ ဆိုၿပီး အေကာင္းျမင္စိတ္နဲ႔ ေအးခ်မ္းေအာင္ေျပာေပးဆံုးမေပးခဲ့တယ္ အခုအခ်ိန္အထိအသက္ရွင္ရပ္တည္ႏိုင္တာ အေမဆိုတဲ့မိန္းမတစ္ေယာက္ရဲ႕အင္အားနဲ႔ပါ ကိုယ့္လမ္းကိုယ္ေလွ်ာက္တာခ်င္းတူေပမဲ႔ သမီးတစ္ေယာက္ကိုေက်ာပိုးၿပီးေလွ်ာက္ေပးခဲ့လို႔ ေမႀကီးကိုေက်းဇူးတင္ပါတယ္။

Credit : Hlataw
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေသက်ခိုင်ကတော့ ငယ်ငယ်ပြိုကွဲခဲ့ရတဲ့ သူမရဲ့မိသားစုအကြောင်းကို ရင်ဖွင့်ပြလိုက်ပါတယ်။ မေသက်ခိုင် အနုပညာလမ်းကြောင်းမှာ နာမည်တစ်လုံးရအောင် ကြိုးစားခဲ့တာဟာ အမေဖြစ်သူရဲ့တစ်ခုတည်းသော အားအင်ကြောင့် ဖြစ်လာတာလို့ သိရပါတယ်။

သူက ခုတော့ အမေရိကန်မှာ ရှိနေတဲ့ ဖခင်နဲ့ မောင်လေးကို သွားတွေ့နေတာလို့ သိရပါတယ်။ မနေ့ညကတော့ ရင်ဖွင့်တဲ့ပို့စ်လေးတစ်ခု သူမရဲ့ဖေ့ဘုတ်မှာ တင်ထားပါတယ်။

အမေချစ်သမီးပဲဖြစ်ချင်တယ် အသက် ၁ နှစ်ခွဲထဲက နိုင်ငံခြားထွက်သွားတဲ့အဖေ ၅ တန်းနှစ်မှာ နောက်အိမ်ထောင်ထပ်ပြုတဲ့အဖေ အဖေကိုမမြင်ဖူးလို့ သူတို့မင်္ဂလာဆောင်မှာ ၄၅ မိနစ်လောက် သွားကြည့်ခဲ့ရတယ် ဘေးကဖြတ်သွားရင်တောင်မမှတ်မိနိုင်ဘူး အဲ့ဒီမင်္ဂလာဆောင်မှာပဲ အဖေကသူနဲ့လိုက်နေဖို့ခေါ်တယ် တစ်ခါမှမမြင်ဖူးတဲ့လူကြီးနဲ့လိုက်သွားဖို့မစဉ်းစားသလို သိတတ်တဲ့အရွယ်မရောက်သေးတဲ့သမီးကို မိထွေးနဲ့မထားနိုင်ဘူးဆိုတဲ့စကားနဲ့ အမေကမပေးခဲ့ဘူး

ဘဝတစ်လျှောက်လုံး အမေကပဲပြုစုပျိုးထောင်ပေးခဲ့တာ အခုအချိန်အထိအသက်ရှင်နေထိုင်ပြီးအလုပ်တွေလုပ်နေနိုင်တာ ကျောင်းတွေတက် ခရီးတွေထွက်နိုင်တာ အမေ့ကျေးဇူးတွေပဲ တစ်သက်လုံးမှာ အဆက်အသွယ်မလုပ်ခဲ့တဲ့အဖေက အသက် ၂၈ နှစ်ရောက်မှ လာဆက်သွယ်လို့ အခုအဖေနဲ့ခဏလာတွေ့တယ် အဖေခေါ်လို့လာတယ် အဖေကလည်းချစ်ပါတယ် ငယ်ငယ်ကအဖေ့ကိုမုန်းတဲ့ကိုယ်က ဘုရားရှိခိုးအမျှဝေရင်တောင် အဖေနေရာကိုချန်ပြီးရွတ်ခဲ့တယ်

အဲ့ဒီအမူအကျင့်ကို အမေကသိသွားတော့ပြန်ပြောင်းပေးခဲ့တယ် အဖေဟာအဖေပဲ ဆိုပြီး အကောင်းမြင်စိတ်နဲ့ အေးချမ်းအောင်ပြောပေးဆုံးမပေးခဲ့တယ် အခုအချိန်အထိအသက်ရှင်ရပ်တည်နိုင်တာ အမေဆိုတဲ့မိန်းမတစ်ယောက်ရဲ့အင်အားနဲ့ပါ ကိုယ့်လမ်းကိုယ်လျှောက်တာချင်းတူပေမဲ့ သမီးတစ်ယောက်ကိုကျောပိုးပြီးလျှောက်ပေးခဲ့လို့ မေကြီးကိုကျေးဇူးတင်ပါတယ်။

Credit : Hlataw

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top