iMyanmarHouse.com - Best Property Website for Myanmar
×

သခြားသီးအရည္ သံပရာရည္ တစ္ဇြန္းႏွင့္ ေရေအးေရာစပ္ကာ မ်က္ႏွာႏွင့္ ခႏၶာကိုယ္ အႏွံ႔လိမ္းေပးပါက ဆီးႏွင့္ အသားပူျခင္း ေရာဂါမ်ား ေပ်ာက္ကင္းႏိုင္ အသားအေရပူသူမ်ား၊ ဆီးေရာဂါႏွင့္ အမ်ဳိးသမီးမ်ား ဓမၼတာ ေသြးပုပ္က်န္သည့္ အမ်ဳိးသမီး ေရာဂါမ်ားကို ခံစားေနရပါက မိမိအိမ္တြင္း၌ပင္ ကုသေပ်ာက္ ကင္းေစႏိုင္သည့္ သဘာဝ သစ္သီးမ်ားႏွင့္ ေဆးကုသနည္း တစ္ရပ္ကို ေရးသား ေဖာ္ျပလိုက္ရပါသည္။

သခြားသီးတစ္လံုးကို အေစ့ထုတ္၍ အရည္ရသေလာက္ ညႇစ္ယူထားၿပီး သံပရာရည္ တစ္ဇြန္းႏွင့္ ေရေအးေအး တြင္ ေရာစပ္ကာ သမေအာင္ေမႊၿပီးလွ်င္ မ်က္ႏွာႏွင့္ေျခ၊ လက္၊ ခႏၶာကိုယ္မက်န္ လိမ္းက်ံေပးျခင္းအားျဖင့္ အသားအေရ ေခ်ာမြတ္စုိျပည္လာၿပီး ပူေနသည့္ အသားကို ေအးျမလာေစမည္ ျဖစ္သည္။ ေန႔စဥ္ညအိမ္ရာဝင္တိုင္း အၿမဲျပဳလုပ္ ေပးပါက မ်က္စိၾကည္လင္ျခင္းအျပင္ ဆီးေရာဂါႏွင့္ ဓမၼတာ ေသြးပုပ္က်န္ အမ်ဳိးသမီးမ်ား အတြက္ ေရာဂါမ်ားကို ေပ်ာက္ကင္းေစႏိုင္သည္ဟု ေဆးသုေတသန မွတ္တမ္းမ်ားအရ သိရသည္။

”အခုေနာက္ပိုင္း ေရာဂါတစ္ခုခုျဖစ္ရင္ပဲ ျဖစ္ျဖစ္၊ ေဝဒနာတစ္ခုခုျဖစ္ရင္ပဲ ျဖစ္ျဖစ္ ေဆးခန္းကိုသြားၿပီး မျပခ်င္ၾကဘူး။ အိမ္ထဲမွာပဲ ေဆးၿမီးတိုေတြနဲ႔ က်ိတ္ကုၾကတယ္။ ဒါကေကာင္းေတာ့ မေကာင္းဘူး၊ အနာနဲ႔ေဆးမတည့္ရင္ ေရာဂါေတြ ပိုဆိုးလာမယ္။ ဒါေပမဲ့ သဘာဝသစ္သီးေတြနဲ႔ ကုသရင္ေတာ့ ေဘးထြက္ဆိုးက်ဳိး မရွိႏိုင္ပါဘူး”ဟု တိုင္းရင္း ေဆးသမားေတာ္ႀကီး ေဒၚသီသီထြန္းက ေျပာသည္။

အေရျပားဆိုင္ရာ ေခ်ာမြတ္လာေစရန္ႏွင့္ ဝင္းဝါေသာ အသားအေရာင္၊ ေအးျမေသာ ကိုယ္ေရ ကိုယ္သားတို႔ကို ရရွိေစရန္အတြက္ မက္မြန္သီးတစ္လံုး၊ ႏွစ္လံုးကို ေရေႏြးေျဖာၿပီး အေစ့ထုတ္ႀကိတ္၍ အရည္ညႇစ္ယူထားကာ သံပရာရည္၊ ခရမ္းခ်ဥ္သီးရည္ႏွင့္ လက္ဖက္စိုရည္ တစ္ဇြန္းစီ ေရာေမႊရမည္ျဖစ္သည္။ ယင္းေနာက္ မိမိခႏၶာကိုယ္ကို သုတ္လိမ္းေပးမည္ ဆိုပါက အဆီျပန္ျခင္း ကင္းေဝးသြားၿပီး ေအးျမသည့္ အသားအေရကို ပိုင္ဆိုင္ရရွိလာမည္ ျဖစ္သည္။

ထို႔အျပင္ ပါးေရတြန္႔ျခင္းႏွင့္ အေရျပားဆိုင္ရာ ျပယုဂ္တစ္ခု ျဖစ္ေသာ နဖူးေရ တြန္႔ျခင္းတို႔မွာလည္း လိမ္ညာ၍မရသည့္ အေရျပားေလ်ာ့ရဲသည့္ လကၡာဏာ တစ္ရပ္ျဖစ္ၿပီး ထိုအေရးအေၾကာင္းမ်ားႏွင့္ အသားေရ တြန္႔ျခင္းတို႔ကို ေျပေပ်ာက္ေစမည့္ နည္းလမ္းမွာ ေဂၚဖီထုပ္ အလယ္ရြက္ျဖစ္ေသာ အရည္ရႊမ္းမည့္ အရြက္သံုးရြက္ခန္႔ကို သန္႔စင္ေအာင္ ေဆးေၾကာ၍ ပ်ားရည္လက္ဖက္ရည္ တစ္ဇြန္းႏွင့္ ေရထည့္ကာ သမေအာင္ေမႊ၍ အရည္ရေအာင္ ညႇစ္ယူလိုက္ၿပီး ရရွိေသာအရည္ကို မ်က္ႏွာ၊ လက္ေမာင္း၊ လည္ပင္းႏွင့္ ေျခလက္တို႔ကို လိမ္းက်ံေပးျခင္းျဖင့္ အေရျပားတြန္႔ျခင္းကို သက္သာေစႏိုင္မည္ ျဖစ္သည္။

Credit :Original Writer

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သခွားသီးအရည် သံပရာရည် တစ်ဇွန်းနှင့် ရေအေးရောစပ်ကာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့လိမ်းပေးပါက ဆီးနှင့် အသားပူခြင်း ရောဂါများ ပျောက်ကင်းနိုင် အသားအရေပူသူများ၊ ဆီးရောဂါနှင့် အမျိုးသမီးများ ဓမ္မတာ သွေးပုပ်ကျန်သည့် အမျိုးသမီး ရောဂါများကို ခံစားနေရပါက မိမိအိမ်တွင်း၌ပင် ကုသပျောက် ကင်းစေနိုင်သည့် သဘာဝ သစ်သီးများနှင့် ဆေးကုသနည်း တစ်ရပ်ကို ရေးသား ဖော်ပြလိုက်ရပါသည်။

သခွားသီးတစ်လုံးကို အစေ့ထုတ်၍ အရည်ရသလောက် ညှစ်ယူထားပြီး သံပရာရည် တစ်ဇွန်းနှင့် ရေအေးအေး တွင် ရောစပ်ကာ သမအောင်မွှေပြီးလျှင် မျက်နှာနှင့်ခြေ၊ လက်၊ ခန္ဓာကိုယ်မကျန် လိမ်းကျံပေးခြင်းအားဖြင့် အသားအရေ ချောမွတ်စိုပြည်လာပြီး ပူနေသည့် အသားကို အေးမြလာစေမည် ဖြစ်သည်။ နေ့စဉ်ညအိမ်ရာဝင်တိုင်း အမြဲပြုလုပ် ပေးပါက မျက်စိကြည်လင်ခြင်းအပြင် ဆီးရောဂါနှင့် ဓမ္မတာ သွေးပုပ်ကျန် အမျိုးသမီးများ အတွက် ရောဂါများကို ပျောက်ကင်းစေနိုင်သည်ဟု ဆေးသုတေသန မှတ်တမ်းများအရ သိရသည်။

”အခုနောက်ပိုင်း ရောဂါတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ်၊ ဝေဒနာတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် ဆေးခန်းကိုသွားပြီး မပြချင်ကြဘူး။ အိမ်ထဲမှာပဲ ဆေးမြီးတိုတွေနဲ့ ကျိတ်ကုကြတယ်။ ဒါကကောင်းတော့ မကောင်းဘူး၊ အနာနဲ့ဆေးမတည့်ရင် ရောဂါတွေ ပိုဆိုးလာမယ်။ ဒါပေမဲ့ သဘာဝသစ်သီးတွေနဲ့ ကုသရင်တော့ ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူး”ဟု တိုင်းရင်း ဆေးသမားတော်ကြီး ဒေါ်သီသီထွန်းက ပြောသည်။

အရေပြားဆိုင်ရာ ချောမွတ်လာစေရန်နှင့် ဝင်းဝါသော အသားအရောင်၊ အေးမြသော ကိုယ်ရေ ကိုယ်သားတို့ကို ရရှိစေရန်အတွက် မက်မွန်သီးတစ်လုံး၊ နှစ်လုံးကို ရေနွေးဖြောပြီး အစေ့ထုတ်ကြိတ်၍ အရည်ညှစ်ယူထားကာ သံပရာရည်၊ ခရမ်းချဉ်သီးရည်နှင့် လက်ဖက်စိုရည် တစ်ဇွန်းစီ ရောမွှေရမည်ဖြစ်သည်။ ယင်းနောက် မိမိခန္ဓာကိုယ်ကို သုတ်လိမ်းပေးမည် ဆိုပါက အဆီပြန်ခြင်း ကင်းဝေးသွားပြီး အေးမြသည့် အသားအရေကို ပိုင်ဆိုင်ရရှိလာမည် ဖြစ်သည်။

ထို့အပြင် ပါးရေတွန့်ခြင်းနှင့် အရေပြားဆိုင်ရာ ပြယုဂ်တစ်ခု ဖြစ်သော နဖူးရေ တွန့်ခြင်းတို့မှာလည်း လိမ်ညာ၍မရသည့် အရေပြားလျော့ရဲသည့် လက္ခာဏာ တစ်ရပ်ဖြစ်ပြီး ထိုအရေးအကြောင်းများနှင့် အသားရေ တွန့်ခြင်းတို့ကို ပြေပျောက်စေမည့် နည်းလမ်းမှာ ဂေါ်ဖီထုပ် အလယ်ရွက်ဖြစ်သော အရည်ရွှမ်းမည့် အရွက်သုံးရွက်ခန့်ကို သန့်စင်အောင် ဆေးကြော၍ ပျားရည်လက်ဖက်ရည် တစ်ဇွန်းနှင့် ရေထည့်ကာ သမအောင်မွှေ၍ အရည်ရအောင် ညှစ်ယူလိုက်ပြီး ရရှိသောအရည်ကို မျက်နှာ၊ လက်မောင်း၊ လည်ပင်းနှင့် ခြေလက်တို့ကို လိမ်းကျံပေးခြင်းဖြင့် အရေပြားတွန့်ခြင်းကို သက်သာစေနိုင်မည် ဖြစ်သည်။

Credit :Original Writer


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top