iMyanmarHouse.com - Best Property Website for Myanmar
×

၁။ေခါင္းေလွ်ာ္ရည္တစ္မ်ိဳးထဲကိုသာသံုးပါ။

ဆံပင္ၿဖဴၿခင္းကာကြယ္ဖို႕အတြက္အေၿခခံအက်ဆံုးကေတာ့မိမိဆံသားနဲ႕ကိုက္ညီတဲ့ေခါင္းေလွ်ာ္ရည္
တစ္မ်ိဳးထဲကိုစြဲသံုးတာပဲၿဖစ္ပါတယ္။မိမိဆံသားနဲ႕အဆင္ေၿပတဲ့ေခါင္းေလွ်ာ္ရည္ရွိေနရင္ေတာ့တစ္ၿခား
ဟာေတြေၿပာင္းၿပီးစမ္းသံုးၾကည့္တာမ်ိဳးမလုပ္သင့္ပါဘူး။ ေခါင္းေလွ်ာ္ရည္ေတြတစ္မ်ိဳးၿပီးတစ္မ်ိဳးေၿပာင္း
သံုးတာဟာဆံသားကို ထိေရာက္တဲ့ အက်ိဳးမရရွိေစတဲ့ အၿပင္ဆံပင္ၿဖဴတာကိုလည္း အားေပးပါတယ္။

၂။ကုလားဆီးၿဖဴသီးအသံုးၿပဳပါ။

ကုလားဆီးၿဖဴသီးဟာအရြယ္မတိုင္ခင္ဆံပင္ၿဖဴေပါက္တာနဲ႕ဆံပင္ကြ်တ္တာမွကာကြယ္ေပးနိုင္ပါတယ္။
အိႏၵိယ ဆီးၿဖဴသီးကို ပါးပါးလွီးကာနွစ္ရက္ခန္႕ေနပူလွန္းၿပီးရင္အုန္းဆီထည့္ကာ အပူေပးပါ။ေခါင္းမေလွ်ာ္ခင္တစ္ည ေလာက္ၾကိဳတင္ၿပီးဦးေရၿပားကိုနွံ႕စပ္ေအာင္လိမ္းကာ
မနက္ေရာက္မွေလွ်ာ္ပါ။ဒါမွမဟုတ္ အိႏၵိယဆီးၿဖဴသီးအပိုင္းအစေလးေတြကို ေရေႏြးထဲထည့္ၿပဳပ္ၿပီး အေအးခံကာအဲဒီေရနဲ႕ေခါင္းေဆးလို႕ရပါတယ္။

၃။ဆီပံုမွန္လိမ္းပါ။
အုန္းဆီဒါမွမဟုတ္မိမိလိမ္းေနက်ဆီကိုတစ္ပတ္နွစ္ၾကိမ္မွသံုးၾကိမ္လိမ္းေပးပါ။ဆီပံုမွန္လိမ္းတာဟာ
ဆံသားကို က်န္းမာသန္စြမ္းေနေစတဲ့အၿပင္အရြယ္မတိုင္ခင္ဆံပင္ၿဖဴတာေၾကာင့္
စိတ္ညစ္ရတာေတြမွလည္းသက္သာေစပါတယ္။

၄။ေကာ္ဖီနွင့္အဆီပါ၀င္မွဳမ်ားေသာအစာမ်ားကိုေရွာင္ပါ။

ေကာ္ဖီ၊အရက္၊အဆီမ်ားတဲ့အစာေတြကိုအလြန္အကြ်ံစားေသာက္ၿခင္းမွေရွာင္ရပါမယ္။အကယ္လို႕
စားက်င့္ရွိေနရင္ေတာင္အနည္းငယ္ေလ်ာ့စားေပးပါ။တခ်ိဳ႕အစားအစာေတြဟာဆံသားအတြက္လိုအပ္
တဲ့အစိုဓာတ္ကိုဆိုးရြားစြာေလ်ာ့နည္းေစတာေၾကာင့္ဆံပင္ၿဖဴၿမန္ေစပါတယ္။

Credit :Good Health
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
၁။ခေါင်းလျှော်ရည်တစ်မျိုးထဲကိုသာသုံးပါ။

ဆံပင်ဖြူခြင်းကာကွယ်ဖို့အတွက်အခြေခံအကျဆုံးကတော့မိမိဆံသားနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည်
တစ်မျိုးထဲကိုစွဲသုံးတာပဲဖြစ်ပါတယ်။မိမိဆံသားနဲ့အဆင်ပြေတဲ့ခေါင်းလျှော်ရည်ရှိနေရင်တော့တစ်ခြား
ဟာတွေပြောင်းပြီးစမ်းသုံးကြည့်တာမျိုးမလုပ်သင့်ပါဘူး။ ခေါင်းလျှော်ရည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်း
သုံးတာဟာဆံသားကို ထိရောက်တဲ့ အကျိုးမရရှိစေတဲ့ အပြင်ဆံပင်ဖြူတာကိုလည်း အားပေးပါတယ်။

၂။ကုလားဆီးဖြူသီးအသုံးပြုပါ။

ကုလားဆီးဖြူသီးဟာအရွယ်မတိုင်ခင်ဆံပင်ဖြူပေါက်တာနဲ့ဆံပင်ကျွတ်တာမှကာကွယ်ပေးနိုင်ပါတယ်။
အိန္ဒိယ ဆီးဖြူသီးကို ပါးပါးလှီးကာနှစ်ရက်ခန့်နေပူလှန်းပြီးရင်အုန်းဆီထည့်ကာ အပူပေးပါ။ခေါင်းမလျှော်ခင်တစ်ည လောက်ကြိုတင်ပြီးဦးရေပြားကိုနှံ့စပ်အောင်လိမ်းကာ
မနက်ရောက်မှလျှော်ပါ။ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီးအပိုင်းအစလေးတွေကို ရေနွေးထဲထည့်ပြုပ်ပြီး အအေးခံကာအဲဒီရေနဲ့ခေါင်းဆေးလို့ရပါတယ်။

၃။ဆီပုံမှန်လိမ်းပါ။
အုန်းဆီဒါမှမဟုတ်မိမိလိမ်းနေကျဆီကိုတစ်ပတ်နှစ်ကြိမ်မှသုံးကြိမ်လိမ်းပေးပါ။ဆီပုံမှန်လိမ်းတာဟာ
ဆံသားကို ကျန်းမာသန်စွမ်းနေစေတဲ့အပြင်အရွယ်မတိုင်ခင်ဆံပင်ဖြူတာကြောင့်
စိတ်ညစ်ရတာတွေမှလည်းသက်သာစေပါတယ်။

၄။ကော်ဖီနှင့်အဆီပါဝင်မှုများသောအစာများကိုရှောင်ပါ။

ကော်ဖီ၊အရက်၊အဆီများတဲ့အစာတွေကိုအလွန်အကျွံစားသောက်ခြင်းမှရှောင်ရပါမယ်။အကယ်လို့
စားကျင့်ရှိနေရင်တောင်အနည်းငယ်လျော့စားပေးပါ။တချို့အစားအစာတွေဟာဆံသားအတွက်လိုအပ်
တဲ့အစိုဓာတ်ကိုဆိုးရွားစွာလျော့နည်းစေတာကြောင့်ဆံပင်ဖြူမြန်စေပါတယ်။

Credit :Good Health

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top