iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူသက္တမ္း ၇ ႏွစ္ေက်ာ္အၾကာ လက္တြဲလာတဲ့ သရုပ္ေဆာင္ နန္းသူဇာနဲ႔ အဆုိေတာ္ ေက်ာ္ထြဋ္ေဆြ တုိ႔စုံတြဲက တစ္ေယာက္နဲ႔ တစ္ေယာက္ သေဘာက်တဲ့အခ်က္ေလးေတြ၊ သေဘာမက်တဲ့အခ်က္ေလးေတြနဲ႔ ဘယ္ေလာက္ထိ ခ်စ္သလဲဆုိတာေတြျဖစ္ပါတယ္။အရမ္းလုိက္ဖက္ညီတဲ့ စံုတြဲေလးပါ။

” ‘ ၇ ႏွစ္ေက်ာ္ေက်ာ္ေလာက္ရွိပါၿပီ။ နားလည္မႈဆုိုတာထက္ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ပုိသိသြားၾကတယ္။ အေၾကာင္းသိေတာ့ လည္း သူတစ္ခုခု အမွားလုပ္လုိ႔၊ သူတစ္ခုခုလိမ္လုိ႔ဆုိတာေတြကုိ သူ ဒါေၾကာင့္ပဲ ဆုိတာကုိ အလုိလုိ သိေနတာေပါ့ေနာ္။ သူမေျပာဘဲနဲ႔ ကုိယ္ခြင့္လႊတ္တတ္လာတယ္” ဆုိၿပီးေတာ့ နန္းသူဇာကလည္း ေျပာပါတယ္။

ေက်ာ္ထြဋ္ေဆြရဲ႕ ခ်စ္သူေကာင္မေလး နန္းသူဇာ က ရစ္တတ္တယ္၊ ခြင့္လႊတ္တတ္တဲ့ စိတ္ေလးကေတာ့ သူ႔ရဲ႕ ေကာင္းတဲ့အခ်က္ပါလုိ႔ ေျပာျပခဲ့ပါေသးတယ္။

” နန္းသူဇာရဲ႕ မေကာင္းတဲ့ အခ်က္ေလးကေတာ့ ရစ္တာေပါ့ေနာ္။ ေကာင္းတဲ့အခ်က္ေလးကေတာ့ ကၽြန္ေတာ္ ဘာပဲလုပ္လာ လုပ္လာ သူခြင့္လႊတ္ေပးပါတယ္” လုိ႔ သူကဆုိပါတယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ဘယ္ေလာက္ထိခ်စ္သလဲဆုိရင္ နန္းသူဇာကေတာ့ မေျဖႏုိင္ေလာက္ေအာင္ကုိ ေက်ာ္ထြဋ္ေဆြကုိ ခ်စ္တယ္လုိ႔ ေျပာပါတယ္။ အဲ့ဒီေနာက္ ေက်ာ္ထြဋ္ေဆြကလည္း ခ်စ္သူေလး နန္းသူဇာကုိ အရမ္းခ်စ္တဲ့အေၾကာင္း အခုလုိေျပာျပလာပါတယ္။

” ကၽြန္ေတာ္ကေတာ့ ခ်စ္ပါတယ္ ေတာ္ေတာ္ႀကီးကုိ ခ်စ္တယ္။ တစ္ခါတေလဆုိ ကုိယ့္ကုိယ္ကုိ ေတာင္ေမ့ ေမ့သြားတယ္” လုိ႔ ဆုိပါတယ္။

ခ်စ္သူသက္တမ္းတစ္ေလွ်ာက္လုံးမွာ မၾကာခဏဆုိသလုိ စိတ္ဆုိးစိတ္ေကာက္ေလးေတြကလည္း ျဖစ္တတ္ၾကၿပီး အဓိက ရန္ျဖစ္တာ ကေတာ့ Facebook ေပၚမွာပဲ ရန္ျဖစ္တာမ်ားတယ္လုိ႔ သူကဆုိပါတယ္။

” မိန္းကေလးေတြ Love လာလာလုပ္တာေတြဆုိ သိပ္မႀကိဳက္ဘူး။ အဓိက တစ္ေန႔ တစ္ေန႔ ရန္ျဖစ္တာက အဲ့ဒီ Facebook မွာပါပဲ။ ” သူမရွိေတာ့ရင္ ဆုိတဲ့အရာတစ္ခုကုိ ကုိယ္စဥ္းစားဖူးသြားၿပီေလ အဲ့ဒီေနာက္ ရန္သိပ္မျဖစ္ေတာ့ဘူး၊ အဲ့ဒါနဲ႔ဘဲ ဒီေန႔အထိ လက္တြဲ လာခဲ့ တာပါ” လုိ႔ သူကဆုိပါတယ္။

နန္းသူဇာကေတာ့ သူနဲ႔ မခင္တဲ့ေကာင္မေလးေတြကုိ ေက်ာ္ထြဋ္ေဆြက Love Reacted ေတြ သြားေပးတာ မႀကိဳက္ဘူး၊ အစားအေသာက္ ေရြးခ်ယ္တာကအစ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ျဖစ္ေနရတယ္လုိ႔ ဆုိပါတယ္။

”ကုိယ္မခင္တဲ့ ေကာင္မေလးေတြကုိ သူ သြားၿပီး love လုပ္ရင္လည္း ကုိယ္မႀကိဳက္ဘူး။ အစားအေသာက္ေရြးရင္ေတာ့ ရန္နည္းနည္း ထပ္ျဖစ္ေသးတယ္၊ ဘယ္ဆုိင္စားမယ္ေပါ့၊ ကုိယ္စားတဲ့ဆုိင္ဆုိ သူက မႀကိဳက္သူ စားမယ့္ဆုိင္ဆုိ ကုိယ္က မႀကဳိက္” ဆုိၿပီးေတာ့ ရယ္ရယ္ေမာေမာနဲ႔ ေျပာျပခဲ့ပါတယ္။

ခ်စ္စရာေကာင္းတဲ့ အႏုပညာရွင္စုံတြဲ တစ္တြဲျဖစ္တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတုိ႔ရဲ႕ Relationship ကုိ ၂၀၁၁ ခုႏွစ္ကတည္းက ပရိသတ္ေတြကုိ ခ်ျပခဲ့တာျဖစ္ပါတယ္။ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတုိ႔ဟာ Let’s Go ခရီးသြားအစီအစဥ္ေတြမွာလည္း အတူတူ ပါဝင္ခဲ့ၾကပါတယ္။ ေက်ာ္ထြဋ္ေဆြရဲ႕ Music MTV ေတြမွာလည္း နန္းသူဇာက ပါဝင္ခဲ့ပါေသးတယ္။ နန္းသူဇာနဲ႔ နန္းျမတ္ျဖဳိး သင္းတုိ႔ ထြက္ရွိခဲ့တဲ့ Friend ဆုိတဲ့ ေတးစီးရီးထဲမွာလည္း ေက်ာ္ထြဋ္ေဆြက သီခ်င္းေရးေပးခဲ့ေသးတယ္လုိ႔ သိရပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူသက်တမ်း ၇ နှစ်ကျော်အကြာ လက်တွဲလာတဲ့ သရုပ်ဆောင် နန်းသူဇာနဲ့ အဆိုတော် ကျော်ထွဋ်ဆွေ တို့စုံတွဲက တစ်ယောက်နဲ့ တစ်ယောက် သဘောကျတဲ့အချက်လေးတွေ၊ သဘောမကျတဲ့အချက်လေးတွေနဲ့ ဘယ်လောက်ထိ ချစ်သလဲဆိုတာတွေဖြစ်ပါတယ်။အရမ်းလိုက်ဖက်ညီတဲ့ စုံတွဲလေးပါ။

” ‘ ၇ နှစ်ကျော်ကျော်လောက်ရှိပါပြီ။ နားလည်မှုဆိုတာထက် တစ်ယောက်အကြောင်းတစ်ယောက် ပိုသိသွားကြတယ်။ အကြောင်းသိတော့ လည်း သူတစ်ခုခု အမှားလုပ်လို့၊ သူတစ်ခုခုလိမ်လို့ဆိုတာတွေကို သူ ဒါကြောင့်ပဲ ဆိုတာကို အလိုလို သိနေတာပေါ့နော်။ သူမပြောဘဲနဲ့ ကိုယ်ခွင့်လွှတ်တတ်လာတယ်” ဆိုပြီးတော့ နန်းသူဇာကလည်း ပြောပါတယ်။

ကျော်ထွဋ်ဆွေရဲ့ ချစ်သူကောင်မလေး နန်းသူဇာ က ရစ်တတ်တယ်၊ ခွင့်လွှတ်တတ်တဲ့ စိတ်လေးကတော့ သူ့ရဲ့ ကောင်းတဲ့အချက်ပါလို့ ပြောပြခဲ့ပါသေးတယ်။

” နန်းသူဇာရဲ့ မကောင်းတဲ့ အချက်လေးကတော့ ရစ်တာပေါ့နော်။ ကောင်းတဲ့အချက်လေးကတော့ ကျွန်တော် ဘာပဲလုပ်လာ လုပ်လာ သူခွင့်လွှတ်ပေးပါတယ်” လို့ သူကဆိုပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်ဘယ်လောက်ထိချစ်သလဲဆိုရင် နန်းသူဇာကတော့ မဖြေနိုင်လောက်အောင်ကို ကျော်ထွဋ်ဆွေကို ချစ်တယ်လို့ ပြောပါတယ်။ အဲ့ဒီနောက် ကျော်ထွဋ်ဆွေကလည်း ချစ်သူလေး နန်းသူဇာကို အရမ်းချစ်တဲ့အကြောင်း အခုလိုပြောပြလာပါတယ်။

” ကျွန်တော်ကတော့ ချစ်ပါတယ် တော်တော်ကြီးကို ချစ်တယ်။ တစ်ခါတလေဆို ကိုယ့်ကိုယ်ကို တောင်မေ့ မေ့သွားတယ်” လို့ ဆိုပါတယ်။

ချစ်သူသက်တမ်းတစ်လျှောက်လုံးမှာ မကြာခဏဆိုသလို စိတ်ဆိုးစိတ်ကောက်လေးတွေကလည်း ဖြစ်တတ်ကြပြီး အဓိက ရန်ဖြစ်တာ ကတော့ Facebook ပေါ်မှာပဲ ရန်ဖြစ်တာများတယ်လို့ သူကဆိုပါတယ်။

” မိန်းကလေးတွေ Love လာလာလုပ်တာတွေဆို သိပ်မကြိုက်ဘူး။ အဓိက တစ်နေ့ တစ်နေ့ ရန်ဖြစ်တာက အဲ့ဒီ Facebook မှာပါပဲ။ ” သူမရှိတော့ရင် ဆိုတဲ့အရာတစ်ခုကို ကိုယ်စဉ်းစားဖူးသွားပြီလေ အဲ့ဒီနောက် ရန်သိပ်မဖြစ်တော့ဘူး၊ အဲ့ဒါနဲ့ဘဲ ဒီနေ့အထိ လက်တွဲ လာခဲ့ တာပါ” လို့ သူကဆိုပါတယ်။

နန်းသူဇာကတော့ သူနဲ့ မခင်တဲ့ကောင်မလေးတွေကို ကျော်ထွဋ်ဆွေက Love Reacted တွေ သွားပေးတာ မကြိုက်ဘူး၊ အစားအသောက် ရွေးချယ်တာကအစ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေရတယ်လို့ ဆိုပါတယ်။

”ကိုယ်မခင်တဲ့ ကောင်မလေးတွေကို သူ သွားပြီး love လုပ်ရင်လည်း ကိုယ်မကြိုက်ဘူး။ အစားအသောက်ရွေးရင်တော့ ရန်နည်းနည်း ထပ်ဖြစ်သေးတယ်၊ ဘယ်ဆိုင်စားမယ်ပေါ့၊ ကိုယ်စားတဲ့ဆိုင်ဆို သူက မကြိုက်သူ စားမယ့်ဆိုင်ဆို ကိုယ်က မကြိုက်” ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ Relationship ကို ၂၀၁၁ ခုနှစ်ကတည်းက ပရိသတ်တွေကို ချပြခဲ့တာဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ Let’s Go ခရီးသွားအစီအစဉ်တွေမှာလည်း အတူတူ ပါဝင်ခဲ့ကြပါတယ်။ ကျော်ထွဋ်ဆွေရဲ့ Music MTV တွေမှာလည်း နန်းသူဇာက ပါဝင်ခဲ့ပါသေးတယ်။ နန်းသူဇာနဲ့ နန်းမြတ်ဖြိုး သင်းတို့ ထွက်ရှိခဲ့တဲ့ Friend ဆိုတဲ့ တေးစီးရီးထဲမှာလည်း ကျော်ထွဋ်ဆွေက သီချင်းရေးပေးခဲ့သေးတယ်လို့ သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top