iMyanmarHouse.com - Best Property Website for Myanmar
×

အေမရိကန္ႏိုင္ငံ ႏွလံုးေရာဂါဆိုင္ရာ အဖြဲ႔အစည္းကထုတ္ေဝခဲ့တဲ့ ဂ်ာနယ္မွာပါရွိတဲ့ သတင္းအေၾကာင္းအရာက ေကာ္ဖီၾကိဳက္သူေတြအတြက္ေတာ့ သတင္းေကာင္းတစ္ပုဒ္ျဖစ္မွာ ေသခ်ာပါတယ္။

ဂ်ာနယ္ပါအေၾကာင္းအရာမွ တစ္ရက္လွ်င္ ေကာ္ဖီ ၃ ခြက္ေသာက္သံုးသူမ်ားက ႏွလံုးေသြးေၾကာပိတ္ျခင္းကို ေလ်ာ့က်ေစႏိုင္ေၾကာင္း ဘရာဇီးႏိုင္ငံ Sao Paulo တကၠသိုလ္က သုေတသနသိပၸံပညာရွင္ေတြ ေတြ႔ရွိခဲ့တယ္လို႔ ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

တစ္ရက္လွ်င္ ေကာ္ဖီ ၃ ခြက္ ပံုမွန္ေသာက္သံုးျခင္းက ႏွလံုးေသြးေၾကာပိတ္တဲ့ အႏၱရာယ္ကိုက်ဆင္းသြားေစသလို ႏွလံုးေရာဂါကိုလည္း ခုခံကာကြယ္ႏိုင္တယ္လို႔ဆိုပါတယ္။ ေကာ္ဖီေသာက္သံုးျခင္းနဲ႔ ႏွလံုးေသြးလႊတ္ေၾကာအၾကား အက်ိဳးအျပစ္မ်ားကို ေလ့လာရန္အတြက္ လူေပါင္း ၄၄၀၀ ကို စမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။

သုေတသနေလ့လာမႈ အခ်က္အလက္မ်ားကို စုေပါင္းလိုက္တဲ့အခါ ၅၆% ေသာသူမ်ားက တစ္ေန႔လွ်င္ေကာ္ဖီႏွစ္ခြက္ ေသာက္သူမ်ားျဖစ္ျပီး ၁၂% ကတစ္ရက္လွ်င္ ၃ ၾကိမ္အထက္ေကာ္ဖီေသာက္သူမ်ားျဖစ္ေၾကာင္းေတြ႔ရွိရသည္။ ထုိသူမ်ားထဲမွ ေကာ္ဖီမ်ားမ်ားေသာက္သူမ်ား၏ ႏွလံုးေသြးေၾကာထဲမွာ ကယ္လစီယမ္အနည္က်မႈ နည္းပါးေၾကာင္းကို သုေတသနပညာရွင္မ်ား ေတြ႔ရွိခဲ့ၾကသည္။

မည္သို႔ပင္ဆိုေစကာမႈ ေကာ္ဖီအလြန္အက်ြံေသာက္သံုးျခင္းဟာလည္း အႏၱရာယ္ျဖစ္ေစႏိုင္ေၾကာင္း ပညာရွင္ျဖစ္သူ Andreia Miranda ကသတိေပးေျပာၾကားထားသည္။ ေကာ္ဖီမွာ သတၱဳဓါတ္မ်ားရႈပ္ေထြးစြာ ေပါင္းစပ္ပါဝင္တယ္လို႔ဆိုလိုပါတယ္။

ဒါေပမယ့္ တစ္ရက္ကို ေကာ္ဖီဘယ္ႏွစ္ခြက္ေသာက္ရင္ က်န္းမာေရးနဲ႔ ညီညြတ္လဲဆိုတဲ့အခ်က္ကိုေတာ့ မစမ္းသပ္ရေသးေၾကာင္းေျပာဆိုခဲ့သည္။ အျခားေလ့လာေတြ႔ရွိခ်က္၏ အဆိုအရပမာဏမ်ားစြာ အလြန္အက်ြံေသာက္သံုးျခင္းက က်န္းမာေရးနဲ႔ညီညြတ္ျခင္းမရွိေၾကာင္း ေဖာ္ျပထားသည္။

Credit : Popolay
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမေရိကန်နိုင်ငံ နှလုံးရောဂါဆိုင်ရာ အဖွဲ့အစည်းကထုတ်ဝေခဲ့တဲ့ ဂျာနယ်မှာပါရှိတဲ့ သတင်းအကြောင်းအရာက ကော်ဖီကြိုက်သူတွေအတွက်တော့ သတင်းကောင်းတစ်ပုဒ်ဖြစ်မှာ သေချာပါတယ်။

ဂျာနယ်ပါအကြောင်းအရာမှ တစ်ရက်လျှင် ကော်ဖီ ၃ ခွက်သောက်သုံးသူများက နှလုံးသွေးကြောပိတ်ခြင်းကို လျော့ကျစေနိုင်ကြောင်း ဘရာဇီးနိုင်ငံ Sao Paulo တက္ကသိုလ်က သုတေသနသိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တယ်လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

တစ်ရက်လျှင် ကော်ဖီ ၃ ခွက် ပုံမှန်သောက်သုံးခြင်းက နှလုံးသွေးကြောပိတ်တဲ့ အန္တရာယ်ကိုကျဆင်းသွားစေသလို နှလုံးရောဂါကိုလည်း ခုခံကာကွယ်နိုင်တယ်လို့ဆိုပါတယ်။ ကော်ဖီသောက်သုံးခြင်းနဲ့ နှလုံးသွေးလွှတ်ကြောအကြား အကျိုးအပြစ်များကို လေ့လာရန်အတွက် လူပေါင်း ၄၄၀၀ ကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။

သုတေသနလေ့လာမှု အချက်အလက်များကို စုပေါင်းလိုက်တဲ့အခါ ၅၆% သောသူများက တစ်နေ့လျှင်ကော်ဖီနှစ်ခွက် သောက်သူများဖြစ်ပြီး ၁၂% ကတစ်ရက်လျှင် ၃ ကြိမ်အထက်ကော်ဖီသောက်သူများဖြစ်ကြောင်းတွေ့ရှိရသည်။ ထိုသူများထဲမှ ကော်ဖီများများသောက်သူများ၏ နှလုံးသွေးကြောထဲမှာ ကယ်လစီယမ်အနည်ကျမှု နည်းပါးကြောင်းကို သုတေသနပညာရှင်များ တွေ့ရှိခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမှု ကော်ဖီအလွန်အကျွံသောက်သုံးခြင်းဟာလည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း ပညာရှင်ဖြစ်သူ Andreia Miranda ကသတိပေးပြောကြားထားသည်။ ကော်ဖီမှာ သတ္တုဓါတ်များရှုပ်ထွေးစွာ ပေါင်းစပ်ပါဝင်တယ်လို့ဆိုလိုပါတယ်။

ဒါပေမယ့် တစ်ရက်ကို ကော်ဖီဘယ်နှစ်ခွက်သောက်ရင် ကျန်းမာရေးနဲ့ ညီညွတ်လဲဆိုတဲ့အချက်ကိုတော့ မစမ်းသပ်ရသေးကြောင်းပြောဆိုခဲ့သည်။ အခြားလေ့လာတွေ့ရှိချက်၏ အဆိုအရပမာဏများစွာ အလွန်အကျွံသောက်သုံးခြင်းက ကျန်းမာရေးနဲ့ညီညွတ်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

Credit : Popolay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top