iMyanmarHouse.com - Best Property Website for Myanmar
×

ဝမ္းခ်ဳပ္ျခင္းဆိုတာ သာမန္ေန႔စဥ္ ဝမ္းသြားသင့္တဲ့ ပမာဏထက္နည္းၿပီး၊ မွန္မွန္သြား တာထက္နည္းၿပီး ဝမ္းသြားသင့္လ်က္ မသြားျခင္းကိုဆိုတယ္။

ဝမ္းခ်ဳပ္ျခင္းဟာ လူတစ္ဦးခ်င္း ေန႔စဥ္ဝမ္းသြား ပမာဏနဲ႔ အေလ့အက်င့္ေပၚ မူတည္တယ္။ က်န္းမာတဲ့ လူတစ္ေယာက္ဟာ တစ္ရက္တစ္ႀကိမ္သြားတယ္။ လူတစ္ေယာက္ဟာ တစ္ေန႔ကို ပ်မ္းမွ်ေလးေအာင္စခန္႔ ဝမ္းသြားတယ္။

အစာစားၿပီး သံုးနာရီမွ ၁၅ မိနစ္အတြင္း အူသိမ္က လိုအပ္တဲ့ အာဟာရဓာတ္ေတြ စုပ္ယူၿပီးေနာက္ က်န္အစာေဟာင္းနဲ႔ အခြၽဲေတြက ေျခာက္ေပခန္႔ရွည္တဲ့ အူမႀကီးအတြင္း ေရာက္ရွိလာတယ္။

ယင္းတို႔မွ ဆိုဒီယမ္နဲ႔ ပိုတက္စီယမ္ကို ျပန္လည္စုပ္ယူေလ့ ရွိတယ္။ အူသိမ္အတြင္းရွိ အစာဟာ ပိုးမႊားအေတာ္အသင့္ ကင္းစင္ေပမယ့္ အူမႀကီးထဲမွာ လူကိုအႏၲရာယ္ မျပဳတဲ့အျပင္ ခႏၶာကိုယ္အတြက္ အက်ဳိးရွိေစမယ့္ ဗီတာမင္ဓာတ္ေတြ ထုတ္ေပးတဲ့ ပိုးမႊားေတြရွိတယ္။

အူမႀကီးအတြင္း ေလးနာရီမွ ငါးနာရီအတြင္း ၾကာၿပီးေနာက္ အစာတို႔ဟာ အစာေဟာင္းအျဖစ္ အစာေဟာင္းအိမ္အတြင္း ဝင္ေရာက္လာတယ္။

ယင္းအစာ ေဟာင္းေတြ အစာေဟာင္း အိမ္အတြင္း ျပည့္လာတဲ့အခါ အစာေဟာင္း အိမ္နံရံရွိ အာ႐ံုေၾကာေတြက ေက်ာ႐ိုး အာ႐ံုေၾကာမႀကီးက တစ္ဆင့္ ဦးေႏွာက္ကို သတင္းပို႔တယ္။

ဦးေႏွာက္က ျပန္ၿပီးဝမ္းသာေစဖို႔ လံႈ႔ေဆာ္မႈကို အာ႐ံုေၾကာမႀကီးနဲ႔ အာ႐ံုေၾကာငယ္ေလးက တစ္ဆင့္ သက္ဆိုင္ရာ ႂကြက္သားေတြထံ ပို႔လုိက္တယ္။

အစာေဟာင္း အိမ္နံရံရွိ ႂကြက္သားေတြက က်ဳံ႕၍ ၎စအိုပတ္လည္ရွိ အတြင္းအျပင္ ႂကြက္သားမ်ားဆန္႔၍ ၎ဝမ္းဗိုက္ရွိ ႂကြက္သားေတြနဲ႔ ရင္ေခါင္းကန္႔လန္႔ျဖတ္ ႂကြက္သားတို႔က က်ဳံ႕၍ဝမ္းသြားျခင္း ျဖစ္ေစတယ္။

ဝမ္းခ်ဳပ္ျခင္းျဖစ္ရတဲ့ အေၾကာင္းရင္းမွာ ေဆးဝါးမ်ား၊ ကိုယ္တြင္းေရာဂါမ်ား၊ အျခား အေၾကာင္းရင္းမ်ား၊ အဓိက အေၾကာင္းရင္းတို႔ ပါဝင္ၿပီး အူလမ္းေၾကာင္း ပိတ္ဆို႔ျခင္းနဲ႔ အူလမ္းေၾကာင္း မပိတ္ဆို႔ဘဲ ဝမ္းခ်ဳပ္ျခင္းတို႔ ေတြ႕ရွိရတယ္။

အဓိက အေၾကာင္းရင္းမွာ ေဆးဝါးမ်ား ဆိုရာမွာ အလူမီနီ ယမ္ပါတဲ့ အစာအိမ္ေဆး၊ ကိုဒင္းပါတဲ့ အကိုက္အခဲေဆး၊ သံဓာတ္ပါတဲ့ေဆး၊ ေသြးတိုးေဆး၊ မူးယစ္ေဆးဝါး၊ ဘိန္းအႏြယ္ဝင္ ေဆးမ်ားပါဝင္ၾကတယ္။

ကိုယ္တြင္းေရာဂါမ်ားမွာ ဆီးခ်ဳိေရာဂါ၊ ေက်ာက္ကပ္ အားနည္းေရာဂါ၊ ပိုတက္စီယမ္ဓာတ္ နည္းျခင္း၊ ကယ္လ္စီယမ္မ်ားျခင္း၊ သိုင္း႐ိြဳက္ဂလင္း အားနည္းေရာဂါ၊ ကိုယ္ဝန္ရွိျခင္းတို႔ ပါဝင္ၿပီး အျခားအေၾကာင္းရင္း ထဲမွာ အစားအေသာက္ လြဲမွားျခင္း၊ အသီးအႏွံ၊ အသီးအရြက္၊ အမွ်င္ဓာတ္မ်ား မစားျခင္း၊ ဝမ္းသြားအက်င့္ မမွန္ျခင္း၊ အသက္ႀကီးသူမ်ား၊ ကာလၾကာရွည္ အိပ္ရာထဲ လဲေနသူမ်ား၊ အခ်ိန္ၾကာျမင့္စြာ ကား၊ ရထား၊ ေလယာဥ္စီးသူမ်ား ပါဝင္တယ္။

အူလမ္းေၾကာင္း ပိတ္ဆို႔ျခင္း ဆိုရာမွာ အူမႀကီးကင္ဆာ၊ အူေခါက္ျခင္း၊ စအိုဝက်ဥ္းျခင္း၊ နာတာရွည္ အူမႀကီးေရာင္ျခင္း၊ ေသြးလည္ပတ္မႈ နည္းျခင္းတို႔ ပါဝင္ၿပီး အူလမ္းေၾကာင္း မပိတ္ဆို႔ဘဲ ဝမ္းခ်ဳပ္ျခင္းမွာ အူလမ္းေၾကာင္း လႈပ္ရွားမႈ ပံုမမွန္ျခင္း၊ အူမႀကီး ပံုမွန္ထက္ အဆမတန္က်ယ္ျခင္း၊ စအိုကြၽံျခင္း၊ ဝမ္းညႇစ္ႂကြက္သား အားနည္းျခင္း၊ စိတ္က်ေရာဂါ၊ ဝမ္းကိုပံုမွန္ မသြားဘဲ ခ်ဳပ္တည္းထားျခင္းတို႔ ျဖစ္တယ္။

ဝမ္းခ်ဳပ္ျခင္းေရာဂါ ရွိ၊ မရွိ စမ္းသပ္ စစ္ေဆးရပါမယ္။ ပံုမွန္ဝမ္းေဆး စမ္းသပ္မႈမွာ ဝမ္းသြားလမ္းေၾကာင္း ေဆးစစ္ျခင္း၊ ေသြးစစ္ေဆးျခင္း၊ ယူရီးယားနဲ႔ ဓာတ္ဆားမ်ား စစ္ေဆးျခင္း၊ အျခားစမ္းသပ္မႈမ်ား ပါဝင္တယ္။

အူလမ္းေၾကာင္း ေဆးသြင္း႐ိုက္ျခင္း၊ အူလမ္းေၾကာင္း၊ အစာအိမ္လမ္းေၾကာင္း မွန္ေျပာင္းၾကည့္ျခင္း၊ စအိုဝအသားစယူကာ စစ္ေဆးျခင္း၊ အူလမ္းေၾကာင္း ျဖတ္သန္းခ်ိန္ တိုင္းတာျခင္း၊ ပူေပါင္းနဲ႔ ေလသြင္းစစ္ေဆးျခင္း၊ အူလမ္းေၾကာင္း ႂကြက္သားစစ္ေဆးျခင္း၊ ဝမ္းခ်ဴ စစ္ေဆးျခင္းတို႔ ျပဳလုပ္ရတယ္။

ကိုယ္အေလးခ်ိန္ သိသိသာသာ က်သြားျခင္း၊ ဝမ္းသြား၍ေသြးပါျခင္း၊ ဝမ္းသြား အားမရျခင္း၊ ဝမ္းက်န္ျခင္း၊ ဗိုက္ေဖာင္းလာျခင္း၊ ဝမ္းသြားလိုက္၊ ခ်ဳပ္လုိက္ျဖစ္ျခင္း၊ ဗိုက္တြင္းအလံုး ေပၚျခင္း၊ ပ်ဳိ႕ျခင္း၊ အန္ျခင္း၊ သာမန္ထက္ ေမာပန္းလာျခင္း၊ ေသြးအားနည္းျခင္း၊ ဗိုက္နာျခင္း၊ မိမိေဆြမ်ဳိးမွာ အူမႀကီး ကင္ဆာျဖစ္သူမ်ား ရွိပါက ဆရာဝန္နဲ႔ ျပသေဆြးေႏြး တိုင္ပင္သင့္ပါတယ္။

ကုသနည္းမ်ား အေနနဲ႔ အေထြေထြ ကုသနည္းျဖစ္တဲ့ အမွ်င္ဓာတ္ မ်ားမ်ားပါတဲ့ သီးႏွံနဲ႔ ဟင္းသီးဟင္းရြက္ မ်ားမ်ားစားရမယ္။ ေရ၊ ေဖ်ာ္ရည္နဲ႔ အခ်ဳိရည္မ်ားမ်ား ေသာက္ေပးရမယ္။

တစ္ေန႔မွာ ေရသန္႔သံုးဘူး (သံုးလီတာ) ေသာက္ေပးရမယ္။ လက္ဖက္ရည္၊ ေကာ္ဖီ၊ ေဆးလိပ္၊ ကြမ္း ေရွာင္သင့္တယ္။ ေန႔စဥ္ ကိုယ္လက္လႈပ္ရွားမႈ တစ္နာရီ၊ အေျပး၊ လမ္းေလွ်ာက္၊ စက္ဘီးစီး၊ ေရကူးမွန္မွန္ လုပ္ေပးသင့္တယ္။

အမွ်င္ဓာတ္ပါတဲ့ ေဆးေတြ တြဲဖက္ေသာက္ႏိုင္တယ္။ ဝမ္းခ်ဳပ္ျခင္း ျဖစ္ေစတဲ့ အျခား ေရာဂါေတြကို ဦးစြာကုသၿပီး ဝမ္းခ်ဳပ္ေစတဲ့ ေဆးေတြ၊ ဝမ္းႏုတ္ေဆးေတြကို ေရွာင္ရွားရပါမယ္။

ဝမ္းပံုမွန္သြားေစဖို႔ မနက္တိုင္း ပံုမွန္အိမ္သာဝင္တဲ့ အက်င့္လုပ္ၿပီး ဝမ္းသြားသင့္တယ္။ ေဆးဝါးႏွင့္ ကုသျခင္း အပိုင္းမွာ ဝမ္းသြားလြယ္ေစတဲ့ေဆး၊ ေပြးကိုင္းပါေဆး၊ အမ္အိုအမ္ မဂၢနီယမ္ေဆး၊ ဒီလပ္ဝမ္းႏုတ္ေဆး တစ္လံုးမွ ေလးလံုးအထိ စားေပးရင္ ဝမ္းသြားေစတယ္။

ဝမ္းေပ်ာ့ေဆးမ်ား ဥပမာ-ေအာ့စမိုဝင္း စားေပးႏိုင္တယ္။ ခြဲစိတ္ကုသျခင္း အပုိင္းမွာ အူလမ္းေၾကာင္းပိတ္ျခင္း၊ အူမႀကီး ကင္ဆာျဖစ္ျခင္းတို႔မွာ ခြဲစိတ္ကုသမႈ ခံယူဖို႔လိုတယ္။

ဝမ္းႏုတ္ေဆးရဲ႕ဆိုးက်ဳိးက ဝမ္းႏုတ္ေဆး ၾကာရွည္သံုးစြဲရင္ ခႏၶာကိုယ္အတြင္း ပိုတက္စီယမ္ ေလ်ာ့နည္းတာေၾကာင့္ ႂကြက္တက္ျခင္း၊ အားနည္းျခင္း၊ ေမာပန္းလြယ္ျခင္း၊ ႏွလံုးခုန္ မမွန္ျခင္းျဖစ္တယ္။

အူလမ္းေၾကာင္း ႂကြက္သားေတြ ညႇစ္အားေလ်ာ့ကာ ဝမ္းႏုတ္ေဆးမစားပါက ပံုမွန္ဝမ္းမသြား ေတာ့ပါ။ ႏွစ္ရွည္လမ်ား ဝမ္းႏုတ္ေဆး သံုးစြဲသူေတြရဲ႕ အူမႀကီး အေျမႇးပါး အေရာင္ေျပာင္းကာ မူလအေရာင္ အမည္းေရာင္ သို႔မဟုတ္ အညိဳေရာင္ ေျပာင္းႏိုင္တယ္။

အခ်ဳိ႕ဝမ္းႏုတ္ေဆးက ကိုယ္ဝန္ေဆာင္စဥ္ မေသာက္သင့္ပါ။ ေဆးအခ်ဳိ႕က ဗိုက္နာျခင္း၊ ေလပြျခင္း၊ ေလမလည္ျခင္း ျဖစ္တတ္တယ္။

အျခားေဆးနဲ႔ တြဲစားရင္ အာနိသင္ေလ်ာ့တယ္။ ဝမ္းခ်ဳပ္ျခင္းဟာ အစားအေသာက္ ပံုမမွန္ျခင္း၊ ေရေသာက္နည္းျခင္း၊ ဝမ္းကိုအက်င့္လုပ္ၿပီး မသြားျခင္း၊ အူလမ္းေၾကာင္း လႈပ္ရွားမႈ မမွန္ျခင္းနဲ႔ ကိုယ္လက္လႈပ္ရွားမႈ နည္းျခင္းတို႔ေၾကာင့္ ျဖစ္တယ္။

ဝမ္းခ်ဳပ္ျခင္းဟာ အူမႀကီးကင္ဆာနဲ႔ အျခားအေရးႀကီး လကၡဏာေတြရဲ႕ ေရွ႕ေျပးလကၡဏာ ျဖစ္ေနတယ္။ မလိုဘဲ ဝမ္းႏုတ္ေဆး မစားသင့္ပါ။

အူမႀကီး လမ္းေၾကာင္းပိတ္ၿပီး ဝမ္းခ်ဳပ္သူမွာ ဝမ္းႏုတ္ေဆးေၾကာင့္အူေပါက္ျခင္း၊ ေရာဂါပိုဆိုးျခင္း၊ အေရးေပၚ ခြဲစိတ္ရျခင္းတို႔ ျဖစ္ႏိုင္တယ္။

လိပ္ေခါင္းေၾကာင့္ စအိုမွ ေသြးဆင္းသူမ်ား ဝမ္းခ်ဳပ္ရာမွာ ညႇစ္ရရင္ ရင္ဘတ္ေအာင့္တတ္တဲ့ ႏွလံုးေသြးေၾကာက်ဥ္း လူနာနဲ႔ ဝမ္းခ်ဳပ္သူေတြ ေဆးေသာက္ပါ။

Credit : ေဒါက္တာလြင္မင္းသန္႔
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဝမ်းချုပ်ခြင်းဆိုတာ သာမန်နေ့စဉ် ဝမ်းသွားသင့်တဲ့ ပမာဏထက်နည်းပြီး၊ မှန်မှန်သွား တာထက်နည်းပြီး ဝမ်းသွားသင့်လျက် မသွားခြင်းကိုဆိုတယ်။

ဝမ်းချုပ်ခြင်းဟာ လူတစ်ဦးချင်း နေ့စဉ်ဝမ်းသွား ပမာဏနဲ့ အလေ့အကျင့်ပေါ် မူတည်တယ်။ ကျန်းမာတဲ့ လူတစ်ယောက်ဟာ တစ်ရက်တစ်ကြိမ်သွားတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှလေးအောင်စခန့် ဝမ်းသွားတယ်။

အစာစားပြီး သုံးနာရီမှ ၁၅ မိနစ်အတွင်း အူသိမ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ စုပ်ယူပြီးနောက် ကျန်အစာဟောင်းနဲ့ အချွဲတွေက ခြောက်ပေခန့်ရှည်တဲ့ အူမကြီးအတွင်း ရောက်ရှိလာတယ်။

ယင်းတို့မှ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်ကို ပြန်လည်စုပ်ယူလေ့ ရှိတယ်။ အူသိမ်အတွင်းရှိ အစာဟာ ပိုးမွှားအတော်အသင့် ကင်းစင်ပေမယ့် အူမကြီးထဲမှာ လူကိုအန္တရာယ် မပြုတဲ့အပြင် ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် ဗီတာမင်ဓာတ်တွေ ထုတ်ပေးတဲ့ ပိုးမွှားတွေရှိတယ်။

အူမကြီးအတွင်း လေးနာရီမှ ငါးနာရီအတွင်း ကြာပြီးနောက် အစာတို့ဟာ အစာဟောင်းအဖြစ် အစာဟောင်းအိမ်အတွင်း ဝင်ရောက်လာတယ်။

ယင်းအစာ ဟောင်းတွေ အစာဟောင်း အိမ်အတွင်း ပြည့်လာတဲ့အခါ အစာဟောင်း အိမ်နံရံရှိ အာရုံကြောတွေက ကျောရိုး အာရုံကြောမကြီးက တစ်ဆင့် ဦးနှောက်ကို သတင်းပို့တယ်။

ဦးနှောက်က ပြန်ပြီးဝမ်းသာစေဖို့ လှုံ့ဆော်မှုကို အာရုံကြောမကြီးနဲ့ အာရုံကြောငယ်လေးက တစ်ဆင့် သက်ဆိုင်ရာ ကြွက်သားတွေထံ ပို့လိုက်တယ်။

အစာဟောင်း အိမ်နံရံရှိ ကြွက်သားတွေက ကျုံ့၍ ၎င်းစအိုပတ်လည်ရှိ အတွင်းအပြင် ကြွက်သားများဆန့်၍ ၎င်းဝမ်းဗိုက်ရှိ ကြွက်သားတွေနဲ့ ရင်ခေါင်းကန့်လန့်ဖြတ် ကြွက်သားတို့က ကျုံ့၍ဝမ်းသွားခြင်း ဖြစ်စေတယ်။

ဝမ်းချုပ်ခြင်းဖြစ်ရတဲ့ အကြောင်းရင်းမှာ ဆေးဝါးများ၊ ကိုယ်တွင်းရောဂါများ၊ အခြား အကြောင်းရင်းများ၊ အဓိက အကြောင်းရင်းတို့ ပါဝင်ပြီး အူလမ်းကြောင်း ပိတ်ဆို့ခြင်းနဲ့ အူလမ်းကြောင်း မပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်းတို့ တွေ့ရှိရတယ်။

အဓိက အကြောင်းရင်းမှာ ဆေးဝါးများ ဆိုရာမှာ အလူမီနီ ယမ်ပါတဲ့ အစာအိမ်ဆေး၊ ကိုဒင်းပါတဲ့ အကိုက်အခဲဆေး၊ သံဓာတ်ပါတဲ့ဆေး၊ သွေးတိုးဆေး၊ မူးယစ်ဆေးဝါး၊ ဘိန်းအနွယ်ဝင် ဆေးများပါဝင်ကြတယ်။

ကိုယ်တွင်းရောဂါများမှာ ဆီးချိုရောဂါ၊ ကျောက်ကပ် အားနည်းရောဂါ၊ ပိုတက်စီယမ်ဓာတ် နည်းခြင်း၊ ကယ်လ်စီယမ်များခြင်း၊ သိုင်းရွိုက်ဂလင်း အားနည်းရောဂါ၊ ကိုယ်ဝန်ရှိခြင်းတို့ ပါဝင်ပြီး အခြားအကြောင်းရင်း ထဲမှာ အစားအသောက် လွဲမှားခြင်း၊ အသီးအနှံ၊ အသီးအရွက်၊ အမျှင်ဓာတ်များ မစားခြင်း၊ ဝမ်းသွားအကျင့် မမှန်ခြင်း၊ အသက်ကြီးသူများ၊ ကာလကြာရှည် အိပ်ရာထဲ လဲနေသူများ၊ အချိန်ကြာမြင့်စွာ ကား၊ ရထား၊ လေယာဉ်စီးသူများ ပါဝင်တယ်။

အူလမ်းကြောင်း ပိတ်ဆို့ခြင်း ဆိုရာမှာ အူမကြီးကင်ဆာ၊ အူခေါက်ခြင်း၊ စအိုဝကျဉ်းခြင်း၊ နာတာရှည် အူမကြီးရောင်ခြင်း၊ သွေးလည်ပတ်မှု နည်းခြင်းတို့ ပါဝင်ပြီး အူလမ်းကြောင်း မပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်းမှာ အူလမ်းကြောင်း လှုပ်ရှားမှု ပုံမမှန်ခြင်း၊ အူမကြီး ပုံမှန်ထက် အဆမတန်ကျယ်ခြင်း၊ စအိုကျွံခြင်း၊ ဝမ်းညှစ်ကြွက်သား အားနည်းခြင်း၊ စိတ်ကျရောဂါ၊ ဝမ်းကိုပုံမှန် မသွားဘဲ ချုပ်တည်းထားခြင်းတို့ ဖြစ်တယ်။

ဝမ်းချုပ်ခြင်းရောဂါ ရှိ၊ မရှိ စမ်းသပ် စစ်ဆေးရပါမယ်။ ပုံမှန်ဝမ်းဆေး စမ်းသပ်မှုမှာ ဝမ်းသွားလမ်းကြောင်း ဆေးစစ်ခြင်း၊ သွေးစစ်ဆေးခြင်း၊ ယူရီးယားနဲ့ ဓာတ်ဆားများ စစ်ဆေးခြင်း၊ အခြားစမ်းသပ်မှုများ ပါဝင်တယ်။

အူလမ်းကြောင်း ဆေးသွင်းရိုက်ခြင်း၊ အူလမ်းကြောင်း၊ အစာအိမ်လမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း၊ စအိုဝအသားစယူကာ စစ်ဆေးခြင်း၊ အူလမ်းကြောင်း ဖြတ်သန်းချိန် တိုင်းတာခြင်း၊ ပူပေါင်းနဲ့ လေသွင်းစစ်ဆေးခြင်း၊ အူလမ်းကြောင်း ကြွက်သားစစ်ဆေးခြင်း၊ ဝမ်းချူ စစ်ဆေးခြင်းတို့ ပြုလုပ်ရတယ်။

ကိုယ်အလေးချိန် သိသိသာသာ ကျသွားခြင်း၊ ဝမ်းသွား၍သွေးပါခြင်း၊ ဝမ်းသွား အားမရခြင်း၊ ဝမ်းကျန်ခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ ဝမ်းသွားလိုက်၊ ချုပ်လိုက်ဖြစ်ခြင်း၊ ဗိုက်တွင်းအလုံး ပေါ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ သာမန်ထက် မောပန်းလာခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်နာခြင်း၊ မိမိဆွေမျိုးမှာ အူမကြီး ကင်ဆာဖြစ်သူများ ရှိပါက ဆရာဝန်နဲ့ ပြသဆွေးနွေး တိုင်ပင်သင့်ပါတယ်။

ကုသနည်းများ အနေနဲ့ အထွေထွေ ကုသနည်းဖြစ်တဲ့ အမျှင်ဓာတ် များများပါတဲ့ သီးနှံနဲ့ ဟင်းသီးဟင်းရွက် များများစားရမယ်။ ရေ၊ ဖျော်ရည်နဲ့ အချိုရည်များများ သောက်ပေးရမယ်။

တစ်နေ့မှာ ရေသန့်သုံးဘူး (သုံးလီတာ) သောက်ပေးရမယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်း ရှောင်သင့်တယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု တစ်နာရီ၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးမှန်မှန် လုပ်ပေးသင့်တယ်။

အမျှင်ဓာတ်ပါတဲ့ ဆေးတွေ တွဲဖက်သောက်နိုင်တယ်။ ဝမ်းချုပ်ခြင်း ဖြစ်စေတဲ့ အခြား ရောဂါတွေကို ဦးစွာကုသပြီး ဝမ်းချုပ်စေတဲ့ ဆေးတွေ၊ ဝမ်းနုတ်ဆေးတွေကို ရှောင်ရှားရပါမယ်။

ဝမ်းပုံမှန်သွားစေဖို့ မနက်တိုင်း ပုံမှန်အိမ်သာဝင်တဲ့ အကျင့်လုပ်ပြီး ဝမ်းသွားသင့်တယ်။ ဆေးဝါးနှင့် ကုသခြင်း အပိုင်းမှာ ဝမ်းသွားလွယ်စေတဲ့ဆေး၊ ပွေးကိုင်းပါဆေး၊ အမ်အိုအမ် မဂ္ဂနီယမ်ဆေး၊ ဒီလပ်ဝမ်းနုတ်ဆေး တစ်လုံးမှ လေးလုံးအထိ စားပေးရင် ဝမ်းသွားစေတယ်။

ဝမ်းပျော့ဆေးများ ဥပမာ-အော့စမိုဝင်း စားပေးနိုင်တယ်။ ခွဲစိတ်ကုသခြင်း အပိုင်းမှာ အူလမ်းကြောင်းပိတ်ခြင်း၊ အူမကြီး ကင်ဆာဖြစ်ခြင်းတို့မှာ ခွဲစိတ်ကုသမှု ခံယူဖို့လိုတယ်။

ဝမ်းနုတ်ဆေးရဲ့ဆိုးကျိုးက ဝမ်းနုတ်ဆေး ကြာရှည်သုံးစွဲရင် ခန္ဓာကိုယ်အတွင်း ပိုတက်စီယမ် လျော့နည်းတာကြောင့် ကြွက်တက်ခြင်း၊ အားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ နှလုံးခုန် မမှန်ခြင်းဖြစ်တယ်။

အူလမ်းကြောင်း ကြွက်သားတွေ ညှစ်အားလျော့ကာ ဝမ်းနုတ်ဆေးမစားပါက ပုံမှန်ဝမ်းမသွား တော့ပါ။ နှစ်ရှည်လများ ဝမ်းနုတ်ဆေး သုံးစွဲသူတွေရဲ့ အူမကြီး အမြှေးပါး အရောင်ပြောင်းကာ မူလအရောင် အမည်းရောင် သို့မဟုတ် အညိုရောင် ပြောင်းနိုင်တယ်။

အချို့ဝမ်းနုတ်ဆေးက ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်ပါ။ ဆေးအချို့က ဗိုက်နာခြင်း၊ လေပွခြင်း၊ လေမလည်ခြင်း ဖြစ်တတ်တယ်။

အခြားဆေးနဲ့ တွဲစားရင် အာနိသင်လျော့တယ်။ ဝမ်းချုပ်ခြင်းဟာ အစားအသောက် ပုံမမှန်ခြင်း၊ ရေသောက်နည်းခြင်း၊ ဝမ်းကိုအကျင့်လုပ်ပြီး မသွားခြင်း၊ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းတို့ကြောင့် ဖြစ်တယ်။

ဝမ်းချုပ်ခြင်းဟာ အူမကြီးကင်ဆာနဲ့ အခြားအရေးကြီး လက္ခဏာတွေရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နေတယ်။ မလိုဘဲ ဝမ်းနုတ်ဆေး မစားသင့်ပါ။

အူမကြီး လမ်းကြောင်းပိတ်ပြီး ဝမ်းချုပ်သူမှာ ဝမ်းနုတ်ဆေးကြောင့်အူပေါက်ခြင်း၊ ရောဂါပိုဆိုးခြင်း၊ အရေးပေါ် ခွဲစိတ်ရခြင်းတို့ ဖြစ်နိုင်တယ်။

လိပ်ခေါင်းကြောင့် စအိုမှ သွေးဆင်းသူများ ဝမ်းချုပ်ရာမှာ ညှစ်ရရင် ရင်ဘတ်အောင့်တတ်တဲ့ နှလုံးသွေးကြောကျဉ်း လူနာနဲ့ ဝမ်းချုပ်သူတွေ ဆေးသောက်ပါ။

Credit : ဒေါက်တာလွင်မင်းသန့်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top