iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Mystyle
လှပတဲ့အသားအရေမျိူးကို ရရှိပိုင်ဆိုင်ဖို့ဆိုတာ Skin Care တွေ၊ အလှပြင်ပစ္စည်းတွေပဲ သုံးနေလို့လည်းမရပါဘူး။ လိုက်နာသင့်တာတွေ၊ ရှောင်သင့်တာတွေကို လိုက်မလုပ်နေဘူးဆိုရင်လည်း ဘယ်လောက်ပဲ ငွေကုန်ကြေးကျခံပြီး အလှတွေပြင်နေပါစေ လှပတဲ့အသားအရေမျိုးကို ရရှိလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်လေးတွေကိုလည်း လိုက်နာသင့်ပြီနော်။
မိတ်ကပ်တွေကိုသေချာဖျက်ပေးပါ
တော်တော်များများက မိတ်ကပ်လိမ်းတဲ့အခါမှာတော့ မပျင်းပဲလိမ်းကြပေမယ့် မိတ်ကပ်ဖျက်ဖို့ကြတော့ ပျင်းရိနေတတ်ပါတယ်။ ဘယ်လောက်ပဲပင်ပန်းနေပါစေ မိတ်ကပ်တွေကိုသေချာပြောင်စင်အောင် ဖျက်ပြီးမှအိပ်ရာဝင်တာက အသားအရေအတွက်လည်း ကောင်းပြီး ဝက်ခြံဖြစ်တာတွေကိုလည်း လျော့နည်းစေမှာပဲဖြစ်ပါတယ်။
ရေဓာတ်ပြည့်ဝအောင်နေထိုင်ပါ
ရေများများသောက်ပေးတာက အသားအရေအတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်။ ခန္ဓာကိုယ်မှာရေဓာတ်ကောင်းကောင်းပြည့်ဝနေမှလည်း အသားအရေကိုကြည်လင်တောက်ပစေပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ပြေလျော့စေမှာပဲဖြစ်ပါတယ်။
အရက်သောက်တာတွေကိုရှောင်ပါ
အရက်သောက်တာက ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အပြင် အသားအရေအတွက်လည်း မကောင်းတဲ့အရာတွေကိုပဲဖြစ်လာစေနိုင်ပါတယ်။ အသားအရေကို ခြောက်သွေ့တာတွေဖြစ်လာစေနိုင်ပြီး ပျက်စီးစေနိုင်တာကြောင့် အရက်သောက်တာတွေကိုလည်း ရှောင်နိုင်သလောက်ရှောင်ပါ။
အပြင်သွားခါနီးနေလောင်ခံခရင်မ်လိမ်းပေးပါ
အပြင်သွားတော့မယ်ဆိုရင် နေရောင်ခြည်ဒဏ်ကိုခံရနိုင်တာကြောင့် အသားအရေပျက်စီးမှုတွေ မဖြစ်ရလေအောင် အပြင်မသွားခင်မှာ နေလောင်ခံခရင်မ်တွေကို မဖြစ်မနေလိမ်းပေးသင့်ပါတယ်။ ဒါမှလည်း သင့်အသားအရေကို ကောင်းမွန်တဲ့အရာမျိုးတွေပဲ ဖြစ်လာစေမှာပဲဖြစ်ပါတယ်။
Photo Source: Shutterstock
Credit : Mystyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top