ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

က်ေနာ္တို႔ ျမန္မာႏိုင္ငံသူ/သားမ်ားဟာ ဒညင္းသီး ကို ႏွစ္ၿခိဳက္စြာပဲ စားသံုးၾကပါတယ္။ အထက္ ပုိင္းေဒ သေတြ နဲ႔ အခ်ိဳ႕နယ္မ်ားမွာဆို ပိုလို႔ေတာင္ စားသံုးၾကတာပါ။ ဒညင္းသီး အေၾကာင္း ေဆာင္း ပါးအတုိေလး တပုဒ္ကုိ ဖတ္မိသျဖင့္ က်ေနာ္လဲ က်ေနာ္ ႀကံဳခဲ့ဖူးသမွ်ကုိ မွ်ေဝခ်င္ သိေစခ်င္ တာေၾကာင့္ ဒီေဆာင္းပါးေလး ကို ေရးျဖစ္လုိက္ တာပါ။ ဘယ္အရာမဆို ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳး ဆိုိတာေတာ့ ရွိစၿမဲပဲေလ။ ဒညင္းသီးဟာ ဆိုရင္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးက ပိုၿပီး မ်ားေန တယ္ ဆိုတာကုိ ႀကံဳခဲ့ရ ခံခဲ့ရတာေတြက သက္ေသ လုိ ျဖစ္ေနပါတယ္။

က်ေနာ္ ဖတ္လုိက္ရတဲ့ ေဆာင္းပါးတုိေလးထဲမွာ- တညင္းသီးမွာ ပါတဲ့ အဆိပ္ဟာ ၀.၃ % ကေန ၁.၃% အထိ ပါဝင္ပါတယ္။ ေက်ာက္ကပ္၂.ခု စလံုးကို ပ်က္စီးေစၿပီး အသက္ကိုပါ ေသေစႏိုင္တဲ့ အထိေတာင္ ျဖစ္ ပြားႏိုင္ပါတယ္။ ဒညင္းသီးရဲ႕အဆိပ္ဟာ ေရထဲမွာေတာင္ အနည္းငယ္ ေပ်ာ္ဝင္ေစႏိုင္တဲ့ အဆိပ္ျဖစ္ ပါတယ္။ ဒါေၾကာင့္ ေရနဲ႔ျပဳတ္ရင္ တႀကိမ္တည္းနဲ႔ မလံုေလာက္ပဲ အနည္းဆုံး ၃.ႀကိမ္ကေန ၅.ႀကိမ္ အထိ ေရမ်ားမ်ားနဲ႔ ျပဳတ္ရပါမယ္။ ျပဳတ္ၿပီးတဲ့ ေရကို သြန္ၿပီး ေနာက္ထပ္ ေရအသစ္နဲ႔ ထပ္ျပဳတ္ရပါမယ္။

ေရဆူမွတ္ ၁၀၀’C သာ ရွိတာေၾကာင့္ မီးဖုတ္စားရင္ အဆိပ္ဓာတ္ကို မျပယ္ေစႏိုင္ပါဘူး။ ၁၀၀%ကေတာ့ ဒုကၡေပးပါတယ္။ ဒညင္းသီးစားရင္ ဆားရည္မွာ ၾကာၾကာစိမ္စားရင္ေတာ့ အဆိပ္ကို ေလွ်ာ့ေစႏိုင္ပါတယ္။ ကဲ…ဘယ္လိုပဲ ျဖစ္ျဖစ္ ဒညင္းသီးကို ေလွ်ာ့စားတာ အေကာင္းဆံုးပဲ ျဖစ္ပါတယ္။ လို႔ ေရးတဲ့သူက ဆုိထားပါတယ္။

ဒီစာေလးကို ဖတ္မိၿပီး က်ေနာ္လဲ အသိေပး မွ်ေဝခ်င္လာတဲ့အတြက္ က်န္းမာေရးဗဟုသုတ ရွာလိုသူမ်ား အတြက္ ဆင္ျခင္ႏိုင္မယ့္ အသိေလးတခု ရသြားရင္ပဲ က်န္းမာေရး ကုသုိလ္တမ်ိဳး ရၿပီလုိ႔ ရည္ရြယ္လုိ ရင္းျဖစ္ပါတယ္။ က်ေနာ္ဆုိရင္ ငယ္စဥ္ထဲက ဆီးလဲ သိပ္မေကာင္းပါဘူး။ ဒါေပမဲ့ ငရုပ္သီးစိမ္းခ်က္နဲ႔ အတို႔အျမွဳတ္ အားလုံးနဲ႔ ဒညင္းသီးကုိလည္း အေသႀကိဳက္တာပါ။ ဘယ္ေလာက္အထိ ႀကိဳက္သလုိဆိုရင္ ငယ္စဥ္က ဒညင္းသီးအလုံးအေသးဆိုရင္ တလုံးကုိ ထမင္းတလုပ္ပဲ စားပစ္တာပါ။ ေနာက္တခါ ဒီလုိစားလို႔ အားမရေသးပဲ ဒညင္းသီးကုိ ႏူးၿပီး စီးေနေအာင္ျပဳတ္ၿပီး ပါးပါးလွီး၍ ၾကက္သြန္နဲ႔ အသုတ္လုိ သုတ္စားတဲ့ အထိ စားခဲ့တာ။

နည္းနည္းႀကီးလာေတာ့ မႏၱေလးမွာ ျမစ္ႀကီးနားဘက္က လာတဲ့ ဒညင္းသီး အလုံးလွလွ
အႀကီးႀကီးမ်ားကိုလည္း တျခမ္းကုိ တလုပ္ပဲစားပစ္တာ။ ခရမ္းခ်ဥ္သီး ငါးပိခ်က္နဲ႔ေပါ့။ ငါးပိခ်က္ကုိလည္း ငရုပ္သီးက ရဲသလဲေနၿပီး ပူစပ္ေနေအာင္ ခ်က္ထားမွ ႀကိဳက္တာေလ။ အဲဒီလုိ ခ်က္ထားတာေတာင္ အားမရပဲ တခါတေလ အေတာင့္လုိက္ ကုိက္စားပစ္ေသးတာ။

အဲဒီလုိ စားလာရင္း မၾကာပါဘူး။ ဆီးေအာင့္လာၿပီး ဆီးသြားရင္ ေသြးေတြ အတန္းလုိက္ပါ လာပါေရာ။ ဆီးေဆးေလးေသာက္ရင္ သက္သာသလုိ ရိွေပမယ့္ အစားကေတာ့ မပ်က္ခဲ့ဘူး။ ငယ္ေသးေတာ့ ဘာ့ေၾကာင့္ရယ္လုိ႔ မစဥ္းစားေသးဘူးေပါ့။ ငရုပ္သီး အစားမ်ားလို႔ ငရုပ္သီး ေၾကာင့္တခုပဲ ေတြးမိခဲ့တာ။ ငရုပ္သီးကိုေတာ့ နည္းနည္းေလ်ာ့စားခဲ့တယ္။ ဒညင္းသီးကုိ အစားမပ်က္ခဲ့ဘူး။

တေန႔မွာ လဘက္ရည္ေသာက္ေနရင္း ခါးပုိင္းကေန မီးပူနဲ႔ ထိုးသလုိ ထုိးေအာင့္လာၿပီး ဘယ္လုိမွ မခံ မရပ္ႏိုင္ျဖစ္လာလို႔ ေဆးခန္းကို ေျပးတယ္။ ဆရာဝန္က ေဆးထုိးေပးေပမယ့္ ေအာင့္တာက မသက္ သာဘူး။ လူးလိွမ့္ ခံရတာ။ မီးပူနဲ႔ထုိးသလုိပါပဲ။ အဲဒါနဲ႔ ေဆးခန္းက ျပန္လာရင္း မခံႏိုင္တာနဲ႔ လမ္းက ပဲ ေဆးရုံကုိ ဆက္သြားခဲ့ရတယ္။ ေဆးရုံေရာက္လုိ႔ နာ့စ္ေယာက်္ား (ကိုေမာင္ေမာင္)ဆုိသူက လူးလိွမ့္ေအာ္ဟစ္ေနတာကို ျမင္ေတာ့ ဗာရာဂ်င္ ဆုိတဲ့ ေဆးတလုံး ထိုးေပးလုိက္ေတာ့မွ ၁၅.မိနစ္ေလာက္ အၾကာမွာ သက္သာသြားတယ္။ သူကေတာ့ ေျပာပါတယ္။ ဒီေဆးက ခဏခဏထုိးလုိ႔ မေကာင္းဘူး။ ပူစပ္တဲ့ အစားအစာနဲ႔ ဒညင္းသီး ေလ်ာ့စားဖို႔ပဲ မွာလုိက္တယ္။ ဆီးနဲ႔ေက်ာက္ကပ္ ပါရဂူႀကီး ေျပာတာ ကေတာ့ ေက်ာက္ကပ္ေရာင္တာတဲ့ေလ။

အဲဒီမွာ အသိတခု ထပ္ရလိုက္တာက ေက်ာက္ကပ္ေရာင္တဲ့အေၾကာင္းကို အသိဘုန္းႀကီး တပါးက သိသြားတဲ့အခါမွာ “ေအး မင္း အဲဒါဆုိရင္ ေနာက္ကုိ ေရခဲေရ ေအးေနတာကို ဘယ္ေတာ့မွ မေသာက္ နဲ႔ ေသာက္ရင္ေတာ့ မင္းအသက္ ရွည္မွာမဟုတ္ဘူး”လို႔ ေျပာလုိက္တယ္။ အဲဒါကို သိပ္မယုံလို႔ ေရ ခဲေရ ေသာက္ၾကည့္တယ္။ သိပ္ေအးတဲ့ အခ်ိဳရည္မ်ားကုိလဲ ေသာက္ၾကည့္တယ္။ သူေျပာတာ မွန္ တယ္။ ေအးတဲ့ေရကုိ ေသာက္လုိက္မိတာနဲ႔ ခါးက ေအာင့္လာတာပဲ။ အဲဒီထဲက ေအးတဲ့ေရကုိ ထပ္ေရွာင္ေနလိုက္ရျပန္တယ္။

အဲဒီလုိ အသိနဲ႔ပဲ ၾသစေတးလ်မွာေနတဲ့ အသိ အန္တီႀကီး တေယာက္ရဲ႕ သားမွာ ေက်ာက္ကပ္ ေရာဂါျဖစ္ေနလို႔ ေက်ာက္ကပ္ေဆးရမယ္ ေျပာလို႔ မေဆးဖို႔ အေၾကာင္းနဲ႔ ေအး တဲ့ေရမ်ားကို မေသာက္ဖို႔ အတန္တန္ မွာလုိက္လ်က္နဲ႔ သူ႔သားက ဆရာဝန္ဆုိေတာ့ ဒါေတြကုိ လက္မခံ ဘူး လားမသိဘူး။ ေရခဲေသတၱာထဲက ေရမွ ေသာက္ေနက်လဲ ျဖစ္ေန၊ ေက်ာက္ကပ္ကုိလဲ ေဆးလုိက္တဲ့ အခါမွာ သိပ္မၾကာပါဘူး။ ဆုံးသြားၿပီဆုိတာ ၾကားလုိက္ရတယ္။

ထိုနည္းတူပဲ ေတာနယ္ဘက္က အသိဘုန္းႀကီးတပါးရဲ႕အကို ဦးေလးႀကီးတဦး ဆုိရင္လဲ စာေရးသူကုိ သူက ဒညင္းသီး အဝယ္ခုိင္းလို႔ သုံးပိႆာ ဝယ္ေပးလုိက္တာ။ အဲဒီ ဒညင္းသီး သုံးပိႆာကို အျခား ညီအ ကုိေမာင္ႏွမ ႏွစ္အိမ္ကို ဆယ္လုံးစီေလာက္ပဲ ေပးၿပီး သူ႔မိသားစုပဲ စားပစ္လုိက္တာ ေလးငါးရက္နဲ႔ ေျပာင္ သြားတယ္တဲ့။ သူက အမ်ားဆုံး စားတဲ့သူမို႔ သိပ္မၾကာလုိက္ဘူး။ အဲဒီ သန္သန္မာမာ က်န္းမာေနတဲ့ ဦးေလးႀကီးဟာ တလေလာက္အၾကာမွာ ေက်ာက္ကပ္ ပ်က္စီးၿပီး ဆုံးသြားတယ္လို႔ သိရျပန္တယ္။

အဲဒီ ဦးေလးႀကီးရဲ႕တူဆုိရင္လည္း ဒညင္းသီး ဆားရည္စိမ္ကုိ တေန႔ကို ၁၂.လုံးကေန ၁၅. လုံးေလာက္ အထိ စားဖန္မ်ားလာတဲ့အခါမွာ ရင္ထဲမွာ ၾကပ္လာၿပီး ဆုိ႔တစ္တစ္နဲ႔ အသက္ရႉၾကပ္တာ ခဏခဏျဖစ္လို႔ ”ကုိယ့္လူ အသက္ရွည္ခ်င္ရင္ေတာ့ ဒညင္းသီးကုိ အဲဒီလုိ မစားပဲ ေလ်ာ့စားတာ ေကာင္းလိမ့္မယ္လို႔” သတိေပးမွလ်ာ့စားလုိက္လုိ႔ ေနာက္ထပ္ မျဖစ္ေတာ့ပဲ ေကာင္းသြားခဲ့ပါတယ္။ ဒညင္းသီး ဆားရည္စိမ္ရဲ႕ အရည္ကို ေသာက္ရင္ ဆီးက်င္တာ ေပ်ာက္တယ္လို႔ ဆုိၾကေပမယ့္ လူတိုင္းေတာ့ မဟုတ္ပါဘူး။ ဆီးက်င္ တာ ပူတာအတြက္ လြယ္ကူတဲ့ တျခားနည္းေတြ မ်ားစြာပဲရိွပါတယ္။

အဲဒီေတာ့ ဒညင္းသီးရဲ႕ဆုိးက်ိဳးမ်ားဟာ အင္မတန္မွ ေၾကာက္စရာေကာင္းတာ အမွန္ပါပဲ။ တေန႔ကို ေလးငါး လုံးမွ် သာမန္ စားရုံနဲ႔တင္ ဆီးသြား ဝမ္းသြားတဲ့အခါမ်ိဳးနဲ႔ ေခၽြးနံ႔မ်ားပင္ အနံ႔က အေတာ္ေလး ဆုိးဝါးလြန္း တယ္ ဆုိတာ စားဖူးသူတုိင္း သိၾကမည္ထင္ပါသည္။ ဒညင္းသီးနဲ႔ ငရုပ္သီးက ထမင္းၿမိန္တာကေတာ့ အမွန္ပင္ျဖစ္သည္။ ေကာင္းက်ိဳးထက္ ဆုိးက်ိဳးကို ေပးတာကလည္း အမွန္ပင္ျဖစ္ပါသည္။ ျဖစ္ႏုိင္ရင္ေတာ့ အတတ္ႏိုင္ဆုံး ေလ်ာ့စားတာက ေကာင္းပါမည္။ အသက္ကုိ ဉာဏ္ေစာင့္ဆုိသလုိေပါ့။ စာေရးသူကေတာ့ ဒညင္းသီးကုိ လုံးဝ မစားျဖစ္ေတာ့ေပမယ့္ ငရုပ္သီးကုိေတာ့ အနည္းငယ္ စားေနဆဲပင္ျဖစ္သည္။ ဆီးက တမ်ိဳးျဖစ္လာရင္တာ့ ျမန္မာဆီးေဆးကုိ ႀကိဳေသာက္ထားလုိက္ပါသည္။

အဲဒီက စၿပီး ေရာဂါေတြျဖစ္ေနလို႔ ေဆးလုိက္ရွာေဖြရင္း ကုိယ္တုိင္ပင္ ေဆးဆရာလို ျဖစ္ခဲ့ရ သည္။ အဘိဓမၼာေတာင္သာ ဆရာႀကီး ဦးၾကည္ဆီမွာလဲ သင္တန္းတက္ျဖစ္သြားၿပီး ဆရာႀကီးနဲ႔ က်န္းမာေရး အေၾကာင္း ေဆြးေႏြးျဖစ္ခဲ့လုိ႔ ဆရာႀကီးကုိယ္တုိင္ သင္တန္းဆင္း လက္မွတ္ ေပးအပ္တာကုိ ရယူခဲ့သလုိပဲ။ အဂၤလိပ္ေဆးမ်ားကုိလည္း ေလ့လာခ်င္တဲ့အတြက္ သူနာျပဳသင္တန္းမ်ားကိုပါ တက္ျဖစ္သြားခဲ့သည္။ အဓိက ကေတာ့ ေဆးအေၾကာင္းမ်ားနဲ႔ ဘယ္ေရာဂါျဖစ္လာရင္ ဘယ္လုိ ႀကိဳတင္ကာကြယ္ ရမယ္ဆုိ တာကို သိထားခ်င္တဲ့အတြက္ပဲ ျဖစ္ပါသည္။

စာရႈသူမ်ားလည္း က်န္းမာေရးအသိမ်ား တုိးပြားၿပီး ခ်မ္းသာစြာနဲ႔ အသက္ရွည္ႏိုင္ၾကပါေစလုိ႔ ဆႏၵျပဳလုိက္ ပါသည္။

Credit : (ေႏြႏွင္းမုိး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျနော်တို့ မြန်မာနိုင်ငံသူ/သားများဟာ ဒညင်းသီး ကို နှစ်ခြိုက်စွာပဲ စားသုံးကြပါတယ်။ အထက် ပိုင်းဒေ သတွေ နဲ့ အချို့နယ်များမှာဆို ပိုလို့တောင် စားသုံးကြတာပါ။ ဒညင်းသီး အကြောင်း ဆောင်း ပါးအတိုလေး တပုဒ်ကို ဖတ်မိသဖြင့် ကျနော်လဲ ကျနော် ကြုံခဲ့ဖူးသမျှကို မျှဝေချင် သိစေချင် တာကြောင့် ဒီဆောင်းပါးလေး ကို ရေးဖြစ်လိုက် တာပါ။ ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုးကျိုး ဆိုတာတော့ ရှိစမြဲပဲလေ။ ဒညင်းသီးဟာ ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုပြီး များနေ တယ် ဆိုတာကို ကြုံခဲ့ရ ခံခဲ့ရတာတွေက သက်သေ လို ဖြစ်နေပါတယ်။

ကျနော် ဖတ်လိုက်ရတဲ့ ဆောင်းပါးတိုလေးထဲမှာ- တညင်းသီးမှာ ပါတဲ့ အဆိပ်ဟာ ဝ.၃ % ကနေ ၁.၃% အထိ ပါဝင်ပါတယ်။ ကျောက်ကပ်၂.ခု စလုံးကို ပျက်စီးစေပြီး အသက်ကိုပါ သေစေနိုင်တဲ့ အထိတောင် ဖြစ် ပွားနိုင်ပါတယ်။ ဒညင်းသီးရဲ့အဆိပ်ဟာ ရေထဲမှာတောင် အနည်းငယ် ပျော်ဝင်စေနိုင်တဲ့ အဆိပ်ဖြစ် ပါတယ်။ ဒါကြောင့် ရေနဲ့ပြုတ်ရင် တကြိမ်တည်းနဲ့ မလုံလောက်ပဲ အနည်းဆုံး ၃.ကြိမ်ကနေ ၅.ကြိမ် အထိ ရေများများနဲ့ ပြုတ်ရပါမယ်။ ပြုတ်ပြီးတဲ့ ရေကို သွန်ပြီး နောက်ထပ် ရေအသစ်နဲ့ ထပ်ပြုတ်ရပါမယ်။

ရေဆူမှတ် ၁၀၀’C သာ ရှိတာကြောင့် မီးဖုတ်စားရင် အဆိပ်ဓာတ်ကို မပြယ်စေနိုင်ပါဘူး။ ၁၀၀%ကတော့ ဒုက္ခပေးပါတယ်။ ဒညင်းသီးစားရင် ဆားရည်မှာ ကြာကြာစိမ်စားရင်တော့ အဆိပ်ကို လျှော့စေနိုင်ပါတယ်။ ကဲ…ဘယ်လိုပဲ ဖြစ်ဖြစ် ဒညင်းသီးကို လျှော့စားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လို့ ရေးတဲ့သူက ဆိုထားပါတယ်။

ဒီစာလေးကို ဖတ်မိပြီး ကျနော်လဲ အသိပေး မျှဝေချင်လာတဲ့အတွက် ကျန်းမာရေးဗဟုသုတ ရှာလိုသူများ အတွက် ဆင်ခြင်နိုင်မယ့် အသိလေးတခု ရသွားရင်ပဲ ကျန်းမာရေး ကုသိုလ်တမျိုး ရပြီလို့ ရည်ရွယ်လို ရင်းဖြစ်ပါတယ်။ ကျနော်ဆိုရင် ငယ်စဉ်ထဲက ဆီးလဲ သိပ်မကောင်းပါဘူး။ ဒါပေမဲ့ ငရုပ်သီးစိမ်းချက်နဲ့ အတို့အမြှုတ် အားလုံးနဲ့ ဒညင်းသီးကိုလည်း အသေကြိုက်တာပါ။ ဘယ်လောက်အထိ ကြိုက်သလိုဆိုရင် ငယ်စဉ်က ဒညင်းသီးအလုံးအသေးဆိုရင် တလုံးကို ထမင်းတလုပ်ပဲ စားပစ်တာပါ။ နောက်တခါ ဒီလိုစားလို့ အားမရသေးပဲ ဒညင်းသီးကို နူးပြီး စီးနေအောင်ပြုတ်ပြီး ပါးပါးလှီး၍ ကြက်သွန်နဲ့ အသုတ်လို သုတ်စားတဲ့ အထိ စားခဲ့တာ။

နည်းနည်းကြီးလာတော့ မန္တလေးမှာ မြစ်ကြီးနားဘက်က လာတဲ့ ဒညင်းသီး အလုံးလှလှ
အကြီးကြီးများကိုလည်း တခြမ်းကို တလုပ်ပဲစားပစ်တာ။ ခရမ်းချဉ်သီး ငါးပိချက်နဲ့ပေါ့။ ငါးပိချက်ကိုလည်း ငရုပ်သီးက ရဲသလဲနေပြီး ပူစပ်နေအောင် ချက်ထားမှ ကြိုက်တာလေ။ အဲဒီလို ချက်ထားတာတောင် အားမရပဲ တခါတလေ အတောင့်လိုက် ကိုက်စားပစ်သေးတာ။

အဲဒီလို စားလာရင်း မကြာပါဘူး။ ဆီးအောင့်လာပြီး ဆီးသွားရင် သွေးတွေ အတန်းလိုက်ပါ လာပါရော။ ဆီးဆေးလေးသောက်ရင် သက်သာသလို ရှိပေမယ့် အစားကတော့ မပျက်ခဲ့ဘူး။ ငယ်သေးတော့ ဘာ့ကြောင့်ရယ်လို့ မစဉ်းစားသေးဘူးပေါ့။ ငရုပ်သီး အစားများလို့ ငရုပ်သီး ကြောင့်တခုပဲ တွေးမိခဲ့တာ။ ငရုပ်သီးကိုတော့ နည်းနည်းလျော့စားခဲ့တယ်။ ဒညင်းသီးကို အစားမပျက်ခဲ့ဘူး။

တနေ့မှာ လဘက်ရည်သောက်နေရင်း ခါးပိုင်းကနေ မီးပူနဲ့ ထိုးသလို ထိုးအောင့်လာပြီး ဘယ်လိုမှ မခံ မရပ်နိုင်ဖြစ်လာလို့ ဆေးခန်းကို ပြေးတယ်။ ဆရာဝန်က ဆေးထိုးပေးပေမယ့် အောင့်တာက မသက် သာဘူး။ လူးလှိမ့် ခံရတာ။ မီးပူနဲ့ထိုးသလိုပါပဲ။ အဲဒါနဲ့ ဆေးခန်းက ပြန်လာရင်း မခံနိုင်တာနဲ့ လမ်းက ပဲ ဆေးရုံကို ဆက်သွားခဲ့ရတယ်။ ဆေးရုံရောက်လို့ နာ့စ်ယောကျ်ား (ကိုမောင်မောင်)ဆိုသူက လူးလှိမ့်အော်ဟစ်နေတာကို မြင်တော့ ဗာရာဂျင် ဆိုတဲ့ ဆေးတလုံး ထိုးပေးလိုက်တော့မှ ၁၅.မိနစ်လောက် အကြာမှာ သက်သာသွားတယ်။ သူကတော့ ပြောပါတယ်။ ဒီဆေးက ခဏခဏထိုးလို့ မကောင်းဘူး။ ပူစပ်တဲ့ အစားအစာနဲ့ ဒညင်းသီး လျော့စားဖို့ပဲ မှာလိုက်တယ်။ ဆီးနဲ့ကျောက်ကပ် ပါရဂူကြီး ပြောတာ ကတော့ ကျောက်ကပ်ရောင်တာတဲ့လေ။

အဲဒီမှာ အသိတခု ထပ်ရလိုက်တာက ကျောက်ကပ်ရောင်တဲ့အကြောင်းကို အသိဘုန်းကြီး တပါးက သိသွားတဲ့အခါမှာ “အေး မင်း အဲဒါဆိုရင် နောက်ကို ရေခဲရေ အေးနေတာကို ဘယ်တော့မှ မသောက် နဲ့ သောက်ရင်တော့ မင်းအသက် ရှည်မှာမဟုတ်ဘူး”လို့ ပြောလိုက်တယ်။ အဲဒါကို သိပ်မယုံလို့ ရေ ခဲရေ သောက်ကြည့်တယ်။ သိပ်အေးတဲ့ အချိုရည်များကိုလဲ သောက်ကြည့်တယ်။ သူပြောတာ မှန် တယ်။ အေးတဲ့ရေကို သောက်လိုက်မိတာနဲ့ ခါးက အောင့်လာတာပဲ။ အဲဒီထဲက အေးတဲ့ရေကို ထပ်ရှောင်နေလိုက်ရပြန်တယ်။

အဲဒီလို အသိနဲ့ပဲ သြစတေးလျမှာနေတဲ့ အသိ အန်တီကြီး တယောက်ရဲ့ သားမှာ ကျောက်ကပ် ရောဂါဖြစ်နေလို့ ကျောက်ကပ်ဆေးရမယ် ပြောလို့ မဆေးဖို့ အကြောင်းနဲ့ အေး တဲ့ရေများကို မသောက်ဖို့ အတန်တန် မှာလိုက်လျက်နဲ့ သူ့သားက ဆရာဝန်ဆိုတော့ ဒါတွေကို လက်မခံ ဘူး လားမသိဘူး။ ရေခဲသေတ္တာထဲက ရေမှ သောက်နေကျလဲ ဖြစ်နေ၊ ကျောက်ကပ်ကိုလဲ ဆေးလိုက်တဲ့ အခါမှာ သိပ်မကြာပါဘူး။ ဆုံးသွားပြီဆိုတာ ကြားလိုက်ရတယ်။

ထိုနည်းတူပဲ တောနယ်ဘက်က အသိဘုန်းကြီးတပါးရဲ့အကို ဦးလေးကြီးတဦး ဆိုရင်လဲ စာရေးသူကို သူက ဒညင်းသီး အဝယ်ခိုင်းလို့ သုံးပိဿာ ဝယ်ပေးလိုက်တာ။ အဲဒီ ဒညင်းသီး သုံးပိဿာကို အခြား ညီအ ကိုမောင်နှမ နှစ်အိမ်ကို ဆယ်လုံးစီလောက်ပဲ ပေးပြီး သူ့မိသားစုပဲ စားပစ်လိုက်တာ လေးငါးရက်နဲ့ ပြောင် သွားတယ်တဲ့။ သူက အများဆုံး စားတဲ့သူမို့ သိပ်မကြာလိုက်ဘူး။ အဲဒီ သန်သန်မာမာ ကျန်းမာနေတဲ့ ဦးလေးကြီးဟာ တလလောက်အကြာမှာ ကျောက်ကပ် ပျက်စီးပြီး ဆုံးသွားတယ်လို့ သိရပြန်တယ်။

အဲဒီ ဦးလေးကြီးရဲ့တူဆိုရင်လည်း ဒညင်းသီး ဆားရည်စိမ်ကို တနေ့ကို ၁၂.လုံးကနေ ၁၅. လုံးလောက် အထိ စားဖန်များလာတဲ့အခါမှာ ရင်ထဲမှာ ကြပ်လာပြီး ဆို့တစ်တစ်နဲ့ အသက်ရှူကြပ်တာ ခဏခဏဖြစ်လို့ ”ကိုယ့်လူ အသက်ရှည်ချင်ရင်တော့ ဒညင်းသီးကို အဲဒီလို မစားပဲ လျော့စားတာ ကောင်းလိမ့်မယ်လို့” သတိပေးမှလျာ့စားလိုက်လို့ နောက်ထပ် မဖြစ်တော့ပဲ ကောင်းသွားခဲ့ပါတယ်။ ဒညင်းသီး ဆားရည်စိမ်ရဲ့ အရည်ကို သောက်ရင် ဆီးကျင်တာ ပျောက်တယ်လို့ ဆိုကြပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ ဆီးကျင် တာ ပူတာအတွက် လွယ်ကူတဲ့ တခြားနည်းတွေ များစွာပဲရှိပါတယ်။

အဲဒီတော့ ဒညင်းသီးရဲ့ဆိုးကျိုးများဟာ အင်မတန်မှ ကြောက်စရာကောင်းတာ အမှန်ပါပဲ။ တနေ့ကို လေးငါး လုံးမျှ သာမန် စားရုံနဲ့တင် ဆီးသွား ဝမ်းသွားတဲ့အခါမျိုးနဲ့ ချွေးနံ့များပင် အနံ့က အတော်လေး ဆိုးဝါးလွန်း တယ် ဆိုတာ စားဖူးသူတိုင်း သိကြမည်ထင်ပါသည်။ ဒညင်းသီးနဲ့ ငရုပ်သီးက ထမင်းမြိန်တာကတော့ အမှန်ပင်ဖြစ်သည်။ ကောင်းကျိုးထက် ဆိုးကျိုးကို ပေးတာကလည်း အမှန်ပင်ဖြစ်ပါသည်။ ဖြစ်နိုင်ရင်တော့ အတတ်နိုင်ဆုံး လျော့စားတာက ကောင်းပါမည်။ အသက်ကို ဉာဏ်စောင့်ဆိုသလိုပေါ့။ စာရေးသူကတော့ ဒညင်းသီးကို လုံးဝ မစားဖြစ်တော့ပေမယ့် ငရုပ်သီးကိုတော့ အနည်းငယ် စားနေဆဲပင်ဖြစ်သည်။ ဆီးက တမျိုးဖြစ်လာရင်တာ့ မြန်မာဆီးဆေးကို ကြိုသောက်ထားလိုက်ပါသည်။

အဲဒီက စပြီး ရောဂါတွေဖြစ်နေလို့ ဆေးလိုက်ရှာဖွေရင်း ကိုယ်တိုင်ပင် ဆေးဆရာလို ဖြစ်ခဲ့ရ သည်။ အဘိဓမ္မာတောင်သာ ဆရာကြီး ဦးကြည်ဆီမှာလဲ သင်တန်းတက်ဖြစ်သွားပြီး ဆရာကြီးနဲ့ ကျန်းမာရေး အကြောင်း ဆွေးနွေးဖြစ်ခဲ့လို့ ဆရာကြီးကိုယ်တိုင် သင်တန်းဆင်း လက်မှတ် ပေးအပ်တာကို ရယူခဲ့သလိုပဲ။ အင်္ဂလိပ်ဆေးများကိုလည်း လေ့လာချင်တဲ့အတွက် သူနာပြုသင်တန်းများကိုပါ တက်ဖြစ်သွားခဲ့သည်။ အဓိက ကတော့ ဆေးအကြောင်းများနဲ့ ဘယ်ရောဂါဖြစ်လာရင် ဘယ်လို ကြိုတင်ကာကွယ် ရမယ်ဆို တာကို သိထားချင်တဲ့အတွက်ပဲ ဖြစ်ပါသည်။

စာရှုသူများလည်း ကျန်းမာရေးအသိများ တိုးပွားပြီး ချမ်းသာစွာနဲ့ အသက်ရှည်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက် ပါသည်။

Credit : (နွေနှင်းမိုး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top