iMyanmarHouse.com - Best Property Website for Myanmar
×







ပါဝင်ပစ္စည်း




ရေ ၁ လီတာ

ပြုလုပ်နည်း


နောက်တစ်နည်း


Credit : Mystyle

Detox လုပ်တာကတော့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ၊ အဆိပ်အတောက်ကို ဖယ်ရှားပေးတာဖြစ်ပါတယ်။

ဘယ်လိုအချိန်မှာ Detox လုပ်သင့်လဲဆိုတော့ ပင်ပန်းနွယ်နယ်လွန်းတာ၊ ခေါင်းကိုက်တာ၊ အစာချေစနစ်နဲ့ ပတ်သက်တဲ့ပြဿနာတွေ၊ ဓာတ်မတည့်တာတွေ၊ အသားအရေ ညစ်နွမ်းလာခြင်း ကိုယ်လက်မအီမသာ ဖြစ်လာတာ စတဲ့လက္ခဏာတွေရှိလာတဲ့အခါ လုပ်သင့်ပါတယ်။

သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ကို ဖယ်ရှားပေးပြီးတော့ အဆီပိုတွေကိုလည်းဖယ်ရှားပေးတာမို့ အသားအရေလည်းပိုပြီးကောင်းလာသလို ပိုပြီးလှလာစေမှာပါ။

အဓိကအားဖြင့်တော့ အသီးအနှံတွေ၊ အသီးအရွက်တွေကို Smoothie လုပ်ပြီးသောက်တာ၊ ဖျော်ရည်လုပ်ပြီးသောက်တာမျိုးပါ။ အဲဒီလိုလုပ်တဲ့အခါ အချိုမထည့်ဘဲ သဘာဝအတိုင်း သောက်ပေးသင့်ပါတယ်။

ရေများများသောက်ဖို့လိုသလို ရေနွေးကြမ်းလိုမျိုး သဘာဝ ဆေးဖက်ဝင် အရွက်တွေနဲ့ Tea ကျိုပြီးသောက်လို့ရနိုင်ပါတယ်။

တစ်ပတ်ကို ၂ ကြိမ်လောက်၊ (သို့) တစ်ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။

ပါဝင်ပစ္စည်း

သခွားသီးတစ်လုံး ပါးပါးလှီးပါ

ဂျင်း အခွံနွာပြီး ပါးပါးလှီးပါ

လတ်ဆတ်တဲ့ သံပရသီး (သို့) သံပယိုသီး ၂ လုံး ပါးပါးလှီးပါ

ရေ ၁ လီတာ

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကိုထည့်ပြီး ရေခဲသေတ္တာထဲ ၁ နာရီလောက်ထားထားကာ သောက်လိုက်ရုံပါပဲ။

နောက်တစ်နည်း

သံပယိုသီးတစ်ခြမ်းကို ဖန်ခွက်ရှည်ထဲ ညှစ်ထည့်ပြီး  ရေထည့်ကာ မနက်တိုင်းသောက်ပေးနိုင်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top