iMyanmarHouse.com - Best Property Website for Myanmar
×

သံပရာေဖ်ာ္ရည္တို႔၊ ၾကက္သံပရာတို႔ကို သင္ႀကိဳက္ေကာာင္းႀကိဳက္ပါလိမ္႔မယ္။ သင္႔ဆံေကသာနဲ႔ အသားအေရအတြက္ဆိုရင္ ပိုလို႔ေတာင္ ႀကိဳက္သင္႔ပါတယ္။ သံပ႐ိုသီးေတြမွာ အလွအပဆိုင္ရာ အက်ိဳးျပဳခ်က္ေတြ အမ်ားႀကီး႐ွိပါတယ္။ အဲ႔ဒီ႔ထဲကမွ ျဖစ္ထြန္းတဲ႔ အသံုးတခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

အဆီ႐ွင္းၿပီး အစိုဓာတ္ထိန္းမယ္။

အုန္းရည္စက္အနည္းငယ္နဲ႔ သံပ႐ိုရည္စက္ အနည္းငယ္ကိုေရာပါ။ အုန္းရည္က သင္႔အသားအရည္ကို ေရဓာတ္ျပည္႔ေစမွာျဖစ္ၿပီး သံပ႐ိုရည္ကေတာ႔ အဆီဖယ္႐ွားေပးၿပီး အသားအရည္ကို ေတာက္ပေစပါတယ္။

တံေတာင္ဆစ္နဲ႔ ဒူးက အစြန္းေတြကို ခြ်တ္မယ္။

တံေတာင္ဆစ္နဲ႔ ဒူးေတြ မဲေနတယ္ဆိုရင္ သံပ႐ိုကို ထက္ျခမ္းျခမ္းၿပီး ပြတ္ပါ။ ေမွာ္ဆန္ဆန္ အစြမ္းသတၱိကို ေတြ႕ရပါလိမ္႔မယ္။

ဆား၀က္ျခံ ကုမယ္။

သံပ႐ိုသီးဟာ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ပါတယ္။ ၀က္ျခံေပ်ာက္ေအာင္ လုပ္တဲ႔ေနရာမွာ သံပ႐ိုသီးက ကူညီေပးပါလိမ္႔မယ္။ သံပ႐ိုသီးကို ထက္ျခမ္းျခမ္းၿပီး သင္႔မ်က္ႏွာေပၚကို အရည္ညွစ္ခ်ပါ။ သင္သတိမထားမိလိုက္ခင္မွာပဲ ဆား၀က္ျခံေတြ ညႈိးသြားပါလိမ္႔မယ္။

သန္႔စင္မယ္။

လက္ဖက္ပင္အဆီ ၆ေအာင္စ နဲ႔ သံပ႐ိုသီးအရည္ကို ေပါင္းခံရည္ထဲမွာ ေရာေႏွာပါ။ အသားအရည္ မေကာင္းတဲ႔ေနရာေတြမွာ ဂြမ္းစကို သံုးၿပီး တိုနာလိမ္းသလို လိမ္းေပးပါ။

သြားျဖဴေဆး။

မုန္႔ဖုတ္ဆိုဒါနဲ႔ သံပ႐ိုသီးအရည္ကို ေရာပါ။ သန္႔စင္တဲ႔ နားၾကပ္ဂြမ္းတုတ္ကို သံုးၿပီး သြားမွာသုတ္လိမ္းေပးပါ။ ၿပီးရင္ သြားပြတ္တံနဲ႔ ပြတ္တိုက္ေပးၿပီး ေဆးေၾကာလိုက္ပါ။ သြားေဆးခန္း သြားျပရတာထက္ေတာ႔ ကုန္က်စရိတ္ သက္သာပါလိမ္႔မယ္။

အနာ႐ြတ္ ကုမယ္။

အနာ႐ြတ္ေပၚမွာ သံပ႐ိုသီး အရည္ကို အစက္ခ်ၿပီး အနာျမန္ျမန္က်က္ေအာင္ လုပ္ေပးႏိုင္ပါတယ္။

အသားျဖဴေဆး။

သံပ႐ိုသီးေတြမွာ ဗီတာမင္-စီ နဲ႔ citric အက္ဆစ္ ႂကြယ္၀စြာ ပါ႐ွိပါတယ္။ ဒါ႔ေၾကာင္႔ အသားအရည္ကို အခ်ိန္ၾကာၾကာ အေရာင္ေတာက္ေစၿပီး လင္းလက္သြားေစပါတယ္။ Free radical ေတြကို ဓာတ္ျပယ္ေအာင္လုပ္တဲ႔ေနရာမွာ အေတာ္ေကာင္းတဲ႔ ဓာတ္တိုးဆန္႔က်င္ပစၥည္း တစ္မ်ိဳးကေတာ႔ ဗီတာမင္-စီပါပဲ။ Collagen ထုတ္လုပ္မႈကိုလည္း တိုးျမင္႔ေစပါတယ္။ အဲ႔ဒီ႔အတြက္ ေနေလာင္ကြက္၊ အမဲကြက္ေတြကို ေပ်ာက္ကင္းေစပါတယ္။ သံပ႐ိုသီးမွာပါတဲ႔ citrus အက္ဆစ္ေၾကာင္႔ သင္႔အသားအရည္ဟာ ခရမ္းလြန္ေရာင္ျခည္ေတြကို ပိုၿပီးတံု႔ျပန္မွာျဖစ္တဲ႔အတြက္ သံပ႐ိုသီးအရည္ကို အသားအရည္မွာ လိမ္းတဲ႔အခါ ေနေလာင္ဒဏ္ကာကြယ္တဲ႔ ကရင္မ္ေတြ  လိမ္းထားဖို႔ လိုအပ္ပါလိမ္႔မယ္။

ေတာက္ပမႈ ဖယ္႐ွားပစ္တဲ႔အရာ။

သံပ႐ိုသီးဟာ ပိုလွ်ံေနတဲ႔ အဆီဓာတ္ေတြကို ေလွ်ာ႔ခ်ပစ္တဲ႔ေနရာမွာ သိပ္ေကာင္းပါတယ္။

ႏႈတ္ခမ္းက ဆဲလ္ေသေတြကို ဖယ္႐ွားမယ္။

သံပ႐ိုသီးအရည္ နည္းငယ္ကို သင္႔ႏႈတ္ခမ္းေပၚမွာ သုတ္လိမ္းၿပီး အိပ္ရာ၀င္လိုက္ပါ။ နံနက္ႏိုးလာလို႔ သန္႔စင္လိုက္တဲ႔အခါ ႏႈတ္ခမ္းက ဆဲလ္ေသေတြနဲ႔ ေျခာက္ေနတဲ႔ အေရျပားေတြကို ဖယ္႐ွားေပးမွာ ျဖစ္ပါတယ္။

လက္သည္းေတြကို ခိုင္ေစတယ္။

လက္သည္းနီဆိုးေဆး ေတြအမ်ားႀကီး သံုးဖူးပါသလား။ သံလြင္ဆီ နဲ႔ သံပ႐ိုသီးအရည္ကို ေရာၿပီး အဲ႔ဒီ႔ထဲမွာ လက္သည္းေတြကို စိမ္ထားလိုက္ပါ။ လက္သည္းေတြ ေျခာက္ၿပီး ျပတ္ထြက္ေနတတ္တဲ႔ သူေတြအတြက္ သိပ္ေကာင္းပါတယ္။ လက္သည္းေတြကို ခိုင္ေစပါတယ္။

ဆံပင္အေရာင္ ေတာက္ေဆး။

ဆိုးေဆးမဲ႔ DIY ဆံပင္အေရာင္ေတာက္ေဆး လိုခ်င္ရင္ေတာ႔ သံပ႐ိုသီးအရည္ကို အသံုးျပဳပါ။ ဆံပင္ေတြ ေနေလာင္လို႔ ပ်က္စီးထားတယ္ဆိုရင္ေတာ႔ ဆံပင္ေပၚမွာ သံပ႐ိုသီးအရည္ကို သုတ္လိမ္းလိုက္ပါ။ ဆံပင္ႏွစ္ခြျဖစ္တာနဲ႔ ေဘာက္ေတြကိုလည္း ေပ်ာက္ေစပါတယ္။

Credit : Lyhealthy
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သံပရာဖျော်ရည်တို့၊ ကြက်သံပရာတို့ကို သင်ကြိုက်ကောာင်းကြိုက်ပါလိမ့်မယ်။ သင့်ဆံကေသာနဲ့ အသားအရေအတွက်ဆိုရင် ပိုလို့တောင် ကြိုက်သင့်ပါတယ်။ သံပရိုသီးတွေမှာ အလှအပဆိုင်ရာ အကျိုးပြုချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီ့ထဲကမှ ဖြစ်ထွန်းတဲ့ အသုံးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အဆီရှင်းပြီး အစိုဓာတ်ထိန်းမယ်။

အုန်းရည်စက်အနည်းငယ်နဲ့ သံပရိုရည်စက် အနည်းငယ်ကိုရောပါ။ အုန်းရည်က သင့်အသားအရည်ကို ရေဓာတ်ပြည့်စေမှာဖြစ်ပြီး သံပရိုရည်ကတော့ အဆီဖယ်ရှားပေးပြီး အသားအရည်ကို တောက်ပစေပါတယ်။

တံတောင်ဆစ်နဲ့ ဒူးက အစွန်းတွေကို ချွတ်မယ်။

တံတောင်ဆစ်နဲ့ ဒူးတွေ မဲနေတယ်ဆိုရင် သံပရိုကို ထက်ခြမ်းခြမ်းပြီး ပွတ်ပါ။ မှော်ဆန်ဆန် အစွမ်းသတ္တိကို တွေ့ရပါလိမ့်မယ်။

ဆားဝက်ခြံ ကုမယ်။

သံပရိုသီးဟာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပါတယ်။ ဝက်ခြံပျောက်အောင် လုပ်တဲ့နေရာမှာ သံပရိုသီးက ကူညီပေးပါလိမ့်မယ်။ သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး သင့်မျက်နှာပေါ်ကို အရည်ညှစ်ချပါ။ သင်သတိမထားမိလိုက်ခင်မှာပဲ ဆားဝက်ခြံတွေ ညှိုးသွားပါလိမ့်မယ်။

သန့်စင်မယ်။

လက်ဖက်ပင်အဆီ ၆အောင်စ နဲ့ သံပရိုသီးအရည်ကို ပေါင်းခံရည်ထဲမှာ ရောနှောပါ။ အသားအရည် မကောင်းတဲ့နေရာတွေမှာ ဂွမ်းစကို သုံးပြီး တိုနာလိမ်းသလို လိမ်းပေးပါ။

သွားဖြူဆေး။

မုန့်ဖုတ်ဆိုဒါနဲ့ သံပရိုသီးအရည်ကို ရောပါ။ သန့်စင်တဲ့ နားကြပ်ဂွမ်းတုတ်ကို သုံးပြီး သွားမှာသုတ်လိမ်းပေးပါ။ ပြီးရင် သွားပွတ်တံနဲ့ ပွတ်တိုက်ပေးပြီး ဆေးကြောလိုက်ပါ။ သွားဆေးခန်း သွားပြရတာထက်တော့ ကုန်ကျစရိတ် သက်သာပါလိမ့်မယ်။

အနာရွတ် ကုမယ်။

အနာရွတ်ပေါ်မှာ သံပရိုသီး အရည်ကို အစက်ချပြီး အနာမြန်မြန်ကျက်အောင် လုပ်ပေးနိုင်ပါတယ်။

အသားဖြူဆေး။

သံပရိုသီးတွေမှာ ဗီတာမင်-စီ နဲ့ citric အက်ဆစ် ကြွယ်ဝစွာ ပါရှိပါတယ်။ ဒါ့ကြောင့် အသားအရည်ကို အချိန်ကြာကြာ အရောင်တောက်စေပြီး လင်းလက်သွားစေပါတယ်။ Free radical တွေကို ဓာတ်ပြယ်အောင်လုပ်တဲ့နေရာမှာ အတော်ကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးကတော့ ဗီတာမင်-စီပါပဲ။ Collagen ထုတ်လုပ်မှုကိုလည်း တိုးမြင့်စေပါတယ်။ အဲ့ဒီ့အတွက် နေလောင်ကွက်၊ အမဲကွက်တွေကို ပျောက်ကင်းစေပါတယ်။ သံပရိုသီးမှာပါတဲ့ citrus အက်ဆစ်ကြောင့် သင့်အသားအရည်ဟာ ခရမ်းလွန်ရောင်ခြည်တွေကို ပိုပြီးတုံ့ပြန်မှာဖြစ်တဲ့အတွက် သံပရိုသီးအရည်ကို အသားအရည်မှာ လိမ်းတဲ့အခါ နေလောင်ဒဏ်ကာကွယ်တဲ့ ကရင်မ်တွေ  လိမ်းထားဖို့ လိုအပ်ပါလိမ့်မယ်။

တောက်ပမှု ဖယ်ရှားပစ်တဲ့အရာ။

သံပရိုသီးဟာ ပိုလျှံနေတဲ့ အဆီဓာတ်တွေကို လျှော့ချပစ်တဲ့နေရာမှာ သိပ်ကောင်းပါတယ်။

နှုတ်ခမ်းက ဆဲလ်သေတွေကို ဖယ်ရှားမယ်။

သံပရိုသီးအရည် နည်းငယ်ကို သင့်နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပြီး အိပ်ရာဝင်လိုက်ပါ။ နံနက်နိုးလာလို့ သန့်စင်လိုက်တဲ့အခါ နှုတ်ခမ်းက ဆဲလ်သေတွေနဲ့ ခြောက်နေတဲ့ အရေပြားတွေကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

လက်သည်းတွေကို ခိုင်စေတယ်။

လက်သည်းနီဆိုးဆေး တွေအများကြီး သုံးဖူးပါသလား။ သံလွင်ဆီ နဲ့ သံပရိုသီးအရည်ကို ရောပြီး အဲ့ဒီ့ထဲမှာ လက်သည်းတွေကို စိမ်ထားလိုက်ပါ။ လက်သည်းတွေ ခြောက်ပြီး ပြတ်ထွက်နေတတ်တဲ့ သူတွေအတွက် သိပ်ကောင်းပါတယ်။ လက်သည်းတွေကို ခိုင်စေပါတယ်။

ဆံပင်အရောင် တောက်ဆေး။

ဆိုးဆေးမဲ့ DIY ဆံပင်အရောင်တောက်ဆေး လိုချင်ရင်တော့ သံပရိုသီးအရည်ကို အသုံးပြုပါ။ ဆံပင်တွေ နေလောင်လို့ ပျက်စီးထားတယ်ဆိုရင်တော့ ဆံပင်ပေါ်မှာ သံပရိုသီးအရည်ကို သုတ်လိမ်းလိုက်ပါ။ ဆံပင်နှစ်ခွဖြစ်တာနဲ့ ဘောက်တွေကိုလည်း ပျောက်စေပါတယ်။

Credit : Lyhealthy

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top