iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္တမ္း အျပင္ေလာကမွာ နတ္ေရကန္ဆိုတာ မရွိပါဘူး။ ဒါေပမယ့္ ကိုယ့္စားေသာက္မွုကို ဂရုစိုက္ရင္ေတာ့ အိုမင္းရင့္ေရာ္တဲ့ ႏႈန္းကို ေႏွးေအာင္ လုပ္ေဆာင္ေပးႏိုင္ပါတယ္။

ဘယ္ရီသီးမ်ား

ဘယ္ရီသီးေတြဆိုတာက ေနာက္ဆံုးမွာ Berries နဲ႔ ဆံုးတဲ့အသီးေတြကို ဆိုလိုခ်င္တာပါ။ စေတာ္ဘယ္ရီ (Strawberries) ၊ Blueberries၊ Raspberries စတဲ့ အသီးေတြျဖစ္ပါတယ္။

Antioxidants  ပါဝင္မႈ နဲ႔ ဗီတာမင္ စီပါဝင္မႈမ်ားတာေၾကာင့္ အသားအေရ က်န္းမာေရးအတြက္ေကာင္းပါတယ္။ အသားအေရကို တင္းရင္းေစတဲ့ Collagen ဓာတ္ပါဝင္မႈကို ထိိန္းသိမ္းထားႏိုင္ၿပီး အေရးအေၾကာင္းေတြကေန ကင္းေဝးေစပါတယ္။

သလဲသီး

သလဲသီးမွာပါဝင္တဲ့ အေစ့ေတြက  ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြအမ်ားႀကီးပါဝင္ေနပါတယ္။ Riboflavin ၊ Phosphorus  နဲ႔ တျခား အာဟာရဓာတ္ေတြအမ်ားႀကီးပါဝင္တာေၾကာင့္ အသားအေရကို ေကာင္းေစပါတယ္။ အဲ့ဒီအာဟာရဓာတ္ေတြက Collagen ဓာတ္ကို ျမွင့္တင္ေပးၿပီး Collagen ဓာတ္က အသားအေရကို မေလ်ာ့တြဲေအာင္ ကူညီေပးပါတယ္။

ေထာပတ္သီး

ေထာပတ္သီးမွာ ဗီတာမင္ B Complex၊ ဗီတာမင္ E တို႔ပါဝင္တာေၾကာင့္ အသားအေရအတြက္ေကာင္းပါတယ္။ ပိုတက္ဆီယမ္ပါဝင္တာေၾကာင့္ အသားအေရကို စိုစြတ္ေစပါတယ္။

ဖရဲသီး

ဖရဲသီးက အသားအေရကို ေရဓာတ္ျဖည့္ေပးၿပီး စိုစြတ္ေအးျမမႈကိုေပးစြမ္းႏို္ငပါတယ္။ ဖရဲသီး Smoothie  ကိုေသာက္တာျဖစ္ျဖစ္၊ ဖရဲသီး စားတာျဖစ္ျဖစ္ သတၱဳဓာတ္၊ ဗီတာမင္ ဓာတ္နဲ႔ Antioxidants ေတြကိုေပးစြမ္းႏိုင္ၿပီး အသားအေရမွာ အေရးအေၾကာင္းျဖစ္တာကို ကာကြယ္ေပးႏိုင္ပါတယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ ဗီတာမင္ B6၊ ဗီတာမင္ စီတို႔ပါဝင္တာေၾကာင့္ အသားအေရရဲ႕ က်ံဳ႕ႏိုင္ ခ်ဲ႕႔ႏိုင္စြမ္းကို အေထာက္အပံ့ျဖစ္ေစပါတယ္။

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တကယ်တမ်း အပြင်လောကမှာ နတ်ရေကန်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်စားသောက်မှုကို ဂရုစိုက်ရင်တော့ အိုမင်းရင့်ရော်တဲ့ နှုန်းကို နှေးအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးတွေဆိုတာက နောက်ဆုံးမှာ Berries နဲ့ ဆုံးတဲ့အသီးတွေကို ဆိုလိုချင်တာပါ။ စတော်ဘယ်ရီ (Strawberries) ၊ Blueberries၊ Raspberries စတဲ့ အသီးတွေဖြစ်ပါတယ်။

Antioxidants  ပါဝင်မှု နဲ့ ဗီတာမင် စီပါဝင်မှုများတာကြောင့် အသားအရေ ကျန်းမာရေးအတွက်ကောင်းပါတယ်။ အသားအရေကို တင်းရင်းစေတဲ့ Collagen ဓာတ်ပါဝင်မှုကို ထိန်းသိမ်းထားနိုင်ပြီး အရေးအကြောင်းတွေကနေ ကင်းဝေးစေပါတယ်။

သလဲသီး

သလဲသီးမှာပါဝင်တဲ့ အစေ့တွေက  ဗီတာမင်နဲ့ သတ္တုဓာတ်တွေအများကြီးပါဝင်နေပါတယ်။ Riboflavin ၊ Phosphorus  နဲ့ တခြား အာဟာရဓာတ်တွေအများကြီးပါဝင်တာကြောင့် အသားအရေကို ကောင်းစေပါတယ်။ အဲ့ဒီအာဟာရဓာတ်တွေက Collagen ဓာတ်ကို မြှင့်တင်ပေးပြီး Collagen ဓာတ်က အသားအရေကို မလျော့တွဲအောင် ကူညီပေးပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင် B Complex၊ ဗီတာမင် E တို့ပါဝင်တာကြောင့် အသားအရေအတွက်ကောင်းပါတယ်။ ပိုတက်ဆီယမ်ပါဝင်တာကြောင့် အသားအရေကို စိုစွတ်စေပါတယ်။

ဖရဲသီး

ဖရဲသီးက အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး စိုစွတ်အေးမြမှုကိုပေးစွမ်းနိုငပါတယ်။ ဖရဲသီး Smoothie  ကိုသောက်တာဖြစ်ဖြစ်၊ ဖရဲသီး စားတာဖြစ်ဖြစ် သတ္တုဓာတ်၊ ဗီတာမင် ဓာတ်နဲ့ Antioxidants တွေကိုပေးစွမ်းနိုင်ပြီး အသားအရေမှာ အရေးအကြောင်းဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ဗီတာမင် B6၊ ဗီတာမင် စီတို့ပါဝင်တာကြောင့် အသားအရေရဲ့ ကျုံ့နိုင် ချဲ့နိုင်စွမ်းကို အထောက်အပံ့ဖြစ်စေပါတယ်။

Credit : Myfood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top