iMyanmarHouse.com - Best Property Website for Myanmar
×

အျပင္ထြက္ၿပီဆိုရင္ မ်က္ႏွာအဆီ ျပန္လို႔ လိမ္းထားတဲ့ မိတ္ကပ္ေတြ သနပ္ခါးေတြ ပ်က္ကုန္ၿပီလား။ မ်က္ႏွာသစ္ၿပီးလည္း ခဏေနဆို အဆီျပန္လာၿပီလား။ဒါဆိုရင္ေတာ့ စာဖတ္သူေတြအတြက္ မ်က္ႏွာအဆီျပန္တာကို ဘယ္လိုေျဖရွင္းမလဲဆိုတာ မွ်ေ၀ခ်င္ပါတယ္။

ေဆာင္ရန္

၁။ တစ္ေန႔ကို မ်က္ႏွာ ၂ ခါသစ္ပါ။ PH ပါ၀င္မႈ ညီမွ်တဲ့မ်က္ႏွာသစ္ေဆးကိုသံုးပါ။

၂။ Alcohol မပါ၀င္တဲ့ တိုနာသံုးပါ။

၃။ Moisturize (အသားအေရဆိုေျပေစတဲ့) ခရင္မ္လိမ္းပါ။ အဆီမပါတဲ့ Moisturizer ကိုလိမ္းရမွာျဖစ္ပါတယ္။

၄။ အဆီစုပ္တဲ့ စကၠဴေဆာင္ပါ။ အဆီစုပ္စကၠဴကို တစ္ေနရာတည္းမွာ ၁၅ စကၠန္႔ စကၠန္႔ ၂၀ ထိ ဖိၿပီး အသံးျပဳေပးရမွာပါ။ မ်က္ႏွာကို ပြတ္မလိမ္းပါနဲ႔။

၅။ မ်က္ႏွာေပါင္းတင္ပါ။

ေထာပတ္၊ ဒိန္ခ်ဥ္၊ ရွားေစာင္းလက္ပက္၊ သခြားသီးစတဲ့သဘာ၀ပစၥည္းေတြနဲ႔ ေပါင္းတင္လို႔ရသလို အသင့္လုပ္ၿပီးသား မ်က္ႏွာေပါင္းတင္တဲ့ စကၠဴကပ္ၿပီး ေပါင္းတင္လို႔လည္းရပါတယ္။ တစ္ပတ္ကို ၁ ခါပဲလုပ္ပါ။

၆။ အဆီမပါတဲ့ ေပါင္ဒါေတြသံုးပါ။ 2 way အစား ေပါင္ဒါသံုးပါ။ Eyeshadow ကိုလည္း ခရင္မ္အစား ေပါင္ဒါသံုးပါ။

ေရွာင္ရန္

ၾကမ္းတမ္းတဲ့ မ်က္ႏွာသစ္စပ္ျပာကို မသံုးပါနဲ႔။

မ်က္ႏွာ ခဏခဏမသစ္ပါနဲ႔။  တစ္ေန႔ ၂ ႀကိမ္ထက္ ပိုမသစ္ပါနဲ႔။

အလွျပင္ပစၥည္းေတြ အမ်ားႀကီးမသံုးပါနဲ႔။ မိတ္ကပ္အထူႀကီးမလိမ္းပါနဲ႔။

ကိုယ္သံုးေနတဲ့ မ်က္ႏွာသုတ္ပ၀ါေတြ တဘက္ေတြကိုေျပာင္းသံုးပါ။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အပြင်ထွက်ပြီဆိုရင် မျက်နှာအဆီ ပြန်လို့ လိမ်းထားတဲ့ မိတ်ကပ်တွေ သနပ်ခါးတွေ ပျက်ကုန်ပြီလား။ မျက်နှာသစ်ပြီးလည်း ခဏနေဆို အဆီပြန်လာပြီလား။ဒါဆိုရင်တော့ စာဖတ်သူတွေအတွက် မျက်နှာအဆီပြန်တာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မျှဝေချင်ပါတယ်။

ဆောင်ရန်

၁။ တစ်နေ့ကို မျက်နှာ ၂ ခါသစ်ပါ။ PH ပါဝင်မှု ညီမျှတဲ့မျက်နှာသစ်ဆေးကိုသုံးပါ။

၂။ Alcohol မပါဝင်တဲ့ တိုနာသုံးပါ။

၃။ Moisturize (အသားအရေဆိုပြေစေတဲ့) ခရင်မ်လိမ်းပါ။ အဆီမပါတဲ့ Moisturizer ကိုလိမ်းရမှာဖြစ်ပါတယ်။

၄။ အဆီစုပ်တဲ့ စက္ကူဆောင်ပါ။ အဆီစုပ်စက္ကူကို တစ်နေရာတည်းမှာ ၁၅ စက္ကန့် စက္ကန့် ၂၀ ထိ ဖိပြီး အသံးပြုပေးရမှာပါ။ မျက်နှာကို ပွတ်မလိမ်းပါနဲ့။

၅။ မျက်နှာပေါင်းတင်ပါ။

ထောပတ်၊ ဒိန်ချဉ်၊ ရှားစောင်းလက်ပက်၊ သခွားသီးစတဲ့သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်လို့ရသလို အသင့်လုပ်ပြီးသား မျက်နှာပေါင်းတင်တဲ့ စက္ကူကပ်ပြီး ပေါင်းတင်လို့လည်းရပါတယ်။ တစ်ပတ်ကို ၁ ခါပဲလုပ်ပါ။

၆။ အဆီမပါတဲ့ ပေါင်ဒါတွေသုံးပါ။ 2 way အစား ပေါင်ဒါသုံးပါ။ Eyeshadow ကိုလည်း ခရင်မ်အစား ပေါင်ဒါသုံးပါ။

ရှောင်ရန်

ကြမ်းတမ်းတဲ့ မျက်နှာသစ်စပ်ပြာကို မသုံးပါနဲ့။

မျက်နှာ ခဏခဏမသစ်ပါနဲ့။  တစ်နေ့ ၂ ကြိမ်ထက် ပိုမသစ်ပါနဲ့။

အလှပြင်ပစ္စည်းတွေ အများကြီးမသုံးပါနဲ့။ မိတ်ကပ်အထူကြီးမလိမ်းပါနဲ့။

ကိုယ်သုံးနေတဲ့ မျက်နှာသုတ်ပဝါတွေ တဘက်တွေကိုပြောင်းသုံးပါ။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top