iMyanmarHouse.com - Best Property Website for Myanmar
×

တရုတ္နံနံပင္က ႏွလံုးေရာဂါကို ကာကြယ္ေပးတဲ့အျပင္ အစာေျခစနစ္ကို ေကာင္းေစၿပီး ကိုယ္အေလးခ်ိန္ကိုလည္း က်ဆင္းေစပါတယ္။

တရုတ္နံနံပင္ကို ဟင္းလ်ာေတြခ်က္ျပဳတ္ရာမွာ ဥပမာ အသုပ္၊ ဟင္းခ်ိဳေတြခ်က္ျပဳတ္ရာမွာထည့္ေပးရင္း စားသံုးႏိုင္ပါတယ္။

တရုတ္နံနံပင္ကို စားေပးသင့္တဲ့ အေၾကာင္းအရင္းေလးေတြကို ေဝမွ်ေပးခ်င္ပါတယ္။

သဘာဝနည္းျဖင့္ ဆီးရြင္ေစ

ဆီးက ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ခႏၶာကိုယ္ျပင္ပကို စြန္႔ထုတ္ေပးႏိုင္တဲ့ အဓိက နည္းလမ္းပါဘဲ။

အဲ့ဒီအျပင္ တရုတ္နံနံပင္မွာ ဆိုဒီယမ္၊ ပိုတက္ဆီယမ္တို႔ ၾကြယ္ဝတာေၾကာင့္ ခႏၶာကိုယ္ထဲမွာ အရည္ေတြ ရွိႏႈန္းကို ထိန္းခ်ဳပ္ေပးႏိုင္ၿပီး ေသြးတိုးကို က်ေစပါတယ္။

ကင္ဆာေရာဂါကို ကာကြယ္ေပး

တရုတ္နံနံပင္မွာ Phthalides ၊ Flavonoids နဲ႔ Polyacetylenes ဓာတ္ေတြပါဝင္ၿပီး ဒီဓာတ္ေတြက ကင္ဆာကို တိုက္ဖ်က္ႏိုင္တဲ့ အဓိက ဓာတ္ေတြျဖစ္ပါတယ္။ ဒီဓာတ္ေတြက ကင္ဆာကိုျဖစ္ေစတဲ့ Carcinogens ဓာတ္ေတြကို တိုက္ဖ်က္ေပးပါတယ္။

အဲ့ဒီအျပင္ တရုတ္နံနံမွာပါဝင္တဲ့ Antioxidants ဓာတ္ေတြက ဆဲလ္ေတြပ်က္စီးတာ၊ Free Radicals ေတြ ဖယ္ရွားတာေတြကို လုပ္ေဆာင္ေပးပါတယ္။

မေကာင္းတဲ့ကိုလက္စထေရာကို ေလ်ာ့ခ်ေပး

တရုတ္နံနံပင္မွာ Butylphthalide ဓာတ္ပါဝင္တဲ့ စိမ္းရႊင္ရြင္အနံ႔ေလးရေနတာျဖစ္ပါတယ္။ အဲ့ဒီဓာတ္က မေကာင္းတဲ့ကိုလက္စထေရာကို ေလ်ာ့ခ်ေပးပါတယ္။

ခ်ီကာကိုတကၠသိုလ္ရဲ႕ သုေတသနအရ တစ္ေန႔ကို တရုတ္နံနံပင္ ၂ေခ်ာင္းစားရင္ ကိုလက္စထေရာ အဆင့္ကို 7 points ေလာက္ေလ်ာ့ခ်ေပးႏိုင္တယ္လို႔ ေျပာထားပါတယ္။

အစာေျခစနစ္ကို အားေကာင္းေစ

ေရဓာတ္ပါဝင္မႈမ်ားၿပီး အမွ်င္ဓာတ္ပါဝင္တာေၾကာင့္ အစာေျခစနစ္ကို အားေကာင္းေစပါတယ္။ အဲ့ဒီအျပင္ ေရာင္ရမ္းတာကိုက်ေစၿပီး အစာအိမ္ကို ေရာင္တာကို၊ အစာအိမ္နဲ႔ပတ္သက္တဲ့ေရာဂါေတြကို ကာကြယ္ေပးႏို္င္ပါတယ္။

ႏွလံုးေရာဂါကို ကာကြယ္ေပး

Antioxidants ဓာတ္ေတြပါဝင္တာေၾကာင့္ ႏွလံုးကို က်န္းမာသန္စြမ္းေစပါတယ္။ တရုတ္ နံနံပင္မွာပါဝင္တဲ့  Phytonutrients ဓာတ္ေတြက ဆဲလ္ေတြပ်က္စီးမႈကို ကာကြယ္ေပးၿပီး ႏွလံုးေရာဂါကို ကာကြယ္ေပးပါတယ္။

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တရုတ်နံနံပင်က နှလုံးရောဂါကို ကာကွယ်ပေးတဲ့အပြင် အစာခြေစနစ်ကို ကောင်းစေပြီး ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။

တရုတ်နံနံပင်ကို ဟင်းလျာတွေချက်ပြုတ်ရာမှာ ဥပမာ အသုပ်၊ ဟင်းချိုတွေချက်ပြုတ်ရာမှာထည့်ပေးရင်း စားသုံးနိုင်ပါတယ်။

တရုတ်နံနံပင်ကို စားပေးသင့်တဲ့ အကြောင်းအရင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

သဘာဝနည်းဖြင့် ဆီးရွင်စေ

ဆီးက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးနိုင်တဲ့ အဓိက နည်းလမ်းပါဘဲ။

အဲ့ဒီအပြင် တရုတ်နံနံပင်မှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်တို့ ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ထဲမှာ အရည်တွေ ရှိနှုန်းကို ထိန်းချုပ်ပေးနိုင်ပြီး သွေးတိုးကို ကျစေပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး

တရုတ်နံနံပင်မှာ Phthalides ၊ Flavonoids နဲ့ Polyacetylenes ဓာတ်တွေပါဝင်ပြီး ဒီဓာတ်တွေက ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ အဓိက ဓာတ်တွေဖြစ်ပါတယ်။ ဒီဓာတ်တွေက ကင်ဆာကိုဖြစ်စေတဲ့ Carcinogens ဓာတ်တွေကို တိုက်ဖျက်ပေးပါတယ်။

အဲ့ဒီအပြင် တရုတ်နံနံမှာပါဝင်တဲ့ Antioxidants ဓာတ်တွေက ဆဲလ်တွေပျက်စီးတာ၊ Free Radicals တွေ ဖယ်ရှားတာတွေကို လုပ်ဆောင်ပေးပါတယ်။

မကောင်းတဲ့ကိုလက်စထရောကို လျော့ချပေး

တရုတ်နံနံပင်မှာ Butylphthalide ဓာတ်ပါဝင်တဲ့ စိမ်းရွှင်ရွင်အနံ့လေးရနေတာဖြစ်ပါတယ်။ အဲ့ဒီဓာတ်က မကောင်းတဲ့ကိုလက်စထရောကို လျော့ချပေးပါတယ်။

ချီကာကိုတက္ကသိုလ်ရဲ့ သုတေသနအရ တစ်နေ့ကို တရုတ်နံနံပင် ၂ချောင်းစားရင် ကိုလက်စထရော အဆင့်ကို 7 points လောက်လျော့ချပေးနိုင်တယ်လို့ ပြောထားပါတယ်။

အစာခြေစနစ်ကို အားကောင်းစေ

ရေဓာတ်ပါဝင်မှုများပြီး အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပါတယ်။ အဲ့ဒီအပြင် ရောင်ရမ်းတာကိုကျစေပြီး အစာအိမ်ကို ရောင်တာကို၊ အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေး

Antioxidants ဓာတ်တွေပါဝင်တာကြောင့် နှလုံးကို ကျန်းမာသန်စွမ်းစေပါတယ်။ တရုတ် နံနံပင်မှာပါဝင်တဲ့  Phytonutrients ဓာတ်တွေက ဆဲလ်တွေပျက်စီးမှုကို ကာကွယ်ပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

Credit : Myfood

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top