iMyanmarHouse.com - Best Property Website for Myanmar
×

လူေတာ္ေတာ္မ်ားမ်ားကေတာ့ ကိုယ္အေလးခ်ိန္က်ေအာင္ ဝိတ္ဘယ္လိုခ်ရမယ္ဆိုတာကို သိၾကျပီးသားပါ။ က်န္းမာေရးနဲ႔ညီညြတ္ေအာင္ စားေသာက္တာ၊ ေလ့က်င့္ခန္းလုပ္တာေတြနဲ႔ အခ်ိန္တိုင္းတက္ၾကြဖ်တ္လတ္စြာ ေနထိုင္တာေတြက ပံုမွန္ထက္ပိုျပီး Calories ေတြကို ေလာင္ကြ်မ္းေစနုိင္တယ္ဆိုတာေတြကိုေပါ႔။ လက္ေတြ႔မွာေတာ့ ဒါေတြကိုကိုက္ညီေအာင္ေနထိုင္ႏိုင္တဲ့လူက ရွားပါတယ္။

သင့္အေနနဲ႔ဝိတ္ခ်ေနတဲ့အခ်ိန္မွာမွ မဟုတ္ဘဲ အျမဲတမ္းအတြက္ အစားအေသာက္ကိုက်န္းမာေရးနဲ႔ညီညြတ္ျပီး လိုအပ္တဲ့ Vitamin ေတြကို အေလးထားျပီးစားသံုးေပးမယ္ဆုိရင္ ခႏၶာကိုယ္အတြက္မလိုလားအပ္တဲ့ ျပသာနာအေတာ္မ်ားမ်ားကိုပါ ေျဖရွင္းျပီးသားျဖစ္သြားမွာပါ။

Weight အမွန္တကယ္ခ်မယ္ လို႔ ဆံုးျဖတ္ထားျပီးသြားျပီ ဆိုရင္ေတာ့ ပထမဆံုးအေနနဲ႔ မျဖစ္မေန ျပဳလုပ္ရမွာကေတာ့ Plan တခု အရင္ခ်ရမွာပါ။ ျပီးရင္ေတာ့ သင့္ရဲ ႔ Weight Loss Plan အတိုင္း ကိုက္ညီဖို႔ကို ဆက္ၾကိဳးစားရမွာပါ။

အခု သင္အရင္က တခါမွ မၾကိဳးစားၾကည့္ခဲ့ဖူးတဲ့ ဝိတ္ခ်တဲ့အခါမွာအေထာက္အကူျဖစ္ေစမယ့္နည္းလမ္းအခ်ိဳ ႔ ကို မ်ွေဝေပးမွာျဖစ္ပါတယ္။

­­­­၁။ ေရေသာက္ပါ – လူတိုင္းသိထားျပိီးသား အခ်က္တခုပါပဲ။ ေရေသာက္ျခင္းဟာ သင့္ရဲ ႔ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်တဲ့ေနရာမွာ အေထာက္အကူအျပဳဆံုးပါပဲ။ ဒါေပမယ့္ ဒီတုိင္း ေရကို ရိုးရိုးေသာက္တာထက္စာရင္ ရာသီေပၚအသီးအႏွံေတြျဖစ္တဲ့ စေတာ္ဘယ္ရီ၊ လိေမၼာ္သီး ဒါမွမဟုတ္ သင္ႏွစ္သက္တဲ့အသီးတမ်ိဳးမ်ိဳးကို ထက္ျခမ္းျခမ္းျပီး ေရထဲထည့္ေသာက္ျခင္းက သင့္ကို ေရေသာက္ခ်င္စိတ္ပိုျပီးျဖစ္ေစမွာပါ။

၂။ သင့္ရဲ ႔ေရကူးဝတ္စံုကို သင္ေန႔တုိင္းျမင္လြယ္တဲ့ေနရာမွာထားပါ – ဒီနည္းလမ္းက တကယ္အသံုးဝင္ပါတယ္။ Swim Suit မဟုတ္ရင္လည္း အခုေလာေလာဆယ္ သင္ဝတ္လို႔မရေသးတဲ့၊ ဒီထက္ပိုျပီးပိန္သြားမွ ဝတ္လို႔အဆင္ေျပမယ့္ အဝတ္အစားမ်ိဳးကို သင္ေန႔စဥ္ျမင္လြယ္တဲ့ေနရာမွာထားပါ။ ဒါမွ သင္တကယ္ ဝိတ္က်ခ်င္စိတ္ျဖစ္လာျပီး သင့္ရဲ ႔ Weight Loss Plan အတိုင္းၾကိဳးစားျဖစ္မွာပါ။

၃။ TV ၾကည့္ရင္းနဲ႔လည္း အေၾကာေလွ်ာ့ပါ – တကိုယ္လံုးက အေၾကာေတြေျပေလ်ာ့ေအာင္ ေလွ်ာ့ဖို႔က တကူးတကအခ်ိန္ေပးေနစရာမလိုပါဘူး။ TV ၾကည့္ရင္းျဖစ္ျဖစ္၊ Laptop သံုးရင္းျဖစ္ျဖစ္လုပ္နုိင္ပါတယ္။ ဒီတိုင္းမလွုပ္မရွားဘဲ TV ထိုင္ၾကည့္ေနမယ့္အစား အေၾကာေလွ်ာ့ေပးျခင္းက သင့္ရဲ ႔ေဘာ္ဒီဝိတ္ကို က်ေစဖို႔ အေထာက္အကူျဖစ္မွာပါ။

၄။ ဖန္ပုလင္းတခုထဲမွာ သင့္ရဲ ႔က်သြားတဲ့ဝိတ္ကို ေက်ာက္ခဲလွလွေလးေတြထည့္ျခင္းျဖင့္ အမွတ္အသား လုပ္ထားပါ – ပံုမွာ ျပထားတဲ့အတိုင္း အရင္ဆံုးဖန္ပုလင္းေလးေပၚမွာ Pounds to lose (or) Pounds destroyed စသျဖင့္ ကိုယ္ႏွစ္သက္သလိုစာေလးေရးထားျပီး သင္ ၁ေပါင္က်သြားရင္ ဖန္စီေက်ာက္ခဲေလး တခုထည့္တာမ်ိဳး လုပ္ျပီး က်သြားတဲ့ ဝိတ္ေတြကို မွတ္သားထားတာကလည္း သင့္ကို ဝိတ္က်ေအာင္ ဆက္ၾကိဳးစားဖို႔ တိုက္တြန္းေနသလို ျဖစ္ေစမွာပါ။

၅။ စိတ္ပိုင္းဆုိင္ရာက်န္းမာေရးကို အေလးေပးပါ – ဝိတ္ ခ်တယ္ဆိုတာက Physical Challenge လို႔ပဲ လူတိုင္းကသိထားတာပါ။ အမွန္တကယ္ေတာ့ ဒါက Mental Challenge ပါ။ ဘယ္သူက ဘယ္လို ေဘာ္ဒီလွတာ၊ ငါ႔က်ေတာ့ သူ႔ေဘာ္ဒီေလာက္မလွဘူးဆုိတာမ်ိဳး အေတြးေတြကို ရပ္လုိက္ပါ။ မိမိရဲ ႔ ခႏၶာကိုယ္ကို အျမဲတမ္းအေကာင္းဆံုးျဖစ္ေအာင္လုပ္ႏုိင္ရမယ္။ အခုလက္ရွိအေနအထားက အဆင္ေျပတာပါပဲ။ ဒီထက္ ဝိတ္ခ်လုိက္ရင္ေတာ့ ပိုျပီးလွသြားဦးမွာ ဆိုတဲ့ Positive Thinking မ်ိဳးကိုပဲ အျမဲေတြးပါ။ အျမဲတမ္း မိမိျဖစ္ခ်င္တဲ့ (ျဖစ္ရမယ္ဆုိတဲ့) Body ကို Focus ထားပါ။

ဒါဆိုရင္ေတာ့ သင္ျဖစ္ခ်င္တဲ့ ခႏၶာကိုယ္မ်ိဳးကို ရရွိဖို႔ ဆိုတာ သိပ္ခက္ခဲတဲ့ကိစၥမဟုတ္ေတာ့ပါဘူး။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတော်တော်များများကတော့ ကိုယ်အလေးချိန်ကျအောင် ဝိတ်ဘယ်လိုချရမယ်ဆိုတာကို သိကြပြီးသားပါ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေနဲ့ အချိန်တိုင်းတက်ကြွဖျတ်လတ်စွာ နေထိုင်တာတွေက ပုံမှန်ထက်ပိုပြီး Calories တွေကို လောင်ကျွမ်းစေနိုင်တယ်ဆိုတာတွေကိုပေါ့။ လက်တွေ့မှာတော့ ဒါတွေကိုကိုက်ညီအောင်နေထိုင်နိုင်တဲ့လူက ရှားပါတယ်။

သင့်အနေနဲ့ဝိတ်ချနေတဲ့အချိန်မှာမှ မဟုတ်ဘဲ အမြဲတမ်းအတွက် အစားအသောက်ကိုကျန်းမာရေးနဲ့ညီညွတ်ပြီး လိုအပ်တဲ့ Vitamin တွေကို အလေးထားပြီးစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်မလိုလားအပ်တဲ့ ပြသာနာအတော်များများကိုပါ ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

Weight အမှန်တကယ်ချမယ် လို့ ဆုံးဖြတ်ထားပြီးသွားပြီ ဆိုရင်တော့ ပထမဆုံးအနေနဲ့ မဖြစ်မနေ ပြုလုပ်ရမှာကတော့ Plan တခု အရင်ချရမှာပါ။ ပြီးရင်တော့ သင့်ရဲ့ Weight Loss Plan အတိုင်း ကိုက်ညီဖို့ကို ဆက်ကြိုးစားရမှာပါ။

အခု သင်အရင်က တခါမှ မကြိုးစားကြည့်ခဲ့ဖူးတဲ့ ဝိတ်ချတဲ့အခါမှာအထောက်အကူဖြစ်စေမယ့်နည်းလမ်းအချို့ ကို မျှဝေပေးမှာဖြစ်ပါတယ်။

­­­­၁။ ရေသောက်ပါ – လူတိုင်းသိထားပြီးသား အချက်တခုပါပဲ။ ရေသောက်ခြင်းဟာ သင့်ရဲ့ ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အထောက်အကူအပြုဆုံးပါပဲ။ ဒါပေမယ့် ဒီတိုင်း ရေကို ရိုးရိုးသောက်တာထက်စာရင် ရာသီပေါ်အသီးအနှံတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ လိမ္မော်သီး ဒါမှမဟုတ် သင်နှစ်သက်တဲ့အသီးတမျိုးမျိုးကို ထက်ခြမ်းခြမ်းပြီး ရေထဲထည့်သောက်ခြင်းက သင့်ကို ရေသောက်ချင်စိတ်ပိုပြီးဖြစ်စေမှာပါ။

၂။ သင့်ရဲ့ရေကူးဝတ်စုံကို သင်နေ့တိုင်းမြင်လွယ်တဲ့နေရာမှာထားပါ – ဒီနည်းလမ်းက တကယ်အသုံးဝင်ပါတယ်။ Swim Suit မဟုတ်ရင်လည်း အခုလောလောဆယ် သင်ဝတ်လို့မရသေးတဲ့၊ ဒီထက်ပိုပြီးပိန်သွားမှ ဝတ်လို့အဆင်ပြေမယ့် အဝတ်အစားမျိုးကို သင်နေ့စဉ်မြင်လွယ်တဲ့နေရာမှာထားပါ။ ဒါမှ သင်တကယ် ဝိတ်ကျချင်စိတ်ဖြစ်လာပြီး သင့်ရဲ့ Weight Loss Plan အတိုင်းကြိုးစားဖြစ်မှာပါ။

၃။ TV ကြည့်ရင်းနဲ့လည်း အကြောလျှော့ပါ – တကိုယ်လုံးက အကြောတွေပြေလျော့အောင် လျှော့ဖို့က တကူးတကအချိန်ပေးနေစရာမလိုပါဘူး။ TV ကြည့်ရင်းဖြစ်ဖြစ်၊ Laptop သုံးရင်းဖြစ်ဖြစ်လုပ်နိုင်ပါတယ်။ ဒီတိုင်းမလှုပ်မရှားဘဲ TV ထိုင်ကြည့်နေမယ့်အစား အကြောလျှော့ပေးခြင်းက သင့်ရဲ့ဘော်ဒီဝိတ်ကို ကျစေဖို့ အထောက်အကူဖြစ်မှာပါ။

၄။ ဖန်ပုလင်းတခုထဲမှာ သင့်ရဲ့ကျသွားတဲ့ဝိတ်ကို ကျောက်ခဲလှလှလေးတွေထည့်ခြင်းဖြင့် အမှတ်အသား လုပ်ထားပါ – ပုံမှာ ပြထားတဲ့အတိုင်း အရင်ဆုံးဖန်ပုလင်းလေးပေါ်မှာ Pounds to lose (or) Pounds destroyed စသဖြင့် ကိုယ်နှစ်သက်သလိုစာလေးရေးထားပြီး သင် ၁ပေါင်ကျသွားရင် ဖန်စီကျောက်ခဲလေး တခုထည့်တာမျိုး လုပ်ပြီး ကျသွားတဲ့ ဝိတ်တွေကို မှတ်သားထားတာကလည်း သင့်ကို ဝိတ်ကျအောင် ဆက်ကြိုးစားဖို့ တိုက်တွန်းနေသလို ဖြစ်စေမှာပါ။

၅။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အလေးပေးပါ – ဝိတ် ချတယ်ဆိုတာက Physical Challenge လို့ပဲ လူတိုင်းကသိထားတာပါ။ အမှန်တကယ်တော့ ဒါက Mental Challenge ပါ။ ဘယ်သူက ဘယ်လို ဘော်ဒီလှတာ၊ ငါ့ကျတော့ သူ့ဘော်ဒီလောက်မလှဘူးဆိုတာမျိုး အတွေးတွေကို ရပ်လိုက်ပါ။ မိမိရဲ့ ခန္ဓာကိုယ်ကို အမြဲတမ်းအကောင်းဆုံးဖြစ်အောင်လုပ်နိုင်ရမယ်။ အခုလက်ရှိအနေအထားက အဆင်ပြေတာပါပဲ။ ဒီထက် ဝိတ်ချလိုက်ရင်တော့ ပိုပြီးလှသွားဦးမှာ ဆိုတဲ့ Positive Thinking မျိုးကိုပဲ အမြဲတွေးပါ။ အမြဲတမ်း မိမိဖြစ်ချင်တဲ့ (ဖြစ်ရမယ်ဆိုတဲ့) Body ကို Focus ထားပါ။

ဒါဆိုရင်တော့ သင်ဖြစ်ချင်တဲ့ ခန္ဓာကိုယ်မျိုးကို ရရှိဖို့ ဆိုတာ သိပ်ခက်ခဲတဲ့ကိစ္စမဟုတ်တော့ပါဘူး။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top