iMyanmarHouse.com - Best Property Website for Myanmar
×
၁။ တပြေးညီ
၂။ ဂရိ ခြေထောက်
၃။ ရောမ ခြေထောက်
၎။ ဘေးစောင်းခြေထောက်
၆။ ခြေခလည် သေးနေရင်
Credit : Mystyle
မင်္ဂလာပါနော်။ အလှအပတွေအကြောင်း ဖက်ရှင်တွေအကြောင်းပဲ ဖတ်နေရလို့ ရိုးနေပြီလား။ ဒီတခါတော့ ပျော်ရွှင်စရာ အကြောင်းမျှဝေပေးသွားမယ်နော်။ မိမိရဲ့ ခြေထောက်ကို ကြည့်လိုက်ရင်ပဲ ကိုယ်ဘယ်လို စိတ်နေစိတ်ထား ရှိသလဲဆိုတာ သိနိုင်မှာပါ။ ကိုယ့်မှာရော ဘယ်လိုစိတ်နေစိတ်ထားရှိသလဲ ကြည့်လိုက်ရအောင်။
၁။ တပြေးညီ
ခြေချောင်းလေးတွေ တပြေးညီဖြစ်နေရင် သင်ဟာ အလွန်သတိထားတတ်တဲ့သူပါ။ ဆုံးဖြတ်ချက်တစ်ခု မချခင်မှာ အကြိမ်ကြိမ်စဉ်းစားတတ်ပါတယ်။
၂။ ဂရိ ခြေထောက်
အဲဒီခြေထောက်လေးတွေက ခြေညိုးက ခြေမထက်ရှည်နေတဲ့ ခြေထောက်တွေပါ။ သင်က တက်ကြွတဲ့ သူတစ်ယောက်ဖြစ်တယ်။ စိတ်အားထက်သန်မှုရှိတယ်။ သင့်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိပါတယ်။
၃။ ရောမ ခြေထောက်
သင်က အရမ်း ဆိုရှယ်ကျတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အရမ်းကြင်နာတတ်တယ်။ ဘဝကို ဟန်ချက်ညီညီနေတတ်တယ်။ တခြားသူပြောတာကို နားထောင်ပေးတတ်တယ်။ ဖော်ဖော်ရွေရွေရှိပြီး အလွယ်တကူ ခင်မင်တတ်သူပါ။
၄။ ဘေးစောင်းခြေထောက်
ခြေမကမြင့်ပြီး ကျန်တဲ့ ခြေချောင်းလေးတွေက သူ့အတိုင်း တစောင်းလေးရှိနေရင် သင်ဟာ တစ်ယောက်တည်း နေရတာ ကြိုက်နှစ်သက်တဲ့သူဖြစ်ပါတယ်။ ခန့်မှန်းရခက်တဲ့သူတစ်ဦးဖြစ်ပြီး စိတ်အပြောင်းအလဲမြန်သူဖြစ်ပါတယ်။
၅။ ခြေသန်းအရမ်းသေးတဲ့သူတွေ
ခြေသန်းကအရမ်းသေးတဲ့သူတွေက သင်က ပုန်ကန်တတ်တဲ့စိတ်ရှိသူဖြစ်ပါတယ်။ တခါတလေ သူများပြောတဲ့ အရာတစ်ခုကို အလွယ်တကူ လက်မခံတတ်ပါဘူး။
၆။ ခြေခလည် သေးနေရင်
ခြေခလည်က သေးသေးလေးဆိုရင် သင်ဟာ သင်က သေချာလေး အစီအစဉ်ဆွဲတတ်တယ်။ အစီအစဉ်တကျ လုပ်ကိုင်တတ်တဲ့သူဖြစ်ပြီး အခြေအနေတစ်ခုကို သေချာကိုင်တွယ်နိုင်သူပါ။
Credit : Mystyle
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top