iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္ဝင္တာၾကာျပီျဖစ္ေပမဲ့ လုပ္ငန္းခြင္ဟာ ဘာလို႔ သင့္အတြက္ စိမ္းေနတာလဲ။လုပ္ေဖာ္ကိုင္ဖက္ေတြက သင့္ကိုဖယ္ထားတာလား၊ သင့္ကို မခင္ခ်င္တာလား။ ဘယ္လိုအခ်က္ေတြက သူတို႔ သေဘာမက်စရာ ျဖစ္ေနတာလဲ။ သင္ကိုယ္တုိင္ေတာင္ သတိမထားမိတဲ့ သင့္အျပဳအမူအခ်ိဳ႕ေၾကာင့္ လုပ္ငန္းခြင္အတြင္း ရင္းႏွီးတဲ့ သူငယ္ခ်င္း မရတာမ်ိဳး ျဖစ္ေနႏုိင္ပါတယ္။

၁ - မကူညီခ်င္ဘူး

ငါ့အလုပ္ပဲ ငါလုပ္မယ္၊ မဆုိင္ရင္မလုပ္ႏုိင္ဘူးဆိုတာက သင့္ေဆာင္ပုဒ္ဆိုရင္ေတာ့ အလုပ္ထဲကလူေတြ သင့္ကို သေဘာက်ဖို႔ ခက္ပါလိမ့္မယ္။ သင္နဲ႔မဆုိင္ရင္ လုပ္စရာမလိုဘူးဆိုတာ မွန္ေပမဲ့ မဆိုင္ဘဲ ဝင္ကူညီတာမ်ိဳးက မိတ္ေဆြအေပါင္းအသင္းရေစပါတယ္။  မိတ္ေဆြသူငယ္ခ်င္းဆက္ဆံေရးဆိုတာ အနစ္နာခံမႈ၊ လိုက္ေလ်ာအေလွ်ာ့ေပးမႈေတြကေန တည္ေဆာက္ရတာ ျဖစ္ပါတယ္။ ကိုယ့္အတြက္ပဲ ကိုယ္လုပ္ေနတဲ့လူကို ဘယ္သူမွ ဂရုစိုက္မွာ မဟုတ္ပါဘူး။

၂ - စကား

အလုပ္ထဲမွာ တစ္စံုတစ္ခုကို မၾကိဳက္ေၾကာင္းေျပာမယ္ဆုိ သတိထားပါ။ အထူးသျဖင့္ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က တင္ျပတဲ့ အၾကံညဏ္စိတ္ကူးေတြကို မၾကိဳက္ေၾကာင္းေျပာတဲ့အခါ သိမ္သိမ္ေမြ႕ေမြ႕ ရွိဖို႔ အေရးၾကီးပါတယ္။ တစ္ဖက္ကေလးနက္တဲ့အရာမ်ိဳးကို သင့္ဘက္ကထင္ျမင္ခ်က္ေပးမယ္ဆို မေပးခင္ ၁ မိနစ္ေလာက္ေတာ့ အနည္းဆံုးစဥ္းစားပါ။ စကားကို အလ်င္စလို ေျပာတာ၊ အလြယ္တကူမွတ္ခ်က္ျပဳတာမ်ိဳးဟာ လုပ္ေဖာ္ကိုင္ဖက္ေတြၾကား အျမင္ကပ္စရာ ျဖစ္ေနႏုိင္ပါတယ္။

၃ - ဆူညံ့ျခင္း

အလုပ္ထဲမွာ အျမဲတမ္းဆူညံေနတတ္သူဆိုရင္လည္း လုပ္ေဖာ္ကိုင္ဖက္ေတြက သေဘာမေတြ႕တတ္ပါဘူး။ ဆူညံ့တာဟာ သူတို႔ကို အေႏွာင့္အယွက္ျဖစ္ေစတဲ့အျပင္ လူမႈေရးမသိသူ၊ အရိပ္အကဲနားမလည္သူအျဖစ္ပါ သင့္ကို သတ္မွတ္သြားႏုိင္ပါတယ္။ ဖုန္းေျပာရင္ အက်ယ္ၾကီးေျပာတာ၊ သင့္ရယ္သံက လိုတာထက္ က်ယ္တာ၊ စကားေျပာရင္ ေအာ္ၾကီးဟစ္က်ယ္လွမ္းေျပာတာမ်ိဳးေတြကို ဂရုစိုက္သင့္ပါတယ္။

၄ - ပြဲလမ္းသဘင္

ရုံးကလုပ္တဲ့ ပြဲလမ္းသဘင္မ်ိဳးေတြကို မသြားတာ ျဖစ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ခင္မင္ဖို႔ ဒီလိုပြဲမ်ိဳးက အေကာင္းဆံုးျဖစ္ပါတယ္။ လုပ္ငန္းခြင္ရဲ႕ ေလးလံမႈေတြမပါဘဲ ေပါ့ေပါ့ပါးပါး ရွိေနၾကတဲ့ အခ်ိန္ျဖစ္ပါတယ္။ ဒါေပမဲ့ သင္က မသြားတာေၾကာင့္ ရင္းရင္းႏွီးႏွီး ခင္မင္ႏုိင္တဲ့ အခြင့္အေရးကို လက္လြတ္ဆံုးရႈံးေနပါတယ္။

(သင္ၾကိဳက္ႏုိင္မယ့္ ေဆာင္းပါး - (၁၀) မိနစ္ အတြင္း စိတ္ဖိစီးမႈကို ေပ်ာက္သြားေစမယ္)

၅ - စကားမေျပာတာ

အေသးအဖြဲ ဟိုအေၾကာင္း ဒီအေၾကာင္းေလးေတြကိုေတာင္ သင္က မေျပာတာ ျဖစ္ပါတယ္။ ဒီလိုေျပာႏုိင္တဲ့ အခြင့္အေရးမ်ိဳးရရင္လည္း သင့္ဘက္က မယူတာ ျဖစ္ပါတယ္။ ေန႔လယ္ထမင္စားခ်ိန္၊ အျပင္မွာ ေဆးလိပ္ထြက္ေသာက္ခ်ိန္မ်ိဳးေတြဟာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အေသးအဖြဲေလးေတြေျပာျပီး ခင္မင္ခြင့္ရႏုိင္တဲ့ အခိုက္အတန္႔ေတြ ျဖစ္ပါတယ္။

၆ - ျငီးျငဴတာ

အလုပ္ကို အျမဲျငီးျငဴေနတာ ျဖစ္ပါတယ္။ သင္ သက္ေသာင့္သက္သာ လုပ္ႏုိင္မယ့္ အလုပ္လို႔ လုပ္ေဖာ္ကိုင္ဖက္ေတြက သိေပမဲ့ သင့္ဘက္က မေက်နပ္ေၾကာင္းေျပာျပီး ျငီးျငဴေနတာမ်ိဳး ျဖစ္ပါတယ္။ ဘာမဆိုျငီးျငဴေနတတ္တဲ့ သင့္အနားေရာက္တုိင္း လုပ္ေဖာ္ကုိင္ဖက္ေတြပါ ပူေလာင္လာရပါတယ္။

၇ - ဆဲဆိုျခင္း

စကားေျပာရင္ ဆဲတာဆိုတာေတြပါျပီး ခပ္ရိုင္းရိုင္းေျပာတာမ်ိဳး ျဖစ္ပါတယ္။ ဒီေတာ့ သင္နဲ႔ ဘယ္သူမွ မပက္သက္ခ်င္ေတာ့ပါဘူး။အျပဳအမူေတြကပါ ရိုင္းရင္ေတာ့ သင္နဲ႔ ဆက္ဆံရမွာကိုေတာင္ လုပ္ေဖာ္ကိုင္ဖက္ေတြက ေၾကာက္ေနႏုိင္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အလုပ်ဝင်တာကြာပြီဖြစ်ပေမဲ့ လုပ်ငန်းခွင်ဟာ ဘာလို့ သင့်အတွက် စိမ်းနေတာလဲ။လုပ်ဖော်ကိုင်ဖက်တွေက သင့်ကိုဖယ်ထားတာလား၊ သင့်ကို မခင်ချင်တာလား။ ဘယ်လိုအချက်တွေက သူတို့ သဘောမကျစရာ ဖြစ်နေတာလဲ။ သင်ကိုယ်တိုင်တောင် သတိမထားမိတဲ့ သင့်အပြုအမူအချို့ကြောင့် လုပ်ငန်းခွင်အတွင်း ရင်းနှီးတဲ့ သူငယ်ချင်း မရတာမျိုး ဖြစ်နေနိုင်ပါတယ်။

၁ - မကူညီချင်ဘူး

ငါ့အလုပ်ပဲ ငါလုပ်မယ်၊ မဆိုင်ရင်မလုပ်နိုင်ဘူးဆိုတာက သင့်ဆောင်ပုဒ်ဆိုရင်တော့ အလုပ်ထဲကလူတွေ သင့်ကို သဘောကျဖို့ ခက်ပါလိမ့်မယ်။ သင်နဲ့မဆိုင်ရင် လုပ်စရာမလိုဘူးဆိုတာ မှန်ပေမဲ့ မဆိုင်ဘဲ ဝင်ကူညီတာမျိုးက မိတ်ဆွေအပေါင်းအသင်းရစေပါတယ်။  မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးဆိုတာ အနစ်နာခံမှု၊ လိုက်လျောအလျှော့ပေးမှုတွေကနေ တည်ဆောက်ရတာ ဖြစ်ပါတယ်။ ကိုယ့်အတွက်ပဲ ကိုယ်လုပ်နေတဲ့လူကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။

၂ - စကား

အလုပ်ထဲမှာ တစ်စုံတစ်ခုကို မကြိုက်ကြောင်းပြောမယ်ဆို သတိထားပါ။ အထူးသဖြင့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က တင်ပြတဲ့ အကြံညဏ်စိတ်ကူးတွေကို မကြိုက်ကြောင်းပြောတဲ့အခါ သိမ်သိမ်မွေ့မွေ့ ရှိဖို့ အရေးကြီးပါတယ်။ တစ်ဖက်ကလေးနက်တဲ့အရာမျိုးကို သင့်ဘက်ကထင်မြင်ချက်ပေးမယ်ဆို မပေးခင် ၁ မိနစ်လောက်တော့ အနည်းဆုံးစဉ်းစားပါ။ စကားကို အလျင်စလို ပြောတာ၊ အလွယ်တကူမှတ်ချက်ပြုတာမျိုးဟာ လုပ်ဖော်ကိုင်ဖက်တွေကြား အမြင်ကပ်စရာ ဖြစ်နေနိုင်ပါတယ်။

၃ - ဆူညံ့ခြင်း

အလုပ်ထဲမှာ အမြဲတမ်းဆူညံနေတတ်သူဆိုရင်လည်း လုပ်ဖော်ကိုင်ဖက်တွေက သဘောမတွေ့တတ်ပါဘူး။ ဆူညံ့တာဟာ သူတို့ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် လူမှုရေးမသိသူ၊ အရိပ်အကဲနားမလည်သူအဖြစ်ပါ သင့်ကို သတ်မှတ်သွားနိုင်ပါတယ်။ ဖုန်းပြောရင် အကျယ်ကြီးပြောတာ၊ သင့်ရယ်သံက လိုတာထက် ကျယ်တာ၊ စကားပြောရင် အော်ကြီးဟစ်ကျယ်လှမ်းပြောတာမျိုးတွေကို ဂရုစိုက်သင့်ပါတယ်။

၄ - ပွဲလမ်းသဘင်

ရုံးကလုပ်တဲ့ ပွဲလမ်းသဘင်မျိုးတွေကို မသွားတာ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခင်မင်ဖို့ ဒီလိုပွဲမျိုးက အကောင်းဆုံးဖြစ်ပါတယ်။ လုပ်ငန်းခွင်ရဲ့ လေးလံမှုတွေမပါဘဲ ပေါ့ပေါ့ပါးပါး ရှိနေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ သင်က မသွားတာကြောင့် ရင်းရင်းနှီးနှီး ခင်မင်နိုင်တဲ့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးနေပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး - (၁၀) မိနစ် အတွင်း စိတ်ဖိစီးမှုကို ပျောက်သွားစေမယ်)

၅ - စကားမပြောတာ

အသေးအဖွဲ ဟိုအကြောင်း ဒီအကြောင်းလေးတွေကိုတောင် သင်က မပြောတာ ဖြစ်ပါတယ်။ ဒီလိုပြောနိုင်တဲ့ အခွင့်အရေးမျိုးရရင်လည်း သင့်ဘက်က မယူတာ ဖြစ်ပါတယ်။ နေ့လယ်ထမင်စားချိန်၊ အပြင်မှာ ဆေးလိပ်ထွက်သောက်ချိန်မျိုးတွေဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အသေးအဖွဲလေးတွေပြောပြီး ခင်မင်ခွင့်ရနိုင်တဲ့ အခိုက်အတန့်တွေ ဖြစ်ပါတယ်။

၆ - ငြီးငြူတာ

အလုပ်ကို အမြဲငြီးငြူနေတာ ဖြစ်ပါတယ်။ သင် သက်သောင့်သက်သာ လုပ်နိုင်မယ့် အလုပ်လို့ လုပ်ဖော်ကိုင်ဖက်တွေက သိပေမဲ့ သင့်ဘက်က မကျေနပ်ကြောင်းပြောပြီး ငြီးငြူနေတာမျိုး ဖြစ်ပါတယ်။ ဘာမဆိုငြီးငြူနေတတ်တဲ့ သင့်အနားရောက်တိုင်း လုပ်ဖော်ကိုင်ဖက်တွေပါ ပူလောင်လာရပါတယ်။

၇ - ဆဲဆိုခြင်း

စကားပြောရင် ဆဲတာဆိုတာတွေပါပြီး ခပ်ရိုင်းရိုင်းပြောတာမျိုး ဖြစ်ပါတယ်။ ဒီတော့ သင်နဲ့ ဘယ်သူမှ မပက်သက်ချင်တော့ပါဘူး။အပြုအမူတွေကပါ ရိုင်းရင်တော့ သင်နဲ့ ဆက်ဆံရမှာကိုတောင် လုပ်ဖော်ကိုင်ဖက်တွေက ကြောက်နေနိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top