iMyanmarHouse.com - Best Property Website for Myanmar
×

သာယာတဲ့အခ်စ္ေရးတစ္ခု ျဖစ္ဖုိ႔ဆုိတာ စစခ်င္းမွာ ဘာကိုမ်ားၾကည့္ၿပီး ခန္႔မွန္းၾကမလဲ။ စိတ္ဓာတ္ၾကံ႕ခိုင္ၿပီး စိတ္ခြန္အား႐ွိတဲ့ မိန္းကေလးတစ္ေယာက္ကို ဒိတ္မယ္ဆုိရင္ေတာ့ ပိုၿပီး ပိုၿပီးခန္႔မွန္းရလြယ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူတုိ႔ေတြက အခ်စ္ေရးကိုလည္းအေလးထားၾကၿပီး အခ်ိန္အၾကာႀကီးထိခ်စ္ဖုိ႔ စဥ္းစားၾကသူေတြမို႔လို႔ပါ။ ဒါေၾကာင့္မို႔လို႔ အစပိုင္းမွာတည္းက ျပႆနာရွာတာေတြ၊ ရစ္တာေတြ သိပ္မလုပ္ဘဲ ေကာင္းတာေတြနဲ႔ စတင္ေလ့ရွိပါတယ္။

၁) လက္ေတြ႔က်တဲ့ေမွ်ာ္လင့္ခ်က္ေတြပဲ႐ွိတယ္

ျပည့္စံုတဲ့သူဆုိတာမ႐ွိပါဘူး။ ဘယ္ေယာက္်ားမွ ၿပီးျပည့္စံုေနတာမဟုတ္ဘူးဆုိတာသိတယ္။ ကိုယ္တိုင္လည္း ေျခာက္ပစ္ကင္း သဲလဲစင္မဟုတ္ဘူးေလ။ ဒါေၾကာင့္မို႔လို႔ လက္ေတြ႔က်က်ပဲ စဥ္းစားတတ္တယ္။ ညႇိႏႈိင္းလို႔ရတာေတြ၊ လက္ခံႏုိင္မွာေတြကိုပဲေတြးတယ္။

၂) မိန္းမေတြကိုတန္ဖိုးထားသူကိုပဲေရြးတယ္

ကိုယ္တိုင္ကလည္း မိန္းကေလးျဖစ္တယ္၊ ကိုယ့္ကိုယ္ကိုယ္တန္ဖိုးထားတယ္။ ဒါေၾကာင့္မို႔လို႔ မိန္းမေတြကို အထင္ေသးႏွိမ့္ခ်တတ္တဲ့ အျမင္က်ဥ္းတဲ့ ေယာက္်ားေတြကို ခ်စ္သူအျဖစ္မေရြးဘူး။ ကိုယ္တုိင္ကလည္း အစြမ္းအစရွိေအာင္ေနတယ္။ သူမ်ားကိုအားကိုးေနမွာမဟုတ္ဘူးေလ။

၃) အဆိုးေတြကိုပဲအာ႐ံုမစိုက္ဘူး

အခ်စ္ေရးတစ္ခုမွာ အဆင္ေျပတာေတြခ်ည္းပဲ မရွိဘူးဆိုတာ နားလည္တယ္။ ဒီေတာ့ ျပႆနာေတြၾကံဳလာတုိင္း အေကာင္းဘက္ကိုလွည့္ေတြးတတ္တယ္။ ေသေသခ်ာခ်ာ စဥ္းစားဆံုးျဖတ္ထားတဲ့ အခ်စ္ေရးကို လက္လႊတ္စပယ္နဲ႔ အဆံုးရႈံးမခံဘူး။

၄) ခ်စ္ျပရမွာမေၾကာက္ဘူး

ကိုယ့္ဘက္က ခ်စ္ျပလိုက္လုိ႔၊ အေလ်ာ့ေပးဂရုစိုက္ျပလို႔ သူက အႏိုင္က်င့္သြားမွာကို စိတ္မပူဘူး။ ဘာလို႔လဲဆုိေတာ့ လူတစ္ေယာက္ကိုခ်စ္မိရင္ ကိုယ့္ဘက္က အေကာင္းဆံုးခ်စ္ျပတယ္။ အခ်စ္ခံရတာကိုလည္း သေဘာက်သလို ခ်စ္ျပရတာကိုလည္း ေကာင္းေကာင္းၾကီး လက္ခံထားတယ္။

၅) အားနည္းခ်က္ကိုလက္ခံတယ္

ေယာက္်ားေလးမုိ႔လို႔ အၿမဲတမ္း ေရွ႕ကဦးေဆာင္ေနရမယ္၊ သန္မာေနရမယ္ဆုိတဲ့ အျမင္မ်ိဳးလည္း မရွိဘူး။ ကိုယ္ခ်စ္တဲ့ေယာက္်ားက စိတ္ဓာတ္ေတြက်ေနရင္ ႏွစ္သိမ့္ေပးတတ္ၾကတယ္။ ကိုယ့္ခ်စ္သူက ေပ်ာ့ညံ့လိုက္တာလို႔လည္း မေတြးဘူး။ ေပ်ာ့ညံ့တဲ့ေယာက္်ားဆုိရင္ အစတည္းက ေရြးမွာမဟုတ္ဘူးေလ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သာယာတဲ့အချစ်ရေးတစ်ခု ဖြစ်ဖို့ဆိုတာ စစချင်းမှာ ဘာကိုများကြည့်ပြီး ခန့်မှန်းကြမလဲ။ စိတ်ဓာတ်ကြံ့ခိုင်ပြီး စိတ်ခွန်အားရှိတဲ့ မိန်းကလေးတစ်ယောက်ကို ဒိတ်မယ်ဆိုရင်တော့ ပိုပြီး ပိုပြီးခန့်မှန်းရလွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက အချစ်ရေးကိုလည်းအလေးထားကြပြီး အချိန်အကြာကြီးထိချစ်ဖို့ စဉ်းစားကြသူတွေမို့လို့ပါ။ ဒါကြောင့်မို့လို့ အစပိုင်းမှာတည်းက ပြဿနာရှာတာတွေ၊ ရစ်တာတွေ သိပ်မလုပ်ဘဲ ကောင်းတာတွေနဲ့ စတင်လေ့ရှိပါတယ်။

၁) လက်တွေ့ကျတဲ့မျှော်လင့်ချက်တွေပဲရှိတယ်

ပြည့်စုံတဲ့သူဆိုတာမရှိပါဘူး။ ဘယ်ယောက်ျားမှ ပြီးပြည့်စုံနေတာမဟုတ်ဘူးဆိုတာသိတယ်။ ကိုယ်တိုင်လည်း ခြောက်ပစ်ကင်း သဲလဲစင်မဟုတ်ဘူးလေ။ ဒါကြောင့်မို့လို့ လက်တွေ့ကျကျပဲ စဉ်းစားတတ်တယ်။ ညှိနှိုင်းလို့ရတာတွေ၊ လက်ခံနိုင်မှာတွေကိုပဲတွေးတယ်။

၂) မိန်းမတွေကိုတန်ဖိုးထားသူကိုပဲရွေးတယ်

ကိုယ်တိုင်ကလည်း မိန်းကလေးဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတယ်။ ဒါကြောင့်မို့လို့ မိန်းမတွေကို အထင်သေးနှိမ့်ချတတ်တဲ့ အမြင်ကျဉ်းတဲ့ ယောက်ျားတွေကို ချစ်သူအဖြစ်မရွေးဘူး။ ကိုယ်တိုင်ကလည်း အစွမ်းအစရှိအောင်နေတယ်။ သူများကိုအားကိုးနေမှာမဟုတ်ဘူးလေ။

၃) အဆိုးတွေကိုပဲအာရုံမစိုက်ဘူး

အချစ်ရေးတစ်ခုမှာ အဆင်ပြေတာတွေချည်းပဲ မရှိဘူးဆိုတာ နားလည်တယ်။ ဒီတော့ ပြဿနာတွေကြုံလာတိုင်း အကောင်းဘက်ကိုလှည့်တွေးတတ်တယ်။ သေသေချာချာ စဉ်းစားဆုံးဖြတ်ထားတဲ့ အချစ်ရေးကို လက်လွှတ်စပယ်နဲ့ အဆုံးရှုံးမခံဘူး။

၄) ချစ်ပြရမှာမကြောက်ဘူး

ကိုယ့်ဘက်က ချစ်ပြလိုက်လို့၊ အလျော့ပေးဂရုစိုက်ပြလို့ သူက အနိုင်ကျင့်သွားမှာကို စိတ်မပူဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ကိုချစ်မိရင် ကိုယ့်ဘက်က အကောင်းဆုံးချစ်ပြတယ်။ အချစ်ခံရတာကိုလည်း သဘောကျသလို ချစ်ပြရတာကိုလည်း ကောင်းကောင်းကြီး လက်ခံထားတယ်။

၅) အားနည်းချက်ကိုလက်ခံတယ်

ယောက်ျားလေးမို့လို့ အမြဲတမ်း ရှေ့ကဦးဆောင်နေရမယ်၊ သန်မာနေရမယ်ဆိုတဲ့ အမြင်မျိုးလည်း မရှိဘူး။ ကိုယ်ချစ်တဲ့ယောက်ျားက စိတ်ဓာတ်တွေကျနေရင် နှစ်သိမ့်ပေးတတ်ကြတယ်။ ကိုယ့်ချစ်သူက ပျော့ညံ့လိုက်တာလို့လည်း မတွေးဘူး။ ပျော့ညံ့တဲ့ယောက်ျားဆိုရင် အစတည်းက ရွေးမှာမဟုတ်ဘူးလေ။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top