iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ ပိုင္ၿဖိဳးသုက ေမလ(၂၀)ရက္ေန႕ကေနစၿပီး အႏုပညာအလုပ္ေတြကို ေခတၱနားထားမယ္လို႕ သိရပါတယ္။သူမမွာ မေမွ်ာ္လင့္ပဲ cystadenoma left ovary(သားအိမ္မွာအရည္အိတ္တည္ျခင္း)ျဖစ္ေနတာေၾကာင့္ ခြဲစိတ္မႈလုပ္ရမယ္လို႕ ဆိုပါတယ္။

ခြဲစိတ္မႈကိုလည္း UK မွာ သြားလုပ္ဖို႕ ဆံုးျဖတ္ၾကားေၾကာင္း သူမရဲ႕ ပရိသတ္ေတြ မိတ္ေဆြေတြကို ေဖ့စ္ဘြတ္ကေန တစ္ဆင့္ လြန္ခဲ့တဲ့ မိနစ္ပိုင္းေလာက္က ေျပာခဲ့တာပါ။

"အားလုံးကိုအသိေပးေၾကာျငာစာေလးပါရွင့္ သုသု(၄)ရက္ေန႔က Grand Hantha ေဆးရံုႀကီးမွာ အေထြေထြက်န္းမာေရးစစ္ေဆးမႈ package လက္ေဆာင္ရတဲ့အတြက္ ေဆးစစ္ျဖစ္ခဲ့ပါတယ္။ မေမွ်ာ္လင့္ပဲ Ultrasound အေျဖက cystadenoma left ovary ျဖစ္ ေနခဲ့ပါတယ္ ။ အရည္အိတ္က75mm*67mm*67mm with septum ျဖစ္ေနတာေၾကာင့္ ခြဲထုတ္ရမယ့္ အေျခအေန ေလးျဖစ္ေန ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံျခားေဆး႐ုံမွတာဝန္ယူေနတဲ့အေဒၚနဲ႔တိုင္ပင္လိုက္ေတာ့ သူ႔ဆီကိုလာလိုက္ပါသူ စီစဥ္ေပးမယ္တိုက္တြန္းလို႔ အိမ္ကလည္း UK မွာခြဲစိတ္မႈျပဳလုပ္ဖို႔အတြက္ဆုံးျဖတ္လိုက္ပါတယ္"ဆိုၿပီး ေရးသားထားပါတယ္။

ေမလ(၂၀)ရက္ေန႕မွာ UK ကို ခြဲစိတ္ကုသဖို႕အတြက္ သြားေရာက္မွာ ျဖစ္ၿပီး ဇြန္လ(၁၀)ရက္ေန႕ၾကာမယ္လိုု႕သိရပါတယ္။ဒါေၾကာင့္ သူမလက္ခံထားတဲ့ အႏုပညာအလုပ္ေတြအားလံုးကို ဖ်က္လိုက္ရတဲ့အတြက္လည္း သက္ဆိုင္ရာသူမ်ားအားလံုးကို ပိုင္ၿဖိဳးသုက စိတ္မေကာင္းစြာနဲ႕ပဲ ေတာင္းပန္စကားဆိုထားပါေသးတယ္။

ပိုင္ၿဖိဳးသုဟာ ငယ္စဥ္ကတည္းက အႏုပညာေလာကနဲ႕ ရင္းနွီးေနသူ တစ္ဦးျဖစ္ၿပီး ေဆးေက်ာင္းတစ္ဖက္နဲ႕ သရုပ္ေဆာင္ဘက္ကို ႀကိဳးစားလာကာ ယခုဆိုရင္ အကယ္ဒမီဆုတစ္ဆုကိုလည္း ပိုင္ဆုိင္ထားႏိုင္ၿပီျဖစ္ပါတယ္။

ယခုလိုမ်ိဳးသူမရဲ႕ က်န္းမာေရးအေျခအေနကုိ ေျပာျပလိုက္ခ်ိန္မွာ ပရိသတ္ေတြကလည္း သူမအတြက္ စိုးရိမ္ေနၾကတာ ေတြ႕ရပါတယ္။ သူမကို က်န္းမာေရးဂရုစိုက္ဖို႕အတြက္ ဝိုင္းၿပီးေျပာထားတဲ့ ေကာမန္႕ေတြကိုလည္း ေတြ႕ရပါတယ္။ ပိုင္ၿဖိဳးသုဟာ 3Girls ရုပ္ရွင္ ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး  အမ်ိဳးသမီးဇာတ္ပို႕ဆုကို ရရွိခဲ့တာပါ။

အကယ္ဒမီဆုရရွိၿပီးတဲ့ ေနာက္ပိုင္းမွာလည္း အႏုပညာအလုပ္ေတြ ဆက္တိုက္ဆိုသလို လုပ္ကိုင္ခဲ့ရသူ ျဖစ္ပါတယ္။သူမဟာ အႏုပညာပ်ိဳးခင္း(၂) ရဲ႕ စင္တင္မင္းသမီး တစ္ဦးျဖစ္ခဲ့တဲ့ ပိုင္ၿဖိဳးသုက ယခုလိုဆိုရင္ ပရိသတ္အားေပးမႈ ရရွိထားတဲ့ သရုပ္ေဆာင္ တစ္ဦး ျဖစ္ေနပါၿပီ။

Photo : ပိုင္ၿဖိဳးသု FB

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင် ပိုင်ဖြိုးသုက မေလ(၂၀)ရက်နေ့ကနေစပြီး အနုပညာအလုပ်တွေကို ခေတ္တနားထားမယ်လို့ သိရပါတယ်။သူမမှာ မမျှော်လင့်ပဲ cystadenoma left ovary(သားအိမ်မှာအရည်အိတ်တည်ခြင်း)ဖြစ်နေတာကြောင့် ခွဲစိတ်မှုလုပ်ရမယ်လို့ ဆိုပါတယ်။

ခွဲစိတ်မှုကိုလည်း UK မှာ သွားလုပ်ဖို့ ဆုံးဖြတ်ကြားကြောင်း သူမရဲ့ ပရိသတ်တွေ မိတ်ဆွေတွေကို ဖေ့စ်ဘွတ်ကနေ တစ်ဆင့် လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ပြောခဲ့တာပါ။

"အားလုံးကိုအသိပေးကြောငြာစာလေးပါရှင့် သုသု(၄)ရက်နေ့က Grand Hantha ဆေးရုံကြီးမှာ အထွေထွေကျန်းမာရေးစစ်ဆေးမှု package လက်ဆောင်ရတဲ့အတွက် ဆေးစစ်ဖြစ်ခဲ့ပါတယ်။ မမျှော်လင့်ပဲ Ultrasound အဖြေက cystadenoma left ovary ဖြစ် နေခဲ့ပါတယ် ။ အရည်အိတ်က75mm*67mm*67mm with septum ဖြစ်နေတာကြောင့် ခွဲထုတ်ရမယ့် အခြေအနေ လေးဖြစ်နေ ပါတယ်။ ဒါကြောင့် နိုင်ငံခြားဆေးရုံမှတာဝန်ယူနေတဲ့အဒေါ်နဲ့တိုင်ပင်လိုက်တော့ သူ့ဆီကိုလာလိုက်ပါသူ စီစဉ်ပေးမယ်တိုက်တွန်းလို့ အိမ်ကလည်း UK မှာခွဲစိတ်မှုပြုလုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်"ဆိုပြီး ရေးသားထားပါတယ်။

မေလ(၂၀)ရက်နေ့မှာ UK ကို ခွဲစိတ်ကုသဖို့အတွက် သွားရောက်မှာ ဖြစ်ပြီး ဇွန်လ(၁၀)ရက်နေ့ကြာမယ်လိုု့သိရပါတယ်။ဒါကြောင့် သူမလက်ခံထားတဲ့ အနုပညာအလုပ်တွေအားလုံးကို ဖျက်လိုက်ရတဲ့အတွက်လည်း သက်ဆိုင်ရာသူများအားလုံးကို ပိုင်ဖြိုးသုက စိတ်မကောင်းစွာနဲ့ပဲ တောင်းပန်စကားဆိုထားပါသေးတယ်။

ပိုင်ဖြိုးသုဟာ ငယ်စဉ်ကတည်းက အနုပညာလောကနဲ့ ရင်းနှီးနေသူ တစ်ဦးဖြစ်ပြီး ဆေးကျောင်းတစ်ဖက်နဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာကာ ယခုဆိုရင် အကယ်ဒမီဆုတစ်ဆုကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။

ယခုလိုမျိုးသူမရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလိုက်ချိန်မှာ ပရိသတ်တွေကလည်း သူမအတွက် စိုးရိမ်နေကြတာ တွေ့ရပါတယ်။ သူမကို ကျန်းမာရေးဂရုစိုက်ဖို့အတွက် ဝိုင်းပြီးပြောထားတဲ့ ကောမန့်တွေကိုလည်း တွေ့ရပါတယ်။ ပိုင်ဖြိုးသုဟာ 3Girls ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကောင်းဆုံး  အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာပါ။

အကယ်ဒမီဆုရရှိပြီးတဲ့ နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်ခဲ့ရသူ ဖြစ်ပါတယ်။သူမဟာ အနုပညာပျိုးခင်း(၂) ရဲ့ စင်တင်မင်းသမီး တစ်ဦးဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသုက ယခုလိုဆိုရင် ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်နေပါပြီ။

Photo : ပိုင်ဖြိုးသု FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top