iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ဝေဝါး


၂ - အခက်အခဲ


၃ - မျက်လုံးစွေ


၎ - နှစ်ထပ်ဖြစ်တယ်


၅ - ခေါင်းကိုက်တယ်


၆ - အမှောင်


၇ - အလင်း


Photos & Source: wikiHow

Credit : Duwun

၁ - ဝဝေါး

အမြင်ဝေဝါးမှု စတင်ဖြစ်ပေါ်တာပါ။ စတင်ဖြစ်ပေါ်တဲ့အချိန်မှာပဲ ဂရုစိုက်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အဆိုပါ ဝေဝါးမှုဟာ ပိုပိုဆိုးလာပါတယ်။

၂ - အခက်အခဲ

စာရေးတာ၊ ပုံဆွဲတာ၊ ကွန်ပြူတာနဲ့အလုပ်လုပ်နေရပြီး အာရုံစူးစိုက်မှု အရင်ကလောက် အားမကောင်းတာကလည်း မျက်လုံးပြဿနာ ဖြစ်တတ်ပါတယ်။ မျက်လုံးကြွက်သားတွေလျော့ရဲလာတဲ့ presbyopia လက္ခဏာတစ်မျိုး ဖြစ်ပါတယ်။ ဒီလိုလက္ခဏာမျိုးဟာ အသက်ကြီးလာတာနဲ့ အမျှ ဖြစ်တတ်ပါတယ်။

၃ - မျက်လုံးစွေ

တစ်စုံတစ်ခုကို အာရုံစိုက်ကြည့်တဲ့အခါ ရှင်းလင်းပြတ်သားမှုရှိဖို့ မျက်လုံးကို စွေကြည့်တဲ့ အကျင့်ရှိလာတာ ဖြစ်ပါတယ်။ ဒါကလည်း မျက်လုံးပြဿနာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၄ - နှစ်ထပ်ဖြစ်တယ်

ကြည့်လိုက်တဲ့အရာဝတ္ထုတွေက နှစ်ထပ်ဖြစ်နေတာပါ။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်း အမျိုးမျိုး ရှိတတ်ပါတယ်။ ဒီလိုဖြစ်ရင် မပေါ့ဆသင့်ပါဘူး။ မျက်မှန်တပ်ပြီး ပြင်ဆင်လို့ရနိုင်ပါတယ်။

၅ - ခေါင်းကိုက်တယ်

ခေါင်းကိုက်တာမျိုး ဖြစ်တဲ့အခါ မျက်လုံးနဲ့လည်း ဆိုင်တတ်ပါတယ်။

၆ - အမှောင်

အမှောင်ထဲမှာ ကြည့်တဲ့အခါ ပုံမှန်အမြင်အာရုံမျိုး မရတတ်တာဟာလည်း မျက်လုံးပြဿနာရှိနေတာပါ။ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ညဘက်ကားမောင်းတဲ့အခါမျိုး၊ ရုတ်တရက် လမ်းကူးတဲ့အခါမျိုးမှာ ပြဿနာ ရှိနိုင်ပါတယ်။

၇ - အလင်း

အလင်းကို ကြည့်တဲ့အခါ ပုံမှန်မဟုတ်တာမျိုးကလည်း ဆရာဝန်နဲ့ ချက်ချင်းပြသင့်တဲ့ လက္ခဏာမျိုးပါ။

Photos & Source: wikiHow

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top