iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူ ရည္းစား ကိစၥေတြက ပရိယာယ္ဆန္ ပါတယ္။ တစ္ခါတစ္ေလမွာ မိန္းကေလး ေတြက သူတို႔ကိုယ္တိုင္ဖြင့္မေျပာပဲနဲ႔ သူတို႔ရဲ႕ခံစားခ်က္ ေတြကို သိေနတာမ်ိဳး လိုခ်င္ေမွ်ာ္လင့္တတ္ၾကပါတယ္။ ဒါဆို ကၽြန္ေတာ္ တို႔ ဘယ္လိုလုပ္ၾကမလဲ။ ဒီကိစၥအတြက္ နည္လမ္းေကာင္း (၅)ခု ရွိပါတယ္။

၁။ မွတ္စု စာအုပ္ အေသးေလးတစ္အုပ္ေဆာင္ထားပါ။ သူမ မျမင္ပါေစနဲ႔။ အခြင့္အေရး ရတိုင္းမွာ သူမ ႀကိဳက္တတ္တာေတြ၊ ၀ယ္ခ်င္တာေတြ၊ သြားလည္ခ်င္တယ္လို႔ ေျပာလာတဲ့ေနရာေတြနဲ႔ သူမ လုပ္ခ်င္တာေတြ အားလံုးကို ေရးမွတ္ထားပါ။ အထူး အထိမ္းအမွတ္ ေန႔ေတြေရာက္တဲ့အခါ ဒါမွမဟုတ္ တတ္ႏိုင္တဲ့အခါမ်ိဳးမွာ သူမ လိုခ်င္တာကို ၀ယ္ေပးတာ၊ သြားလည္ခ်င္တဲ့ေနရာကို ေခၚသြားတာ စသျဖင့္ လုပ္ေပးလိုက္ပါ။ အဓိက အခ်က္က သူမေျပာၿပီးၿပီးခ်င္း လုပ္ေပးတာမ်ိဳးမဟုတ္ပဲ ရုတ္တရက္ မစဥ္းစားႏိုင္ေလာက္ေအာင္ အခ်ိန္တစ္ခုၾကာၿပီးမွ လုပ္ေပးဖို႔ ျဖစ္ပါတယ္။ ဒီလိုဆိုရင္ သူမ ကို ဂရုစိုက္တယ္ဆိုတာ သိသြားမွာျဖစ္ၿပီး အေရးႀကီး တာက သူမေျပာသမွ်ကို အေလးအနက္ ထားတတ္သူအျဖစ္ ပိုခ်စ္လာမွာျဖစ္ပါတယ္။

၂။ သင့္ ခ်စ္သူ ေကာင္မေလး ဆံပင္ ညွပ္ေလ့၊ ျပင္ေလ့ရွိတဲ့ ဆိုင္နဲ႔ ရင္းႏွီး ေအာင္လုပ္ပါ။ သူမ ဆံပင္ လာညွပ္တိုင္း ဒါမွမဟုတ္ ဆံပင္ လာျပင္တိုင္းမွာ သင့္ဆီကို ဖုန္းဆက္ အေၾကာင္းၾကားေပးဖို႔ ေတာင္းဆိုပါ။ သင့္ခ်စ္သူ ဆံပင္ ညွပ္ထားတာကို ႀကိဳသိထားၿပီး ေတြ႕ျဖစ္ၾကမယ္ဆိုရင္ “ဆံပင္ လုပ္ထားတာလား၊ နည္းနည္းတိုသြားေပမယ့္ အရမ္းလွတယ္” စသျဖင့္ ေျပာေပးပါ။ အျပံဳးပန္းေတြ ပြင့္လန္းသြားမွာ ေသခ်ာပါတယ္။

၃။ ရန္ျဖစ္ စကားမ်ားၾကတဲ့အခ်ိန္မွာ လက္ကေလးကို ကိုင္ၿပီး လမ္းေလွ်ာက္ပါ။ စိတ္ဆိုး ေနခ်ိန္မွာ လက္ကိုင္ထားဖို႔ ဒါမွမဟုတ္ ဦးတည္ဖက္တစ္ခုထဲကို အတူတူ လမ္းေလွ်ာက္ သြားဖို႔က အရမ္းကိုခက္ခဲပါတယ္။ ဒီအခ်က္က ရိုမန္းတစ္ဆန္ရံုတင္မဟုတ္ပါဘူး။ ခ်စ္သူတိုင္းအတြက္ အေရးႀကီးပါတယ္။ အတူတူ လမ္းေလွ်ာက္ ရင္း ေျပာတဲ့ စကား ေတြက မ်က္ႏွာခ်င္းဆိုင္ေျပာတဲ့ စကား ေတြနဲ႔ လံုး၀ကြဲျပားျခားေနမွာ ျဖစ္ပါတယ္။ ႀကိဳးစားၾကည့္ပါ။

၄။ ခ်စ္သူ သက္တမ္းၾကာလာတာနဲ႔အမွ် တစ္ေယာက္စီရဲ႕ ေကာင္းကြက္ ေတြေရာ ဆိုးကြက္ ေတြကိုပါ ေတြ႕လာမွာ ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ သင့္ ခ်စ္သူ ကို မုန္းရင္ေတာင္ မုန္းေနႏိုင္ပါတယ္။ ဒါေပမယ့္ ရန္ျဖ စ္စကား မ်ားၾကတဲ့အခါတိုင္းမွာ ေပ်ာ္စရာေကာင္းတဲ့ အမွတ္တရ ေတြ၊ သင့္ ခ်စ္သူ ရဲ႕ ေကာင္းကြက္ ေလးေတြကိုပဲ စိတ္ထဲမွာ ေတြးထားပါ။ ၿပီးေတာ့ သင့္ခ်စ္သူရဲ႕ မေကာင္းတဲ့အခ်က္ေတြ၊ အျပစ္ေတြကို ေတြးမိတဲ့အခ်ိန္တိုင္းမွာ ေက်နပ္ေပ်ာ္ရႊင္စရာကိစၥေတြကိုပဲ ေတြးၿပီး က်န္တာေတြကို စိတ္ထဲကထုတ္ထားလိုက္ပါ။ ဒီလိုဆိုရင္ သင္တို႔ႏွစ္ေယာက္စလံုးအတြက္ ေက်နပ္ေပ်ာ္ရႊင္စရာ ဆက္ဆံေရးကို တည္ေဆာက္ႏုိင္မွာ ျဖစ္ပါတယ္။

၅။ သူမ ဖုန္းဆက္ ရင္ အျမဲတမ္းကိုင္ပါ။ အျမဲတမ္းပါ။ သူမဟာ သင့္အတြက္ အေရးအႀကီးဆံုး ပုဂၢိဳဟ္ ျဖစ္ၿပီး ဘယ္ကိစၥကမွ သူမထက္အေရးမႀကီးဘူးဆိုတာကို သိသြားဖို႔ လိုပါတယ္။

Credit : Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူ ရည်းစား ကိစ္စတွေက ပရိယာယ်ဆန် ပါတယ်။ တစ်ခါတစ်လေမှာ မိန်းကလေး တွေက သူတို့ကိုယ်တိုင်ဖွင့်မပြောပဲနဲ့ သူတို့ရဲ့ခံစားချက် တွေကို သိနေတာမျိုး လိုချင်မျှော်လင့်တတ်ကြပါတယ်။ ဒါဆို ကျွန်တော် တို့ ဘယ်လိုလုပ်ကြမလဲ။ ဒီကိစ္စအတွက် နည်လမ်းကောင်း (၅)ခု ရှိပါတယ်။

၁။ မှတ်စု စာအုပ် အသေးလေးတစ်အုပ်ဆောင်ထားပါ။ သူမ မမြင်ပါစေနဲ့။ အခွင့်အရေး ရတိုင်းမှာ သူမ ကြိုက်တတ်တာတွေ၊ ဝယ်ချင်တာတွေ၊ သွားလည်ချင်တယ်လို့ ပြောလာတဲ့နေရာတွေနဲ့ သူမ လုပ်ချင်တာတွေ အားလုံးကို ရေးမှတ်ထားပါ။ အထူး အထိမ်းအမှတ် နေ့တွေရောက်တဲ့အခါ ဒါမှမဟုတ် တတ်နိုင်တဲ့အခါမျိုးမှာ သူမ လိုချင်တာကို ဝယ်ပေးတာ၊ သွားလည်ချင်တဲ့နေရာကို ခေါ်သွားတာ စသဖြင့် လုပ်ပေးလိုက်ပါ။ အဓိက အချက်က သူမပြောပြီးပြီးချင်း လုပ်ပေးတာမျိုးမဟုတ်ပဲ ရုတ်တရက် မစဉ်းစားနိုင်လောက်အောင် အချိန်တစ်ခုကြာပြီးမှ လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒီလိုဆိုရင် သူမ ကို ဂရုစိုက်တယ်ဆိုတာ သိသွားမှာဖြစ်ပြီး အရေးကြီး တာက သူမပြောသမျှကို အလေးအနက် ထားတတ်သူအဖြစ် ပိုချစ်လာမှာဖြစ်ပါတယ်။

၂။ သင့် ချစ်သူ ကောင်မလေး ဆံပင် ညှပ်လေ့၊ ပြင်လေ့ရှိတဲ့ ဆိုင်နဲ့ ရင်းနှီး အောင်လုပ်ပါ။ သူမ ဆံပင် လာညှပ်တိုင်း ဒါမှမဟုတ် ဆံပင် လာပြင်တိုင်းမှာ သင့်ဆီကို ဖုန်းဆက် အကြောင်းကြားပေးဖို့ တောင်းဆိုပါ။ သင့်ချစ်သူ ဆံပင် ညှပ်ထားတာကို ကြိုသိထားပြီး တွေ့ဖြစ်ကြမယ်ဆိုရင် “ဆံပင် လုပ်ထားတာလား၊ နည်းနည်းတိုသွားပေမယ့် အရမ်းလှတယ်” စသဖြင့် ပြောပေးပါ။ အပြုံးပန်းတွေ ပွင့်လန်းသွားမှာ သေချာပါတယ်။

၃။ ရန်ဖြစ် စကားများကြတဲ့အချိန်မှာ လက်ကလေးကို ကိုင်ပြီး လမ်းလျှောက်ပါ။ စိတ်ဆိုး နေချိန်မှာ လက်ကိုင်ထားဖို့ ဒါမှမဟုတ် ဦးတည်ဖက်တစ်ခုထဲကို အတူတူ လမ်းလျှောက် သွားဖို့က အရမ်းကိုခက်ခဲပါတယ်။ ဒီအချက်က ရိုမန်းတစ်ဆန်ရုံတင်မဟုတ်ပါဘူး။ ချစ်သူတိုင်းအတွက် အရေးကြီးပါတယ်။ အတူတူ လမ်းလျှောက် ရင်း ပြောတဲ့ စကား တွေက မျက်နှာချင်းဆိုင်ပြောတဲ့ စကား တွေနဲ့ လုံးဝကွဲပြားခြားနေမှာ ဖြစ်ပါတယ်။ ကြိုးစားကြည့်ပါ။

၄။ ချစ်သူ သက်တမ်းကြာလာတာနဲ့အမျှ တစ်ယောက်စီရဲ့ ကောင်းကွက် တွေရော ဆိုးကွက် တွေကိုပါ တွေ့လာမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ သင့် ချစ်သူ ကို မုန်းရင်တောင် မုန်းနေနိုင်ပါတယ်။ ဒါပေမယ့် ရန်ဖြ စ်စကား များကြတဲ့အခါတိုင်းမှာ ပျော်စရာကောင်းတဲ့ အမှတ်တရ တွေ၊ သင့် ချစ်သူ ရဲ့ ကောင်းကွက် လေးတွေကိုပဲ စိတ်ထဲမှာ တွေးထားပါ။ ပြီးတော့ သင့်ချစ်သူရဲ့ မကောင်းတဲ့အချက်တွေ၊ အပြစ်တွေကို တွေးမိတဲ့အချိန်တိုင်းမှာ ကျေနပ်ပျော်ရွှင်စရာကိစ္စတွေကိုပဲ တွေးပြီး ကျန်တာတွေကို စိတ်ထဲကထုတ်ထားလိုက်ပါ။ ဒီလိုဆိုရင် သင်တို့နှစ်ယောက်စလုံးအတွက် ကျေနပ်ပျော်ရွှင်စရာ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

၅။ သူမ ဖုန်းဆက် ရင် အမြဲတမ်းကိုင်ပါ။ အမြဲတမ်းပါ။ သူမဟာ သင့်အတွက် အရေးအကြီးဆုံး ပုဂ္ဂိုဟ် ဖြစ်ပြီး ဘယ်ကိစ္စကမှ သူမထက်အရေးမကြီးဘူးဆိုတာကို သိသွားဖို့ လိုပါတယ်။

Credit : Gentleman Magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top