iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာမွာအဆီဓာတ္ရွိတာက မ်က္ႏွာအသားအေရကို ေျပာင္ေျပာင္ေလးျဖစ္ၿပီး လွေနေစတယ္ဆိုေပမယ့္ ပံုမွန္မဟုတ္ေတာ့ပဲ အရမ္းကိုအဆီျပန္လြန္းလာၿပီဆိုရင္ေတာ့လည္း စိတ္ရွဳပ္စရာေတြျဖစ္လာေစပါၿပီေနာ္။ မ်က္ႏွာျပင္ေပၚမွာ အရမ္းအဆီျပန္လြန္းတာေၾကာင့္ မိတ္ကပ္သားေတြလည္းၾကာရွည္မခံေတာ့ပဲ အသားအေရမွာလည္း ဝက္ၿခံေတြကိုပိုၿပီးေတာ့ျဖစ္လာေစႏိုင္ေတာ့တာေပါ႔။ မ်က္ႏွာအသားအေရေပၚမွာ စိတ္ရွဳပ္စရာေကာင္းေလာက္တဲ့ အဆီျပန္တာေတြကို ေလ်ာ့နည္းသြားေစဖို႔အတြက္ ညဘက္မွာျပင္ဆင္ေပးသင့္တဲ့ Face Mask ေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

ငွက္ေပ်ာသီးကိုအသုံးျပဳၿပီး Face Mask လုပ္မယ္ဆိုရင္လည္း အဆီျပန္တဲ့အသားအေရေတြအတြက္ အက်ိဳးရွိေစပါတယ္။ ငွက္ေပ်ာသီးတစ္လုံးကို ေက်မြေအာင္ေခ်ၿပီး ပ်ားရည္စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ေရာလိုက္ပါ ေရွာက္သီးအရည္အနည္းငယ္ေလာက္ထည့္ေပးဖို႔လည္း လိုအပ္ပါတယ္ေနာ္။ ရလာတဲ့အႏွစ္ေတြကို မ်က္ႏွာေပၚမွာေသခ်ာႏွံ႔ေအာင္လိမ္းေပးၿပီး ၁၅မိနစ္ေလာက္ထားၿပီး ေရေဆးခ်ေပးလိုက္လို႔ရပါတယ္။

ၾကက္ဥအကာနဲ႔လည္း ေပါင္းတင္ေပးလို႔ရပါတယ္။ ၾကက္ဥအကာကို ေရွာက္သီးအရည္နဲ႔ေရာၿပီး အျမဳပ္ေတြထြက္လာတဲ့ထိ ေခါက္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ သန႔္စင္တဲ့မ်က္ႏွာေပၚမွာ ေသခ်ာႏွံ႔စပ္ေအာင္လိမ္းေပးၿပီး နာရီဝက္ေလာက္ထားထားေပးလိုက္ပါ။ အခ်ိန္ျပည့္ၿပီဆိုရင္ေတာ့ မ်က္ႏွာကိုေသခ်ာျပန္သစ္ေပးလိုက္ပါ။ ဒီနည္းလမ္းတိုင္းပုံမွန္လုပ္ေပးသြားမယ္ဆိုရင္ေတာ့ အဆီျပန္တာေတြကို သက္သာသြားေစမွာပဲျဖစ္ပါတယ္။

စေတာ္ဘယ္ရီနဲ႔လည္း မ်က္ႏွာအဆီျပန္တာေတြကို ထိန္းထားေပးလို႔ရပါတယ္။ စေတာ္ဘယ္ရီကို ပ်ားရည္နဲ႔ေရာၿပီး အႏွစ္ေတြျဖစ္ေအာင္ဖန္တီးေပးလိုက္ပါ။ ၿပီးရင္ေတာ့ သန႔္စင္ၿပီးတဲ့မ်က္ႏွာေပၚမွာ ေသခ်ာလိမ္းေပးၿပီး  မိနစ္ ၂၀ ေလာက္ထားထားေပးလိုက္ပါ။ အခ်ိန္ျပည့္သြားရင္ ေရနဲ႔ေသခ်ာေဆးေၾကာေပးလိုက္မယ္ဆိုရင္ အသားအေရမွာျဖစ္ေနတဲ့ အဆီျပန္တာေတြကိုလည္း ထိန္းခ်ဳပ္ၿပီးသားျဖစ္သြားမွာပါ။

အဆီျပန္တဲ့အသားအေရပိုင္ရွင္ေတြအေနနဲ႔ ဒီနည္းလမ္းေလးေတြအတိုင္း ညဘက္ေတြမွာပုံမွန္လုပ္ေပးမယ္ဆိုရင္ အဆီျပန္တာေတြကိုေလ်ာ့နည္းေစၿပီး လွပတဲ့အသားအေရမ်ိဳးကို ပိုင္ဆိုင္လာရမွာပဲျဖစ္ပါတယ္။

Photo Source: Pexels

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မျက်နှာမှာအဆီဓာတ်ရှိတာက မျက်နှာအသားအရေကို ပြောင်ပြောင်လေးဖြစ်ပြီး လှနေစေတယ်ဆိုပေမယ့် ပုံမှန်မဟုတ်တော့ပဲ အရမ်းကိုအဆီပြန်လွန်းလာပြီဆိုရင်တော့လည်း စိတ်ရှုပ်စရာတွေဖြစ်လာစေပါပြီနော်။ မျက်နှာပြင်ပေါ်မှာ အရမ်းအဆီပြန်လွန်းတာကြောင့် မိတ်ကပ်သားတွေလည်းကြာရှည်မခံတော့ပဲ အသားအရေမှာလည်း ဝက်ခြံတွေကိုပိုပြီးတော့ဖြစ်လာစေနိုင်တော့တာပေါ့။ မျက်နှာအသားအရေပေါ်မှာ စိတ်ရှုပ်စရာကောင်းလောက်တဲ့ အဆီပြန်တာတွေကို လျော့နည်းသွားစေဖို့အတွက် ညဘက်မှာပြင်ဆင်ပေးသင့်တဲ့ Face Mask တွေကိုဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောသီးကိုအသုံးပြုပြီး Face Mask လုပ်မယ်ဆိုရင်လည်း အဆီပြန်တဲ့အသားအရေတွေအတွက် အကျိုးရှိစေပါတယ်။ ငှက်ပျောသီးတစ်လုံးကို ကျေမွအောင်ချေပြီး ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောလိုက်ပါ ရှောက်သီးအရည်အနည်းငယ်လောက်ထည့်ပေးဖို့လည်း လိုအပ်ပါတယ်နော်။ ရလာတဲ့အနှစ်တွေကို မျက်နှာပေါ်မှာသေချာနှံ့အောင်လိမ်းပေးပြီး ၁၅မိနစ်လောက်ထားပြီး ရေဆေးချပေးလိုက်လို့ရပါတယ်။

ကြက်ဥအကာနဲ့လည်း ပေါင်းတင်ပေးလို့ရပါတယ်။ ကြက်ဥအကာကို ရှောက်သီးအရည်နဲ့ရောပြီး အမြုပ်တွေထွက်လာတဲ့ထိ ခေါက်ပေးလိုက်ပါ။ ပြီးရင်တော့ သန့်စင်တဲ့မျက်နှာပေါ်မှာ သေချာနှံ့စပ်အောင်လိမ်းပေးပြီး နာရီဝက်လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်ပြီဆိုရင်တော့ မျက်နှာကိုသေချာပြန်သစ်ပေးလိုက်ပါ။ ဒီနည်းလမ်းတိုင်းပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ အဆီပြန်တာတွေကို သက်သာသွားစေမှာပဲဖြစ်ပါတယ်။

စတော်ဘယ်ရီနဲ့လည်း မျက်နှာအဆီပြန်တာတွေကို ထိန်းထားပေးလို့ရပါတယ်။ စတော်ဘယ်ရီကို ပျားရည်နဲ့ရောပြီး အနှစ်တွေဖြစ်အောင်ဖန်တီးပေးလိုက်ပါ။ ပြီးရင်တော့ သန့်စင်ပြီးတဲ့မျက်နှာပေါ်မှာ သေချာလိမ်းပေးပြီး  မိနစ် ၂၀ လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားရင် ရေနဲ့သေချာဆေးကြောပေးလိုက်မယ်ဆိုရင် အသားအရေမှာဖြစ်နေတဲ့ အဆီပြန်တာတွေကိုလည်း ထိန်းချုပ်ပြီးသားဖြစ်သွားမှာပါ။

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ ဒီနည်းလမ်းလေးတွေအတိုင်း ညဘက်တွေမှာပုံမှန်လုပ်ပေးမယ်ဆိုရင် အဆီပြန်တာတွေကိုလျော့နည်းစေပြီး လှပတဲ့အသားအရေမျိုးကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

Photo Source: Pexels

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top