iMyanmarHouse.com - Best Property Website for Myanmar
×

ဒီႏိုင္ငံမွာေတာ႔ ပူလည္းပူ၊ ေခၽြးထြက္လည္းမ်ားၾကေတာ႔ ခ်ိဳင္းေခၽြးန႔ံေပ်ာက္ေဆးေတြကို အမ်ိဳးသားေတြေရာ အမ်ိဳးသမီးေတြေရာ အသံုးမ်ားၾကပါတယ္။ တခ်ိဳ႕ေတြကေတာ႔ ေခၽြးန႔ံျပင္းလြန္းလို႔သံုးတာျဖစ္ေပမယ္႔ တခ်ိဳ႕ေတြကေတာ႔ ခ်ိဳူင္းသားျဖဴဖို႔အတြက္ သံုးၾကတာပါ။ မတည္႔တဲ႔သူေတြအတြက္က်ေတာ႔ ဒီလို ေခၽြးန႔ံေပ်ာက္ေဆးေတြဟာ လိမ္းျပီးခ်ိန္ယားယံတာမ်ိဳး၊ ခ်ိဳင္းသားပိုမည္းသြားတာမ်ိဳး ျဖစ္တတ္ပါတယ္။

တကယ္လုိ႔မ်ား ကိုယ္ကခ်ိဳင္းေခၽြးန႔ံေပ်ာက္ေဆးေတြသံုးေနက်ဆိုရင္ ကုိယ္သံုးပံုသံုးနည္း မွန္ရဲ႕လား။ ဘာေတြမွားယြင္းေနလဲဆိုတာ ေလ႔လာၾကည္႔ပါဦး။

အသားအေရစိုေနခ်ိန္သံုးျခင္း
ခ်ိဳင္းန႔ံေပ်ာက္ေဆးသံုးတဲ႔အခါ ေရခ်ိဳးျပီးခ်ိန္ ၊ အေရျပားအစိုဓာတ္ရွိေနခ်ိန္မွာ သံုးတာက မွားယြင္းတဲ႔အခ်က္ပါ။ သူ႔ကိုအေရျပားေျခာက္ေသြ႔ေနခ်ိန္မွာသံုးတာက ေခၽြးန႔ံေပ်ာက္ေဆးကို ပိုစြဲျမဲေစျပီး အန႔ံတာရွည္ခံေစပါတယ္။

မနက္ပိုင္းမွာသံုးျခင္း
လူေတာ္ေတာ္မ်ားမ်ားဟာ မနက္ပိုင္းမွာပဲ ခ်ိဳင္းေခၽြးန႔ံေပ်ာက္ေဆးကို အသံုးမ်ားၾကပါတယ္။ တကယ္တမ္းမွာေတာ႔ မနက္ပိုင္းမွာသံုးျခင္းဟာ ေခၽြးန႔ံကိုထင္သေလာက္မထိန္းေပးႏိုင္ပါဘူး။ ညေနပိုင္းနဲ႔ ညအိပ္ရာဝင္ခါနီးအခ်ိန္ေတြက ခႏၶာကိုယ္မွာအပူဓာတ္ပိုထြက္ရွိတဲ႔အတြက္ ေမႊးရန႔ံကိုလည္းၾကာရွည္ထိန္းထားႏို္င္ပါတယ္။ ခ်ိဳင္းေခၽြးန႔ံကိုလည္းပိုမိုဖယ္ရွားေပးႏိုင္တယ္လုိ႔ဆုိပါတယ္။

လိမ္းျပီးျပီးခ်င္း အဝတ္အစားဝတ္ျခင္း
ေခၽြးန႔ံေပ်ာက္ေဆးသုတ္လိမ္းျပီးခ်ိန္ မေျခာက္ခင္မွာအက်ီ ၤေကာက္စြပ္လိုက္တာက မွားယြင္းတဲ႔အခ်က္ပါ။ တကယ္တမ္းမွာေတာ႔ အနည္းငယ္ေျခာက္ေသြ႔ေအာင္ ေမႊးရန႔ံစြဲေအာင္ခဏေလသလပ္ခံျပီးမွအက်ီ ၤကိုဝတ္ရမွာပါ။ တခ်ိဳ႕ေတြကေတာ႔ Hair Dryer နဲ႔ေျခာက္ေသြ႔ေစျပီးေတာ႔မွအက်ီ ၤဝတ္ၾကတယ္လုိ႔ဆိုပါတယ္။

အလြန္အကၽြံသံုးျခင္း
တကယ္တမ္းမွာေတာ႔ ေခၽြးန႔ံေပ်ာက္ေဆးေတြကို ေန႔တိုင္းသံုးဖို႔မလိုသလို အမ်ားၾကီးသံုးဖို႔လည္း မလိုပါဘူး။ တစ္ပတ္မွာ ၂ ၾကိမ္ (သို႔) ၃ ၾကိမ္ ေသေသခ်ာခ်ာသုတ္လိမ္းေပးရင္ရပါျပီ။ ခ်ိဳင္းကို အေပၚဘက္ႏွစ္ခ်က္ ေအာက္ဘက္ႏွစ္ခ်က္ဆြဲလိမ္းေပးရင္ လံုေလာက္ျပီလို႔ဆိုပါတယ္။ ဒါေၾကာင္႔ ေန႔တိုင္းမလိမ္းမိလို႔ေနာင္တရစရာမလိုပါဘူး။

ကဲ…ဒီေလာက္ဆိုရင္ေတာ႔ ခ်ိဳင္းေခၽြးန႔ံေပ်ာက္ေဆးေတြကိုဘယ္လိုစမတ္က်က်သံုးႏိုင္သလဲဆိုတာ သိသြားၾကျပီလို႔ေမ်ွာ္လင္႔ပါတယ္ေနာ္။ ေန႔တိုင္းသံုးစရာမလိုေတာ႔ တစ္လတစ္ဘူးမကုန္ဘဲ ေငြေခၽြတာရာလည္း ေရာက္တာေပါ႔ေနာ္။

Credit : ဂ်ဴးဂ်ဴး(အခရာ)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီနိုင်ငံမှာတော့ ပူလည်းပူ၊ ချွေးထွက်လည်းများကြတော့ ချိုင်းချွေးနံ့ပျောက်ဆေးတွေကို အမျိုးသားတွေရော အမျိုးသမီးတွေရော အသုံးများကြပါတယ်။ တချို့တွေကတော့ ချွေးနံ့ပြင်းလွန်းလို့သုံးတာဖြစ်ပေမယ့် တချို့တွေကတော့ ချိုူင်းသားဖြူဖို့အတွက် သုံးကြတာပါ။ မတည့်တဲ့သူတွေအတွက်ကျတော့ ဒီလို ချွေးနံ့ပျောက်ဆေးတွေဟာ လိမ်းပြီးချိန်ယားယံတာမျိုး၊ ချိုင်းသားပိုမည်းသွားတာမျိုး ဖြစ်တတ်ပါတယ်။

တကယ်လို့များ ကိုယ်ကချိုင်းချွေးနံ့ပျောက်ဆေးတွေသုံးနေကျဆိုရင် ကိုယ်သုံးပုံသုံးနည်း မှန်ရဲ့လား။ ဘာတွေမှားယွင်းနေလဲဆိုတာ လေ့လာကြည့်ပါဦး။

အသားအရေစိုနေချိန်သုံးခြင်း
ချိုင်းနံ့ပျောက်ဆေးသုံးတဲ့အခါ ရေချိုးပြီးချိန် ၊ အရေပြားအစိုဓာတ်ရှိနေချိန်မှာ သုံးတာက မှားယွင်းတဲ့အချက်ပါ။ သူ့ကိုအရေပြားခြောက်သွေ့နေချိန်မှာသုံးတာက ချွေးနံ့ပျောက်ဆေးကို ပိုစွဲမြဲစေပြီး အနံ့တာရှည်ခံစေပါတယ်။

မနက်ပိုင်းမှာသုံးခြင်း
လူတော်တော်များများဟာ မနက်ပိုင်းမှာပဲ ချိုင်းချွေးနံ့ပျောက်ဆေးကို အသုံးများကြပါတယ်။ တကယ်တမ်းမှာတော့ မနက်ပိုင်းမှာသုံးခြင်းဟာ ချွေးနံ့ကိုထင်သလောက်မထိန်းပေးနိုင်ပါဘူး။ ညနေပိုင်းနဲ့ ညအိပ်ရာဝင်ခါနီးအချိန်တွေက ခန္ဓာကိုယ်မှာအပူဓာတ်ပိုထွက်ရှိတဲ့အတွက် မွှေးရနံ့ကိုလည်းကြာရှည်ထိန်းထားနိုင်ပါတယ်။ ချိုင်းချွေးနံ့ကိုလည်းပိုမိုဖယ်ရှားပေးနိုင်တယ်လို့ဆိုပါတယ်။

လိမ်းပြီးပြီးချင်း အဝတ်အစားဝတ်ခြင်း
ချွေးနံ့ပျောက်ဆေးသုတ်လိမ်းပြီးချိန် မခြောက်ခင်မှာအကျီ ၤကောက်စွပ်လိုက်တာက မှားယွင်းတဲ့အချက်ပါ။ တကယ်တမ်းမှာတော့ အနည်းငယ်ခြောက်သွေ့အောင် မွှေးရနံ့စွဲအောင်ခဏလေသလပ်ခံပြီးမှအကျီ ၤကိုဝတ်ရမှာပါ။ တချို့တွေကတော့ Hair Dryer နဲ့ခြောက်သွေ့စေပြီးတော့မှအကျီ ၤဝတ်ကြတယ်လို့ဆိုပါတယ်။

အလွန်အကျွံသုံးခြင်း
တကယ်တမ်းမှာတော့ ချွေးနံ့ပျောက်ဆေးတွေကို နေ့တိုင်းသုံးဖို့မလိုသလို အများကြီးသုံးဖို့လည်း မလိုပါဘူး။ တစ်ပတ်မှာ ၂ ကြိမ် (သို့) ၃ ကြိမ် သေသေချာချာသုတ်လိမ်းပေးရင်ရပါပြီ။ ချိုင်းကို အပေါ်ဘက်နှစ်ချက် အောက်ဘက်နှစ်ချက်ဆွဲလိမ်းပေးရင် လုံလောက်ပြီလို့ဆိုပါတယ်။ ဒါကြောင့် နေ့တိုင်းမလိမ်းမိလို့နောင်တရစရာမလိုပါဘူး။

ကဲ…ဒီလောက်ဆိုရင်တော့ ချိုင်းချွေးနံ့ပျောက်ဆေးတွေကိုဘယ်လိုစမတ်ကျကျသုံးနိုင်သလဲဆိုတာ သိသွားကြပြီလို့မျှော်လင့်ပါတယ်နော်။ နေ့တိုင်းသုံးစရာမလိုတော့ တစ်လတစ်ဘူးမကုန်ဘဲ ငွေချွေတာရာလည်း ရောက်တာပေါ့နော်။

Credit : ဂျူးဂျူး(အခရာ)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top