iMyanmarHouse.com - Best Property Website for Myanmar
×

လွပတဲ့အသားအေရမ်ိဳးကိုရရွိဖို႔ Spa ေတြသြားၿပီး ေငြကုန္ေၾကးက်ခံမွ ရမယ္လို႔ထင္ေနတတ္ၾကပါတယ္။ တတ္ႏိုင္တဲ့သူေတြအတြက္ကေတာ့ Spa ေတြသြားတာ ဘာမွမျဖစ္ေပမယ့္ ပိုက္ဆံကိုလည္းေခၽြတာခ်င္တယ္ လွလည္းလွခ်င္တယ္ဆိုတဲ့သူေတြအတြက္ အိမ္မွာပဲဒါေတြကိုလိုက္နာလိုက္မယ္ဆိုရင္ လွပတဲ့အရာေတြကိုပဲ ပိုင္ဆိုင္လာရမွာပဲျဖစ္ပါတယ္။

အသားအေရအတြက္ဘာေတြလိုအပ္လဲဆိုတာၾကည့္ပါ

အဆီျပန္တဲ့အသားအေရကို ပိုင္ဆိုင္ထားရၿပီဆိုရင္ အဆီျပန္တာေတြကိုသက္သာေစဖို႔ ဘာေတြလုပ္ရမလဲ။ ေျခာက္ေသြ႔တဲ့အသားအေရပိုင္ရွင္ဆိုရင္လည္း အသားအေရကိုေရဓာတ္ျပန္ျပည့္လာေအာင္ ဘာေတြလုပ္ရမလဲဆိုတာကို သိထားဖို႔လိုလာပါၿပီ။ ဒါမွလည္း အိပ္ခါနီးအခ်ိန္ေတြမွာ အသားအေရထိန္းသိမ္းမႈေတြကို လုပ္ၿပီးျပင္ဆင္လို႔ရမွာေပါ႔။

မိတ္ကပ္ေတြကို အၿမဲဖ်က္ေပးပါ

အသားအေရထိန္းသိမ္းဖို႔နည္းလမ္းေတြေတာ္ေတာ္မ်ားမ်ားမွာ မိတ္ကပ္ေတြကို ေသခ်ာဖ်က္ေပးဖို႔ေျပာထားတာေတြကို ခဏခဏဖတ္ရမွာပါ။ မိတ္ကပ္ဖ်က္တယ္ဆိုတာကလည္း မ်က္ႏွာအသားအေရအတြက္တကယ္ကို အေရးႀကီးတာေၾကာင့္ သတိေပးေနရတာပဲျဖစ္ပါတယ္။ မိတ္ကပ္ေတြကိုေျပာင္ေအာင္မဖ်က္ပဲ အိပ္ယာဝင္လိုက္တာမ်ိဳးေတြက ဘက္တီးရီးယားေတြကို ပိုၿပီးေတာ့ျပန္႔ပြားလာေစၿပီး ဝက္ၿခံျပႆနာေတြကိုပဲျဖစ္လာေစႏိုင္ပါတယ္။

ေရမ်ားမ်ားေသာက္ေပးပါ

ၾကည္လင္ၿပီးလွပတဲ့ အျပစ္အနာဆာမရွိတဲ့ အသားအေရမ်ိဳးကိုလိုခ်င္တယ္ဆိုရင္ေတာ့ ေရမ်ားမ်ားေသာက္ေပးပါလို႔ အႀကံေပးခ်င္ပါတယ္။ ေရမ်ားမ်ားေသာက္တာက ခႏၶာကိုယ္ထဲမွာရွိေနတဲ့ အဆိပ္ေတာက္ေတြကို ေျပေလ်ာ့သြားေစၿပီး စိုေျပလွပတဲ့အသားအေရမ်ိဳးကို ပိုင္ဆိုင္လာရမွာပဲျဖစ္ပါတယ္။

ေနေရာင္ထဲကိုဒီတိုင္းမသြားပါနဲ႔

ေနေရာင္ျခည္ထဲမွာပါေနတဲ့ ခရမ္းလြန္ေရာင္ျခည္က အသားအေရကို ေတာ္ေတာ္ပ်က္စီးေစႏိုင္တာေၾကာင့္ အျပင္သြားခါနီးအခ်ိန္ေတြမွာ ေနေလာင္ခံကာကြယ္ေဆးလိမ္းေပးတာမ်ိဳးေတြလုပ္ၿပီးမွ သြားသင့္ပါတယ္။ ေနပူထဲကိုသြားၿပီဆိုရင္လည္း ထီးေဆာင္းသြားဖို႔အက်င့္လုပ္ေပးဖို႔ လိုပါတယ္ေနာ္။

အိပ္ေရးဝေအာင္အိပ္ေပးပါ

အိပ္ေရးေကာင္းေကာင္းဝေနမွလည္း လွပတဲ့အသားအေရမ်ိဳးကို ရရွိမွာပဲျဖစ္ပါတယ္။ အိပ္ေရးမဝတဲ့သူတစ္ေယာက္ရဲ႕အသားအေရမွာ ေဟာ္မုန္းမညီညြတ္ေတာ့တာေၾကာင့္ ဝက္ၿခံေတြကိုျဖစ္လာေစၿပီး မ်က္ကြင္းညိဳတာေတြပါျဖစ္လာၿပီး အသားအေရလည္းမလွပေတာ့ဘူးေပါ႔။

ဒီအရာေတြကေတာ့ ပိုက္ဆံလည္းကုန္စရာမလိုပဲ လုပ္ေနက်အက်င့္ေလးေတြကို ျပင္ေပးလိုက္႐ံုနဲ႔ လွပတဲ့အသားအေရမ်ိဳးကို ပိုင္ဆိုင္လာရေစဖို႔ အကူအညီေပးႏိုင္ေနမွာပဲျဖစ္ပါတယ္။

Photo Source: Pexels

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လှပတဲ့အသားအရေမျိုးကိုရရှိဖို့ Spa တွေသွားပြီး ငွေကုန်ကြေးကျခံမှ ရမယ်လို့ထင်နေတတ်ကြပါတယ်။ တတ်နိုင်တဲ့သူတွေအတွက်ကတော့ Spa တွေသွားတာ ဘာမှမဖြစ်ပေမယ့် ပိုက်ဆံကိုလည်းချွေတာချင်တယ် လှလည်းလှချင်တယ်ဆိုတဲ့သူတွေအတွက် အိမ်မှာပဲဒါတွေကိုလိုက်နာလိုက်မယ်ဆိုရင် လှပတဲ့အရာတွေကိုပဲ ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

အသားအရေအတွက်ဘာတွေလိုအပ်လဲဆိုတာကြည့်ပါ

အဆီပြန်တဲ့အသားအရေကို ပိုင်ဆိုင်ထားရပြီဆိုရင် အဆီပြန်တာတွေကိုသက်သာစေဖို့ ဘာတွေလုပ်ရမလဲ။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဆိုရင်လည်း အသားအရေကိုရေဓာတ်ပြန်ပြည့်လာအောင် ဘာတွေလုပ်ရမလဲဆိုတာကို သိထားဖို့လိုလာပါပြီ။ ဒါမှလည်း အိပ်ခါနီးအချိန်တွေမှာ အသားအရေထိန်းသိမ်းမှုတွေကို လုပ်ပြီးပြင်ဆင်လို့ရမှာပေါ့။

မိတ်ကပ်တွေကို အမြဲဖျက်ပေးပါ

အသားအရေထိန်းသိမ်းဖို့နည်းလမ်းတွေတော်တော်များများမှာ မိတ်ကပ်တွေကို သေချာဖျက်ပေးဖို့ပြောထားတာတွေကို ခဏခဏဖတ်ရမှာပါ။ မိတ်ကပ်ဖျက်တယ်ဆိုတာကလည်း မျက်နှာအသားအရေအတွက်တကယ်ကို အရေးကြီးတာကြောင့် သတိပေးနေရတာပဲဖြစ်ပါတယ်။ မိတ်ကပ်တွေကိုပြောင်အောင်မဖျက်ပဲ အိပ်ယာဝင်လိုက်တာမျိုးတွေက ဘက်တီးရီးယားတွေကို ပိုပြီးတော့ပြန့်ပွားလာစေပြီး ဝက်ခြံပြဿနာတွေကိုပဲဖြစ်လာစေနိုင်ပါတယ်။

ရေများများသောက်ပေးပါ

ကြည်လင်ပြီးလှပတဲ့ အပြစ်အနာဆာမရှိတဲ့ အသားအရေမျိုးကိုလိုချင်တယ်ဆိုရင်တော့ ရေများများသောက်ပေးပါလို့ အကြံပေးချင်ပါတယ်။ ရေများများသောက်တာက ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်တောက်တွေကို ပြေလျော့သွားစေပြီး စိုပြေလှပတဲ့အသားအရေမျိုးကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

နေရောင်ထဲကိုဒီတိုင်းမသွားပါနဲ့

နေရောင်ခြည်ထဲမှာပါနေတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို တော်တော်ပျက်စီးစေနိုင်တာကြောင့် အပြင်သွားခါနီးအချိန်တွေမှာ နေလောင်ခံကာကွယ်ဆေးလိမ်းပေးတာမျိုးတွေလုပ်ပြီးမှ သွားသင့်ပါတယ်။ နေပူထဲကိုသွားပြီဆိုရင်လည်း ထီးဆောင်းသွားဖို့အကျင့်လုပ်ပေးဖို့ လိုပါတယ်နော်။

အိပ်ရေးဝအောင်အိပ်ပေးပါ

အိပ်ရေးကောင်းကောင်းဝနေမှလည်း လှပတဲ့အသားအရေမျိုးကို ရရှိမှာပဲဖြစ်ပါတယ်။ အိပ်ရေးမဝတဲ့သူတစ်ယောက်ရဲ့အသားအရေမှာ ဟော်မုန်းမညီညွတ်တော့တာကြောင့် ဝက်ခြံတွေကိုဖြစ်လာစေပြီး မျက်ကွင်းညိုတာတွေပါဖြစ်လာပြီး အသားအရေလည်းမလှပတော့ဘူးပေါ့။

ဒီအရာတွေကတော့ ပိုက်ဆံလည်းကုန်စရာမလိုပဲ လုပ်နေကျအကျင့်လေးတွေကို ပြင်ပေးလိုက်ရုံနဲ့ လှပတဲ့အသားအရေမျိုးကို ပိုင်ဆိုင်လာရစေဖို့ အကူအညီပေးနိုင်နေမှာပဲဖြစ်ပါတယ်။

Photo Source: Pexels

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top