iMyanmarHouse.com - Best Property Website for Myanmar
×

ဒီသတင္းကေတာ့ ပုရိသေတြ ရင္ကြဲမယ့္သတင္းပါပဲ။ ခ်စ္စရာေကာင္းတဲ့ အဆိုေတာ္မေလး ေအရီယာနာဂရန္းဒ္ က အေမရိကန္ ဟာသသရုပ္ေဆာင္ ပိဒ္ေဒဗစ္ဆမ္နဲ႔ တြဲေနတယ္ဆိုတာကို Official ခ်ျပလိုက္ပါၿပီ။ ေအရီယာနာဂရန္းဒ္က ပုရိသေတြ အသည္းစြဲ အဆိုေတာ္မေလးတစ္ဦး ျဖစ္သလို၊ ပိဒ္ေဒဗစ္ဆမ္ကလည္း တီဗီစီးရီးစ္ေတြမွာ နာမည္ႀကီးေနတဲ့ ဟာသသရုပ္ေဆာင္ တစ္ေယာက္ပါ။ ႏွစ္ေယာက္စလံုးကေတာ့ သက္တူရြယ္တူ အသက္ ၂၄ ႏွစ္သာ ရွိပါေသးတယ္။

ေအရီယာနာကနဲ႔ ပိဒ္ေဒဗစ္ဆမ္နဲ႔ အတူ တြဲရိုက္ထားတဲ့ပံုကို အင္စတာဂရမ္မွာ တင္ၿပီး ပရိသတ္ေတြကို official ခ်ျပလိုက္တာပါ။ ပိဒ္ေဒဗစ္ဆမ္က ေအရီယာနာကို အေနာက္ကေန သိုင္းဖက္ထားၿပီး နဖူးကို ၾကင္နာစြာ အနမ္းေပးေနတဲ့ပံုကို တင္ထားပါတယ္။ “ကၽြန္မဘဝထဲကို ဝင္ေရာက္လာသူ” ဆိုတဲ့ Caption နဲ႔ တင္လိုက္တာပါ။ သူတို႔ႏွစ္ဦးစလံုးက တြဲၾကတာ တစ္လေလာက္သာ ရွိၾကေသးေပမယ့္ ခုလို မီဒီယာေတြ၊ ပရိသတ္ေတြကို တြဲေနၿပီလို႔ ဝန္ခံလိုက္ၾကတာပါ။ “သူက ဟာသေတြေျပာၿပီး ေပ်ာ္ေအာင္လုပ္ေပး ႏုိင္တယ္၊ ၾကင္နာတတ္တယ္၊ သူ႔အနားမွာ ရွိေနရရင္ အၿမဲတမ္းေပ်ာ္ေနရတယ္၊ သူက ကၽြန္မအတြက္ ဖူးစာရွင္ပါပဲ”  လို႔ ေအရီယာနာက အင္တာဗ်ဴးတစ္ခုမွ ေျဖၾကားခဲ့ပါတယ္။

ပိဒ္ေဒဗစ္ဆမ္ကလည္း ေအရီယာနာလို ခ်စ္စရာေကာင္းတဲ့ မိန္းကေလး တစ္ေယာက္ကို ပိုင္ဆိုင္ထားရတဲ့ အတြက္ ကံေကာင္းသူတစ္ေယာက္ပါပဲ။ ယခုလအေစာပိုင္းေလာက္မွာလည္း ပိဒ္ေဒဗစ္ဆမ္က သူ႔ရဲ႕ လည္တုိင္ေပၚမွာ Ariana-Inspired ပံုစံတူ တက္တူးကို ေရးထိုးခဲ့ပါ ေသးတယ္။ သူတုိ႔ႏွစ္ဦးက ၿပီးခဲ့တဲ့ လပိုင္းေလာက္ကမွ တြဲၾကတယ္ဆိုေပမယ့္ တကယ့္ကို အခ်ိန္ၾကာရွည္ေနတဲ့ စံုတြဲေတြလို သိပ္ကိုၾကည္ႏူးေပ်ာ္ရႊင္ေနၾကတာကို ေတြ႔ရပါတယ္။

ေနာက္ၿပီး ေအရီယာနာက ရက္ပ္အဆိုေတာ္ မက္ခ္မယ္လာနဲ႔ ႏွစ္ႏွစ္ၾကာ တြဲခဲ့သူျဖစ္ၿပီး ပိဒ္ေဒဗစ္ဆမ္ကလည္း ကက္ဇီေဒးဗစ္နဲ႔ ႏွစ္ရွည္ၾကာတဲ့ relationship ကို တည္ေဆာက္ခဲ့ၾကဖူး ပါတယ္။ ႏွစ္ဦးစလံုးက ႏွစ္ရွည္ၾကာတဲ့ အခ်စ္ေရးကို ရပ္စဲလိုက္ၾကတာ မၾကာေသးေပမယ့္ အခုလို လူသိရွင္ၾကား တြဲေနတယ္ဆိုတဲ့ အေၾကာင္းကို ရဲရဲဝံ့ဝ့ံဖြင့္ဟ ဝန္ခံလိုက္ၾကတာပါ။ ဒီေတာ့… ႏွစ္ရွည္ၾကာတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ခဲ့ၾကဖူးတဲ့ သူတို႔ႏွစ္ဦးက ယခု လက္ရွိအခ်စ္ေရးကိုေရာ ေရရွည္တည္ၿမဲဖို႔ အေကာင္းဆံုး control လုပ္ႏုိင္ၾကလိမ့္မယ္လို႔ ထင္ပါတယ္။

Credit : myanmaplatform.
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီသတင်းကတော့ ပုရိသတွေ ရင်ကွဲမယ့်သတင်းပါပဲ။ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး အေရီယာနာဂရန်းဒ် က အမေရိကန် ဟာသသရုပ်ဆောင် ပိဒ်ဒေဗစ်ဆမ်နဲ့ တွဲနေတယ်ဆိုတာကို Official ချပြလိုက်ပါပြီ။ အေရီယာနာဂရန်းဒ်က ပုရိသတွေ အသည်းစွဲ အဆိုတော်မလေးတစ်ဦး ဖြစ်သလို၊ ပိဒ်ဒေဗစ်ဆမ်ကလည်း တီဗီစီးရီးစ်တွေမှာ နာမည်ကြီးနေတဲ့ ဟာသသရုပ်ဆောင် တစ်ယောက်ပါ။ နှစ်ယောက်စလုံးကတော့ သက်တူရွယ်တူ အသက် ၂၄ နှစ်သာ ရှိပါသေးတယ်။

အေရီယာနာကနဲ့ ပိဒ်ဒေဗစ်ဆမ်နဲ့ အတူ တွဲရိုက်ထားတဲ့ပုံကို အင်စတာဂရမ်မှာ တင်ပြီး ပရိသတ်တွေကို official ချပြလိုက်တာပါ။ ပိဒ်ဒေဗစ်ဆမ်က အေရီယာနာကို အနောက်ကနေ သိုင်းဖက်ထားပြီး နဖူးကို ကြင်နာစွာ အနမ်းပေးနေတဲ့ပုံကို တင်ထားပါတယ်။ “ကျွန်မဘဝထဲကို ဝင်ရောက်လာသူ” ဆိုတဲ့ Caption နဲ့ တင်လိုက်တာပါ။ သူတို့နှစ်ဦးစလုံးက တွဲကြတာ တစ်လလောက်သာ ရှိကြသေးပေမယ့် ခုလို မီဒီယာတွေ၊ ပရိသတ်တွေကို တွဲနေပြီလို့ ဝန်ခံလိုက်ကြတာပါ။ “သူက ဟာသတွေပြောပြီး ပျော်အောင်လုပ်ပေး နိုင်တယ်၊ ကြင်နာတတ်တယ်၊ သူ့အနားမှာ ရှိနေရရင် အမြဲတမ်းပျော်နေရတယ်၊ သူက ကျွန်မအတွက် ဖူးစာရှင်ပါပဲ”  လို့ အေရီယာနာက အင်တာဗျူးတစ်ခုမှ ဖြေကြားခဲ့ပါတယ်။

ပိဒ်ဒေဗစ်ဆမ်ကလည်း အေရီယာနာလို ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ အတွက် ကံကောင်းသူတစ်ယောက်ပါပဲ။ ယခုလအစောပိုင်းလောက်မှာလည်း ပိဒ်ဒေဗစ်ဆမ်က သူ့ရဲ့ လည်တိုင်ပေါ်မှာ Ariana-Inspired ပုံစံတူ တက်တူးကို ရေးထိုးခဲ့ပါ သေးတယ်။ သူတို့နှစ်ဦးက ပြီးခဲ့တဲ့ လပိုင်းလောက်ကမှ တွဲကြတယ်ဆိုပေမယ့် တကယ့်ကို အချိန်ကြာရှည်နေတဲ့ စုံတွဲတွေလို သိပ်ကိုကြည်နူးပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။

နောက်ပြီး အေရီယာနာက ရက်ပ်အဆိုတော် မက်ခ်မယ်လာနဲ့ နှစ်နှစ်ကြာ တွဲခဲ့သူဖြစ်ပြီး ပိဒ်ဒေဗစ်ဆမ်ကလည်း ကက်ဇီဒေးဗစ်နဲ့ နှစ်ရှည်ကြာတဲ့ relationship ကို တည်ဆောက်ခဲ့ကြဖူး ပါတယ်။ နှစ်ဦးစလုံးက နှစ်ရှည်ကြာတဲ့ အချစ်ရေးကို ရပ်စဲလိုက်ကြတာ မကြာသေးပေမယ့် အခုလို လူသိရှင်ကြား တွဲနေတယ်ဆိုတဲ့ အကြောင်းကို ရဲရဲဝံ့ဝံ့ဖွင့်ဟ ဝန်ခံလိုက်ကြတာပါ။ ဒီတော့… နှစ်ရှည်ကြာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ခဲ့ကြဖူးတဲ့ သူတို့နှစ်ဦးက ယခု လက်ရှိအချစ်ရေးကိုရော ရေရှည်တည်မြဲဖို့ အကောင်းဆုံး control လုပ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။

Credit : myanmaplatform.
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top