iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြက မ်ားေသာအားျဖင့္ အလွအပႀကိဳက္ၾကၿပီး လူအမ်ားေရွ႕မွာဆိုရင္ေတာ့ ေက်ာ့ေက်ာ့ေမာ့ေမာ့နဲ႔ လွလွပပေနတတ္ၾကပါတယ္။ မိန္းကေလးဆိုရင္ လွပေနမွ၊ သန္႔ရွင္းသပ္ရပ္မႈ ရွိေနမွ ဆြဲေဆာင္မႈ ရွိတယ္လို႔ လက္ခံထားၾကတဲ့အတြက္ အၿမဲတမ္းအလွျပင္ၿပီး ေသေသသပ္သပ္ ေနတတ္ၾကပါတယ္။ ေနာက္ၿပီး စကားေျပာ တဲ့အခါမွာလည္း လိမၼာယဥ္ေက်းတဲ့ စကားလံုးေတြနဲ႔ သိမ္ေမြ႔စြာ ျပဳမူေနထိုင္တတ္မွ မိန္းမေကာင္းအျဖစ္ သတ္မွတ္ထားၾကတဲ့ အတြက္ ဒီစံႏႈန္းအတုိင္း လိုက္နာေနထိုင္ၾကရပါတယ္။

ဒါေပမယ့္ သင္ထင္သလိုမ်ိဳး မိန္းကေလးတုိင္းက အခ်ိန္ျပည့္ ၂၄ နာရီလံုး ဒီလိုေက်ာ့ရွင္းလွပစြာ၊ ေသသပ္သန္႔ရွင္း စြာနဲ႔ ျပဳမူေနထိုင္တတ္တယ္လို႔ ထင္ရင္ေတာ့ မွားသြားပါလိမ့္မယ္။ လူအမ်ားနဲ႔ ဆက္ဆံတဲ့အခ်ိန္မွာေတာ့ ၿပီးျပည့္စံုတဲ့ မိန္းကေလး တစ္ေယာက္အသြင္ ေနထိုင္ၾကေပမယ့္ ကိုယ္ပိုင္ သီးသန္႔အခ်ိန္ေတြမွာေတာ့ စိတ္လြတ္ကိုယ္လြတ္ လြတ္လြတ္လပ္လပ္ ေနထုိင္တတ္ၾက ပါတယ္။ ဒါဟာလည္း အျပစ္ဆိုလို႔ မရပါဘူး။ ကိုယ့္ရဲ႕ကိုယ္ပိုင္အခ်ိန္ေလးမွ ကိုယ္လုပ္ခ်င္တာကို လုပ္ေနရတာ၊ လြတ္လြတ္လပ္လပ္ေနေနရတာ ကလည္း ေပ်ာ္စရာေကာင္းတဲ့ အရာတစ္ခုပါ။

ဒီေတာ့… အရမ္းခင္ၾကတဲ့ bff သူငယ္ခ်င္း မိန္းကေလးႏွစ္ေယာက္ ဆံုမိၾကၿပီဆိုရင္ ဘယ္လို ေပါက္ကရႏုိင္တဲ့ အျပဳအမူေတြ ျပဳလုပ္တတ္ၾကလဲ ဆိုတာကို စဥ္းစားမိၾကလား။ မိန္းကေလးေတြ ျဖစ္လို႔ အတင္းေတြေျပာၾကမွာပဲ ဆိုတာေတာ့ မွန္ေပမယ့္ တျခားဘယ္လို လူမသိသူမသိ လွ်ိဳ႕ဝွက္စြာ ျပဳလုပ္တတ္ၾကတဲ့ ေပါက္ကရအျပဳအမူေတြ အမ်ားႀကီးရွိေနပါတယ္။ ဘာေတြလဲဆိုေတာ့…

(၁) သန္႔စင္ခန္းတူတူသြားၾကတယ္

မိန္းကေလးအမ်ားစုက သန္႔စင္ခန္းသြားရင္ တစ္ေယာက္ထဲ သြားတာခပ္ရွားရွားပါပဲ။ တစ္ေယာက္က အျပင္မွာ ရပ္ေစာင့္ေပးတာမ်ိဳး၊ သန္႔စင္ခန္းထဲက မွန္ကို တူတူၾကည့္ၿပီး မိတ္ကပ္ပ်က္ေနလား၊ ႏႈတ္ခမ္းနီပ်က္ေနသလား စသျဖင့္ အျပန္အလွန္ၾကည့္ေပးတတ္ၾကပါတယ္။ bff မိန္းကေလး ႏွစ္ေယာက္ ဆံုမိၿပီဆိုတာနဲ႔ သန္႔စင္ခန္း တူတူသြားၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ေစာင့္ေပးၾကပါတယ္။

(၂) ခႏၶာကိုယ္အနံ႔အသက္ ရွဴၾကည့္ခုိင္းတယ္
အရမ္းခင္ၾကတဲ့ မိန္းကေလးသူငယ္ခ်င္းႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ မရြံမရွာ ခႏၶာကိုယ္ အနံ႔အသက္ နံေနလားဆိုတာကိုလည္း အျပန္အလွန္ရွဴရိႈက္ခုိင္းၾကည့္ၿပီး ေမးတတ္ၾက ပါေသးတယ္။ ခံတြင္းနံ႔ေနလားဆိုၿပီး တစ္ေယာက္မ်က္ႏွာကို ေလမႈတ္ရွဴၾကည့္ခုိင္း တာမ်ိဳး၊ ေခၽြးနံ႔ နံေနသလားဆိုၿပီး အက်ီၤကို ရွဴရိႈက္ခုိင္းၾကည့္တာမ်ိဳး အျပန္အလွန္ ျပဳလုပ္တတ္ၾကပါတယ္တဲ့။

(၃) ကိုယ္ပိုင္ပစၥည္းေတြကို sharingလုပ္ၾကတယ္

တစ္ဦးနဲ႔ တစ္ဦး Personal items ေတြကို အတူတူမွ်သံုးတတ္ၾကပါေသးတယ္။ မ်က္ႏွာသုတ္ပုဝါ၊ အဝတ္အစား၊ အလွကုန္ ေတြကိုလည္း အတူတူေဝမွ် သံုးစြဲတာကို ဝါသနာပါၾကသူေတြပါ။ ေသာက္ေရခြက္ကို တစ္ခြက္ထဲ တူတူေသာက္တာမ်ိဳး၊ အခ်ိဳရည္ပိုက္ကိုလည္း မရြံမရွာ တူတူ စုပ္ေသာက္တာမ်ိဳး ေဝမွ် သံုးစြဲတတ္ၾကပါတယ္။

(၄) အလွျပင္ၾကတယ္

မိန္းကေလးႏွစ္ေယာက္ ဆံုမိၿပီး အခန္းထဲမွာ တိုးတိုးတိတ္တိတ္ဘာေတြ ႀကိတ္လုပ္ေနၾကလဲ ဆိုရင္ေတာ့ အျပန္အလွန္ အလွျပင္ေပးေနတာမ်ိဳး၊ အဝတ္ေတြကို တစ္ထည္ၿပီးတစ္ထည္လဲၿပီး လွလွပပဓာတ္ပံုေတြ ရိုက္ၾကတာမ်ိဳး ေပ်ာ္စရာေတြကို ဖန္တီးေနၾကတာပါ။ မ်က္ႏွာေပါင္းတင္၊ ဆံပင္ေပါင္းတင္ၾကၿပီး beauty blogger ႀကီးလို တစ္ေယာက္နဲ႔ တစ္ေယာက္ အလွအပေရးရာေတြ ေဆြးေႏြးတတ္ၾကပါေသးတယ္။

(၅) တင္၊ ရင္ဆုိဒ္တုိင္းတာၾကတယ္

ကိုယ့္ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားကို လူေတြအသိမခံေပမယ့္ အရမ္းခင္ၾကတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ ကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ သိၾကပါတယ္။ အတြင္းသိအဆင္းသိ သူငယ္ခ်င္းေတြ ဆုိတာမ်ိဳးေပါ့။ တင္၊ ရင္ ဆိုဒ္ကေတာ့ ဘယ္ေလာက္ရွိတယ္၊ ဘယ္လို bra က ဝတ္လို႔ ေကာင္းတယ္ ဆုိတာမ်ိဳး လူမသိ၊ သူမသိ ေပါက္ကရေတြ ေျပာဆိုတတ္ၾကပါတယ္။

(၆) ညစ္တီးညစ္ပတ္စကားေတြေျပာဆိုၾကတယ္

အျပင္မွာေတာ့ လူေရွ႕သူေရွ႕ယဥ္ေက်းသိမ္ေမြ႔တဲ့ စကားလံုးမ်ိဳးအသံုးျပဳ ေျပာဆိုတတ္ေပမယ့္ သူငယ္ခ်င္း ႏွစ္ေယာက္ထဲ ရွိတဲ့အခ်ိန္မ်ိဳးမွာ ဆဲတဲ့စကားလံုေတြလည္း သံုးမိၾကမွာပါပဲ။ ေနာက္ၿပီး ေကာင္ေလးေတြရဲ႕ ဘယ္အစိတ္အပိုင္းကို စိတ္ဝင္စားတယ္၊ ဘယ္ဘဲကေတာ့ လန္းတယ္ စသျဖင့္ ညစ္တီးညစ္ပတ္ အေၾကာင္း အရာေတြကိုလည္း ေဆြးေႏြးေျပာဆို တတ္ၾကပါတယ္တဲ့။

ဒီေတာ့… သင္တို႔ သူငယ္ခ်င္း ႏွစ္ေယာက္ကေရာ… ဆံုမိၾကၿပီဆိုတာနဲ႔ ဘာေတြလုပ္ျဖစ္ၾကလဲ ဆိုတာေျပာျပခဲ့ ပါဦးေနာ္..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတွေက များသောအားဖြင့် အလှအပကြိုက်ကြပြီး လူအများရှေ့မှာဆိုရင်တော့ ကျော့ကျော့မော့မော့နဲ့ လှလှပပနေတတ်ကြပါတယ်။ မိန်းကလေးဆိုရင် လှပနေမှ၊ သန့်ရှင်းသပ်ရပ်မှု ရှိနေမှ ဆွဲဆောင်မှု ရှိတယ်လို့ လက်ခံထားကြတဲ့အတွက် အမြဲတမ်းအလှပြင်ပြီး သေသေသပ်သပ် နေတတ်ကြပါတယ်။ နောက်ပြီး စကားပြော တဲ့အခါမှာလည်း လိမ္မာယဉ်ကျေးတဲ့ စကားလုံးတွေနဲ့ သိမ်မွေ့စွာ ပြုမူနေထိုင်တတ်မှ မိန်းမကောင်းအဖြစ် သတ်မှတ်ထားကြတဲ့ အတွက် ဒီစံနှုန်းအတိုင်း လိုက်နာနေထိုင်ကြရပါတယ်။

ဒါပေမယ့် သင်ထင်သလိုမျိုး မိန်းကလေးတိုင်းက အချိန်ပြည့် ၂၄ နာရီလုံး ဒီလိုကျော့ရှင်းလှပစွာ၊ သေသပ်သန့်ရှင်း စွာနဲ့ ပြုမူနေထိုင်တတ်တယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ လူအများနဲ့ ဆက်ဆံတဲ့အချိန်မှာတော့ ပြီးပြည့်စုံတဲ့ မိန်းကလေး တစ်ယောက်အသွင် နေထိုင်ကြပေမယ့် ကိုယ်ပိုင် သီးသန့်အချိန်တွေမှာတော့ စိတ်လွတ်ကိုယ်လွတ် လွတ်လွတ်လပ်လပ် နေထိုင်တတ်ကြ ပါတယ်။ ဒါဟာလည်း အပြစ်ဆိုလို့ မရပါဘူး။ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်လေးမှ ကိုယ်လုပ်ချင်တာကို လုပ်နေရတာ၊ လွတ်လွတ်လပ်လပ်နေနေရတာ ကလည်း ပျော်စရာကောင်းတဲ့ အရာတစ်ခုပါ။

ဒီတော့… အရမ်းခင်ကြတဲ့ bff သူငယ်ချင်း မိန်းကလေးနှစ်ယောက် ဆုံမိကြပြီဆိုရင် ဘယ်လို ပေါက်ကရနိုင်တဲ့ အပြုအမူတွေ ပြုလုပ်တတ်ကြလဲ ဆိုတာကို စဉ်းစားမိကြလား။ မိန်းကလေးတွေ ဖြစ်လို့ အတင်းတွေပြောကြမှာပဲ ဆိုတာတော့ မှန်ပေမယ့် တခြားဘယ်လို လူမသိသူမသိ လျှို့ဝှက်စွာ ပြုလုပ်တတ်ကြတဲ့ ပေါက်ကရအပြုအမူတွေ အများကြီးရှိနေပါတယ်။ ဘာတွေလဲဆိုတော့…

(၁) သန့်စင်ခန်းတူတူသွားကြတယ်

မိန်းကလေးအများစုက သန့်စင်ခန်းသွားရင် တစ်ယောက်ထဲ သွားတာခပ်ရှားရှားပါပဲ။ တစ်ယောက်က အပြင်မှာ ရပ်စောင့်ပေးတာမျိုး၊ သန့်စင်ခန်းထဲက မှန်ကို တူတူကြည့်ပြီး မိတ်ကပ်ပျက်နေလား၊ နှုတ်ခမ်းနီပျက်နေသလား စသဖြင့် အပြန်အလှန်ကြည့်ပေးတတ်ကြပါတယ်။ bff မိန်းကလေး နှစ်ယောက် ဆုံမိပြီဆိုတာနဲ့ သန့်စင်ခန်း တူတူသွားကြပြီး တစ်ယောက်နဲ့ တစ်ယောက် စောင့်ပေးကြပါတယ်။

(၂) ခန္ဓာကိုယ်အနံ့အသက် ရှူကြည့်ခိုင်းတယ်
အရမ်းခင်ကြတဲ့ မိန်းကလေးသူငယ်ချင်းနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မရွံမရှာ ခန္ဓာကိုယ် အနံ့အသက် နံနေလားဆိုတာကိုလည်း အပြန်အလှန်ရှူရှိုက်ခိုင်းကြည့်ပြီး မေးတတ်ကြ ပါသေးတယ်။ ခံတွင်းနံ့နေလားဆိုပြီး တစ်ယောက်မျက်နှာကို လေမှုတ်ရှူကြည့်ခိုင်း တာမျိုး၊ ချွေးနံ့ နံနေသလားဆိုပြီး အကျီၤကို ရှူရှိုက်ခိုင်းကြည့်တာမျိုး အပြန်အလှန် ပြုလုပ်တတ်ကြပါတယ်တဲ့။

(၃) ကိုယ်ပိုင်ပစ္စည်းတွေကို sharingလုပ်ကြတယ်

တစ်ဦးနဲ့ တစ်ဦး Personal items တွေကို အတူတူမျှသုံးတတ်ကြပါသေးတယ်။ မျက်နှာသုတ်ပုဝါ၊ အဝတ်အစား၊ အလှကုန် တွေကိုလည်း အတူတူဝေမျှ သုံးစွဲတာကို ဝါသနာပါကြသူတွေပါ။ သောက်ရေခွက်ကို တစ်ခွက်ထဲ တူတူသောက်တာမျိုး၊ အချိုရည်ပိုက်ကိုလည်း မရွံမရှာ တူတူ စုပ်သောက်တာမျိုး ဝေမျှ သုံးစွဲတတ်ကြပါတယ်။

(၄) အလှပြင်ကြတယ်

မိန်းကလေးနှစ်ယောက် ဆုံမိပြီး အခန်းထဲမှာ တိုးတိုးတိတ်တိတ်ဘာတွေ ကြိတ်လုပ်နေကြလဲ ဆိုရင်တော့ အပြန်အလှန် အလှပြင်ပေးနေတာမျိုး၊ အဝတ်တွေကို တစ်ထည်ပြီးတစ်ထည်လဲပြီး လှလှပပဓာတ်ပုံတွေ ရိုက်ကြတာမျိုး ပျော်စရာတွေကို ဖန်တီးနေကြတာပါ။ မျက်နှာပေါင်းတင်၊ ဆံပင်ပေါင်းတင်ကြပြီး beauty blogger ကြီးလို တစ်ယောက်နဲ့ တစ်ယောက် အလှအပရေးရာတွေ ဆွေးနွေးတတ်ကြပါသေးတယ်။

(၅) တင်၊ ရင်ဆိုဒ်တိုင်းတာကြတယ်

ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို လူတွေအသိမခံပေမယ့် အရမ်းခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ကတော့ တစ်ယောက်နဲ့ တစ်ယောက် သိကြပါတယ်။ အတွင်းသိအဆင်းသိ သူငယ်ချင်းတွေ ဆိုတာမျိုးပေါ့။ တင်၊ ရင် ဆိုဒ်ကတော့ ဘယ်လောက်ရှိတယ်၊ ဘယ်လို bra က ဝတ်လို့ ကောင်းတယ် ဆိုတာမျိုး လူမသိ၊ သူမသိ ပေါက်ကရတွေ ပြောဆိုတတ်ကြပါတယ်။

(၆) ညစ်တီးညစ်ပတ်စကားတွေပြောဆိုကြတယ်

အပြင်မှာတော့ လူရှေ့သူရှေ့ယဉ်ကျေးသိမ်မွေ့တဲ့ စကားလုံးမျိုးအသုံးပြု ပြောဆိုတတ်ပေမယ့် သူငယ်ချင်း နှစ်ယောက်ထဲ ရှိတဲ့အချိန်မျိုးမှာ ဆဲတဲ့စကားလုံတွေလည်း သုံးမိကြမှာပါပဲ။ နောက်ပြီး ကောင်လေးတွေရဲ့ ဘယ်အစိတ်အပိုင်းကို စိတ်ဝင်စားတယ်၊ ဘယ်ဘဲကတော့ လန်းတယ် စသဖြင့် ညစ်တီးညစ်ပတ် အကြောင်း အရာတွေကိုလည်း ဆွေးနွေးပြောဆို တတ်ကြပါတယ်တဲ့။

ဒီတော့… သင်တို့ သူငယ်ချင်း နှစ်ယောက်ကရော… ဆုံမိကြပြီဆိုတာနဲ့ ဘာတွေလုပ်ဖြစ်ကြလဲ ဆိုတာပြောပြခဲ့ ပါဦးနော်..

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top