iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြဟာ အလွအပေနာက္ကိုလိုက္ရင္း က်န္းမာေရး ထိခိုက္ေစႏိုင္တာေတြကို အေလးမထားမိတာမ်ိဳး ျဖစ္တတ္ၾကပါတယ္။

(၁) စိတ္ညစ္တိုင္း အစာစားေလ့ရွိျခင္း

ေယာက်ာ္းေလးအမ်ားစုက ေပ်ာ္ရႊင္တဲ့ အခါမ်ိဳးမွာ အစာပိုစားတတ္ၾကၿပီး မိန္းကေလးေတြကေတာ့ စိတ္ညစ္တဲ့အခါမွာ အခ်ိဳနဲ႔ ကယ္လိုရီမ်ားတဲ့ အစားအစာေတြကို ပိုစားေလ့ ရွိပါတယ္။ စိတ္ညစ္လို႔ စားတဲ့ အစားအစာေတြက သင့္ခါး အေနအထားကို ေျပာင္းလဲေစၿပီး သင့္ကို ဝလာေစပါတယ္။ စိတ္ညစ္တာကို အစာစားၿပီး ေျဖေဖ်ာက္ဖို႔ ႀကိဳးစားတာထက္ ေလ့က်င့္ခန္းလုပ္တာ၊ ေယာဂက်င့္တာ၊ အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေနတာေတြနဲ႔ အစားထိုးလုပ္ေဆာင္ ၾကည့္ပါ။

(၂) ဝသည္ဟု ထင္ျမင္ေနျခင္း

မိန္းကေလးေတြက ခႏၶာကိုယ္ကို ဝတယ္လို႔ သူမ်ားေျပာမွာကို ေၾကာက္ရြံ႕တတ္ၾကၿပီး ဝိတ္ခ်ေနတယ္လို႔လည္း တြင္တြင္ ေျပာတတ္ၾကပါတယ္။ ေလ့လာမႈအရ မိန္းကေလးေတြရဲ့ ၉၀ ရာခိုင္ႏႈန္းေလာက္က သူတို႔ရဲ့ ခႏၶာကိုယ္ပံုပန္း သဏၭာန္ကို ျပဳျပင္လိုၾကပါတယ္။ ခႏၶာကိုယ္က အဆီေတြကို ခြဲစိတ္ ဖယ္ရွားႏိုင္တယ္ ဆိုေပမယ့္ အစားအေသာက္နဲ႔ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်တာက အေကာင္းဆံုးနည္းလမ္းပါ။

(၃) မိတ္ကပ္မဖ်က္ဘဲ အိပ္စက္ျခင္း

ညအိပ္တဲ့အခါ မိတ္ကပ္မဖ်က္ဘဲ အိပ္စက္တာေၾကာင့္ တစ္ေနကုန္ မ်က္ႏွာေပၚမွာ လိမ္းျခယ္ထားတဲ့ မိတ္ကပ္ေတြ၊ ကပ္ျငိေနတဲ့ ဖုန္ေတြနဲ႔ ထြက္လာတဲ့ ေခြ်းေတြ မ်က္နွာမွာရွိတဲ့ ေခြ်းေပါက္ေတြကို ပိတ္ေစပါတယ။္ မ်က္လံုးမွာဆိုးထားတဲ့ မ်က္ေတာင္ေကာ့ ေဆးရည္ကိုမဖ်က္ဘဲ အိပ္တာက မ်က္လံုးကို ယားယံတာ၊ ပိုးဝင္တာေတြကို ျဖစ္ေစပါတယ္။
ညအိပ္ရာမဝင္မီ သင့္မ်က္ႏွာမွာ လိမ္းျခယ္ထားတဲ့ မိတ္ကပ္ေတြကို ေသခ်ာစြာ သန္႔စင္ေပးဖို႔ လိုပါတယ္။ မ်က္ႏွာ သန္႔စင္ရာမွာ ေၾကးခြ်တ္အား မျပင္းတဲ့ မ်က္ႏွာသစ္ေဆးရည္ကို အသံုးျပဳပါ။ မ်က္ႏွာသစ္ၿပီးပါက အစိုဓာတ္ထိန္းေပးႏိုင္တဲ့ ညလိမ္းခရင္မ္လိမ္းအိပ္ပါ။

(၄) ေယာက်ာ္းေလးမ်ားႏွင့္ ရင္ေပါင္တန္းကာ ေသာက္စားျခင္း

ဒီကေန႔ေခတ္မွာ မိန္းကေလးေတြဟာ ေယာက်ာ္းေလးေတြနဲ႔ ရင္ေပါင္တန္းကာ မူးယစ္ေသာက္စားတတ္လာပါတယ္။ ဒါဟာ ေကာင္းတဲ့ အမူအက်င့္ေတာ့ မဟုတ္ေပမယ့္ လက္ခံက်င့္သံုးသူ မ်ားလာပါတယ္။ မိန္းကေလးေတြဟာ ေယာက်ာ္းေလးေတြထက္ ခႏၶာကိုယ္အနည္းငယ္ ပိုၿပီး ေသးသြယ္တာေၾကာင့္ အရက္ရဲ့ ျပင္းအားကို ေလွ်ာ့ခ်ဖို႔ ခႏၶာကိုယ္မွာ ေရဓာတ္အသံုးျပဳမႈ အနည္းငယ္ ပိုနည္းပါတယ္။
လူမႈေရးအရ အေပါင္းအသင္းေတြနဲ႔ ဆက္ဆံေရး မပ်က္ခ်င္ဘူးဆိုတဲ့ ဆင္ေျခတစ္ခုနဲ႔ေတာ့ အရက္ဆက္ေသာက္ မေနသင့္ပါဘူး။ အရက္က ခႏၶာကိုယ္ကို ဆိုးက်ိဳးမ်ား စြာျဖစ္ေစတယ္ဆိုတာ သင္သိၿပီးသား ျဖစ္ပါ လိမ့္မယ္။ သင့္အေနနဲ႔ လံုးဝမေသာက္သံုးလို႔ မျဖစ္တဲ့အေျခအေနမ်ိဳးမွာ အရက္နဲ႔ အခ်ဳိရည္ကို တစ္လွည့္စီေသာက္ၿပီး အရက္ေသာက္သံုးမယ့္ ပမာဏကို ေလွ်ာ့ခ်ပါ။

(၅) ဘရာစီယာအရြယ္အစား မွားယြင္းစြာ ဝတ္ဆင္ေနမိျခင္း

မိန္းကေလးေတြရဲ့ ၇၀ ရာခိုင္ႏႈန္းေလာက္က ဘရာစီယာ အရြယ္အစားကို မွားယြင္းစြာ ဝတ္ဆင္ထားတတ္ၾကပါတယ္။ ကိုယ့္ခႏၶာကိုယ္နဲ႔ မကိုက္ညီတဲ့ ဘရာစီယာကို ဝတ္ဆင္တာက သင္ရဲ့ ဝတ္စားဆင္ယင္မႈကို ၾကည့္ရဆိုးေစ႐ံု သာမက ေနာက္ေက်ာ၊ လည္ပင္းနဲ႔ ရင္သားနာက်င္မႈေတြကို ျဖစ္ေစပါတယ္။ ဒါ့အျပင္ အသက္ရွဴက်ပ္တာ၊ ကုိယ္ခႏၶာအေနအထားပံုစံမက်တာ၊ အေရျပား ယားယံတာ၊ ေသြးလွည့္ပတ္မွဳမေကာင္းတာနဲ႔ ဝမ္းဗိုက္ မအီမသာျဖစ္တာေတြ အထိ ျဖစ္ေစႏိုင္ပါတယ္။
သင့္ခႏၶာကိုယ္နဲ႔ ရင္သားအရြယ္အစားကို ေသခ်ာစြာသိေအာင္ေလ့လာပါ။ ဘရာစီယာဝယ္ယူတဲ့အခါ ရင္သားကို အေထာက္အပံ့ ေကာင္းေကာင္းေပးႏိုင္ၿပီး သင့္ ရင္သားအရြယ္အစားနဲ႔ ကိုက္ညီတာကို ေရြးခ်ယ္ဝယ္ယူပါ။

(၆) အတိတ္ကျဖစ္ရပ္မ်ားကို မေမ့ေပ်ာက္ႏိုင္ျခင္း

စိတ္ဖိစီးမႈက သင့္စိတ္ေရာ၊ ခႏၶာကိုယ္ပါ က်န္းမာမႈအတြက္ အဟန္႔အတား ျဖစ္ေစပါတယ္။ မိန္းကေလးေတြက ေယာက်ာ္းေလးေတြထက္ စိတ္ဖိစီးမႈနဲ႔ ဆက္စပ္ေနတဲ့ စိတ္ဓာတ္က်တာနဲ႔ စိုးရိမ္စိတ္မ်ားတာေတြကို ႏွစ္ဆ ပိုမိုခံစားတတ္ ၾကပါတယ္။
သုေတသီေတြရဲ့ ေလ့လာမႈအရ မိန္းကေလးေတြဟာ ေယာက်ာ္းေလးေတြ ထက္ အတိတ္က အေၾကာင္းအရာေတြကို မေမ့ ေပ်ာက္ႏိုင္ဘဲ တမ္းတပူေဆြးမႈေတြ လြန္ကဲေနတတ္ ပါတယ္။ စိတ္ၿငိမ္ေအာင္ တရားထိုင္တာ၊ ေယာဂက်င့္တာေတြက စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေအာင္ ကူညီေပးႏိုင္ပါတယ္။

(၇) ေလးလံလြန္းေသာ ေဘးလြယ္အိတ္

မိန္းကေလးအမ်ားစုက သူတို႔ အသံုးအေဆာင္ေတြကို သြားေလရာမွာ အဆင္ ေျပေျပအသံုးျပဳႏိုင္ေအာင္ အိတ္ထဲထည့္ၿပီး ယူေဆာင္ တတ္ၾကပါတယ္။ အေသးအဖြဲေလးေတြ ဆိုေပမယ့္ အားလံုး စုေပါင္းလိုက္တဲ့အခါ သင့္ပခံုးကို ဝန္ပိေစၿပီး ၾကာရွည္လာတဲ့အခါ သင့္က်န္းမာေရးကို ဒုကၡေပး ႏိုင္ပါတယ္။ သင့္ေဘးလြယ္အိတ္ အရြယ္အစားက သိပ္ႀကီးလြန္းေနရင္ အေနေတာ္အရြယ္အိတ္ကို ေျပာင္းပါ၊ အိတ္ထဲမွ မလိုအပ္တဲ့ အသံုးအေဆာင္ေတြကို တစ္ပတ္တစ္ခါ ရွင္းလင္း ဖယ္ရွားေပးပါ။

(၈) ေဒါက္ျမင့္ဖိနပ္စီးျခင္း

ေဒါက္ျမင့္ ဖိနပ္စီးတာက ခႏၶာကိုယ္မွအဆစ္အေပၚ ဖိအားက်ေရာက္ေစျပီး အ႐ိုးအဆစ္ ေရာင္ရမ္းတာ၊ ေျခမ နာက်င္တာ၊ ခါးနာတာနဲ႔ အရြတ္မွာ ဒဏ္ျဖစ္တာေတြျဖစ္ေစပါတယ္။ ေဒါက္ျမင့္ဖိနပ္ေၾကာင့္ျဖစ္ရတဲ့ ဒဏ္ေတြ သက္သာေစဖို႔ ေန႔စဥ္စီးတဲ့ ဖိနပ္ရဲ့ ေဒါက္အျမင့္ဟာ တစ္လက္မခြဲထက္ မပိုသင့္ပါဘူး။ သင္စီးတဲ့ဖိနပ္ဟာ အဆစ္အေပၚ ဒဏ္မပိေစတဲ့ ဖိနပ္မ်ိဳး ျဖစ္ရပါမယ္။

(၉) အိပ္ေရးဝ၀ မအိပ္စက္ျခင္း

ကံမေကာင္းစြာဘဲ မိန္းကေလးေတြက ေယာက်ာ္းေလးေတြထက္ အိပ္ေရးပ်က္တာကို ပိုမို ခံစားရတတ္ပါတယ္လို႔ မစ္ခ်ီကန္ တကၠသိုလ္မွ ေလ့လာမႈအရ သိရပါတယ္။
အိပ္ပ်က္မ်ားတဲ့ မိန္းကေလးေတြက အစာ စားခ်င္စိတ္ျဖစ္ေပၚေစၿပီး ႏွလံုးေရာဂါ ျဖစ္ပြားႏွိုင္ေျခ ကလည္း ျမင့္မားေစပါတယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစဖို႔ ညဘက္ အိပ္ခါနီးမွာ ကဖင္းဓာတ္ပါတဲ့ ေကာ္ဖီ၊ လက္ဖက္ရည္နဲ႔ တျခားအခ်ိဳ ရည္ေတြ မေသာက္ပါနဲ႔။ အိပ္ရာဝင္ခါနီး ေလ့က်င့္ခန္း လုပ္တာကိုလည္း ေရွာင္ပါ။ အိပ္ခါနီး ႏြားႏို႔ပူပူတစ္ခြက္ ေသာက္တာ၊ ၾကက္သီးေႏြးေရနဲ႔ ေရခ်ိဳးေပးတာေတြက သင့္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစဖို႔ ကူညီေပးပါတယ္။

(၁၀) သားသမီးမ်ားကို ဂ႐ုစိုက္ေနရျခင္း

မိန္းကေလးေတြက ကိုယ့္ကိုယ္ကိုယ္ က်န္းမာဖို႔အျပင္ အိမ္ေထာင္ထိန္းသိမ္းရတဲ့ တာဝန္လည္းရွိတာေၾကာင့္ အိမ္သားေတြရဲ့ က်န္းမာေရးကိုလည္း ဂ႐ုျပဳရပါတယ္။
အထူးသျဖင့္ သားသမီးေတြ ေနမေကာင္းတဲ့အခါ၊ ထိခိုက္ဒဏ္ရာရတဲ့အခါ အိမ္ေထာင္ရွင္မမွာ တာဝန္အပိုေတြ ပိေစပါတယ္။ သင့္ကေလးငယ္ေတြ အေအးမမိေအာင္ မိုးေရထဲ ထြက္ေဆာ့တာကို တားျမစ္ပါ။ ကေလးေတြဟာ ေျပးလႊား ေဆာ့ကစား တတ္ၾကတာေၾကာင့္ အိမ္တြင္း၊ အိမ္ျပင္မွာ ေခ်ာ္လဲႏိုင္တာ၊ တိုက္မိခိုက္မိ ႏိုင္တာေတြကို ရွင္းလင္းထားပါ။

Credit: ေမသတင္းရပ္ကြက္ေလး
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့
အစားထိုးလုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကိုမဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတွေကို ဖြစ်စေပါတယ်။
ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။
လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါ လိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာအနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။
သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ်အစားကို သေချာစွာသိအောင်လေ့လာပါ။ ဘရာစီယာဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်ပြီး သင့် ရင်သားအရွယ်အစားနဲ့ ကိုက်ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။
သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေ ထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေအသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲလေးတွေ ဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော်အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင်တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။
အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေ ကလည်း မြင့်မားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက် အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်းရတဲ့ တာဝန်လည်းရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရပါတယ်။
အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန်အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်းထားပါ။

Credit: မေသတင်းရပ်ကွက်လေး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top