iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာႏိုင္ငံကိုယ္စားျပဳ ေဂးအလွမယ္ မ်ိဳးကိုကိုစန္းဟာ ၂၀၁၈ ခုႏွစ္ ASEAN-LGBT Community Pride Award ဆုရဖို႔အတြက္ မဲအမ်ားဆံုးနဲ႔ ရပ္တည္ ေရပန္းစားေနပါတယ္။

ဒီဆုဟာ LGBT အသုိက္အဝန္းမွာ ဂုဏ္ယူ၀ံ့ၾကြားႏိုင္ဖို႔နဲ႔ ပူးေပါင္းေဆာင္ရြက္တတ္ေစဖို႔ ASEAN Beauty Pageant(ABP) က ရည္ရြယ္ေပးအပ္ခ်ီးျမႇင့္တာ ျဖစ္ပါတယ္။

မ်ိဳးကိုကိုစန္းနဲ႔အတူ မဲအမ်ားဆံုးနဲ႔ ထိပ္ပိုင္းမွာ ရပ္တည္ေနတာကေတာ့ မၾကာေသးခင္ကမွ ထိုင္းႏိုင္ငံမွာ က်င္းပခဲ့တဲ့ လိင္ေျပာင္းအလွမယ္ၿပိဳင္ပြဲမွာ Miss International Queen 2018 အလွမယ္ဘြဲ႔ရရွိခဲ့တဲ့ ဗီယက္နမ္အလွမယ္ ေဟာင္ဂ်ီအန္ငုယင္ ျဖစ္ပါတယ္။

အဲဒီၿပိဳင္ပြဲတုန္းကေတာ့ ျမန္မာႏိုင္ငံမွ အလွမယ္ ဂ်ဴအန္နာပိုင္က သြားေရာက္ ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။ေဂးအလွမယ္ မ်ိဳးကိုကိုစန္းကေတာ့ ၂၀၁၅ ခုႏွစ္ Miss International Queen Myanmar အလွမယ္ျဖစ္ၿပီး ျပည္တြင္းမွာေတာ့ လူသိမ်ားထင္ရွားသူတဦး ျဖစ္ပါတယ္။လက္ရွိ္မွာေတာ့ ASEAN Beauty Pageant(ABP)ရဲ႕ ေဖ့စ္ဘြတ္ အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ မ်ိဳးကိုကိုစန္းနဲ႔ ဗီယက္နမ္အလွမယ္ကို ယွဥ္တြဲေဖာ္ျပထားၿပီး ဗီယက္နမ္ကို မဲေပးရင္ Love React နဲ႔ ျမန္မာကို အားေပးရင္ Wow React ေပးဖို႔ တင္ထားခဲ့ကာ ဇြန္လ ၁၂ ရက္ေန႔ ညေနပိုင္းထိ မဲေပးႏိုင္တယ္လို႔ ဆိုပါတယ္။

Credit : DVB
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာနိုင်ငံကိုယ်စားပြု ဂေးအလှမယ် မျိုးကိုကိုစန်းဟာ ၂၀၁၈ ခုနှစ် ASEAN-LGBT Community Pride Award ဆုရဖို့အတွက် မဲအများဆုံးနဲ့ ရပ်တည် ရေပန်းစားနေပါတယ်။

ဒီဆုဟာ LGBT အသိုက်အဝန်းမှာ ဂုဏ်ယူဝံ့ကြွားနိုင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်တတ်စေဖို့ ASEAN Beauty Pageant(ABP) က ရည်ရွယ်ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။

မျိုးကိုကိုစန်းနဲ့အတူ မဲအများဆုံးနဲ့ ထိပ်ပိုင်းမှာ ရပ်တည်နေတာကတော့ မကြာသေးခင်ကမှ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ လိင်ပြောင်းအလှမယ်ပြိုင်ပွဲမှာ Miss International Queen 2018 အလှမယ်ဘွဲ့ရရှိခဲ့တဲ့ ဗီယက်နမ်အလှမယ် ဟောင်ဂျီအန်ငုယင် ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲတုန်းကတော့ မြန်မာနိုင်ငံမှ အလှမယ် ဂျူအန်နာပိုင်က သွားရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ဂေးအလှမယ် မျိုးကိုကိုစန်းကတော့ ၂၀၁၅ ခုနှစ် Miss International Queen Myanmar အလှမယ်ဖြစ်ပြီး ပြည်တွင်းမှာတော့ လူသိများထင်ရှားသူတဦး ဖြစ်ပါတယ်။လက်ရှိမှာတော့ ASEAN Beauty Pageant(ABP)ရဲ့ ဖေ့စ်ဘွတ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျိုးကိုကိုစန်းနဲ့ ဗီယက်နမ်အလှမယ်ကို ယှဉ်တွဲဖော်ပြထားပြီး ဗီယက်နမ်ကို မဲပေးရင် Love React နဲ့ မြန်မာကို အားပေးရင် Wow React ပေးဖို့ တင်ထားခဲ့ကာ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းထိ မဲပေးနိုင်တယ်လို့ ဆိုပါတယ်။

Credit : DVB
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top