iMyanmarHouse.com - Best Property Website for Myanmar
×




ယင်း Miss Myanmar World 2018 အလှမယ်သည် တရုတ်နိုင်ငံတွင်နိုင်ငံပေါင်း ၁၀၀ ကျော်မှ အလှမယ်များနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ နောက်ဆုံးကျင်းပခဲ့သည့် Miss Myanmar World 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် အိကျော့ခိုင် က ရရှိခဲ့ပြီး နိုင်ငံတကာစင်မြင့်ထက် သို့ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

# Unicode Version ဖြင့် ဖတ်ပါ #
Miss Myanmar World 2018 Top 20 Finalist ပြိုင်ပွဲဝင် ဟန်သီသည် အကောင်းဆုံး ကြိုးစားမှာဖြစ်တဲ့အတွက် အကောင်းဆုံး ရလာဒ် ကို မျှော်လင့်ထားကြောင်း ပြောခဲ့သည်။ Miss Myanmar World 2018 ပြိုင်ပွဲဝင် အလှမယ် အယောက် ၄၀ ထဲမှ အလှမယ် ၂၀ ရွေးချယ်ခဲ့သည့် ပြိုင်ပွဲကို ဇွန် ၁၁ ရက်နေ့ ချက်ထရီယန် ဟော်တယ်တွင် ကျင်းပပြုလုပ်ခဲ့ သည်။

“ပထမဦးဆုံးအနေနဲ့ပြိုင်ခဲ့တာဆိုရင် လေးနှစ် လောက်ကြာခဲ့ပြီ၊ အသက်လည်းရလာပြီ၊ နောက် တစ်ခေါက်အနေနဲ့ မြန်မာကိုယ်စားပြု ထပ်ဖြစ် ချင်သေးတယ်၊ အဲ့ဒီတော့ဒီဟာက ဟန်သီ့ အ တွက် ကြိုးစားဖို့ခြေလှမ်းနောက် တစ်လှမ်းပေါ့ နော်၊ အခုအယောက်၂၀က ဖိုင်နယ်အထိကိုသွား မှာဖြစ်တဲ့အတွက် ဟန်သီကတော့ အစွမ်းကုန် ကြိုးစားသွားမှာပါ၊ ပြီးကြတော့ ဟန်သီက လုပ် တဲ့ လေ့ကျင့်ခန်းတွေ၊ လှုပ်ရှားမှုတွေကိုအ ကောင်းဆုံးသေသေချာချာလုပ်ဆောင်သွားမှာပါ၊ အကောင်းဆုံးကြိုးစားမှာဖြစ်တဲ့အတွက် အကောင်းဆုံးရလာဒ်ကို ဟန်သီ့အနေနဲ့ မျှော်လင့်ထားတယ်၊ အခုပြိုင်ပွဲက ဖိအားထက် အရင်ထက်ပိုကြိုးစားရမယ်ဆိုတာကို ပိုပြီးတော့သိလာတယ်၊ ပြီးတော့လည်း ကိုယ့်တကယ်ကြိုး စားမှ ကိုယ်ရမယ်၊ ကိုယ့်ထက်တော်တဲ့သူ၊ လှတဲ့သူတွေ အများကြီး ပါလာတယ်လေ၊” ဟု ပြိုင်ပွဲဝင် ဟန်သီက ပြောခဲ့သည်။

ယင်းMiss Myanmar World 2018 ပြိုင်ပွဲဝင် အလှမယ် အယောက် ၂၀ အား တစ်လခွဲကြာ လေ့ကျင့်မှုများ၊ လှုပ်ရှားမှုများကို စခန်းသွင်း လေ့ ကျင့်ပေးသွားမည်ဖြစ်ပြီး ယင်း၂၀ ထဲမှ မြန်မာနိုင် ငံကိုယ်စားပြုအလှမယ် ရွေးချယ် သွားမည်ဖြစ် သည်။

ယင်း Miss Myanmar World 2018 အလှမယ်သည် တရုတ်နိုင်ငံတွင်နိုင်ငံပေါင်း ၁၀၀ ကျော်မှ အလှမယ်များနှင့်အတူ ဝင်ရောက်ယှဉ် ်ပြိုင်ကြမည်ဖြစ်ပြီး၊ နောက်ဆုံးကျင်းပခဲ့သည့် Miss Myanmar World 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် အိကျော့ခိုင် က ရရှိခဲ့ပြီး နိုင်ငံတကာစင်မြင့်ထက် သို့ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

Credit: ရှိုင်းလေး (MyanmarNote)
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top