iMyanmarHouse.com - Best Property Website for Myanmar
×

အကယ္ဒမီသရုပ္ေဆာင္ေျပတီဦးက စိ္န္ေယာက္မ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပထမဆုံးအေနအျဖစ္ မိန္းမလ်ာကာရုိက္တာနဲ႔ ပါဝင္ သရုပ္ေဆာင္ထားပါတယ္။ မိန္းမလ်ာဇာတ္ရုပ္ ပီျပင္ျပင္သရုပ္ေဆာင္ႏုိင္ခဲ့တာေၾကာင့္ ဇနီးျဖစ္တဲ့ အိၿႏၵာေက်ာ္ဇင္ရဲ႕ မယုံသကၤာျဖစ္တာ ေတာင္ ခံခဲ့ရတယ္ဆုိၿပီးေတာ့ မီဒီယာေတြကေနတင့္ေျပာျပခဲ့ပါတယ္။

'' မအူဝဲလား ေထြလာကိုႀကည့္ၿပီးေတာ့ ေတာ္ေတာ္ပီျပင္ေနတယ္ေနာ္တဲ့။ မဟုတ္ပါဘူး မိန္းမရယ္ Mood ဝင္သြားလုိ႔ သရုပ္ေဆာင္ထားတာ ပါလုိ႔ဆုိၿပီးေတာ့ သူ႔လည္းရွင္းျပရေသးတယ္၊ သူကေတာင္  ကုိယ့္ကုိ မယုံသကၤာနဲ႔ ေတာ္ေတာ္ပီျပင္ေနတယ္ေနာ္တ့ဲ။ ဖင္ေလး လိမ္က်စ္ လိမ္က်စ္နဲ႔ ပုံစံကုိလည္း အစ္ကုိေတာ္ေတာ္ ႀကိဳးစားခဲ့ရတယ္၊ ပရိသတ္ႀကိဳက္မွ ႀကိဳက္ပါ့မလားလုိ႔ စိတ္ပူေနတာ ဘာပဲျဖစ္ျဖစ္ ေထြလာၾကည့္ ၿပီးတဲ့လူေတြက ႀကိဳက္ၾကေတာ့ ေတာ္ေသးတာေပါ့'' လုိ႔ သူကဆုိပါတယ္။

မိန္းမလ်ာဇာတ္ရုပ္နဲ႔ ပတ္သက္ၿပီး ဇာတ္ကားမရိုက္ခင္မွာလည္း မိန္းမလ်ာတစ္ေယာက္လုိ လမ္းေလွ်ာက္တာ ခဏခဏေလ့က်င့္ခဲ့ရ တယ္ လုိ႔ ဆုိပါတယ္။ ဒီလုိ ေလ့က်င့္လုိက္လုိ႔လည္း အက်င့္မပါခဲ့ပါဘူးတဲ့။ မိန္းမလ်ာဇာတ္ရုပ္သရုပ္ေဆာင္ခဲ့လုိ႔လည္း မေျခာက္သြားပါဘူး ကုိယ့္ကုိယ္ကုိ အာမခံတယ္လုိ႔ ေျပတီဦးက ေျပာပါတယ္။

'' ရီဟာဇယ္ေတြလည္း လုပ္ရတယ္၊ ဒါရုိက္တာကုိလည္း ဘယ္လုိေလွ်ာက္ရင္ ပုိေကာင္းမလဲဆုိတာေတြ ေမးခဲ့ရတာေပါ့ေနာ္။ သူတုိ႔ ဆီက အႀကံဥာဏ္ေတြလည္း ယူရတာေပါ့။ လမ္းေလွ်ာက္တာ အက်င့္ေတာ့ မပါပါဘူး။ ကုိယ့္ကုိယ္ကုိလည္း စမ္းစစ္ၿပီးၿပီ ဘာမွမရွိဘူး။ ထက္ေအာင္ရႈိင္း နဲ႔ တြဲၿပီးရုိက္တဲ့ အခန္းေတြဆုိရင္ အရမ္းရယ္ရတယ္။ ပုဆိုးရင္လွ်ားႀကီးနဲ႔ေလ'' ဆုိၿပီးေတာ့ ဇြန္လ ၁၀ရက္ေန႔ မနက္ပုိင္း က သမၼတရုပ္ရွင္ရုံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ စိန္ေယာက္မ ရုပ္ရွင္အထူးျပသပြဲက မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

စိန္ေယာက္မ ရုပ္ရွင္ဇာတ္ကားႀကီးအထူးျပသပြဲကုိ ဇြန္္လ ၁၀ရက္ေန႔ မနက္ပုိင္း သမၼတရုပ္ရွင္ရုံမွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားႀကီးကုိ ေအာင္သီရိရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ၿပီး ဒါရုိက္တာကုိေဇာ္(အရုဏ္ဦး) က ရုိက္ကူးပုံေဖာ္ထားတာျဖစ္ပါတယ္။ စိန္ေယာက္မ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ သရုပ္ေဆာင္ ေက်ာ္ရဲေအာင္၊ ေျပတီဦး၊ ခင္လႈိင္၊ ထက္ေအာင္ရႈိင္း၊ မုိ႔မုိ႔ျမင့္ေအာင္၊ စုိးျမတ္သူဇာ၊ ခုိင္သင္းၾကည္တုိ႔ အဓိက ပါဝင္သရုပ္ေဆာင္ထားတဲ့ ဟာသရုပ္ရွင္ဇာတ္ကားႀကီးျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ ေျပတီဦးက မုိ႔မုိ႔ျမင့္ေအာင္၊ စုိးျမတ္သူဇာတိ႔ုရဲ႕ ေမာင္ေလးအငယ္ဆုံးေနရာက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

အကယ္ဒမီေျပတီဦးဟာအႏုပညာနဲ႔ ပတ္သက္ၿပီး အကယ္ဒမီဆုေတြလည္း ပုိင္ဆုိင္ထားသလုိ အႏုပညာလုပ္ငန္းကေနရရွိလာတဲ့ ေငြေၾကး နဲ႔ တည္ေထာင္ခဲ့တဲ့ ေျပတီဦး ေဖာင္ေဒးရွင္းၾကီးရဲ႕ ဥကၠဌတစ္ဦးလည္းျဖစ္ပါတယ္။ ေျပတီဦးဟာ ဇာတ္ကားေတြလည္း ဆက္တုိက္ရုိက္ကူး ေနရသလုိ ပရဟိတအလုပ္ေတြလည္းလုပ္ရင္း မိသားစုကုိပါ အခ်ိန္ေပးေနတယ္လုိ႔ သိရပါတယ္။

Credit: Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
  အကယ်ဒမီသရုပ်ဆောင်ပြေတီဦးက စိန်ယောက်မ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပထမဆုံးအနေအဖြစ် မိန်းမလျာကာရိုက်တာနဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ မိန်းမလျာဇာတ်ရုပ် ပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဇနီးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ မယုံသင်္ကာဖြစ်တာ တောင် ခံခဲ့ရတယ်ဆိုပြီးတော့ မီဒီယာတွေကနေတင့်ပြောပြခဲ့ပါတယ်။

'' မအူဝဲလား ထွေလာကိုကြည့်ပြီးတော့ တော်တော်ပီပြင်နေတယ်နော်တဲ့။ မဟုတ်ပါဘူး မိန်းမရယ် Mood ဝင်သွားလို့ သရုပ်ဆောင်ထားတာ ပါလို့ဆိုပြီးတော့ သူ့လည်းရှင်းပြရသေးတယ်၊ သူကတောင်  ကိုယ့်ကို မယုံသင်္ကာနဲ့ တော်တော်ပီပြင်နေတယ်နော်တဲ့။ ဖင်လေး လိမ်ကျစ် လိမ်ကျစ်နဲ့ ပုံစံကိုလည်း အစ်ကိုတော်တော် ကြိုးစားခဲ့ရတယ်၊ ပရိသတ်ကြိုက်မှ ကြိုက်ပါ့မလားလို့ စိတ်ပူနေတာ ဘာပဲဖြစ်ဖြစ် ထွေလာကြည့် ပြီးတဲ့လူတွေက ကြိုက်ကြတော့ တော်သေးတာပေါ့'' လို့ သူကဆိုပါတယ်။

မိန်းမလျာဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဇာတ်ကားမရိုက်ခင်မှာလည်း မိန်းမလျာတစ်ယောက်လို လမ်းလျှောက်တာ ခဏခဏလေ့ကျင့်ခဲ့ရ တယ် လို့ ဆိုပါတယ်။ ဒီလို လေ့ကျင့်လိုက်လို့လည်း အကျင့်မပါခဲ့ပါဘူးတဲ့။ မိန်းမလျာဇာတ်ရုပ်သရုပ်ဆောင်ခဲ့လို့လည်း မခြောက်သွားပါဘူး ကိုယ့်ကိုယ်ကို အာမခံတယ်လို့ ပြေတီဦးက ပြောပါတယ်။

'' ရီဟာဇယ်တွေလည်း လုပ်ရတယ်၊ ဒါရိုက်တာကိုလည်း ဘယ်လိုလျှောက်ရင် ပိုကောင်းမလဲဆိုတာတွေ မေးခဲ့ရတာပေါ့နော်။ သူတို့ ဆီက အကြံဉာဏ်တွေလည်း ယူရတာပေါ့။ လမ်းလျှောက်တာ အကျင့်တော့ မပါပါဘူး။ ကိုယ့်ကိုယ်ကိုလည်း စမ်းစစ်ပြီးပြီ ဘာမှမရှိဘူး။ ထက်အောင်ရှိုင်း နဲ့ တွဲပြီးရိုက်တဲ့ အခန်းတွေဆိုရင် အရမ်းရယ်ရတယ်။ ပုဆိုးရင်လျှားကြီးနဲ့လေ'' ဆိုပြီးတော့ ဇွန်လ ၁၀ရက်နေ့ မနက်ပိုင်း က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စိန်ယောက်မ ရုပ်ရှင်အထူးပြသပွဲက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားကြီးအထူးပြသပွဲကို ဇွန်လ ၁၀ရက်နေ့ မနက်ပိုင်း သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာကိုဇော်(အရုဏ်ဦး) က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ကျော်ရဲအောင်၊ ပြေတီဦး၊ ခင်လှိုင်၊ ထက်အောင်ရှိုင်း၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပြေတီဦးက မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာတိ့ုရဲ့ မောင်လေးအငယ်ဆုံးနေရာက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အကယ်ဒမီပြေတီဦးဟာအနုပညာနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုတွေလည်း ပိုင်ဆိုင်ထားသလို အနုပညာလုပ်ငန်းကနေရရှိလာတဲ့ ငွေကြေး နဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ ပြေတီဦးဟာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူး နေရသလို ပရဟိတအလုပ်တွေလည်းလုပ်ရင်း မိသားစုကိုပါ အချိန်ပေးနေတယ်လို့ သိရပါတယ်။

Credit: Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top