iMyanmarHouse.com - Best Property Website for Myanmar
×

ငါ့ထက္ ေတာ္သည္ျဖစ္ေစ ငါ့ထက္ ညံ့သည္ျဖစ္ေစ ဒီအရာေတြကို ေမ့လိုက္ပါ။ ငါက သြားမယ္ဆို နင့္ကို တိုင္ပင္မယ္။ နင္က လုပ္စရာရွိမယ္ ဆိုလည္း ငါ့ကို အကုန္ေျပာရမယ္။

နင္မေျပာတဲ့ကိစၥ မွန္သမ်ွ ငါမေမးဘူး။ ငါမေျပာတဲ့ ကိစၥမွန္သမ်ွလည္း နင္နားလည္ေပးဖို႔ လိုတယ္။ နင္မေျဖရွင္း ႏိုင္ေတာ့တဲ့ ျပႆနာမ်ိဳးေတြဆို ငါ့ကိုေျပာပါ။ ငါမေျဖရွင္းႏိုင္တဲ့ ကိစၥမ်ိဳးေတြ ဆိုလည္း ရင္ဖြင့္တိုင္ပင္ ပါ့မယ္။

ငါတို႔ အနာဂတ္အတြက္ အစီအစဥ္ကို ဆြဲပါ။ ဘယ္အရာမွ အစီအစဥ္မရွိပဲ စနစ္တက် မေအာင္ျမင္ႏိုင္ဘူး ဆိုတာ ယံုေပးပါ။

နင္ျဗဴးတီးစလြန္း သြားသြား ႀကိဳက္တာေတြပဲ ဝယ္ဝယ္ ငါဘယ္ေတာ့မွ ဝင္မေျပာဘူး။ ငါတို႔ဝင္ေငြ ထြက္ေငြကိုလည္း နင္သိေနေလာက္ၿပီ။ ငါေရြးခ်ယ္ခဲ့တဲ့ ဇနီးေလာင္းအေပၚ ငါယံုတယ္။

နင့္ကိုလည္း လိုတာထက္ ပိုမခ်ဳပ္ခ်ယ္ ပါဘူး။ ငါ့ကိုလည္း တခ်ိဳ႕ကိစၥေတြ နားလည္ေပးပါ။ နင္လည္း ငါ့က နင့္ကို ပိုခ်စ္လာေအာင္ အၿမဲ ႀကိဳးစားပါ။ ငါလည္း နင္ ငါ့ကို တေန႔ထက္တေန႔ ပိုခ်စ္လာေအာင္ အၿမဲ ႀကိဳးစားေနမွာပါ။

ပတ္ဝန္းက်င္နဲ႔ အဆင္ေျပေအာင္ ေနပါ။ စကား မရႈပ္ပါနဲ႔။ မိန္းကေလး တစ္ေယာက္ စကားရႈပ္တာ ေယာက္်္ားေလး တစ္ေယာက္ ေနာက္ မိန္းမငယ္နဲ႔ ရႈပ္တာနဲ႔ အက်ိဴးရလဒ္ အတူတူပဲ။ ငါလည္း ဘယ္ေတာ့မွ မရႈပ္ဘူး နင္လည္း ဘယ္ေတာ့မွ မရႈပ္ပါနဲ႔။

ငါတို႔ သားသမီးေတြ အတြက္ ငါတို႔က စံျပနမူနာ အျမဲ ျဖစ္ေနရမယ္။ ငါတို႔ စိတ္အခန္႔ မသင့္လို႔ အဆင္မေျပေတြ ျဖစ္ေနခဲ့ရင္ေတာင္ ကေလးေတြ ေရွ႕မွာ ၾကင္နာျပေနရမယ္။ ငါက်ရံႈးေစမယ့္ အရာမွန္သမ်ွ နင္က်ရံႈးတာလို႔ ေတြးေပးပါ။ နင့္ကို သိကၡာက်ေစတဲ့ ကိစၥမွန္သမ်ွ ငါ့ကိုတံေတြးနဲ႔ လာေထြးတယ္ လို႔ ခံယူထားပါမယ္။

ငါလည္း အၿမဲ မမွန္ေနႏိုင္ဘူး။ နင္လည္း အၿမဲ မမွန္ေနႏိုင္ဘူး။ အျမဲတမ္း မမွားဖို႔ပဲ ႀကိဳးစားမယ္။ ငါအားေလ်ာ့ရင္ နင္ေဖးကူပါ။ နင္လဲက်ရင္ ငါေပြ႕ခ်ီမွာပါ။ ငါတို႔က ေလာကဓံ လႈိင္းလံုးကို လက္တြဲၿပီး စီးရမယ့္ သူေတြပါ။

အခ်စ္ဆိုတာ အေပၚယံ နွမ္းျဖဴး မဟုတ္သလို ေပၚပင္ကိစၥ တစ္ခုလည္း မဟုတ္ဘူး။ ငါ့မ်က္ဝန္းကို နင္ဖတ္ႏိုင္ေအာင္ ႀကိဳးစားပါ။ နင့္အိပ္မက္ကို ငါ သိျမင္ေနႏိုင္ေအာင္ ခ်စ္ပါ့မယ္။

ဘယ္ကာလ ဘယ္အခ်ိန္ ဘယ္အသက္အရြယ္ပဲ ေရာက္ေရာက္ နင့္ကို ခ်စ္ခြင့္ပန္တုန္းက အခ်ိန္ကလိုပဲ အျမဲ ရင္ခုန္စြာ ခ်စ္ေနပါ့မယ္။

အသက္အရြယ္ ႀကီးလာတာနဲ႔အမ်ွ နင့္ေဘးနားမွာ လူေတြ တျဖည္းျဖည္း နည္းလာမယ္။ ငါ့ေဘးနားမွာလည္း လူေတြ တျဖည္းျဖည္း ေလ်ာ့လာလိမ့္မယ္။ တေလာကလံုးမွာ ဘယ္သူမွ မရွိေတာ့တဲ့ေနာက္ နင့္ေဘးနားမွာ ငါရွိေနမယ္ ဆိုရင္ ငါ့ေဘးနားမွာ နင္ရွိေနမယ္ ဆိုရင္ အဲဒါ ငါတို႔ရဲ႕ ခ်စ္ျခင္းသစၥာပဲ။

ၿပီးေတာ့ ငါတို႔ ကေလးေတြဟာ စိတ္ဒဏ္ရာ ကင္းရမယ္။ အေတြးအေခၚ ရွိရမယ္။ လြတ္လပ္စြာ ေနထိုင္ေနရမယ္။ ခ်စ္ျခင္းရယ္ အနုပညာရယ္ကို ခံစားႏိုင္စြမ္း ရွိရမယ္ ( အနုပညာကို ဖန္တီးႏိုင္ခဲ့ရင္ေတာ့ အေပ်ာ္ဆံုးေပါ့ ) ငါတို႔ထက္ အဆေပါင္းမ်ားစြာ ပိုေတာ္ေနရမယ္။ ငါတို႔ရဲ႕ ပန္းတိုင္ဟာ . . . ငါတို႔ရဲ႕ခ်စ္ျခင္း ၿပီးေတာ့ . . . ငါတို႔ အနာဂတ္ေလာင္းေလးေတြ ။

Credit: ကိုလင္း
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ငါ့ထက် တော်သည်ဖြစ်စေ ငါ့ထက် ညံ့သည်ဖြစ်စေ ဒီအရာတွေကို မေ့လိုက်ပါ။ ငါက သွားမယ်ဆို နင့်ကို တိုင်ပင်မယ်။ နင်က လုပ်စရာရှိမယ် ဆိုလည်း ငါ့ကို အကုန်ပြောရမယ်။

နင်မပြောတဲ့ကိစ္စ မှန်သမျှ ငါမမေးဘူး။ ငါမပြောတဲ့ ကိစ္စမှန်သမျှလည်း နင်နားလည်ပေးဖို့ လိုတယ်။ နင်မဖြေရှင်း နိုင်တော့တဲ့ ပြဿနာမျိုးတွေဆို ငါ့ကိုပြောပါ။ ငါမဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးတွေ ဆိုလည်း ရင်ဖွင့်တိုင်ပင် ပါ့မယ်။

ငါတို့ အနာဂတ်အတွက် အစီအစဉ်ကို ဆွဲပါ။ ဘယ်အရာမှ အစီအစဉ်မရှိပဲ စနစ်တကျ မအောင်မြင်နိုင်ဘူး ဆိုတာ ယုံပေးပါ။

နင်ဗြူးတီးစလွန်း သွားသွား ကြိုက်တာတွေပဲ ဝယ်ဝယ် ငါဘယ်တော့မှ ဝင်မပြောဘူး။ ငါတို့ဝင်ငွေ ထွက်ငွေကိုလည်း နင်သိနေလောက်ပြီ။ ငါရွေးချယ်ခဲ့တဲ့ ဇနီးလောင်းအပေါ် ငါယုံတယ်။

နင့်ကိုလည်း လိုတာထက် ပိုမချုပ်ချယ် ပါဘူး။ ငါ့ကိုလည်း တချို့ကိစ္စတွေ နားလည်ပေးပါ။ နင်လည်း ငါ့က နင့်ကို ပိုချစ်လာအောင် အမြဲ ကြိုးစားပါ။ ငါလည်း နင် ငါ့ကို တနေ့ထက်တနေ့ ပိုချစ်လာအောင် အမြဲ ကြိုးစားနေမှာပါ။

ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေပါ။ စကား မရှုပ်ပါနဲ့။ မိန်းကလေး တစ်ယောက် စကားရှုပ်တာ ယောက်ျ်ားလေး တစ်ယောက် နောက် မိန်းမငယ်နဲ့ ရှုပ်တာနဲ့ အကျိူးရလဒ် အတူတူပဲ။ ငါလည်း ဘယ်တော့မှ မရှုပ်ဘူး နင်လည်း ဘယ်တော့မှ မရှုပ်ပါနဲ့။

ငါတို့ သားသမီးတွေ အတွက် ငါတို့က စံပြနမူနာ အမြဲ ဖြစ်နေရမယ်။ ငါတို့ စိတ်အခန့် မသင့်လို့ အဆင်မပြေတွေ ဖြစ်နေခဲ့ရင်တောင် ကလေးတွေ ရှေ့မှာ ကြင်နာပြနေရမယ်။ ငါကျရှုံးစေမယ့် အရာမှန်သမျှ နင်ကျရှုံးတာလို့ တွေးပေးပါ။ နင့်ကို သိက္ခာကျစေတဲ့ ကိစ္စမှန်သမျှ ငါ့ကိုတံတွေးနဲ့ လာထွေးတယ် လို့ ခံယူထားပါမယ်။

ငါလည်း အမြဲ မမှန်နေနိုင်ဘူး။ နင်လည်း အမြဲ မမှန်နေနိုင်ဘူး။ အမြဲတမ်း မမှားဖို့ပဲ ကြိုးစားမယ်။ ငါအားလျော့ရင် နင်ဖေးကူပါ။ နင်လဲကျရင် ငါပွေ့ချီမှာပါ။ ငါတို့က လောကဓံ လှိုင်းလုံးကို လက်တွဲပြီး စီးရမယ့် သူတွေပါ။

အချစ်ဆိုတာ အပေါ်ယံ နှမ်းဖြူး မဟုတ်သလို ပေါ်ပင်ကိစ္စ တစ်ခုလည်း မဟုတ်ဘူး။ ငါ့မျက်ဝန်းကို နင်ဖတ်နိုင်အောင် ကြိုးစားပါ။ နင့်အိပ်မက်ကို ငါ သိမြင်နေနိုင်အောင် ချစ်ပါ့မယ်။

ဘယ်ကာလ ဘယ်အချိန် ဘယ်အသက်အရွယ်ပဲ ရောက်ရောက် နင့်ကို ချစ်ခွင့်ပန်တုန်းက အချိန်ကလိုပဲ အမြဲ ရင်ခုန်စွာ ချစ်နေပါ့မယ်။

အသက်အရွယ် ကြီးလာတာနဲ့အမျှ နင့်ဘေးနားမှာ လူတွေ တဖြည်းဖြည်း နည်းလာမယ်။ ငါ့ဘေးနားမှာလည်း လူတွေ တဖြည်းဖြည်း လျော့လာလိမ့်မယ်။ တလောကလုံးမှာ ဘယ်သူမှ မရှိတော့တဲ့နောက် နင့်ဘေးနားမှာ ငါရှိနေမယ် ဆိုရင် ငါ့ဘေးနားမှာ နင်ရှိနေမယ် ဆိုရင် အဲဒါ ငါတို့ရဲ့ ချစ်ခြင်းသစ္စာပဲ။

ပြီးတော့ ငါတို့ ကလေးတွေဟာ စိတ်ဒဏ်ရာ ကင်းရမယ်။ အတွေးအခေါ် ရှိရမယ်။ လွတ်လပ်စွာ နေထိုင်နေရမယ်။ ချစ်ခြင်းရယ် အနုပညာရယ်ကို ခံစားနိုင်စွမ်း ရှိရမယ် ( အနုပညာကို ဖန်တီးနိုင်ခဲ့ရင်တော့ အပျော်ဆုံးပေါ့ ) ငါတို့ထက် အဆပေါင်းများစွာ ပိုတော်နေရမယ်။ ငါတို့ရဲ့ ပန်းတိုင်ဟာ . . . ငါတို့ရဲ့ချစ်ခြင်း ပြီးတော့ . . . ငါတို့ အနာဂတ်လောင်းလေးတွေ ။

Credit: ကိုလင်း

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top