iMyanmarHouse.com - Best Property Website for Myanmar
×

“အသည္းကြဲတဲ့ အရသာ ျမည္းစမ္းၾကည့္မလား” ဆိုတဲ့ အဆိုေတာ္အယ္လ္လြန္းဝါရဲ႕ သီခ်င္းေလးကို ၾကားလိုက္တာနဲ႕ အသည္းမကြဲဖူးတဲ့ ေကာင္မေလးေတြကေတာ့ အသည္းကြဲတယ္ဆိုတာ ဘယ္လိုပါလိမ့္ဆိုၿပီး ေတြးမိၾကမယ္ထင္ပါတယ္။ ဒါေပမဲ့ အသည္းကြဲဖူးတဲ့ ေကာင္မေလးေတြအတြက္ေတာ့ ေတြးမိတာနဲ႕တင္ အနာေဟာင္းက တဆစ္ဆစ္ကိုက္လာၿပီး ေနာက္ထပ္ မခံစားခ်င္ေလာက္ေအာင္ ျဖစ္ေကာင္း ျဖစ္သြားႏုိင္ပါတယ္။

ညလံုးေပါက္အိပ္မရတာေတြ၊ တခ်ိန္လံုး မ်က္ရည္က်ေနရတာေတြ၊ ဘယ္သူ႕ကို အျပစ္တင္လို႕ တင္ရမွန္းမသိဘဲ ယူႀကံဳးမရျဖစ္ေနတာေတြ စသည္ျဖင့္ အသည္းကြဲရတဲ့ ခံစားခ်က္က ေတာ္ေတာ္ေလး ဆိုးလြန္းပါတယ္။

ေနာက္တစ္ခါ မခ်စ္ေတာ့ပါဘူးလို႕ အႀကိမ္ႀကိမ္သတိထားေပမဲ့ အသည္းကြဲခဲ့တဲ့ နွလံုးသားေလးကို တဒိတ္ဒိတ္ျပန္ခုန္လာေအာင္ လုပ္နိုင္တဲ့ ေကာင္ေလးတစ္ေယာက္ကို ေတြ႕တဲ့အခါ အသည္းနင့္ေအာင္ ျပန္ခ်စ္မိသြားျပန္ပါတယ္။ ဒါေပမဲ့ စိတ္မေကာင္းစရာတစ္ခုက ဒီလိုမ်ိဳး ကိုယ့္ရဲ႕အတိတ္ဆိုးေတြကို ေမ့ေပ်ာက္သြားေအာင္ လုပ္ႏိုင္တဲ့ မင္းသားေလးေတြဟာ ေနာက္တစ္ခါ ကိုယ့္အသည္းကို ခြဲဖို႔ အလားအလာအရွိဆံုး ေမွာ္ဆရာေလးေတြျဖစ္ေနတတ္ပါတယ္။

ဒါေၾကာင့္ ကိုယ့္အနားကို ခ်ဥ္းကပ္လာတဲ့ ေကာင္ေလးေတြကို သတိထားႏုိိင္ဖို႔ ဘယ္လိုမ်ိဳးေတြက အသည္းခြဲသြားတတ္တဲ့ ေကာင္ေလးေတြဆိုတာ အရင္ဆံုးဖတ္ၾကည့္ရေအာင္ေနာ္။

(က) ကိုယ့္အေၾကာင္းကိုယ္ ေကာင္းေကာင္းသိတဲ့ ေကာင္ေလးေတြ

ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ အျပည့္ရွိၿပီး ကိုယ့္အေၾကာင္းကိုယ္ ေကာင္းေကာင္းသိတဲ့ ေကာင္ေလးေတြက ေကာင္မေလးတစ္ေယာက္ကို အသည္းခြဲဖို႕ အျဖစ္နိုင္ဆံုးပါပဲ။ သူတို႕ေတြရဲ႕ မ်က္နွာမွာ အျပစ္ကင္းၿပီး ခ်စ္စရာေကာင္းတဲ့အၿပံဳးကို အၿမဲတမ္းေတြ႕ရပါလိမ့္မယ္။ အၿမဲတမ္းအလိုက္သိတတ္ၿပီး အေသးစိတ္ၾကင္နာမႈေလးေတြကေန ေကာင္မေလးတစ္ေယာက္ရဲ႕ နွလံုးသားကို တျဖည္းျဖည္း သိမ္းပိုက္သြားတတ္ၾကပါတယ္။

ဒါေပမဲ့ သတိထားဖို႕က အဲဒီေကာင္ေလးေတြဟာ သူတို႕မွာ ဘယ္လိုအားသာခ်က္ေတြရွိေနတယ္ဆိုတာ ေကာင္းေကာင္းႀကီး နားလည္ၿပီး အဲဒီအားသာခ်က္ေတြကို ဘယ္လိုအသံုးခ်ႏုိင္တယ္ဆိုတာ ေသေသခ်ာခ်ာ သိေနတဲ့ သူေတြပါပဲ။

ဥပမာေျပာရရင္ ကိုယ့္မွာ ဘာလက္နက္ေတြရွိတယ္ဆိုတာ သိၿပီး အဲဒီလက္နက္တိုင္းကို ေကာင္းေကာင္းႀကီး အသံုးခ်တတ္တဲ့ မုဆိုးေကာင္းေတြေပါ့။ မုဆိုးဆိုတာ သားေကာင္တစ္ေကာင္တည္းနဲ႕ မေက်နပ္မတင္းတိမ္နိုင္တဲ့သူေတြဆိုတာကိုလည္း မေမ့သင့္ဘူးေလ… ဒီလိုမ်ိဳး ေကာင္ေလးေတြရဲ႕ ေက်ာ့ကြင္းမွာ မၿငိရေအာင္ ေဝးေဝးကေန သတိနဲ႕ေရွာင္တာအေကာင္းဆံုးပါပဲ။

(ခ) ရူးသြပ္ေနတဲ့ ေကာင္ေလးေတြ

စိတ္က်န္းမာေရးမေကာင္းလို႕ ရူးေနတာကို ေျပာတာမဟုတ္ပါဘူး။ သူ႕ရဲ႕ ေမြးရာပါဗီဇအရ တခုခုကို ခေရဇီျဖစ္ေနတဲ့ေကာင္ေလးေတြကို ေျပာခ်င္တာပါ။ ဥပမာေျပာရရင္ ဂိမ္းတစ္ခုခုကို အရမ္းစိတ္ဝင္စားၿပီး ဂိမ္းမွဂိမ္းျဖစ္ေနတဲ့ ေကာင္ေလးမ်ိဳးေတြေပါ့… သူတို႕ဟာ ေကာင္မေလးေတြကို ရည္ရြယ္ခ်က္မရွိဘဲ အသည္းခြဲသလို ျဖစ္သြားတတ္ၾကပါတယ္။ အဓိကကေတာ့ သူတို႕ရူးသြပ္တဲ့ အေၾကာင္းအရာေနာက္ကိုပဲ တေကာက္ေကာက္လိုက္ေနတတ္ၿပီး ကိုယ့္ခ်စ္သူကုိ အခ်ိန္ေပးဖို႕ တြန္႔ဆုတ္တတ္သြားၾကတာမ်ိဳးေပါ့…

သူတို႕ဟာ အရက္ဘီယာေသာက္၊ ေလာင္းကစားလုပ္ေနတာလည္း မဟုတ္ေတာ့ အျပစ္တင္ရမွာလည္း အခက္ရယ္ပါ။ ဒါေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္ဆံုးမွာ ကိုယ့္ကို မေရြးခ်ယ္ဘဲ အျခားအရာတစ္ခုေနာက္လိုက္သြားရင္ေတာ့ အသည္းကြဲရတာပါပဲ။ ခံစားခ်က္က အတူတူပဲမို႔ ကိုယ္မကၽြမ္းက်င္တဲ့ နယ္ပယ္တစ္ခုခုမွာ ေတာ္လြန္းတတ္လြန္းေနတဲ့ ခေရဇီေလးေတြကို သြားမေၾကြမိဖို႔ သတိထားၾကဦးေနာ္…

(ဂ) ၿပီးျပည့္စံုလြန္းသူေတြ

ဘဝတစ္ေလ်ွာက္လံုးမွာ တစ္ေယာက္နွစ္ေယာက္ေလာက္သာ ေတြ႕ဆံုနိုင္တဲ့ ရွားပါးသတၱဝါေတြပါ။ ရွားပါးတယ္ဆိုတဲ့အတိုင္း တန္ဖိုးကလည္း ႀကီးမားတယ္ေနာ္။ ဒီလိုလူေတြက သူတို႔ကိုယ္တိုင္လည္း ၿပီးျပည့္စံုသလို သူတို႔ေဘးက လက္တြဲေဖာ္လည္း သူတို႔လို ၿပီးျပည့္စံုေနတာမ်ိဳးကိုသာ လိုခ်င္ၾကတာပါ။

ကိုယ့္ကို လာခ်စ္တုန္းက ကိုယ္ကလည္း သူ႕လိုပဲ ျပည့္စံုတယ္လို႔ ယူဆခဲ့ေပမဲ့ တြဲရင္း သူ႕ရဲ႕ အတၱေတြ၊ လိုအပ္ခ်က္ေတြကို ကိုယ္က မခံစားႏိုင္ေတာ့တဲ့အခါ၊ သူ႕ဘက္ကလည္း ကိုယ္က သူထင္ထားတာနဲ႔ ထပ္တူ မက်ေတာ့တဲ့အခါ ဘယ္လိုပဲ ခ်စ္ခ်စ္ ညွိႏႈိင္းမရေတာ့ရင္ အသည္းကြဲၾကရတာပါပဲ.. ေျပာရရင္ေတာ့ အတၱနဲ႔ မာန အားၿပိဳင္ပြဲမွာ အခ်စ္က ေနာက္ဆုတ္ အရံႈးေပးလိုက္ရတယ္ေပါ့…

သစၥာမရွိတဲ့သူ၊ သိုက္တူးမယ့္သူ၊ ကိုယ္က်င့္တရားမေကာင္းတဲ့သူ စသည္ျဖင့္ ကိုယ့္ကို စိတ္ဆင္းရဲေအာင္လုပ္နိုင္တဲ့ တျခားေကာင္ေလးေတြ အမ်ားႀကီး ရွိဦးမွာပါ။ ဒါေပမဲ့ ဒီလိုေကာင္ေလးမ်ိဳးေတြက သိသာလြန္းၿပီး ေရွာင္ရလြယ္ပါတယ္။ အေပၚကေကာင္ေလးေတြကေတာ့ ကိုယ္ေပ်ာ္ရႊင္ေနတုန္းမွာ ျဗဳန္းစားႀကီး ခ်ံဳခိုတိုက္နိုင္တဲ့အမ်ိဳးေတြမို႕ အထူးသတိေပးလိုက္ရတာပါေနာ္။

ဒါေပမယ့္ ဒီလိုခ်စ္သူမ်ိဳးေတြ ပိုင္ဆိုင္ထားတိုင္းလည္း အရမ္းႀကီး မစိုးရိမ္ၾကပါနဲ႔။ ဒီေနရာမွာ ေမတၱာစစ္၊ ေမတၱာမွန္ဆိုတဲ့ အံ့ၾသစရာအေကာင္းဆံုး၊ အဆန္းၾကယ္ဆံုးအရာကို ထည့္သြင္းစဥ္းစားမထားပါဘူး။ တကယ္လို႕ သူကေရာ ကိုယ္ကပါ ေမတၱာစစ္နဲ႕ ခ်စ္မယ္ဆိုရင္ ဘယ္လိုေကာင္ေလးပဲျဖစ္ျဖစ္ တစ္သက္လံုးစိတ္ခ်မ္းသာရမွာမို႔ ဒီလို အခ်စ္မ်ိဳး ပိုင္ဆိုင္ထားၿပီဆိုရင္ ေလာကႀကီးမွာ ကံအေကာင္းဆံုးမိန္းကေလးျဖစ္ၿပီလို႔သာ လက္မေထာင္လိုက္ပါေတာ့ကြယ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Luke Kyaw (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
“အသည်းကွဲတဲ့ အရသာ မြည်းစမ်းကြည့်မလား” ဆိုတဲ့ အဆိုတော်အယ်လ်လွန်းဝါရဲ့ သီချင်းလေးကို ကြားလိုက်တာနဲ့ အသည်းမကွဲဖူးတဲ့ ကောင်မလေးတွေကတော့ အသည်းကွဲတယ်ဆိုတာ ဘယ်လိုပါလိမ့်ဆိုပြီး တွေးမိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အသည်းကွဲဖူးတဲ့ ကောင်မလေးတွေအတွက်တော့ တွေးမိတာနဲ့တင် အနာဟောင်းက တဆစ်ဆစ်ကိုက်လာပြီး နောက်ထပ် မခံစားချင်လောက်အောင် ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။

ညလုံးပေါက်အိပ်မရတာတွေ၊ တချိန်လုံး မျက်ရည်ကျနေရတာတွေ၊ ဘယ်သူ့ကို အပြစ်တင်လို့ တင်ရမှန်းမသိဘဲ ယူကြုံးမရဖြစ်နေတာတွေ စသည်ဖြင့် အသည်းကွဲရတဲ့ ခံစားချက်က တော်တော်လေး ဆိုးလွန်းပါတယ်။

နောက်တစ်ခါ မချစ်တော့ပါဘူးလို့ အကြိမ်ကြိမ်သတိထားပေမဲ့ အသည်းကွဲခဲ့တဲ့ နှလုံးသားလေးကို တဒိတ်ဒိတ်ပြန်ခုန်လာအောင် လုပ်နိုင်တဲ့ ကောင်လေးတစ်ယောက်ကို တွေ့တဲ့အခါ အသည်းနင့်အောင် ပြန်ချစ်မိသွားပြန်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာတစ်ခုက ဒီလိုမျိုး ကိုယ့်ရဲ့အတိတ်ဆိုးတွေကို မေ့ပျောက်သွားအောင် လုပ်နိုင်တဲ့ မင်းသားလေးတွေဟာ နောက်တစ်ခါ ကိုယ့်အသည်းကို ခွဲဖို့ အလားအလာအရှိဆုံး မှော်ဆရာလေးတွေဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ကိုယ့်အနားကို ချဉ်းကပ်လာတဲ့ ကောင်လေးတွေကို သတိထားနိုင်ဖို့ ဘယ်လိုမျိုးတွေက အသည်းခွဲသွားတတ်တဲ့ ကောင်လေးတွေဆိုတာ အရင်ဆုံးဖတ်ကြည့်ရအောင်နော်။

(က) ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိတဲ့ ကောင်လေးတွေ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပြီး ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိတဲ့ ကောင်လေးတွေက ကောင်မလေးတစ်ယောက်ကို အသည်းခွဲဖို့ အဖြစ်နိုင်ဆုံးပါပဲ။ သူတို့တွေရဲ့ မျက်နှာမှာ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့အပြုံးကို အမြဲတမ်းတွေ့ရပါလိမ့်မယ်။ အမြဲတမ်းအလိုက်သိတတ်ပြီး အသေးစိတ်ကြင်နာမှုလေးတွေကနေ ကောင်မလေးတစ်ယောက်ရဲ့ နှလုံးသားကို တဖြည်းဖြည်း သိမ်းပိုက်သွားတတ်ကြပါတယ်။

ဒါပေမဲ့ သတိထားဖို့က အဲဒီကောင်လေးတွေဟာ သူတို့မှာ ဘယ်လိုအားသာချက်တွေရှိနေတယ်ဆိုတာ ကောင်းကောင်းကြီး နားလည်ပြီး အဲဒီအားသာချက်တွေကို ဘယ်လိုအသုံးချနိုင်တယ်ဆိုတာ သေသေချာချာ သိနေတဲ့ သူတွေပါပဲ။

ဥပမာပြောရရင် ကိုယ့်မှာ ဘာလက်နက်တွေရှိတယ်ဆိုတာ သိပြီး အဲဒီလက်နက်တိုင်းကို ကောင်းကောင်းကြီး အသုံးချတတ်တဲ့ မုဆိုးကောင်းတွေပေါ့။ မုဆိုးဆိုတာ သားကောင်တစ်ကောင်တည်းနဲ့ မကျေနပ်မတင်းတိမ်နိုင်တဲ့သူတွေဆိုတာကိုလည်း မမေ့သင့်ဘူးလေ… ဒီလိုမျိုး ကောင်လေးတွေရဲ့ ကျော့ကွင်းမှာ မငြိရအောင် ဝေးဝေးကနေ သတိနဲ့ရှောင်တာအကောင်းဆုံးပါပဲ။

(ခ) ရူးသွပ်နေတဲ့ ကောင်လေးတွေ

စိတ်ကျန်းမာရေးမကောင်းလို့ ရူးနေတာကို ပြောတာမဟုတ်ပါဘူး။ သူ့ရဲ့ မွေးရာပါဗီဇအရ တခုခုကို ခရေဇီဖြစ်နေတဲ့ကောင်လေးတွေကို ပြောချင်တာပါ။ ဥပမာပြောရရင် ဂိမ်းတစ်ခုခုကို အရမ်းစိတ်ဝင်စားပြီး ဂိမ်းမှဂိမ်းဖြစ်နေတဲ့ ကောင်လေးမျိုးတွေပေါ့… သူတို့ဟာ ကောင်မလေးတွေကို ရည်ရွယ်ချက်မရှိဘဲ အသည်းခွဲသလို ဖြစ်သွားတတ်ကြပါတယ်။ အဓိကကတော့ သူတို့ရူးသွပ်တဲ့ အကြောင်းအရာနောက်ကိုပဲ တကောက်ကောက်လိုက်နေတတ်ပြီး ကိုယ့်ချစ်သူကို အချိန်ပေးဖို့ တွန့်ဆုတ်တတ်သွားကြတာမျိုးပေါ့…

သူတို့ဟာ အရက်ဘီယာသောက်၊ လောင်းကစားလုပ်နေတာလည်း မဟုတ်တော့ အပြစ်တင်ရမှာလည်း အခက်ရယ်ပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ ကိုယ့်ကို မရွေးချယ်ဘဲ အခြားအရာတစ်ခုနောက်လိုက်သွားရင်တော့ အသည်းကွဲရတာပါပဲ။ ခံစားချက်က အတူတူပဲမို့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုခုမှာ တော်လွန်းတတ်လွန်းနေတဲ့ ခရေဇီလေးတွေကို သွားမကြွေမိဖို့ သတိထားကြဦးနော်…

(ဂ) ပြီးပြည့်စုံလွန်းသူတွေ

ဘဝတစ်လျှောက်လုံးမှာ တစ်ယောက်နှစ်ယောက်လောက်သာ တွေ့ဆုံနိုင်တဲ့ ရှားပါးသတ္တဝါတွေပါ။ ရှားပါးတယ်ဆိုတဲ့အတိုင်း တန်ဖိုးကလည်း ကြီးမားတယ်နော်။ ဒီလိုလူတွေက သူတို့ကိုယ်တိုင်လည်း ပြီးပြည့်စုံသလို သူတို့ဘေးက လက်တွဲဖော်လည်း သူတို့လို ပြီးပြည့်စုံနေတာမျိုးကိုသာ လိုချင်ကြတာပါ။

ကိုယ့်ကို လာချစ်တုန်းက ကိုယ်ကလည်း သူ့လိုပဲ ပြည့်စုံတယ်လို့ ယူဆခဲ့ပေမဲ့ တွဲရင်း သူ့ရဲ့ အတ္တတွေ၊ လိုအပ်ချက်တွေကို ကိုယ်က မခံစားနိုင်တော့တဲ့အခါ၊ သူ့ဘက်ကလည်း ကိုယ်က သူထင်ထားတာနဲ့ ထပ်တူ မကျတော့တဲ့အခါ ဘယ်လိုပဲ ချစ်ချစ် ညှိနှိုင်းမရတော့ရင် အသည်းကွဲကြရတာပါပဲ.. ပြောရရင်တော့ အတ္တနဲ့ မာန အားပြိုင်ပွဲမှာ အချစ်က နောက်ဆုတ် အရှုံးပေးလိုက်ရတယ်ပေါ့…

သစ္စာမရှိတဲ့သူ၊ သိုက်တူးမယ့်သူ၊ ကိုယ်ကျင့်တရားမကောင်းတဲ့သူ စသည်ဖြင့် ကိုယ့်ကို စိတ်ဆင်းရဲအောင်လုပ်နိုင်တဲ့ တခြားကောင်လေးတွေ အများကြီး ရှိဦးမှာပါ။ ဒါပေမဲ့ ဒီလိုကောင်လေးမျိုးတွေက သိသာလွန်းပြီး ရှောင်ရလွယ်ပါတယ်။ အပေါ်ကကောင်လေးတွေကတော့ ကိုယ်ပျော်ရွှင်နေတုန်းမှာ ဗြုန်းစားကြီး ချုံခိုတိုက်နိုင်တဲ့အမျိုးတွေမို့ အထူးသတိပေးလိုက်ရတာပါနော်။

ဒါပေမယ့် ဒီလိုချစ်သူမျိုးတွေ ပိုင်ဆိုင်ထားတိုင်းလည်း အရမ်းကြီး မစိုးရိမ်ကြပါနဲ့။ ဒီနေရာမှာ မေတ္တာစစ်၊ မေတ္တာမှန်ဆိုတဲ့ အံ့သြစရာအကောင်းဆုံး၊ အဆန်းကြယ်ဆုံးအရာကို ထည့်သွင်းစဉ်းစားမထားပါဘူး။ တကယ်လို့ သူကရော ကိုယ်ကပါ မေတ္တာစစ်နဲ့ ချစ်မယ်ဆိုရင် ဘယ်လိုကောင်လေးပဲဖြစ်ဖြစ် တစ်သက်လုံးစိတ်ချမ်းသာရမှာမို့ ဒီလို အချစ်မျိုး ပိုင်ဆိုင်ထားပြီဆိုရင် လောကကြီးမှာ ကံအကောင်းဆုံးမိန်းကလေးဖြစ်ပြီလို့သာ လက်မထောင်လိုက်ပါတော့ကွယ်…

ဖိုးသူတော် (www.phothutaw.com)
Credit: Luke Kyaw (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top