iMyanmarHouse.com - Best Property Website for Myanmar
×

လက္ရွိခ်ိန္မွာေတာ့ ယဥ္ယဥ္ေလးလွတဲ့ အလွေတြနဲ႔ နက္ေမွာင္တဲ့ ဆံသားေတြေၾကာင့္ လူမႈကြန္ယက္စ္မွာ နာမည္ၾကီး လူသိမ်ားလာတာကေတာ႔ ဆရာဝန္ စာေရးဆရာမ စိမ့္စမ္းျဖဴပါ။ စိမ့္စမ္းျဖဴကေတာ့ “ဆံပင္နဲ႔ ပတ္သက္ျပီးေတာ့ ေတာ္ေတာ္မ်ားမ်ားက ကြ်န္မကို ေမးၾကတာေပါ့။ ဆံပင္က တမင္သက္သက္ေတာ့ အရွည္ထားတာမဟုတ္ပါဘူး။ ဆံပင္ကုိ ညွပ္လိုက္ရင္ ကိုယ္နဲ႔ မလိုုက္ေတာ့မွာ ဆိုးတယ္ဆိုျပီး မညွပ္ျဖစ္တာနဲ႔ ရွည္သြားတာပါ” “ညီမနာမည္က စိမ့္စမ္းျဖဴေဆးတကၠသိုလ္ဆိုတဲ့ နာမည္န႔ဲ ရသစာေပေရးေပးတယ္။ ေဒါက္တာစိမ့္ဆိုတဲ့ နာမည္နဲ႔ကေတာ့ က်န္းမာေရး ဗဟုသုတေဆာင္းပါးေလးေတြ ေရးပါတယ္။ အသက္ကေတာ့ ဒီနွစ္ထဲမွာ ၂၄ နွစ္ျပည့္မွာပါ။

အဓိကအလုပ္ကေတာ့ ဆရာဝန္ စာေရးဆရာတစ္ေယာက္ျဖစ္ပါတယ္” “ဆရာဝန္ အယ္ဒီတာတစ္ေယာက္အေနနဲ႔ က်န္းမာေရးေဆာင္းပါးေတြေရးခဲ့တယ္။ ဖတ္ခဲ့တယ္။ ျပီးတဲ့အခါမွာ ေဆးပညာနဲ႔ ပတ္သက္ျပီး ဘြဲ႔လြန္တက္မယ္ဆိုတဲ႔ စိတ္ကူးနဲ႔ ဆရာဝန္ဆက္ျပီးေတာ့ လုပ္ေနပါတယ္” “ဆရာဝန္အလုပ္ဘဲ ျဖစ္ျဖစ္ စာေရးဆရာအလုပ္ဘဲ ျဖစ္ျဖစ္နွစ္ခုလံုးကေတာ့ နွလံုးသားလွမွ စိတ္ထားေကာင္းမွ လုပ္လို႔ရတဲ့ အလုပ္လို႔ ထင္ပါတယ္” “ပန္းခင္းတခင္းပ်ိဳးရေအာင္ဆိုတဲ့ စာအုပ္ေလးကိုေတာ့ ပထမဆံုးေရးသားခဲ့တယ္။ အဲ့တုန္းကေတာ့ ေဆးေက်ာင္းတက္ေနေတာ့ ေနာက္ဆံုးနွစ္အပိုင္း ခ က တနွစ္ခြဲတက္ရတာဆိုေတာ့ ပထမတနွစ္ခြဲမွာ အဲ့စာအုပ္ေလးထြက္ခဲ့တယ္။ ဒုတိယအေနနဲ႔ ထြက္ခဲ့တာကေတာ့ ျမစ္တို႔လားတူေသာအခါေပါ့။ တတိယအေနနဲ႔ကေတာ့ မိုးမခအလြမ္းဆိုတဲ့ စာအုပ္ထြက္ခဲ့ပါတယ္။ ဒီမိုးမခအလြမ္းဆိုတဲ့ စာအုပ္ကေတာ့ ကြ်န္မဘဝမွာ အေအာင္ျမင္ဆံုးလို႔ ေျပာရမွာပါ။ ဒီစာအုပ္ေၾကာင့္ ကြ်န္မကို စိမ့္စမ္းျဖဴလို႔ သိခဲ့တာပါ။

ေနာက္ဆံုးထြက္ထားတဲ့ စာအုပ္ကေတာ့ ဆရာဝန္တစ္ေယာက္ရဲ့ ဒ႑ာရီေပါ့။ ဒီစာအုပ္ေလးကေတာ့ ကြ်န္မဘဝမွာေတြ႔ခဲ့ ၾကံဳခဲ့ရတဲ့ အရာေတြ၊ ခံစားမႈေတြကို ေရးခဲ့တာဆိုေတာ့ တနွစ္ေလာက္ ဒီစာအုပ္ေလးကို ျပင္ဆင္ခဲ့ရပါတယ္။ ဒီလိုမ်ိဳးစာအုပ္နွစ္ခု ထြက္တာၾကာသြားေပမဲ့ ကြ်န္မ ေဖ့စ္ဘုတ္မွာေတာ့ စာတိုေလးေတြ essay ေလးေတြကိုေရးေပးခဲ့ပါတယ္။ ျပီးေတာ့ အဲ့ဒါေတြစုျပီးေတာ့ ဝတၳဳတိုတစ္အုပ္ထြက္မယ္။ ျပီးေတာ့ လံုးခ်င္းဝတၳဳထြက္ပါမယ္” “ရုပ္ရွင္ကေတာ့ နွစ္ခုလံုးကို ေရာင္းလိုက္တာ ျဖစ္တဲ့အတြက္ အရင္ရိုက္မွာကေတာ့ ျမစ္တို႔လားရာ တူေသာအခါကို အရင္ရိုက္မွာပါ။ ကြ်န္မဘက္ကေတာ့ ကြ်န္မေရးသားထားတဲ့ ဇာတ္အိမ္ေလးမပ်က္ရင္ ရပါျပီ။ တခ်ိဳ႔ကေတာ့ မိုးမခအလြမ္းဆိုတဲ့ စာခ်ဳပ္မ်ိဳးဟာ ရုပ္ရွင္ေတာင္ ရိုက္စရာမလိုဘူးေပါ့ ဆိုျပီး ေျပာၾကပါတယ္။

ဒါေၾကာင့္ ကြ်န္မေရးတဲ့ စာအုပ္ေတြက ပရိသတ္ေတြ ရင္ထဲမွာ ရွိေနျပီ ျဖစ္တာေၾကာင့္ ရုပ္ရွင္ျပန္ရိုက္မယ္ဆိုတာကေတာ့ ဝတၳဳကို ဖ်က္ဆီးသြားနိုင္တယ္လို႔ မျမင္ပါဘူး။ သူတို႔အေနနဲ႔ ကြ်န္မဝတၳဳကို ဘယ္ေလာက္ထိ အေကာင္အထည္ေဖာ္နိုင္လည္းဆိုတာကို ေစာင့္ၾကည့္ေစခ်င္တယ္။ ျပီးရင္ရလာတဲ့ အခ်ိန္္မွာေတာ့ ေကာင္းသည္ ဆိုးသည္ ျဖစ္ေစသူတို႔ တက္နိုင္သေလာက္ ရိုက္ခဲ့တာဆိုျပီး။ အဓိကကေတာ့ ကြ်န္မတို႔ ရင္ထဲမွာ ရွင္သန္ေနဖို႔ပါ။

ဒါေၾကာင့္ ေျဖသိမ့္ေပးနိုင္မယ္လို႔ ေမ်ာ္လင့္ပါတယ္” “အခက္ခဲေတာ့ အရာရာတိုင္းမွာရွိမွာပါ။ အလုပ္လုပ္ျပီ ဆိုကတည္းက ေဝဖန္ခံရမွာဘဲေလ။ ကြ်န္မကေတာ့ ေကာင္းတာကိုဘဲယူလိုက္တယ္။ ဆိုးတာကေတာ့ တကယ္ျဖစ္မွာ မဟုတ္ဘူးလို႔ ခံယူပါတယ္။ အဲ့ဒါစိတ္ခ်မ္းသာတယ္ေလ။ ကိုယ္စိတ္ခ်မ္းသာဖို႔က အေရးၾကီးပါတယ္။ ဒါမွလည္း အလုပ္ေတြကို ေကာင္းေကာင္းလုပ္နိုင္မွာပါ။ အျမင့္ကို တက္ဖို႔အတြက္ ေအာက္က ပင့္တင္ေပးတဲ့ တြန္းအားေလးတစ္ခုေတာ့ လိုတယ္ေလ။ အဲ့လိုမ်ိဳး မခံခ်င္စိတ္နဲ႔ ၾကိဳးစားတဲ့ အခ်ိန္မွာ ပိုျပီးေတာ့ ၾကိဳးစားျဖစ္ပါတယ္” “ကိုယ့္ကို အားေပးတဲ့သူေတြမ်ားလာေတာ့ ေကာင္းပါတယ္။

ဓါတ္ပုံရိုက္ရတာ ဝါသနာပါေပမဲ့လည္း ပေရာ္ဖက္ရွင္နယ္ တစ္ေယာက္အေနနဲ႔ ေမာ္ဒယ္လုပ္ကိုင္ဖို႔ ေတာ့ မစဥ္းစားထားပါဘူး” “အခုခ်ိန္ထိ္ စိမ့္စမ္းျဖဴစာအုပ္ေတြကို ဖတ္ျပီး အားေပးေနတဲ့သူေတြေရာ၊ ဓါတ္ပံုေလးေတြ ျမင္ျပီး အားေပးၾကတဲ့သူေတြေရာ အားလံုးကိုေက်းဇူးတင္ပါတယ္။ ဆက္လက္ျပီး အားေပးၾကပါဦး” ဟုေျဖၾကားသြားခဲ့ပါတယ္။

Credit : Nanmalagyi
# Unicode Version ျဖင့္ ဖတ္ပါ #
လက်ရှိချိန်မှာတော့ ယဉ်ယဉ်လေးလှတဲ့ အလှတွေနဲ့ နက်မှောင်တဲ့ ဆံသားတွေကြောင့် လူမှုကွန်ယက်စ်မှာ နာမည်ကြီး လူသိများလာတာကတော့ ဆရာဝန် စာရေးဆရာမ စိမ့်စမ်းဖြူပါ။ စိမ့်စမ်းဖြူကတော့ “ဆံပင်နဲ့ ပတ်သက်ပြီးတော့ တော်တော်များများက ကျွန်မကို မေးကြတာပေါ့။ ဆံပင်က တမင်သက်သက်တော့ အရှည်ထားတာမဟုတ်ပါဘူး။ ဆံပင်ကို ညှပ်လိုက်ရင် ကိုယ်နဲ့ မလိုက်တော့မှာ ဆိုးတယ်ဆိုပြီး မညှပ်ဖြစ်တာနဲ့ ရှည်သွားတာပါ” “ညီမနာမည်က စိမ့်စမ်းဖြူဆေးတက္ကသိုလ်ဆိုတဲ့ နာမည်နဲ့ ရသစာပေရေးပေးတယ်။ ဒေါက်တာစိမ့်ဆိုတဲ့ နာမည်နဲ့ကတော့ ကျန်းမာရေး ဗဟုသုတဆောင်းပါးလေးတွေ ရေးပါတယ်။ အသက်ကတော့ ဒီနှစ်ထဲမှာ ၂၄ နှစ်ပြည့်မှာပါ။

အဓိကအလုပ်ကတော့ ဆရာဝန် စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်” “ဆရာဝန် အယ်ဒီတာတစ်ယောက်အနေနဲ့ ကျန်းမာရေးဆောင်းပါးတွေရေးခဲ့တယ်။ ဖတ်ခဲ့တယ်။ ပြီးတဲ့အခါမှာ ဆေးပညာနဲ့ ပတ်သက်ပြီး ဘွဲ့လွန်တက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဆရာဝန်ဆက်ပြီးတော့ လုပ်နေပါတယ်” “ဆရာဝန်အလုပ်ဘဲ ဖြစ်ဖြစ် စာရေးဆရာအလုပ်ဘဲ ဖြစ်ဖြစ်နှစ်ခုလုံးကတော့ နှလုံးသားလှမှ စိတ်ထားကောင်းမှ လုပ်လို့ရတဲ့ အလုပ်လို့ ထင်ပါတယ်” “ပန်းခင်းတခင်းပျိုးရအောင်ဆိုတဲ့ စာအုပ်လေးကိုတော့ ပထမဆုံးရေးသားခဲ့တယ်။ အဲ့တုန်းကတော့ ဆေးကျောင်းတက်နေတော့ နောက်ဆုံးနှစ်အပိုင်း ခ က တနှစ်ခွဲတက်ရတာဆိုတော့ ပထမတနှစ်ခွဲမှာ အဲ့စာအုပ်လေးထွက်ခဲ့တယ်။ ဒုတိယအနေနဲ့ ထွက်ခဲ့တာကတော့ မြစ်တို့လားတူသောအခါပေါ့။ တတိယအနေနဲ့ကတော့ မိုးမခအလွမ်းဆိုတဲ့ စာအုပ်ထွက်ခဲ့ပါတယ်။ ဒီမိုးမခအလွမ်းဆိုတဲ့ စာအုပ်ကတော့ ကျွန်မဘဝမှာ အအောင်မြင်ဆုံးလို့ ပြောရမှာပါ။ ဒီစာအုပ်ကြောင့် ကျွန်မကို စိမ့်စမ်းဖြူလို့ သိခဲ့တာပါ။

နောက်ဆုံးထွက်ထားတဲ့ စာအုပ်ကတော့ ဆရာဝန်တစ်ယောက်ရဲ့ ဒဏ္ဍာရီပေါ့။ ဒီစာအုပ်လေးကတော့ ကျွန်မဘဝမှာတွေ့ခဲ့ ကြုံခဲ့ရတဲ့ အရာတွေ၊ ခံစားမှုတွေကို ရေးခဲ့တာဆိုတော့ တနှစ်လောက် ဒီစာအုပ်လေးကို ပြင်ဆင်ခဲ့ရပါတယ်။ ဒီလိုမျိုးစာအုပ်နှစ်ခု ထွက်တာကြာသွားပေမဲ့ ကျွန်မ ဖေ့စ်ဘုတ်မှာတော့ စာတိုလေးတွေ essay လေးတွေကိုရေးပေးခဲ့ပါတယ်။ ပြီးတော့ အဲ့ဒါတွေစုပြီးတော့ ဝတ္ထုတိုတစ်အုပ်ထွက်မယ်။ ပြီးတော့ လုံးချင်းဝတ္ထုထွက်ပါမယ်” “ရုပ်ရှင်ကတော့ နှစ်ခုလုံးကို ရောင်းလိုက်တာ ဖြစ်တဲ့အတွက် အရင်ရိုက်မှာကတော့ မြစ်တို့လားရာ တူသောအခါကို အရင်ရိုက်မှာပါ။ ကျွန်မဘက်ကတော့ ကျွန်မရေးသားထားတဲ့ ဇာတ်အိမ်လေးမပျက်ရင် ရပါပြီ။ တချို့ကတော့ မိုးမခအလွမ်းဆိုတဲ့ စာချုပ်မျိုးဟာ ရုပ်ရှင်တောင် ရိုက်စရာမလိုဘူးပေါ့ ဆိုပြီး ပြောကြပါတယ်။

ဒါကြောင့် ကျွန်မရေးတဲ့ စာအုပ်တွေက ပရိသတ်တွေ ရင်ထဲမှာ ရှိနေပြီ ဖြစ်တာကြောင့် ရုပ်ရှင်ပြန်ရိုက်မယ်ဆိုတာကတော့ ဝတ္ထုကို ဖျက်ဆီးသွားနိုင်တယ်လို့ မမြင်ပါဘူး။ သူတို့အနေနဲ့ ကျွန်မဝတ္ထုကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်လည်းဆိုတာကို စောင့်ကြည့်စေချင်တယ်။ ပြီးရင်ရလာတဲ့ အချိန်မှာတော့ ကောင်းသည် ဆိုးသည် ဖြစ်စေသူတို့ တက်နိုင်သလောက် ရိုက်ခဲ့တာဆိုပြီး။ အဓိကကတော့ ကျွန်မတို့ ရင်ထဲမှာ ရှင်သန်နေဖို့ပါ။

ဒါကြောင့် ဖြေသိမ့်ပေးနိုင်မယ်လို့ မျော်လင့်ပါတယ်” “အခက်ခဲတော့ အရာရာတိုင်းမှာရှိမှာပါ။ အလုပ်လုပ်ပြီ ဆိုကတည်းက ဝေဖန်ခံရမှာဘဲလေ။ ကျွန်မကတော့ ကောင်းတာကိုဘဲယူလိုက်တယ်။ ဆိုးတာကတော့ တကယ်ဖြစ်မှာ မဟုတ်ဘူးလို့ ခံယူပါတယ်။ အဲ့ဒါစိတ်ချမ်းသာတယ်လေ။ ကိုယ်စိတ်ချမ်းသာဖို့က အရေးကြီးပါတယ်။ ဒါမှလည်း အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာပါ။ အမြင့်ကို တက်ဖို့အတွက် အောက်က ပင့်တင်ပေးတဲ့ တွန်းအားလေးတစ်ခုတော့ လိုတယ်လေ။ အဲ့လိုမျိုး မခံချင်စိတ်နဲ့ ကြိုးစားတဲ့ အချိန်မှာ ပိုပြီးတော့ ကြိုးစားဖြစ်ပါတယ်” “ကိုယ့်ကို အားပေးတဲ့သူတွေများလာတော့ ကောင်းပါတယ်။

ဓါတ်ပုံရိုက်ရတာ ဝါသနာပါပေမဲ့လည်း ပရော်ဖက်ရှင်နယ် တစ်ယောက်အနေနဲ့ မော်ဒယ်လုပ်ကိုင်ဖို့ တော့ မစဉ်းစားထားပါဘူး” “အခုချိန်ထိ စိမ့်စမ်းဖြူစာအုပ်တွေကို ဖတ်ပြီး အားပေးနေတဲ့သူတွေရော၊ ဓါတ်ပုံလေးတွေ မြင်ပြီး အားပေးကြတဲ့သူတွေရော အားလုံးကိုကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး အားပေးကြပါဦး” ဟုဖြေကြားသွားခဲ့ပါတယ်။

Credit : Nanmalagyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top