iMyanmarHouse.com - Best Property Website for Myanmar
×

ဘာမွစားလို႔မရေအာင္ သြားေတြကိုက္ေနတာလား။ အရမ္းနာက်င္ရတာမဟုတ္ဘူးဆိုရင္ေတာင္ ျမန္ျမန္သက္သာခ်င္ၾကမွာပဲ။ အစားစားလည္းနာ၊ ျငိမ္ေနလည္းနာက်င္ေနရမွာကိုး။ သိပ္ဆိုးလာရင္ေတာ့ ဆရာဝန္ျပရမယ္ဆိုေပမယ့္ စစခ်င္းမွာ သြားကိုက္ေဝဒနာကို သက္သာေအာင္ ကိုယ့္ဘာသာၾကိဳးစားၾကည့္လို႔ရပါေသးတယ္။ သြားကိုက္ေနတဲ့အခ်ိန္မွာ ေဝဒနာသက္သာေလ်ာ့ပါးေစမယ့္ နည္းလမ္း (၅) ခုကုိ ေဖာ္ျပလိုက္ပါတယ္။

(၁) နာေနတဲ့သြားကို သိပ္မသံုးပါနဲ႔

နာက်င္မႈကို သက္သာေအာင္ ထိန္းေနရတဲ့အခ်ိန္မွာ ကိုက္ေနတဲ့သြားကို သိပ္အားမစိုက္တာ၊ အသံုးမျပဳတာေကာင္းပါတယ္။ သိပ္ဝါးရတဲ့ အစားအစာေတြကိုေရွာင္ပါ။ ျဖစ္နိုင္ရင္ အစာေပ်ာ့ေပ်ာ့စားသင့္တာပါ။

(၂) ဆားရည္ငံုပါ၊ ပလုပ္က်င္းပါ

နာက်င္မႈကိုသက္သာေစျပီး ဘက္တီးရီးယားေတြေသေစနိုင္တဲ့နည္းလမ္းက ဆားရည္နဲ႔ပလုပ္က်င္းပါ။ ေဝဒနာလံုးဝေပ်ာက္ကင္းေစနိုင္တဲ့ ကုသနည္းမဟုတ္ေပမယ့္  ပိုးေတြေသေစျပီး သြားဖံုးေရာင္ရမ္းမႈကိုသက္သာေစနိုင္ပါတယ္။

ေရေႏြးထဲ ဆား သင့္ရံံုထည့္ျပီး ခပ္ေႏြးေႏြးအေနအထားမွာ ပလုပ္က်င္းပါ။ ဆားရည္ကို မိနစ္ ၃၀ ေလာက္ငံုျပီးမွ ပလုပ္က်င္းပါ။

(၃) အကိုက္အခဲေပ်ာက္ေဆးေသာက္ပါ

သြားကိုက္ေဝဒနာကို လတ္တေလာသက္သာေစဖို႔က အကိုက္အခဲေပ်ာက္ေဆးေတြက ျမန္ဆန္တဲ့ထိေရာက္မႈရွိပါတယ္။ ဆရာဝန္က လိုအပ္တဲ့ေဆးဝါးကုသမႈေပးထားခ်ိန္မွာ အနာသက္သာေနမွ ေပ်ာက္ကင္းမႈပိုျမန္မွာျဖစ္လို႔ အကိုက္အခဲေပ်ာက္ေဆးကလိုအပ္ပါတယ္။ တခ်ိဳ႕ဆိုရင္ သြားကိုက္ေဝဒနာေၾကာင့္ ေသြးတိုး တက္လာတာေတြရွိနိုင္တဲ့အတြက္လည္း ပါပါတယ္။

(၄) ေရေအးဝတ္ ကပ္ေပးပါ

ေရခဲတံုးကို ပတ္ထားတဲ့ သို႔မဟုတ္ ေရေအးဆြတ္ထားတဲ့အဝတ္ေလးနဲ႔ ကိုက္ေနတဲ့သြားေဘးကပါးတစ္ျခမ္းကို ကပ္ေပးပါ။ အေအးဓာတ္က နာက်င္ကိုက္ခဲမႈကို သက္သာေစနုိင္ပါတယ္။ ေရခဲတံုးနဲ႔တိုက္ရိုက္မကပ္ပါနဲ႔။ ပါးမွာေရာင္ေနတယ္ဆိုရင္ ေရာင္တဲ့ေနရာမွာ ေရခဲဝတ္နဲ႔ဖြဖြပြတ္ေပးပါ။

(၅) သြားမွန္မွန္တိုက္ပါ

သြားကိုက္ေနလို႔၊ ေရာင္ေနလို႔၊ အထိမခံနိုင္လို႔ ဆိုျပီး သြားမတိုက္ဘဲေနတာမ်ိဳး မလုပ္ပါနဲ႔။ ခံတြင္းထဲက ပိုးမႊားေတြေၾကာင့္ သြားကိုက္ေဝဒနာပိုဆိုးေစနိုင္တာေၾကာင့္ နာေနတဲ့သြားကိုေရွာင္ျပီး ခပ္ဖြဖြေလး သြားတိုက္ေပးပါ။

ဘယ္အခ်ိန္မွာ ဆရာဝန္ျပရမလဲ

သြားပိုးစားျခင္း၊ ပိုးဝင္ျခင္းေၾကာင့္ သြားကိုက္တာဆိုရင္ တျဖည္းျဖည္းသက္သာနိုင္ေပမယ့္ ေတာ္တန္ရံုမသက္သာဘဲ တအားေရာင္ရမ္းလာတာ၊ သြားအရမ္းပ်က္စီးေနတာဆိုရင္ ဆရာဝန္ျပဖို႔လိုေနပါျပီ။ ဒီလကၡဏာေတြျဖစ္လာရင္ ခ်က္ခ်င္းကုသမႈခံယူပါ –

    အဖ်ားတက္ျပီး ခ်မ္းတုန္လာတာ (ပိုးဝင္တဲ့အေျခအေနျပင္းထန္လာျပီး လကၡဏာပိုဆိုးလာတာျဖစ္ပါတယ္)
    ျပည္တည္လာတာ
    ေဆးေသာက္တာေတာင္ မသက္သာဘဲ မခံမရပ္နုိင္ေအာင္ နာက်င္လာတာ
    ကိုက္တဲ့သြားက အံဆံုးျဖစ္ေနတာ
    အစာ မ်ိဳခ်လို႔မရတာ ဆိုရင္ ကုသမႈခံယူပါ။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ဘာမှစားလို့မရအောင် သွားတွေကိုက်နေတာလား။ အရမ်းနာကျင်ရတာမဟုတ်ဘူးဆိုရင်တောင် မြန်မြန်သက်သာချင်ကြမှာပဲ။ အစားစားလည်းနာ၊ ငြိမ်နေလည်းနာကျင်နေရမှာကိုး။ သိပ်ဆိုးလာရင်တော့ ဆရာဝန်ပြရမယ်ဆိုပေမယ့် စစချင်းမှာ သွားကိုက်ဝေဒနာကို သက်သာအောင် ကိုယ့်ဘာသာကြိုးစားကြည့်လို့ရပါသေးတယ်။ သွားကိုက်နေတဲ့အချိန်မှာ ဝေဒနာသက်သာလျော့ပါးစေမယ့် နည်းလမ်း (၅) ခုကို ဖော်ပြလိုက်ပါတယ်။

(၁) နာနေတဲ့သွားကို သိပ်မသုံးပါနဲ့

နာကျင်မှုကို သက်သာအောင် ထိန်းနေရတဲ့အချိန်မှာ ကိုက်နေတဲ့သွားကို သိပ်အားမစိုက်တာ၊ အသုံးမပြုတာကောင်းပါတယ်။ သိပ်ဝါးရတဲ့ အစားအစာတွေကိုရှောင်ပါ။ ဖြစ်နိုင်ရင် အစာပျော့ပျော့စားသင့်တာပါ။

(၂) ဆားရည်ငုံပါ၊ ပလုပ်ကျင်းပါ

နာကျင်မှုကိုသက်သာစေပြီး ဘက်တီးရီးယားတွေသေစေနိုင်တဲ့နည်းလမ်းက ဆားရည်နဲ့ပလုပ်ကျင်းပါ။ ဝေဒနာလုံးဝပျောက်ကင်းစေနိုင်တဲ့ ကုသနည်းမဟုတ်ပေမယ့်  ပိုးတွေသေစေပြီး သွားဖုံးရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။

ရေနွေးထဲ ဆား သင့်ရံုံထည့်ပြီး ခပ်နွေးနွေးအနေအထားမှာ ပလုပ်ကျင်းပါ။ ဆားရည်ကို မိနစ် ၃၀ လောက်ငုံပြီးမှ ပလုပ်ကျင်းပါ။

(၃) အကိုက်အခဲပျောက်ဆေးသောက်ပါ

သွားကိုက်ဝေဒနာကို လတ်တလောသက်သာစေဖို့က အကိုက်အခဲပျောက်ဆေးတွေက မြန်ဆန်တဲ့ထိရောက်မှုရှိပါတယ်။ ဆရာဝန်က လိုအပ်တဲ့ဆေးဝါးကုသမှုပေးထားချိန်မှာ အနာသက်သာနေမှ ပျောက်ကင်းမှုပိုမြန်မှာဖြစ်လို့ အကိုက်အခဲပျောက်ဆေးကလိုအပ်ပါတယ်။ တချို့ဆိုရင် သွားကိုက်ဝေဒနာကြောင့် သွေးတိုး တက်လာတာတွေရှိနိုင်တဲ့အတွက်လည်း ပါပါတယ်။

(၄) ရေအေးဝတ် ကပ်ပေးပါ

ရေခဲတုံးကို ပတ်ထားတဲ့ သို့မဟုတ် ရေအေးဆွတ်ထားတဲ့အဝတ်လေးနဲ့ ကိုက်နေတဲ့သွားဘေးကပါးတစ်ခြမ်းကို ကပ်ပေးပါ။ အအေးဓာတ်က နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ရေခဲတုံးနဲ့တိုက်ရိုက်မကပ်ပါနဲ့။ ပါးမှာရောင်နေတယ်ဆိုရင် ရောင်တဲ့နေရာမှာ ရေခဲဝတ်နဲ့ဖွဖွပွတ်ပေးပါ။

(၅) သွားမှန်မှန်တိုက်ပါ

သွားကိုက်နေလို့၊ ရောင်နေလို့၊ အထိမခံနိုင်လို့ ဆိုပြီး သွားမတိုက်ဘဲနေတာမျိုး မလုပ်ပါနဲ့။ ခံတွင်းထဲက ပိုးမွှားတွေကြောင့် သွားကိုက်ဝေဒနာပိုဆိုးစေနိုင်တာကြောင့် နာနေတဲ့သွားကိုရှောင်ပြီး ခပ်ဖွဖွလေး သွားတိုက်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ

သွားပိုးစားခြင်း၊ ပိုးဝင်ခြင်းကြောင့် သွားကိုက်တာဆိုရင် တဖြည်းဖြည်းသက်သာနိုင်ပေမယ့် တော်တန်ရုံမသက်သာဘဲ တအားရောင်ရမ်းလာတာ၊ သွားအရမ်းပျက်စီးနေတာဆိုရင် ဆရာဝန်ပြဖို့လိုနေပါပြီ။ ဒီလက္ခဏာတွေဖြစ်လာရင် ချက်ချင်းကုသမှုခံယူပါ –

    အဖျားတက်ပြီး ချမ်းတုန်လာတာ (ပိုးဝင်တဲ့အခြေအနေပြင်းထန်လာပြီး လက္ခဏာပိုဆိုးလာတာဖြစ်ပါတယ်)
    ပြည်တည်လာတာ
    ဆေးသောက်တာတောင် မသက်သာဘဲ မခံမရပ်နိုင်အောင် နာကျင်လာတာ
    ကိုက်တဲ့သွားက အံဆုံးဖြစ်နေတာ
    အစာ မျိုချလို့မရတာ ဆိုရင် ကုသမှုခံယူပါ။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top