iMyanmarHouse.com - Best Property Website for Myanmar
×



# Unicode Version ဖြင့် ဖတ်ပါ #
မေမဒီကတော့ မြန်မာအိုင်ဒေါကို နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ် ချင်တဲ့ရည်ရွယ်ချက်ကြောင့်အခုလိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီးသူ့ရဲ့ပြိုင်ပွဲ ဝင် တစ်လျှောက်အမှတ်တရတွေနဲ့ အတွေ့အကြုံတွေကိုအခုလိုပြောပြခဲ့ ပါတယ်။

"ညီမအတွေ့အကြုံတွေကတော့အများကြီးရပါတယ်။ အောင်စာရင်းထွက်တုန်း ကတောင် ဒီလောက်ရင်မခုန်ခဲ့ရဘူး။ စိတ်မလှုပ်ရှားဖူးဘူး။ မြန်မာအိုင်ဒေါပြိုင် မှပဲအရမ်းစိတ်လှုပ်ရှားရတယ်။ ပြိုင်ပွဲroundတိုင်းမှာတော့ခက်ခဲ့တာပါပဲ။ လွယ်တဲ့roundဆိုပြီးတော့ မရှိခဲ့ပါဘူး။ ညီမမှာအားနည်းချက်တွေအ များကြီး ရှိပါသေးတယ်။ တစ်ခုခုဆိုတာနဲ့ ညီမကစိတ်အားငယ်တတ်တယ်။ လူမသိအောင်ငိုတတ်တဲ့ အကျင့်ရှိတော့ အဲ့ဒီအတွက်အများကြီးစိတ်ဓာတ် ကိုပြင်ဆင် ရတာပေါ့။ ဂီတအမျိုးအစားဆိုရင်တော့ R&Bနဲ့ Rockကိုကြိုက်တယ်။ ပြိုင်ပွဲ ဆိုတာကတော့အားလုံးကပြိုင်ဘက်ပါပဲ။ ဒါပေမယ့်ဒီပြိုင်ပွဲမှာတော့ တစ်ယော က်နဲ့ တစ်ယောက်ကအဲဒီလိုသဘောမထားကြဘူး။ အားလုံးကခင်ဖို့ကောင်း တယ်။ အရမ်းချစ်ဖို့ကောင်းတယ်။ ညီမတို့ထဲကဘယ်သူပဲ Winnerဆုရရပါ ဝမ်းသာပါတယ်။ အားလုံးကအနုပညာပန်းတိုင်ကိုအတူတူလျှောက်နေ ကြတဲ့ သူတွေပါပဲလေ" လို့ဆိုပါတယ်။

Credit : မြန်မာပလပ်ဖောင်း

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top